ဦးထုပ်ဆောင်းပါ – ဦးထုပ်လေးဆောင်းပေးတာက မျက်နှာအသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် သြက်န်ထွက်လည်ရင်ပဲဖြစ်ဖြစ်ရေပက်မယ်ဆိုရင်ပဲဖြစ်ဖြစ် ဦးထုပ်လေးတော့ဆောင်းပါနော်။
မိတ်ကပ်ဖျက်ဆေးသုံးပါ – သင်္ကြန်လည်ပြီးပြန်ရောက်လာပြီဆိုရင် ပင်ပန်းနေမယ်ဆိုရင်တောင်မှ မျက်နှာပေါ်က မိတ်ကပ်တွေကို သန့်စင်ဖယ်ရှားပေးပါနော်။ မိတ်ကပ်ဖျက်ဆေးသုံးလို့ မျက်လုံးအတွက်အသုံးပြုထားတဲ့ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေပါမကျန် မျက်နှာပေါ်က မိတ်ကပ်တွေကို သန့်စင်သွားအောင်လုပ်ပါ။
ရေချိုးသန့်စင်ပါ – တစ်နေကုန်ထိတွေ့မိလာတဲ့ရေတွေက သန့်ရဲ့လားဆိုတာ ကိုယ်တိုင်လည်း မသိနိုင်တာမို့ အိမ်ပြန်ရောက်လာပြီဆိုရင် တစ်ကိုယ်လုံးကို သန့်စင်သွားအောင်ရေချိုးလိုက်ပါနော်။ ဆပ်ပြာသေချာသုံးဖို့လည်း မမေ့ပါနဲ့။ခြေချောင်းလက်ချောင်းကြားလေးတွေပါမကျန်သေချာတိုက်ချွတ်သန့်စင်ပေးပါနော်။
Body lotion လူးပါ – တစ်နေ့တာမှာ ပင်ပန်းလာတဲ့ အသားအရေကို အစိုဓါတ်ထိန်းပြီး အာဟာရဖြည့်ပေးတဲ့ Body lotionလေးလူးလို့ သက်တောင့်သက်သာနေခွင့်ပေးလိုက်ပါ။ ချည်သားအင်္ကျီလေးဝတ်ပေးထားရင် ပိုအဆင်ပြေပါတယ်နော်။
မျက်နှာကို အစိုဓါတ်ထိန်းပေးပါ – မျက်နှာကို အိပ်ရာမဝင်ခင်မှာ အစိုဓါတ်ထိန်းတဲ့ခရင်မ်လေးလူးပေးတာ night creamလေးလူးပေးတာမျိုးလုပ်ပေးပါ။ တစ်နေကုန်ပင်ပန်းလာတဲ့ မျက်နှာကို အိပ်စက်ချိန်မှာ လိုအပ်တဲ့ အာဟာရဓါတ်လေးတွေစုပ်ယူနိုင်စေဖို့ အစိုဓါတ်ထိန်းခရင်မ်လေးလူးပေးလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။