အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ကာလိမ်းဆေး မလိမ်းခင် ဘာတွေ သိထားသင့်လဲ

နေရောင်ခြည်ထဲမှာပါဝင်တဲ့ UV-A နဲ့ UV-B ခရမ်းလွန်ရောင်ခြည် ၂မျိုးဟာ အသားအရေကို မည်းခြောက်ပြီး ကြမ်းတမ်းစေတယ်။ အရေးအကြောင်း ထွက်လာပြီး လူကို အိုမင်းရင့်ရော်စေတယ်။ ဒါ့အပြင် တခြား အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ အရေပြားကင်ဆာတွေပါ ဖြစ်လာနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒီလို ခရမ်းလွန်ရောင်ခြည်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ဖို့ နေလောင်ကာလိမ်းဆေး ကို အပြင်ထွက်တိုင်း လိမ်းပေးကြပါတယ်။ နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တယ်ဆိုတိုင်းလည်း နေလောင်ကာလိမ်းဆေးတွေရဲ့ တခြား ဘေးထွက်ဆိုးကျိုးတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ နေလောင်ကာလိမ်းဆေးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ နေလောင်ကာလိမ်းဆေး မလိမ်းခင် သိထားသင့်တဲ့ အချက်များ ၁။ အလှကုန်ပစ္စည်း၊ အသားအရေထိန်းသိမ်းတဲ့ ဆေးတွေ အသုံးမပြုခင် ကိုယ်နဲ့ ဓာတ်တည့်၊ မတည့် အရင်ဆုံး […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေကြောင့် စိတ်ညစ်နေလား

မျက်နှာပေါ်က မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်တွေကို နှင်ထုတ်လိုက်ပေမယ့် သူတို့ချန်ခဲ့တဲ့ခြေရာလက်ရာတွေကကျန်နေသေးတယ်နော်။ မလိုချင်ပါဘူးဆိုအတင်းပေးခဲ့တာမျိုးလေ။ ကိုယ်က သူတို့ကို ရန်စမိတာကိုး။ ဝက်ခြံြဖစ်လာရင် ညှစ်တာ၊ ကုတ်ဖဲ့တာတွေလုပ်တတ်ကြတာကိုး။ ဒီလိုလုပ်လိုက်ရမှ အားရတာလေ။ ဒီလိုလုပ်လိုက်တော့နောက်ဆက်တွဲအနေနဲ့ကမလိုချင်တဲ့ လက်ဆောင်ကို ထပ်ရလိုက်သေးတာပေါ့။ အသားအရေလေးကို ကြည်ကြည်လင်လင်လေးလှချင်ပါတယ်ဆိုမှ မျက်နှာပေါ်မှာ ဝက်ခြံအမာရွတ်တွေရှိနေတာကတော်တော်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါနော်။ ဒီတော့ စဉ်းစားမိတာက ဝက်ခြံအမာရွတ်တွေကို ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာပေါ့။ စဉ်းစားမနေနဲတော့ လက်တွေ့လုပ်ကြည့်ရအောင်လား။ ဝက်ခြံအမာရွတ်ကင်းတဲ့ အသားအရေပိုင်ရှင်လေးဖြစ်စေဖို့ မျက်နှာသစ်ပြီးရင် ဘာမှထပ်မလိမ်းဘဲနဲ့တောင် အမာရွတ်ကင်းပြီး ကြည်လင်တဲ့ အသားအရေကိုပိုင်ဆိုင်ချင်တဲ့ Hello ဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေကဖြစ်ချင်နေတဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မှာပါနော်။ ပျားရည် စားလို့ရသလို အရေပြားမှာလူးပေးလို့လည်းရပါတယ်နော်။ ဝက်ခြံအမာရွတ်တင်မကပါဘူး။ အပူလောင်နာနဲ့အနာအမာရွတ်တွေကိုပါသက်သာစေနိုင်တာပါနော်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံပေါက်နေရင်တောင်လူးလို့ရပါတယ်။ ဝက်ခြံကို ပိုးဝင်တာကြောင့်ရောင်ရမ်းတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်နော်။ တစ်နေ့တစ်ခါပုံမှန်လူးပေးမယ်ဆိုရင် လအနည်းငယ်ကြာတဲ့အခါ ဝက်ခြံအမာရွတ်တွေ ကင်းစင်သွားမှာသေချာပါတယ်။ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ပျားရည်ကို ခပ်ပါးပါးလေးလူးပေးရုံပါနော်။ ရှားစောင်းလက်ပပ် အသားအရေကောင်းဖို့ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆေးလိပ်ကြောင့် နှုတ်ခမ်းမည်းလို့ စိတ်ညစ်နေပြီလား။

ဆေးလိပ် သောက်ခြင်းဟာ ကျန်းမာရေးကို လုံးဝ အကျိုးမပြုဘူးဆိုတာ အားလုံးသိကြမှာပါ။ အဆုတ်ကိုထိခိုက်မယ်၊ နှလုံးသွေးကြောကိုထိခိုက်မယ် ။ စတဲ့ ကြီးကြီးမားမားတွေ အပြင် ကိုယ်ကနေ ဆေးလိပ်နံ့ထွက်တာ၊ ဆေးလိပ်ကြောင့်ခံတွင်းနံတာတွေ ပါဖြစ်စေတတ်ပါသေးတယ်။ အဲဒီ အထဲမှာ အထင်ရှားဆုံးနဲ့ ရုပ်အဆိုးကတော့ ဆေးလိပ်ကြောင့် နှုတ်ခမ်းမည်းလို့ စိတ်ညစ်ရတာပဲ ဖြစ်ပါတယ်။ ဆေးလိပ်ကြောင့် နှုတ်ခမ်းမည်းလို့ စိတ်ညစ်နေပြီလား။ ဆေးလိပ်ကြောင့် မည်းနေတဲ့ နှုတ်ခမ်းကို သဘာဝအတိုင်း ဘယ်လိုသက်သာအောင် လုပ်ရမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။ ပျားရည် နှင့် သံပရာသီး ။ ပျားရည်ရဲ့ အစိုဓာတ်ထိန်း အာနိသင်ကြောင့် ခြောက်နေတဲ့ သင့် နှုတ်ခမ်းသားလေးတွေ စိုပြေနူးညံ့လာမှာပါ။ သံပရာသီးရဲ့ အရောင်ချွတ်အာနိသင်ကြောင့် ဆဲလ်သေတွေစုပြီး မည်းနေတဲ့ သင့်နှုတ်ခမ်းသား ပန်းသွေးရောင်သန်းလာမှာ အသေအချာပါ။ သံပရာသီးနဲ့ ပျားရည်ကို ဆတူရောပြီး နှုတ်ခမ်းပေါ် သုတ်လိမ်းကာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

သင်္ကြန်မှာ ပြိုင်ဘက်ကင်း ဆံကေသာနဲ့ အလန်းစားကဲကြမယ်

ဘာလိုလိုနဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပျော်စရာအကောင်းဆုံး နှစ်သစ်သင်္ကြန်တောင် ရောက်လာတော့မယ်နော်။ ပျော်ဖို့၊ ပါးဖို့၊ အလန်းစားဒီဇိုင်းတွေနဲ့ အပြတ်ကဲဖို့ အဆင်သင့်ဖြစ်နေကြမယ်ထင်ပါတယ်။ ကျောင်းတွေလည်း ပိတ်ပြီဆိုတော့ မပြင်ဆင်ရသေးဘူးဆိုရင်လည်း အခုကတည်းက သင်္ကြန်အတွက် ကြိုပြီးပြင်ဆင်ဖို့ အချိန်မီသေးတယ်နော်။ ရိုးရာအတာသင်္ကြန်ပွဲတော်မှာ ဆံပင်အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ ပွဲထုတ်တာတော့ ဟုတ်ပေမဲ့ ကိုယ့်ရဲ့ ဆံသားကျန်းမာရေးနဲ့ အလှအပကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတော့ ခုလို နွေရာသီမှာ ဆံကေသာအလှကို ဘယ်လိုထိန်းသိမ်းမလဲ၊ ဆံသားမပျက်စီးစေဖို့ ဘယ်လိုကာကွယ်မလဲဆိုတဲ့အကြောင်းကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမယ်နော်။ ၁။ နေရောင်ခြည်နဲ့ ဆံသား တိုက်ရိုက်မထိစေဖို့ ကာကွယ်ပေးပါ။ နေရောင်ခြည်မှာ အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင် ဒီ ဓါတ်ကို ပေးနိုင်တာမှန်ပေမဲ့ ခုလို ပူလွန်းတဲ့ နွေရာသီမှာ အပူဒဏ်ကြောင့် အသားအရေနဲ့ ဦးရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို […]


အသားအရေ ထိန်းသိမ်းခြင်း

တင်းတိတ်ပျောက်မယ့် ပေါင်းတင်နည်း သင်သိပြီးပြီလား

အသားအရောင်မညီဖြစ်စေတဲ့ တင်းတိတ်တွေက နဖူး၊ ပါး၊မေးစေ့တို့လို မျက်နှာပေါ်မှာတင်မကဘဲ လည်ပင်းမှာတောင်ဖြစ်နိုင်ပါတယ်။ အမျိုးသမီးဟော်မုန်းတွေပိုများရင် melanin ပိုထွက်တာမို့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ မျက်နှာလေးလှပါလျက်နဲ့ တင်းတိတ်တွေကြောင့်အသားမညီရင်တော်တော်စိတ်ညစ်ရမှာပါ။ ကြာရှည် နေလောင်တာရယ်၊ မျိုးဗီဇပြဿနာရယ်၊အမျိုးသမီးဟော်မုန်းတွေမူမမှန်တာရယ်ကြောင့်ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာလည်းဖြစ်လာတတ်တဲ့ပြဿနာပါ။ အရေပြားအလှအပကုထုံးတွေမှာတော့ဆေးဝါးမျိုးစုံနဲ့ ကုသကြပေမယ့် အကုန်အကျနည်းပြီးဘေးကင်းတဲ့ အိမ်သုံးနည်းလမ်းလေးတစ်ခု အကြံပေးချင်ပါတယ်။ ချက်ချင်းတော့မပျောက်နိုင်ပေမယ့် လွယ်ကူသက်သာတဲ့နည်းနဲ့လျော့ပါးသွားစေမယ်ဆို ပျိုမေတို့ ဝမ်းသာကြမှာပါ။ အဲဒါကတော့ ငှက်ပျောသီးရယ်၊ ဒိန်ချဉ်ရယ်၊ သံပရာသီးရယ် ပါတဲ့ပေါင်းတင်နည်းဖြစ်ပါတယ်။ ငှက်ပျောခွံနဲ့ ကပ်တာကတောင် မှဲ့ခြောက်၊တင်းတိတ်တွေ အကုန်လျော့ပါးသက်သာစေနိုင်တယ်လို့ပြောကြတယ်။ အခုလို အာဟာရဓါတ်အပြည့်ပါတဲ့ အသီးအနှံနဲ့နို့ထွက်ပစ္စည်းရောသုံးတာကတော့ တင်းတိတ်အတွက် မတွေးတောင် အသားလှစေမှာသေချာပါတယ်။ ငှက်ပျောသီးမှာ မဂ္ဂနိစ်နဲ့ ဗီတာမင် B6၊ ဗီတာမင် C နဲ့ E တို့လို အရေပြားအားဖြည့်ပေးတဲ့ဓါတ်တွေပါဝင်တဲ့အပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ရေဓါတ်ပါဝင်မှုများလို့ သဘာဝmoisturizerဖြစ်ပါတယ်။ ဒိန်ချဉ်က ဇင့်၊ lactic acid ၊ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ကိုယ်ခန္ဓာပေါ်က ပွေး ကွက်တွေကြောင့် စိတ်ညစ်နေပြီလား

ပွေး ဆိုတာ ဘာလဲ။ အရေပြားပေါ်မှာ ဖြစ်တတ်ပြီး ကူးစက်တတ်တဲ့ မှိုရောဂါတစ်မျိုး (Tinea, Dermatophytosis) ဖြစ်ပါတယ်။ လူတွေမှာသာမက တိရစ္ဆာန်တွေမှာပါ ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရတဲ့ အရေပြားပေါ်မှာ စက်ဝိုင်းပုံစံ အနီကွက်ထနေမယ်၊ယားပြီး ဘေးအနားသတ်တွေမှာ ဖောင်းကြွကြွလေး ဖြစ်နေပြီဆိုရင်တော့ သင့်မှာ ပွေး ရှိတယ်ဆိုတာ သေချာနေပါပြီ။ ပွေးဆိုတာ ယောက်ျား၊ မိန်းမ၊ အသက်အရွယ်မရွေး ပေါက်တတ်ပြီး ရှက်တဲ့စိတ်နဲ့ သေချာမကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် ပိုဆိုးတဲ့ အရေပြားရောဂါတွေအပြင် ယားလွန်းလို့ ကုတ်နေရတဲ့ ဘဝကနေလည်း ဘယ်တော့မှ ကျွတ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ပွေးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အရာလေးတွေ၊ ဘာကြောင့် ပွေးကူးစက်တာလဲ၊ ဘယ်လိုကုသပျောက်ကင်းနိုင်မလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။ ပွေးအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။ ၁။ ဦးရေပြားမှာ ပေါက်တဲ့ ပွေး (Tinea Capitis) ၂။ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာလေး Glow ချင်တဲ့ ပျိုမေတွေအတွက် အလွယ်ဆုံးဘတ်ဂျက်နည်းလမ်း (၇) ခု

မိတ်ကပ်တွေ ထပ်စရာမလို၊ရောင်စုံတွေတင်စရာမလို ဝင်းလက်ကြည်လင်နေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ချင်တာကတော့ မိန်းကလေးတိုင်းရဲ့ဆန္ဒပါ။ ဒါ့ကြောင့်ပဲ အသားအရေထိန်းသိမ်းတဲ့အလှကုန်တွေက မိတ်ကပ်ထက်ဈေးပိုများပြီး ရွေးစရာလည်းပိုများနေတာဖြစ်ပါတယ်။အောက်ခံအသားအရေကို ဂရုမစိုက်ဘဲ လိုအပ်မှ မိတ်ကပ်တွေ ဘယ်လောက်ထပ်လိမ်းလိမ်း အဆင်မပြေနိုင်ပါဘူး။ အသားလှဖို့ဆိုတာ ဟိုးအရင်ကတွေးကြသလို အတိတ်ဘဝဆုတောင်းကောင်းခဲ့လို့ ဆိုတာမျိုး၊ ငါတို့ယှဉ်လို့ဘယ်ရမလဲ သူ့အသားလေးက နဂိုလှတာကိုးဟယ် ဆိုတာမျိုး၊ ကိုယ်တွေတော့ ဒီလိုမလှနိုင်လောက်ပါဘူးဆိုတာမျိုး မဟုတ်ပါဘူး။ သင်အသားမလှတာ မဟုတ်ပါဘူး၊သေချာဂရုမစိုက်ရသေးလို့ပါ လို့ပြန်ဖြေရမှာပါပဲ။ အသားလေးကြည်ပြီး လှနေတဲ့ သဘာဝအလှကို ရနိုင်ဖို့ဆိုတာဈေးကြီးတဲ့ အရေပြားအလှကုန်တွေ set လိုက်ဝယ်သုံးနိုင်မှ မဟုတ်ပါဘူး။ အကုန်အကျနည်းတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ လွယ်လွယ်ကူကူ ဂရုစိုက်ပေးလို့လည်းရပါတယ်ဆိုတာ ပျိုမေတို့ကို အကြံကောင်းပေးချင်တာပါ။ ဘာလို့ဆို နာမည်ကြီးအသားအရေထိန်းပစ္စည်းတွေဟာ ဒီသဘာဝပစ္စည်းတွေကနေ အခြေခံပြီး နည်းပညာနဲ့ ထုတ်နှုတ်ဖန်တီးထားတာကိုး။ ဒီပါဝင်ပစ္စည်းတွေနဲ့ပေါင်းတင်နည်းတွေကို နားရည်ဝပြီးသားဖြစ်ရင်ဖြစ်နိုင်ပေမယ့်ဈေးကအလွယ်ဝယ်ပြီး တစ်ပတ်တစ်ကြိမ်လောက် နည်းလမ်းအလဲအလှယ်လုပ်လို့ရတဲ့ပစ္စည်းတွေချည်းစုစည်းထားတာဖြစ်တာကတစ်ကြောင်း(ဒီပစ္စည်းတွေချည်းပဲဆိုတော့ တစ်ခါပဲဝယ်ပြီး တစ်ပတ်တစ်နည်းလုပ်လို့ရတယ်)၊ဖျော်စပ်နည်းလည်း အနည်းငယ်ကွာတာက တစ်ကြောင်း […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ပိုးသားလို နူးညံ့ပျော့ပျောင်းတဲ့ ဆံနွယ်ရစေဖို့ နည်းလမ်း (၃) ချက်

ဆံသားဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါပဲ။ ကိုယ့်ရဲ့ ဆံနွယ်ေလးတွေ နူးညံ့ပျော့ပျောင်းနေဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါပဲ။ ဒါပေမဲ့ လူဆိုတာကလည်း လှချင်တဲ့ စိတ်ကများနေတော့ ဆံပင်ကို ဟိုနားက ပြုပြင်၊ ဒီနားက ပုံသွင်းလိုက်နဲ့ သေချာ ထိန်းသိမ်းမှု မလုပ်တဲ့အခါမှာ ဆံသားနဲ့ ဦးရေပြားက တဖြည်းဖြည်းနဲ့ ခြောက်လာတော့တာပေါ့။ ဒီလိုမဖြစ်စေဖို့ ကာကွယ်လို့ ရမယ့် နည်းလမ်း (၃)ချက်ကို ပျိုမေတွေအတွက် ပြောပြပေးမယ်နော်။ ၁။ ဆံသားမပျက်စီးစေဖို့ ဂရုစိုက်ပါ။ နေ့တိုင်းခေါင်းလျှော်တာထက် တစ်ရက်ခြား တစ်ခါဖြစ်စေ၊ တစ်ပတ်ကို ၂ကြိမ်လောက်ဖြစ်စေ ခေါင်းလျှော်ေပးရင် ရပါတယ်။ ခေါင်းမကြာခဏ လျှော်တဲ့အခါ ဦးရေပြားက ဆံသားချောမွေ့စေဖို့ ထုတ်ပေးလိုက်တဲ့ သဘာဝအဆီဓါတ်တွေကို ဖယ်ရှားပစ်လိုက်လို့ပါ။ ရေအေးနဲ့ပဲ ခေါင်းလျှော်ပေးပါ။ ရေပူရေနွေးနဲ့ ခေါင်းလျှော်လိုက်တဲ့အခါ ဦးရေပြားကို ခြောက်သွေ့သွားစေပြီး အဆီဓါတ်ကို ပိုမိုခမ်းခြောက်ဖို့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ့် သွေးရည်ကြည် ပြန်အသုံးပြုတဲ့ ကုထုံးနဲ့ ဆံပင်ပြန်ပေါက်စေနိုင်

ဆံပင်ပါး၊ ဆံပင်ကျွတ်နေတဲ့သူတွေ၊ ထိပ်ပြောင်တဲ့သူတွေအတွက်က ဆံပင်ပြန်ပေါက်စေမယ့်၊ ဆံပင်သန်စေမယ့်ဆေးတွေ၊ နည်းလမ်းတွေကိုလိုက်ရှာနေကြမှာပါပဲ။ တချို့ကတော့ သဘာဝဆေးနည်းလေးတွေ၊ ဆံပင်သန်ဆေး ဒါမှမဟုတ် ပေါင်းတင်တာတွေနဲ့ ပြန်အဆင်ပြေလာကြပေမယ့် နည်းအမျိုးမျိုး၊ဆေးအမျိုးမျိုးသုံးကြည့်ပြီး အဆင်မပြေသူတွေလည်းရှိပါတယ်။ အခုတော့ နီးလျက်နဲ့ဝေးနေတဲ့ ကုသဆေးတစ်ခုကို သုတေသနကဖော်ထုတ်ပေးခဲ့ပါတယ်။ မျိုးဗီဇအရကို ဆံပင်ပါးတဲ့သူတွေအတွက်က အသုံးများတဲ့ကုထုံးတွေရှိပေမယ့် ခုတစ်ခါတွေ့ရှိတဲ့ ကုထုံးအသစ်ကတော့ ကာယကံရှင်ရဲ့သွေးကို ပြန်အသုံးပြုမယ့် သွေးရည်ကြည် ကုထုံးပဲ ဖြစ်ပါတယ်။ Platelet-rich plasma (PRP) လို့ခေါ်တဲ့သွေးရည်ကြည်ကုထုံးကို သွားကနေ အရိုးအထိ ကုသမှုအမျိုးစုံမှာ သက်သာပျောက်ကင်းမှုမြန်ဆန်အောင် အသုံးပြုနေတာဖြစ်ပါတယ်။ အစက လူသိများတာက မျက်နှာအလှအပအတွက် အသုံးပြုတာဖြစ်ပြီး ဆံပင်အတွက်ဆို ပိုခေတ်စားလာတော့မှာပါ။ ဒီကုထုံးအတွက်သုတေသနက အစောပိုင်းအဆင့်မှာပဲရှိနေသေးတဲ့အတွက် ဆံကေသာကုထုံးအဖြစ်တရားဝင် အသုံးပြုခွင့်မရသေးပါဘူး။ သွေးရည်ကြည် ကုထုံးက ဘယ်လိုမျိုးလဲ PRP ကုထုံးမှာ ကာယကံရှင်ရဲ့သွေးကိုယူပြီး သွေးရည်ကြည် ထဲက သွေးနီဥဆဲလ်တွေကို ခွဲထုတ်ပါတယ်။ ဆံပင်ပေါက်စေမယ့် growth […]


အခြားအရေပြားပြဿနာများ

နေပူပူထဲလည်း မထွက် အိမ်မှာပဲနေနေတာတောင် ဘာကြောင့် အသားမည်းမည်းလာရတာလဲ ။ ။

နေရောင်နဲ့လည်း မထိ၊ အိမ်မှာဘဲ နေနေရင်းနဲ့ အသားမည်းမည်းလာရတဲ့ အခိုက်အတန့်မျိုး ကြုံဖူးကြပါသလား။ နေကသာ အသားကိုမဲည်းစေနိုင်တယ်ဆိုတာပဲ သိထားတော့ နေပူထဲလည်း မသွားဘဲနဲ့ အသားမည်းလာတဲ့အခါ တွေးစရာလေးတွေ ဖြစ်လာပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ ။ ။ အသားမည်းတဲ့ ဖြစ်စဉ်က ဘယ်လိုဖြစ်ရတာလဲ ။ ။ ကိုယ်ပေါ်က အရေပြားတွေ အရောင်ရင့်လာခြင်းရဲ့ အဓိက တရားခံကတော့ အရေပြားပေါ်မှာရှိတဲ့ Melanocyte ကထုတ်တဲ့ melanin ကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် melanin ပိုထွက်စေတဲ့ အကြောင်းအရာတွေ သင့်မှာရှိနေရင်တော့ အိမ်ထဲမှာနေရင်းနဲ့လည်း သင့်အသားအရေတွေ မည်းသွားနိုင်ပါတယ်။ ဒါဆို ဘယ်လို အကြောင်းအရာတွေက melanin ပိုထွက်ခြင်းကို ဖြစ်စေတာလဲ ။ ။ နေရောင်ခြည် ။ ။ အသားမည်းလာခြင်းကိုဖြစ်စေတဲ့ melanin ပိုထွက်စေတဲ့အကြောင်းအရင်းတွေထဲမှာ နေရောင်ခြည်ကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း