အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ခြောက်သွေ့တဲ့အသားအရည်အတွက် အကောင်းဆုံး moisturizer အစိုဓါတ်ထိန်းပစ္စည်း ကိုဘယ်လိုရွေးချယ်မလဲ

သင်ဟာအသားခြောက်တဲ့လူဆိုရင် သင့်အတွက်သင့်တော်မယ်ထင်တဲ့ Moisturizer အနည်းငယ်ကို သင်စမ်းသုံးကြည့်ပြီးဖြစ်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာတော့ Moisturizer တွေ အများကြီးရှိပါတယ်။ အများအားဖြင့် သူတို့တွေကို ပုံမှန်အသားခြောက်တဲ့လူအတွက် (သို့) အလွန်အမင်းအသားခြောက်သူတွေအတွက် အထူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဈေးအမျိုးမျိုး ပုံစံအမျိုးမျိုးရှိကြပါတယ်။ ဈေးသိပ်မပေးရတဲ့ဆေးဆိုင်လေးတွေကနေလည်းဝယ်လို့ရနိုင်ပြီး အချို့ကတော့ ရွှေကွပ်ထားတဲ့ပုလင်းတွေနဲ့လာပြီး ဒေါ်လာရာပေါင်းများစွာပေးရတာတွေလည်းရှိပါတယ်။ အမျိုးအမည်တွေအများကြီးရှိတာကြောင့်ရွေးချယ်ရခက်နေတဲ့အချိန်မှာ သင်ဘာကိုရွေးဝယ်သင့်သလဲ။ brand နာမည်ကြည့်ပြီးလိုက်ရှာနေတာထက် ဘူးခွံပေါ်ရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ဆန်းစစ်ပြီး ရွေးချယ်ဝယ်ယူဖို့က ပိုအရေးကြီးပါတယ်။ ဒီပါဝင်ပစ္စည်းတွေက သင်ဝယ်လိုက်တဲ့ပစ္စည်းဟာ သင့်အသားအရည်အတွက် တကယ်သင့်တော်မတော် ပြောပြပါလိမ့်မယ်။ သင်ဝယ်တဲ့အခါ ကြည့်သင့်တဲ့အဓိက ပါဝင်ပစ္စည်းတွေရှိပါတယ်။ ဒါမှသာ သင့်အတွက်အသုံးဝင်မယ့်ပစ္စည်းကို စိတ်ချလက်ချဝယ်နိုင်မှာပါ။   Moisturizer မှာ ရှိကိုရှိသင့်တဲ့ ပါဝင်ပစ္စည်းများ သိပ္ပံနည်းကျကျ ခြောက်သွေ့တဲ့အသားအရည်ကို ပြန်လည်ကောင်းမွန်လာစေတယ်ဆိုတဲ့ ဒီပစ္စည်းတွေပါဝင်တဲ့ ဖော်မြူလာနဲ့ထုတ်ထားတာကို ရှာဖွေသင့်ပါတယ်။ Antioxidants (ဓါတ်တိုးဆန့်ကျင်ပစ္စည်း)ဆိုတာ free-radical ကြောင့်ဖြစ်တဲ့ အသားအရည်ပျက်စီးမှုတွေ နဲ့ ပတ်ဝန်းကျင်ကြောင့် အသားအရည်ပျက်စီးမှုတွေကို လျှော့ချပေးနိုင်တဲ့ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ပစ္စည်းတွေနဲ့ […]


ဝက်ခြံ

ဝက်ခြံတွေကိုကာကွယ်ပေးမယ့်အဆင့်ရှစ်ဆင့်

ဝက်ခြံတွေကိုကာကွယ်ပေးမယ့်အဆင့်ရှစ်ဆင့် သင့်မှာ ဝက်ခြံတွေထွက်နေပြီဆိုရင် ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်ရလဲဆိုတာ သင်အသိဆုံးပါ။ သာယာလှတဲ့ မနက်ခင်းလေးမှာ သင်နိုးလာမယ်၊ ငှက်ကလေးတွေကလည်း ကျီကျီကျာကျာ တေးသီလို့ သင်ကြည်နူးနေတုန်းမှာပဲ မျက်နှာကို အမှတ်မထင် စမ်းကြည့်မိလိုက်တဲ့အခါ ဝက်ခြံတွေထွက်နေတာကို သိလိုက်ရတယ်ဆိုရင်အတော်ကို စိတ်ပျက်စရာကောင်းမယ်ဆိုတာ တွေးကြည့်ဖို့တောင်မလိုပါဘူး။ ဝက်ခြံတွေ မျက်နှာပေါ်ရောက်မလာခင် စောစောစီးစီး ကြိုတင်ကာကွယ်လို့ ရမယ်ဆိုရင်ကော ဘယ်လိုလဲ။ အောက်မှာ ဖော်ပြမယ့် အချက်လေးတွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် ဝက်ခြံတွေကို ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ မျက်နှာသစ်ပါ။ တစ်နေ့နှစ်ခါ မျက်နှာသစ်ပါ။ မိတ်ကပ်ဖျက်ဖို့လည်း မမေ့ပါနဲ့။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ (အဆီပြန်တတ်တဲ့သူဆိုရင် ဂျယ်လ်အမျိုးအစား၊ အသားအရေခြောက်သွေ့တတ်တဲ့ သူဆိုရင် ခရင်မ်အမျိုးအစားစသဖြင့်ပေါ့)။ မျက်နှာကို စနစ်တကျ သစ်ပေးခြင်းအားဖြင့် မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေမယ့် အညစ်အကြေးတွေ၊ ဂျီးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တကယ်လို့ […]


ဝက်ခြံ

ဝက်ခြံကုသခြင်း

ဝက်ခြံတွေဟာမပျောက်ကင်းနိုင်ပါဘူး။ ဒါပေမဲ့ ကုသမှုနဲ့ ထိန်းချုပ်လို့တော့ရပါတယ်။ အရေပြားထိန်းသိမ်းမှု တွေပြုလုပ်တာ၊ သို့မဟုတ်၊ အဆီထုတ်လုပ်ခြင်းကိုကာကွယ်ပေးတဲ့ ကုသမှုတွေ၊ ဘက်တီးရီးယားတွေတိုးပွားလာခြင်းကိုကန့်သတ်ပေးနိုင်တဲ့ ကုသမှုတွေ၊ အရေပြားဆဲလ်တွေကိုဖယ်ရှားခြင်းနဲ့ ချွေးပေါက်တွေမပိတ်အောင်လုပ်ပေးခြင်းနည်းတွေကိုသုံးပြီး အစက်ပြောက်တွေ လျှော့ချဖို့ (သို့) ရှင်းလင်းသွားဖို့က ဝက်ခြံကုသခြင်း ရဲ့ ရည်ရွယ်ချက်ပါ။ အချို့သော ဝက်ခြံကုသခြင်းနည်းတွေဟာ ဆရာဝန်တွေရဲ့ညွှန်ကြားချက်အတိုင်းမဟုတ်တဲ့ ဆေးဆိုင်ကပေးတဲ့နည်းလမ်းတွေ ( OTC )ဖြစ်နေနိုင်ပြီးအချို့ကတော့ ဆရာဝန်တွေနဲ့ အရေပြားအထူးကုတွေရဲ့ညွှန်ကြားချက်အတိုင်းကုသတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ Benzoyl Peroxide နဲ့ Salicylic acid တွေက ဝက်ခြံကုသခြင်းရဲ့ အသုံးအများဆုံးနည်းလမ်းတွေထဲမှာ ပါဝင်ပါတယ်။ Benzoyl Peroxide နဲ့ Salicylic acid နှစ်မျိုးလုံးဟာ ဝက်ခြံကိုအကောင်းဆုံးတိုက်ဖျက်ပေးနိုင်တဲ့ အရာတွေဖြစ်ပြီးဈေးကွက်ထဲမှာတော့ သက်ရောက်မှုအရှိဆုံးကုသမှုအဖြစ်ရပ်တည်နေပါတယ်။ ဝက်ခြံကုသပေးတဲ့ ဆေးဆိုင်အများစုမှာ ဒီ၂မျိုးထဲက တစ်မျိုးမဟုတ် တစ်မျိုးရှိကိုရှိပါတယ်။ ဒါပေမဲ့ သင်ဖြစ်နေတဲ့ ဝက်ခြံကိုဘယ်တစ်မျိုးကပျောက်ကင်းစေနိုင်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောဖို့တော့ မဖြစ်နိုင်ပါဘူး။ တကယ်လို့သင်သုံးလိုက်တဲ့ တစ်မျိုးကမှားနေတယ်ဆိုရင်တော့ သင့်အခြေအနေကိုတကယ်ကိုပိုဆိုးသွားစေမှာပါ။ Benzoyl […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေအတွက် အကောင်းဆုံးအိမ်တွင်းဆေးဝါးများ

ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးတွေမှာ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း၊ ရှားစောင်းလက်ပတ်၊ ပန်းသီးရှာလကာရည်၊ သံပုရာရည်၊ ပျားရည်၊ ရေ၊ လာဗင်ဒါဆီနဲ့ အခြားသော ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို အသုံးပြုတာတွေပါဝင်ပါတယ်။ ဝက်ခြံအမာရွတ်တွေအတွက် အသုံးပြုတဲ့ အိမ်တွင်းဆေးဝါးတွေဟာ Infection (ပိုးဝင်ခြင်း) ပြင်းပြင်းထန်ထန်ဝင်ခြင်း သို့မဟုတ် ဝက်ခြံတွေကို ညှစ်ခြင်း၊ ကုတ်ခြင်း နဲ့ အနာတရဖြစ်စေခြင်းတွေအတွက် အသုံးဝင်ပါတယ်။ အမာရွတ် အသေးစားတွေကတော့ သူ့ဖာသာ ပျောက်သွားနိုင်ပြီး ထင်ရှားတဲ့အမာရွတ်တွေကတော့ တစ်ဘဝလုံးစာ ကျန်ရစ်နေမှာပါ။ အပျော့စား အမာရွတ်တွေကိုတော့ အိမ်မှာအသုံးပြုနေကျသဘာဝပစ္စည်းတွေနဲ့ အန္တရာယ်ကင်းကင်း ကုသ ပျောက်ကင်းစေနိုင်ပါတယ်။ ဝက်ခြံတွေဟာ ချွေးပေါက်ပိတ်ခြင်းနဲ့ ဒဏ်ရာအနာတရတွေ ရုတ်တရက် ဖြစ်ပွားခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဝက်ခြံရှိခြင်းဟာ ဆယ်ကျော်သက် အရွယ်ကနေ အရွယ်ရောက်ပြီးသည်အထိ ရှက်စရာကောင်းပြီး သင့်ကိုယ်သင် ရုပ်ဆိုးတယ်လို့ ခံစားနေရစေနိုင်ပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခြောက်သွေ့သော ဆံသားများအတွက် အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းများ

ခြောက်သွေ့သော ဆံသားများအတွက် အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းများ ကျန်းမာသန်စွမ်းပုံမပေါက်ဘဲ မွဲခြောက်ခြောက်ဖြစ်နေသည့်အပြင် ခြောက်သွေ့တဲ့ဆံပင်တွေဟာ ဆံပင်ကျွတ်ခြင်းနဲ့ ဗောက်ထခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ခြောက်သွေ့နေတဲ့ဆံပင်ရှိရင် အမြန်ဆုံးထိန်းသိမ်းသင့်တာပေါ့။ ဆံပင်တွေရဲ့ အပြင်လွှာတွေဟာ လုံလောက်တဲ့အစိုဓါတ်ကို မထိန်းသိမ်းနိုင် မစုပ်ယူနိုင်တော့တဲ့အခါမှာ ဆံပင်တွေ ခြောက်လာပါတယ်။ ရလဒ် အနေနဲ့တော့ ကြွပ်ဆတ်ပြီး စွမ်းအားမရှိတဲ့ပုံ ပေါက်လာတော့တာပါပဲ။ ဒါကလည်း ဖျားနာခြင်း၊ အာဟာရ လိုအပ်ခြင်း ပြင်းထန်တဲ့ ဆံပင်အလှကုန် တွေသုံးစွဲခြင်း ၊ ခေါင်းလျှော်များခြင်း၊ ကလိုရင်း ပါတဲ့ ရေနဲ့အထိအတွေ့များခြင်းနဲ့ အပူပေးထားတဲ့ ဆံပင်ပုံဖော်ကိရိယာတွေ အသုံးများခြင်း သို့မဟုတ် ဆံပင်ဆေးဆိုးခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ဆံပင်ကို ကောင်းကောင်းဂရုစိုက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာ၊ သင့်ဆံပင်အမျိုးအစားအတွက် သင့်လျော်ကောင်းမွန်တဲ့ ဆံပင်အလှကုန် တွေသုံးတာ နဲ့ ဆေးဆိုင်တွေမှာဝယ်လို့ရတဲ့ ပျော့ဆေးတွေကိုသုံးတာက သင့်ဆံပ င်ခြောက်သွေ့ခြင်းမှ […]


ဝက်ခြံ

ခြောက်သွေ့တဲ့အသားအရေက ဝက်ခြံဖြစ်စေနိုင်သလား

ခြောက်သွေ့တဲ့ အသားအရေက ဝက်ခြံဖြစ်စေနိုင်သလား။ လူတွေက ဝက်ခြံဆိုရင် အဆီပြန်တာနဲ့ တွဲမြင်နေလေ့ရှိပါတယ်။ ဒါပေမဲ့ ခြောက်သွေ့တဲ့ အသားအရေကလည်း ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းဖြစ်နိုင်ပါသေးတယ်။ ဝက်ခြံတွေဟာ သင့်မွှေးညှင်းပေါက်တွေ ပိတ်တိုင်းမှာ ဖြစ်လေ့ ရှိပါတယ်။ အဆီက ဖြစ်လေ့ဖြစ်ထရှိတဲ့ တရားခံပေမဲ့လည်းဆဲလ်သေတွေ ၊ အလှကုန်တွေ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကလည်း သင့်ချွေးပေါက်တွေကိုပိတ်စေပြီး ဝက်ခြံတွေအစုလိုက်ဖြစ်စေတဲ့ အကြောင်းရင်းတွေပါပဲ။ ခြောက်သွေ့တဲ့ အသားဆိုတာက များသောအားဖြင့် ပျက်စီးနေတဲ့အသားအရေကို ဆိုလိုပါတယ်။ သင့်အရေပြားဟာ နာကျင်နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မှိုတွေကဲ့သို့သော)ကို မဖြစ်စေဖို့နဲ့ ဆဲလ်တွေရဲ့ ဖြစ်ပျက်မှုတွေကို ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းဖို့အတွက် Lipid layer ပေါ်မှာမှီခိုနေရပါတယ်။ သင့်အရေပြား ခြောက်သွေ့လာပြီဆိုရင် အထက်ပါအရာတွေကိုလုပ်ဆောင်ဖို့ ကန့်သတ်ခံလိုက်ရပါပြီ။ အရေပြားပေါ်မှာ ဆဲလ်တွေစုပုံလာစေပြီး ဒါတွေက အလွယ်တကူ နာကျင် ရောင်ရမ်းစေပါတယ်။ […]


ဝက်ခြံ

ဝက်ခြံတွေကိုထိန်းချုပ်ဖို့ပြောင်းလဲသင့်တဲ့အနေအထိုင် ဆယ်ချက်

ဝက်ခြံတွေကိုချေမှုန်းဖို့ဆိုရာမှာ လိုးရှင်းတွေကို ထိုင်လိမ်းနေရုံနဲ့လည်း မပြီးသေးပါဘူး။ သင့်ရဲ့ နေ့စဉ်နေထိုင် သွားလာ စားသောက်မှုလေးတွေကို အနည်းငယ် ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင်လည်း သိသိသာသာ အကျိုးရှိတာကို တွေ့မြင်ရမှာပါ။ အိပ်ရေးဝဝအိပ်ပါ။ ဖိအားတွေများတဲ့အခါမှာ ခန္ဓါကိုယ်ကနေပြီး glucocorticoid လို့ခေါ်တဲ့ စတီးရွိုက်ဟော်မုန်းတမျိုးကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ အရေပြားရဲ့တည်ဆောက်ပုံနဲ့ လုပ်ငန်းဆောင်တာတွေကို ဝင်ရောက်နှောင့်ယှက်တဲ့အတွက်ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ အိပ်ရေးဝဝအိပ်ပြီး မျက်နှာလှလှလေးပိုင်ဆိုင်ဖို့ဆိုရင် ညအိပ်တဲ့အခါ airconကို ၁၈ဒီဂရီကနေ ၂၂ဒီဂရီလောက် အတွင်းမှာထားပြီး အိပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အေးမြတဲ့ခန္ဓါကိုယ် အပူချိန်ကသင့်ကို အလွယ်တကူ အိပ်ပျော်သွားစေလို့ပါ။ အစားအသောက်ကိုစနစ်တကျမှန်မှန်ကန်ကန်စားပါ။ အချို့အစာအစာတွေဟာေ သွးထဲမှာရှိတဲ့သကြားဓါတ်ကို အလျင်အမြန်တက်စေပြီး နောက်ဆက်တွဲအနေနဲ့ အင်ဆူလင်ဟော်မုန်းတွေပါ အများအပြားထွက်ရှိလို့ လာပါလိမ့်မယ်။ သွေးထဲမှာ အင်ဆူလင်ဓါတ်များလာရင် မွေးညင်းပေါက်လေးတွေကို ပိတ်ဆို့စေတဲ့ ဆဲလ်တွေ ပိုပြီးများလာပါတယ်။ ဒါ့အပြင်အင်ဆူလင်ဟာ အဆီဂလင်းကိုလည်း အလုပ်ပိုလုပ်စေတဲ့အတွက် အဆီတွေပါ ပုံမှန်ထက်ပိုပြီးထွက်လာဦးမှာပါ။ ဒါကြောင့် သင့်အနေနဲ့ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

အိမ်မှာ လက်သည်းသန့်စင်ခြင်း ကောင်းကောင်းပြုလုပ်နိုင်ရန်အတွက် အဆင့်၁၀ဆင့်

သင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့ ၅၀%ကို သင့်ခန္ဓါကိုယ်ရဲ့အခြားသော အစိတ်အပိုင်းတွေနဲ့စာရင် သင့်လက်တွေက ပိုပြီးလုပ်ဆောင် ပေးနေရတာပါ။ ဒီအသုံးများတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းလေးကို ဂရုစိုက်ဖို့ ကျွန်မတို့ ဘယ်လောက် စဉ်းစားပေးခဲ့ကြပါသလဲ။ အထူးသဖြင့် ကျွန်မတို့ အမျိုးသမီးတွေပေါ့။ သူတို့ဟာ ပန်းကန်ဆေးတာကစ ကြမ်းတိုက်တာ အဆုံးအိမ် အလုပ်တွေလုပ်ရင်း ကျွန်မတို့ရဲ့ လက်ချောင်းလေးတွေဟာ အသားအရေနဲ့ တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ chemical အမျိုးမျိုးနဲ့ ပုံမှန်နီးပါး ထိတွေ့နေကြရတာမဟုတ်လား။ သင့်ရဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ပြတဲ့ နေရာမှာ Manicure ကောင်းကောင်း လုပ်ထားခြင်းကလည်း တကယ်ကို အရေးပါပါတယ်။ ဒီနေရာမှာပဲ လက်သည်းတွေကို စွဲလမ်း တပ်မက်ခြင်း အစပြုတော့တာပါပဲ။ အောက်မှာဖော်ပြထားတဲ့ လက်သည်းနဲ့ လက်တွေအတွက် ရိုးရှင်းတဲ့ အလှအပဆိုင်ရာ နည်းလမ်းတွေက သင့်ရဲ့ပုံစံကို ပိုပြီးကြည့်ကောင်းလာစေရုံသာမက သင့်လက်သည်းတွေကို ကျန်းမာသန်စွမ်းတဲ့ ပုံစံလည်း ပေါက်စေပါတယ်။ သင်ကိုယ်တိုင် […]


အသားအရေ ထိန်းသိမ်းခြင်း

Moisturizer သုံးရင် သိထားသင့်တဲ့ အချက် ၄ချက်

Moisturizer တို့၊လိုးရှင်းတို့သုံးတာဟာ အင်မတန်လွယ်ကူရိုးရှင်းတယ်လို့ ထင်ရပါတယ်။ ဟုတ်တယ်ဟုတ်?။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီထက်ပိုပညာသားပါပြီး ပိုအာရုံစိုက်ရပါတယ်။ Moisturizerကို နည်းစနစ်တကျနဲ့ မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် သင့်အသားအရေဟာ သိသိသာသာကို နူးညံ့ပျော့ပျောင်းလာပါလိမ့်မယ်။ ဒီလို အသုံးပြုတတ်စေဖို့ အောက်ကအချက်လေးတွေကို ဖတ်ကြည့်ကြရအောင်။   (၁) ညီညီညာညာ လိမ်းပါ။ အကယ်၍သင်ဟာ Moisturizerကို မျက်နှာအလယ်က စ,လိမ်းပြီး ဘေးဘက်ကို ဆွဲမယ်ဆိုရင် Moisturizerတွေဟာ မျက်နှာဘေးအစွန်တွေမှာ ပိုများနေမှာဖြစ်တဲ့အတွက် ဆံစပ်တဝိုက်နဲ့ နားရွက် နားတွေမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေမှာ ဖြစ်ပါတယ်။ ဆံပင်အတွက်သုံးတဲ့ အလှကုန်တွေကြောင့် ခုနကနေရာတွေမှာ အပေါက်ပိတ်တာတွေ ဖြစ်စေတယ်ဆိုပေမယ့် Moisturizer လိမ်းပုံမမှန်ရင်လည်း ဒီလိုမျိုးပြဿနာတွေဖြစ်စေမှာပါ။   (၂) SPF ပါတဲ့ Moisturizer တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို သိအောင်လုပ်ပါ။ လူအများစုဟာ အဆိုပါ အလုပ်နှစ်ခုလုပ်ပေးတဲ့ လိုးရှင်းတွေကို မျက်နှာမှာ အရင် […]


အသားအရေ ထိန်းသိမ်းခြင်း

အကောင်းဆုံး eye cream ကို ရွေးချယ်နိုင်ရန် အချက် ၄ချက်

သင့်မျက်နှာအတွက် Moisturizer ရှိနေတဲ့အချိန်မှာ eye cream လိမ်းဖို့ မလိုဘူးလို့ ခံစားရနိုင်ပါတယ်။ မျက်လုံးတဝိုက်မှာ ရှိတဲ့ ထိခိုက်ပျက်စီးလွယ်တဲ့ အသားအရေအတွက် အစိုဓာတ် ထိန်းပေးဖို့  Moisturizer ကပိုပြီးတော့လိုအပ်ပါတယ်။ eye creamရဲ့ ကောင်းကျိုးတွေနဲ့ သုံးသင့်တဲ့ ထုတ်ကုန်အချို့ကိုအကြံပြုထားပေးပါတယ်။ ဘာကြောင့်လိုအပ်တာလဲ  အသားအရေ အားလုံးဟာ မတူညီကြပါဘူး။ သင့်မျက်လုံးတဝိုက်က အသားအရေဟာ ပိုပြီးပါးပါတယ်။ အဲ့ဒီဧရိယာထဲမှာရှိတဲ့ ကြွက်သားတွေအားလုံးဟာ သေးငယ်တာကြောင့် ပိုပြီးတော့ အထိခိုက်လွယ် ကာ အဆီအိတ်ဖြစ်ခြင်း၊ မျက်ကွင်းညိုခြင်းနဲ့ အရေးအကြောင်းများ ဖြစ်ခြင်းကိုပိုပြီးခံစားရပါတယ်။ ဒါ့အပြင် သင့် မျက်ဝန်း တစ်ဝိုက်မှာ အဆီဂလင်း အနည်းငယ်ကသင့်မျက်လုံးရဲ့ အရေပြားကို သဘာဝအတိုင်း ရေဓာတ်ဖြည့်ပေးဖို့အတွက် ရှိနေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ eye cream ကိုသုံးစွဲခြင်းကအသားအရေဆိုင်ရာ ပြဿနာများစွာကို ကာကွယ် ပေးနိုင်ပါတယ်။ မျက်ခွံမို့အစ်ခြင်း မျက်ခွံမို့အစ်ခြင်းဟာမျက်လုံးတစ်ဝိုက်မှာရှိတဲ့ တစ်ရှူးတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း