backup og meta

ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင်

    ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင်

    ဆံပင်ရှည်လေးတွေ ကျောမှာ ချထားရင် အကောက်ပဲဖြစ်ဖြစ်၊ အဖြောင့်ပဲ ဖြစ်ဖြစ် ဆံသားလေးတွေ ပျော့ပျောင်းနေတယ်ဆိုရင် လူတကာ ငေးရတဲ့ အလှပိုင်ရှင်လေး ဖြစ်နေမှာပါ။ ကောက်ထားတာပဲ ဖြစ်ဖြစ်၊ ဖြောင့်ထားတာပဲ ဖြစ်ဖြစ် သဘာဝအတိုင်းလေးပဲ ဖြစ်ဖြစ် ပျော့ပျောင်းအောင် လုပ်လို့ ရတယ်နော်။ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေမို့ ပျိုပျိုမေတို့ စရိတ်လည်း သက်သာ၊ လှလည်း လှမှာပါနော်။

    ကြက်ဥ

    ပျိုပျိုမေလေးတို့ရေ ကြက်ဥကို အဓိကထားပြီး ပျော့ပျောင်းအောင် လုပ်မယ်နော်။ ပထမဆုံး ကြက်ဥတစ်လုံးကို ပန်းကန်တစ်လုံးထဲကို ဖောက်ထည့်လိုက်ပါ။ ပြီးရင် သံလွင်ဆီ လက်ဖက်စားဇွန်း (၂) ဇွန်း ဒါမှမဟုတ် အုန်းဆီ လက်ဖက်စားဇွန်း (၂) ဇွန်းကို ထည့်ပါ။ နောက်တော့ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ပြီး ရောမွှေလိုက်ပါနော်။ ဆံပင်တွေမှာ သုတ်လိမ်းထားပြီး မိနစ်(၃၀) လောက် ကြာအောင် ထားပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည် အပျော့လေး သုံးပြီး ခေါင်းလျှော်လိုက်ပါ။ ပျော့ပျောင်းတဲ့ ဆံသားလေး ရပြီနော်။

    ထောပတ်သီး

    ထောပတ်သီးက အစိုဓာတ်ကို ထိန်းထားပေးပြီး ဆံသားလေးတွေကို အားဖြည့်ပေးပါတယ်။ ခြောက်သွေ့ပျက်စီးတာတွေ မဖြစ်စေဘဲ ပျော့ပျောင်းဖို့ ကူညီနိုင်တယ်နော်။ ထောပတ်သီးအမှည့်တစ်ခြမ်းကို ကျေအောင် ချေလိုက်ပါ။ ပြီးရင်တော့ သံလွင်ဆီလေး လက်ဖက်စားဇွန်း(၂) ဇွန်းလောက် ရောလိုက်ပါ။ အရောကို ဆံပင်မှာ သုတ်လိမ်းပြီး မိနစ်(၂၀) လောက် ထားလိုက်ပါ။ နောက်တော့မှ ခေါင်းလျှော်လိုက်ပါ။

    ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်ကတော့ အလှအပဆိုင်ရာမှာ မပါမဖြစ် ပစ္စည်းပဲနော်။ အယ်လ်ကိုဟော မပါတဲ့ ရှားစောင်းလက်ပပ်ဂျယ် ဒါမှမဟုတ် ရှားစောင်းလက်ပပ် အပင်ရှိရင်လည်း အတွင်းသားဂျယ်လ်ကို ပျားရည်နဲ့ ဆတူရောလိုက်ပါ။ ပြီးရင်တော့ သမအောင်မွှေပြီး ဆံပင်မှာ လိမ်းပါ။ ဆယ်မိနစ်လောက်ကြာအောင် ဆံပင်မှာ သုတ်လိမ်းထားလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်တဲ့အခါ နှိပ်ပြီး လျှော်ပေးပါ။

    အုန်းဆီ

    အုန်းဆီကတော့ ပုံမှန်ခေါင်းလျှော်ပြီးတဲ့အချိန်မှာတောင် လိမ်းကြပါတယ်။ အုန်းဆီက ဆံသားလေး ပျော့ပြောင်းစေဖို့ အကူအညီပေးပါတယ်နော်။ အုန်းဆီ ပူသွားအောင် မီးအပူရှိန်လေး နည်းနည်းပေးလိုက်ပါ။ အေးသွားရင်တော့ ဆံသားမှာ လိမ်းထားလိုက်ပါ။ ဆံပင်မှာ အချိန်ကြာကြာ ထားနိုင်သလောက်လေး ထားပါ။ ပြီးမှ ခေါင်းလျှော်လိုက်ပါ။ ခေါင်းလျှော်ပြီး လိမ်းတာထက်တောင် ဆံသားလေး ပျော့ပျောင်းနေတာကို တွေ့ရမှာပါ။

    Mayonnaise

    Mayonnaiseကတော့ အသားညှပ်မုန့်တွေထဲမှာ အများတွေ့ရတဲ့ စားစရာ ယိုအမျိုးအစား တစ်ခုပါနော်။ Mayonnaiseလေးကို နည်းနည်းယူပြီး ဆံပင်မှာ သုတ်လိမ်းလိုက်ပါ။ ခြောက်သွားအောင် ထားလိုက်ပါ။ ခြောက်သွားမှ ခေါင်းလျှော်ရည်လေးနဲ့ လျှော်ချလိုက်ပါ။ နောက်ပြီး လိမ်းနေကျ ဆီ တစ်မျိုးမျိုးကို လိမ်းလိုက်ပါ။

    ပျိုပျိုမေလေးတို့ရဲ့ ဆံသားလေးတွေ ပျော့ပျောင်းစေမယ့် နည်းလမ်းလေးတွေကိုတော့ ပေးပြီးပြီနော်။ အိမ်မှာနေရင်း ပေါင်းတင်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement