အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ

    အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ

    အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။ Vaseline လို့ ဆိုလိုက်တာနဲ့ အဖုံးအပြာလေးနဲ့ ဗူးလေးကို မျက်စိထဲ မြင်ယောင်မိကြမှာပါ။ Vasline မှာ အလှအပအတွက် ကောင်းကျိုးတွေ အများကြီး ရှိနေတဲ့အပြင် တော်တော်လေးလည်း အသုံးဝင်ပါတယ်။ ပျိုပျိုမေလေးတို့ Skin care တွေ အများကြီး ဆောင်စရာမလိုဘဲ Vaseline လေး ရှိနေရင်ကို အဆင်ပြေနေပြီနော်။ ဘယ်နေရာမှာ ဘာတွေအသုံးဝင်သလဲဆိုတာ ပြောပြမယ်နော်။

    Vaseline ဟာ mineral အဆီနဲ့ ဖယောင်းတွေ ပါဝင်တဲ့ တစ်ရာ ရာခိုင်နှုန်းသော petroleum jelly နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အသားအရေအတွက် ကောင်းဖို့အတွက် အဓိက ပစ္စည်းတစ်မျိုးပါ။

    အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ

    အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများကတော့

    • လက်သည်းပန်းကုံး ကွဲတာ သက်သာစေနိုင်တယ်

    ရေကိုင်ရတာ များလို့ဖြစ်ဖြစ် လက်ခဏခဏ ဆေးတာကြောင့်ဖြစ်ဖြစ် လက်သည်းပန်းကုံးတွေ ခြောက်သွေ့ကွဲအက်နေတာကို သက်သာစေဖို့ဆိုရင်လည်း vaseline ကို အသုံးပြုပေးလို့ ရပါတယ်။ ရာသီဥတုဒဏ်ကြောင့် လက်သည်းပန်းကုံးတွေ ခြောက်သွေ့ကွဲအက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

    ဆပ်ပြာမှုန့်လိုမျိုး ဓာတုပစ္စည်းတွေကြောင့် လက်သည်းပန်းကုံး ထိခိုက်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

    • ခြေဖနောင့် အသားမာတက်တာကို သက်သာစေနိုင်တယ်

    ခြေဖနောင့်မှာ ဆဲလ်သေတွေ များပြီး အသားမာတက်တာ ခြေဖနောင့်တွေ ကွဲအက်တာကို သက်သာစေဖို့ အကောင်းဆုံး အိမ်တွင်းကုထုံးနည်းလမ်း တစ်ခုရှိပါတယ်။ ဒါကတော့ ညဘက် အိပ်ရာမဝင်ခင် ခြေဖနောင့်ကို Vaseline လိမ်းအိပ်တာပါ။

    Vaseline မလိမ်းခင်မှာ ခြေထောက်ကို ရေနွေးနွေးလေးနဲ့ စိမ်ပြီး ၁၀ မိနစ်လောက် ဆဲလ်သေတွေ ကွာကျအောင် ပွတ်တိုက် နှိပ်နယ်ပေးပါ။ ပြီးရင် ခြောက်သွေ့အောင် သုတ်ပေးဖို့ မမေ့ပါနဲ့။ လိမ်းပြီးပြီဆိုရင်တော့ ခြေစွပ်လေး စွပ်ပြီး အိပ်လိုက်ပါ။

    • နှုတ်ခမ်းကွဲတာ သက်သာစေနိုင်တယ်

    နှုတ်ခမ်းသားတွေ ခြောက်သွေ့ကွဲအက်တာကို သက်သာစေနိုင်ပါတယ်။ နှုတ်ခမ်းသားကို အစိုဓာတ် ထိန်းပေးပါတယ်။ နှုတ်ခမ်းနီတွေကြောင့် နှုတ်ခမ်းသား ထိခိုက်တာမျိုး မဖြစ်စေဖို့ရော ရာသီဥတုဒဏ်ကြောင့် နှုတ်ခမ်းခြောက်သွေ့ ကွဲအက်တာကို သက်သာစေဖို့ပါ အသုံးပြုပေးလို့ ရပါတယ်။

    • နှင်းခူ သက်သာစေတယ်

    Vaseline က နှင်းခူကြောင့် ယားယံတာကို သက်သာစေနိုင်သလို နှင်းခူ လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြား ကျိန်းစပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

    • ဒူး နဲ့ တံတောင်ဆစ်

    ဒုး နဲ့ တံတောင်ဆစ်မှာ အရေပြားတွေ ခြောက်သွေ့တာ၊ မဲတာတွေကို သက်သာစေဖို့လအတွက်လည်း Vaseline က အသုံးတည့်ပါတယ်။ မဲနေတဲ့နေရာတွေကို ရေနွေးနွေးလေးနဲ့ ပွတ်တိုက်ဆေးကြောပေးပါ။ ပြီးရင် ရေခြောက်အောင် သုတ်လို့ Vaseline ကို ခပ်ပါးပါးလေး လိမ်းပေးတာက ဆဲလ်သေတွေကို ဖယ်ရှားပေးသလို အရေပြားကိုလည်း အစိုဓာတ် ထိန်းပေးပါတယ်။

    • မျက်တောင်

    မျက်တောင်ကော့ဆေးတွေ သုံးမိပြီး ဖျက်ရခက်နေတယ် ဆိုရင်တော့ Vaseline လေးကို မျက်တောင်မှာ လိမ်းပြီး ခဏနေမှ တစ်သျှူးစလေးနဲ့ ဖျက်လိုက်ပါ။ မျက်တောင်လေးတွေ ပိုရှည်ဖို့ အထောက်အကူ ပြုပြီး ထူထူလေးလည်း ဖြစ်လာမှာ အသေအချာပါပဲနော်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Eaindray Kha မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement