backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆန်ဆေးရည် ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 26/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆန်ဆေးရည် ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

လူအတော်များများက သူတို့ ထမင်းချက်တဲ့အခါ သုံးတဲ့ ဆန်ဆေးရည်ကို လွှင့်ပစ်တတ်ကြပါတယ်။ ဒါဟာ တကယ်တော့ ဆန်ဆေးရည် ကပေးတဲ့ အလှအပနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကို ဖြုန်းတီးပစ်နေတာနဲ့ အတူတူပါပဲ။ ဆန်ဆေးရည်မှာ အရေပြားနဲ့ ဆံပင်အတွက် အကျိုးရှိတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

ဆန်ဆေးရည် ရဲ့ နောက်ကွယ်ကပုံပြင်

ဆန်ဆေးရည်ကို နှစ်ပေါင်းများစွာ ကတည်းက အရှေ့ပိုင်း ယဉ်ကျေးမှုတွေမှာ အသိအမှတ် ပြုနေကြပါတယ်။ အရှေ့တိုင်းသူတွေ အသားအရေ လှပတာ အံ့သြစရာမရှိပါဘူး။ အတိတ်ကာလတုန်းက အရှေ့တောင်အာရှ နိုင်ငံတွေမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ မျက်နှာ နဲ့ ဆံပင်အတွက် ဆန်ဆေးရည်ကို အသုံးပြုကြပြီးဆန်ဆေးရည်နဲ့တောင် ရေစိမ်ချိုးလေ့ ရှိကြပါတယ်။ ဆန်ဆေးရေထဲမှာ Ferulic acid လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဓာတ်တစ်မျိုး ပါဝင်ပြီး နုနယ်ပျိုမြစ်ပြီး လင်းလက်တောက်ပတဲ့ အသားအရေကို ထိန်းသိမ်းပေးပါတယ်။

ဆန်ဆေးရည်ကို မျက်နှာသစ်ဆေးအဖြစ် အသုံးပြုပါတယ်။

ဂွမ်းလုံးလေးနဲ့ ဆန်ဆေးရည် ထဲကို နှစ်ပြီး မျက်နှာပေါ်ကနေ ပြန်သုတ်ပေးခြင်းအားဖြင့် မျက်နှာကို သန့်ရှင်းရေး ပြုလုပ်ဖို့ အသုံးပြုနိုင်ပါတယ်။ ဒါဟာ အားထည့်စရာမလိုဘဲ ရိုးရှင်းလွယ်ကူပြီး နှစ်မိနစ်လောက်ပဲ ကြာမှာ ဖြစ်ပါတယ်။ သင်လုပ်ရမှာကတော့ အရေပြားပေါ် ခြောက်သွားချိန်ကို စိတ်ရှည်လက်ရှည် စောင့်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ အာဟာရဓာတ်တွေ အရေပြားထဲကို သေသေချာချာ ဝင်သွားမှာ ဖြစ်ပါတယ်။

ဆန်ဆေးရည်ကို မျက်နှာမှာ တိုနာအဖြစ် အသုံးပြုပါတယ်။

တကယ်လို့ သင်ဟာ မိတ်ကပ် အများကြီး သုံးတတ်တဲ့သူဆိုရင် သင့်အသားအရေကို ၁၀၀% သန့်ရှင်းစေဖို့ မျက်နှာသစ်ပြီးတဲ့နောက်မှာ ချွေးပေါက်တွေကို သန့်စင်ပေးတဲ့ အရာတစ်ခုခုကို သုံးသင့်ပါတယ်။ ဆန်ဆေးရည်ကို သန့်ရှင်းရေး လုပ်ပြီးရင်လည်း တိုနာအဖြစ် သုံးနိုင်ပါသေးတယ်။ ဆန်ဆေးရည်ဟာ သွေးလည်ပတ်မှု ကောင်းစေတာကြောင့် သင့်မျက်နှာကို ကြည်လင်စေပြီး သင့်ရဲ့ ချွေးပေါက်တွေကို ကျဉ်းစေလို့ သင့်အသားအရေကို တင်းရင်းစေပါတယ်။

ဝက်ခြံ ပျောက်ကင်းအောင် ဆန်ဆေးရည်ကို အသုံးပြုပါတယ်။

ဆန်ဆေးရည်ဟာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ နေရာမှာ နာမည်ကျော်ပါတယ်။ ဒါ့ကြောင့် သူဟာ ဝက်ခြံကို ပျောက်ကင်းမှုကို မြန်ဆန်စေပါတယ်။ ဝက်ခြံပေါ်မှာ လိမ်းလိုက်တဲ့အခါ ဝက်ခြံ အမြောက်အများ ထွက်ခြင်းကြောင့်ဖြစ်တတ်တဲ့ အနီကွက် ဖြစ်မှုကို သက်သာစေတဲ့၊ အဆီထွက် သက်သာစေတဲ့ အရည်အဖြစ် အလုပ်လုပ်ပါတယ်။

ဆန်ဆေးရည်ကို ခေါင်းလျှော်ဖို့ အသုံးပြုပါတယ်။

သင့်ဆံပင်ကို တောက်ပသန်စွမ်းဖို့အတွက် ဆန်ဆေးရည်နဲ့ ခေါင်းလျှော်တာကို စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်လို့ သင့်ဆံပင်ဟာ အာဟာရ ပိုမိုလိုအပ်ခဲ့ရင် ဆန်ဆေးရည်ထဲကို essential oils အနည်းငယ် ထည့်ပါ။ သင့်ဦးရေပြားကို နူးညံ့စွာ နှိပ်နယ်ပြီး ဆံပင်ပေါ်မှာ ခဏထားပြီးတော့ ရေသန့်သန့်နဲ့ ပြန်လည်ဆေးကြောပါ။ ဆန်ဆေးရည်မှာ ပါဝင်တဲ့ inositol ဟာ သင့်ဆံပင်ရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ဂုဏ်သတ္တိကို အားပေးပြီး ပွတ်တိုက်ခြင်းကို သက်သာစေပါတယ်။

ဆန်ဆေးရည် နဲ့ မိမိကိုယ်ကို ပြုလုပ်နိုင်တဲ့ အရာကို အကောင်းဆုံးပြုလုပ်ဖို့အတွက် သင့်မှာ ဆန်နဲ့ ရေပဲလိုအပ်ပါတယ်။ ဆန်ဆေးရည်ကို လေလုံတဲ့ ခွက်တစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ပတ်ကြာအောင် သိမ်းဆည်းထားပြီး အသုံးပြုနိုင်ပါတယ်။

ရေးသားသူ- Dr Phyu Mon Latt

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 26/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement