backup og meta

လက်သည်းပန်းကုံးများကို ဂရုစိုက်ရန်နည်းလမ်း ၆သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သည်းပန်းကုံးများကို ဂရုစိုက်ရန်နည်းလမ်း ၆သွယ်

    ယေဘူယျအားဖြင့်လူအများစုသည် လက်သည်းခြေသည်းများကို ပါတီပွဲမတက်ခင်ထိ၊ပြောင်လက်သောလက်သည်းဆိုးဆေးများမဆိုးမိခင်ထိ သတိမပြုမိတတ်ကြပေ။ သို့သော်လည်း မိခင်သဘာဝတရားက လက်သည်းခြေသည်းများကို ပေးအပ်ထားသည်မှာ အကြောင်းရင်းရှိပါသည်။ လက်သည်း ပန်းကုံးလေးများသည်သင်၏လက်ချောင်းလေးများကို အခုအခံအဖြစ် ကာကွယ်ပေးထားသည်။ ခြေထောက် နှင့် လက်တို့ကဲ့သို့ပင် သူတို့သည်လည်း ခန္ဓါကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အောက်ပါတို့သည် သင်၏လက်သည်းပန်းကုံးလေးများကလိုအပ်နေသော ဂရုစိုက်ရန် နည်းလမ်း (၆) ခုဖြစ်သည်။

    (၁)လက်သည်းပန်းကုံးလေးများပါအောင် လက်သည်းညှပ်ခြင်းကိုရှောင်ပါ

    အရေပြားဆရာဝန်များက လက်သည်းပန်ကုံးလေးများပါအောင် မညှပ်သင့်ကြောင်း သေသေချာချာသတိပေးတတ်သည်။ ထိုသို့ညှပ်ပါက မကြာခဏဆွပေးသကဲ့သို့ရှိပြီး ရောဂါပိုးများလည်းဝင်တတ်သောကြောင့်ဖြစ်သည်။

    လက်သည်းပန်ကုံးများကို ညှပ်ခြင်းဖြင့် လက်သည်းတွင် အစင်းကြောင်းများဖြစ်ခြင်း၊အဖြူစက်များ အဖြူစင်းများထခြင်း၊ဘက်တီးရီးယားပိုးဝင်ခြင်းစသော ကျန်းမာရေးပြဿနာများအပြင် အနေရခက်သည့်အပြင် အမြင်မတင့်တယ်ခြင်းမျိုးလည်းဖြစ်တတ်သည်။

    (၂)လက်သည်းညှပ်ကို အဝေးမှာထားပါ

    သင်၏လက်သည်းပန်းကုံးများသည်နူးညံ့သော အစိတ်အပိုင်းဖြစ်ပြီးသူတို့ကို ညှပ်ခြင်းဖြင့် မာကျောကြွပ်ဆတ်လာတတ်သည်။ လက်သည်းမညှပ်ရဟု ဆိုလိုက်လျှင် အချို့ က မည်သည်အထိရှည်မည် မသိသော လက်သည်းမျိုးဖြစ်၍ လက်ခံချင်မှ လက်ခံလိမ်မည်။ လက်သည်းညှပ်ခြင်း မညှပ်ခြင်းက လက်သည်း၏ ရှည်ထွက်ခြင်းလမ်းကြောင်းအတွက် တစ်စုံတစ်ရာမဖြစ်စေနိုင်ပါ။

    (၃)စိုစွတ်အောင်ထားပါ

    သင်ခံစားမိချင်မှ ခံစားမိမည် ဖြစ်သော်လည်း လက်သည်းများသည် တကယ်ဆိုလျှင် သင့်အရေပြား၏ အစိတ်အပိုင်းဖြစ်သည်။ သူတို့သည်လည်း အစိုဓါတ်လိုအပ်သည်။ အရေပြားအစိုဓါတ်ထိန်းသောလူးဆေးများက သိပ်အသုံးမတည့်ပါ။

    လက်သည်းပန်းကုံးလေးများသည် အပြားချပ်လိုက်ဖြစ်သဖြင့် ပိုမိုပျစ်သော အလှဆီ(ဥပမာ ဗယ်ဆီလင်း ဂျယ်လီ) တို့ကို အစိုဓါတ် ပိုမိုရရှိရန်သုံးပေးသင့်ပါသည်။

    (၄)နူးညံ့စွာကိုင်တွယ်သော လက်သည်းပညာရှင်ကိုရွေးပါ

    အချို့လက်သည်း ပညာရှင်များသည် လက်သည်းကို အကိုင်အတွယ် ကြမ်းတမ်းသဖြင့် လက်သည်းများ နီရဲရောင်ရမ်းခြင်းမျိုးဖြစ်တတ်သည်။ ထိုအခါ လက်သည်းအခြေပိုးဝင်ခြင်း(Paronychia)ကို ခံစားရတတ်သည်။

    လက်သည်းပန်းကုံးတဝိုက်တွင် အနီရောင် အစက်ပြောက်ဖြစ်ခြင်း၊အနာဖြစ်ခြင်းမျိုးဖြစ်လာနိုင်သည်။ ထို့ကြောင့်လက်သည်းပညာရှင်က သင်၏လက်သည်းကို မကိုင်တွယ်ခင်ကတည်းက နူးညံ့ရန်လိုကြောင်း သူတို့သိနေပါစေ။

    (၅)အချို့သောဓါတုဆေးဝါးများအန္တရာယ်မှကာကွယ်ပါ

    ပန်းကန်ဆေးရာတွင်သုံးသော ပစ္စည်းများ၊လက်သည်းဖျက်ဆေးများသည် လက်သည်းကို ခြောက်သွေ့စေသည်။ ထို့ကြောင့်အိမ်မှုကိစ္စများပြုလုပ်ရာတွင် လက်အိတ်စွပ်သင့်သကဲ့သို့ လက်သည်းဖျက်ဆေးကိုလည်း အစီတုန်း(Acetone)မပါဝင်သော ဆေးမျိုးကိုပြောင်းသုံးသင့်သည်။

    (၆)လက်သည်းကိုက်တတ်သည့်အကျင့်ကိုဖျောက်ပါ

    လက်သည်းကိုက်ခြင်းသည် သင့်လက်သည်းကို သင်ကိုယ်တိုင်ပြုလုပ်သော အဆိုးရွားဆုံးအမူအကျင့်ဖြစ်သည်။ တံတွေးတွင်ပါဝင်သော အင်ဇိုင်းများက အရေပြားဆဲလ်များကို ဖျက်ဆီးခြင်းဖြင့် လက်သည်းပန်ကုံး လေးများကိုလည်း ပျက်စီးစေသည့်အပြင် ရောဂါပိုးဝင်စေနိုင်သည်။ သင့်မှာ ထိုအမူအကျင့်မျိုးရှိသည်ဆိုလျှင်တော့ ပို၍ကျန်းမာသော လက်သည်းများအတွက် ထိုအကျင့်ကို ယခုပဲပြင်လိုက်ပါ။

    လက်သည်းများသည် ကျန်းမာလေ လှပလေလေ ဖြစ်သည်။ လက်သည်းများအားပျော့ ချိနဲ့သော အခါ လက်သည်းကိုကိုင်တွယ်ခြင်းလုပ်ပါက အခြေအနေကိုပိုဆိုးစေတတ်သည်။ အထက်ပါအချက်များကို လိုက်နာခြင်းဖြင့် သင့်လက်သည်းများအတွက် သင်အကောင်းဆုံးပြုလုပ်ပေးနိုင်မည်။ ထိုအခါ လက်သည်းအလှပြင်ဆိုင်သို့ မကြာခဏသွားရန်မလိုတော့ကြောင်းကိုပါ သင်သဘောပေါက်လာလိမ့်မည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement