အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

အရေပြားပေါ်မှာဘာကြောင့် အရည်ကြည်ဖုလေးတွေ ပေါက်ပြီး နီနေရတာလဲ။

ပြောရမယ်ဆို အရေပြားဆိုတာ ပြဿနာများစွာရှိနေနိုင်တဲ့နေရာတစ်ခုပါ။ ကိုယ်ခန္ဓာရဲ့ အပြင်ဘက်ဆုံး အပိုင်းလည်းဖြစ်၊ ပတ်ဝန်းကျင်က လေထုတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာလည်း ဖြစ်တယ်လေ။ ပြီးတော့ အရေပြားပေါ်မှာ မွှေးညှင်းပေါက်လေးတွေ၊ မွှေးညှင်းနုလေးတွေ အများကြီးရှိတော့ ပိုးမွှားတွေ ရောဂါတွေအတွက် တောခိုစရာ နေရာဖြစ်နေတော့တာပေါ့၊၊ ဖြစ်လိုက်တဲ့ အရေပြားပြဿနာတွေကလည်း စုံလို့။ မှိုရောဂါဖြစ်လိုက်၊ အင်ပြင်ထလိုက်၊ ယားနာတွေဖြစ်လိုက်၊ အရည်ကြည်ဖုလေးတွေ ဖြစ်လိုက်နဲ့ စုံနေတာပဲ။ ဒီဆောင်းပါးထဲမှာ ပြောချင်တဲ့ အကြောင်းအရာကတော့ အရည်ကြည်ဖုတွေ ဖြစ်ရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အရည်ကြည်ဖုလေးတွေ  ပေါက်ပြီး အရေပြားနီရဲရခြင်း အကြောင်းအရင်းများ ။ ( ၁ ) ရေကျောက် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ ဒီရေကျောက် ပြဿနာဟာ လေထဲကနေကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အရေပြားပေါ်မှာ အရည်ကြည်ဖုတွေပေါက်ခြင်းက သူ့ရဲ့ အဓိက လက္ခဏာတစ်ခုပါ။ ဝေဒနာခံစားနေရသူရဲ့ အရည်ကြည်ဖုလေးတွေ ပေါ်က အရည်တွေနဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အရည်အသွေးမကောင်းတဲ့ နေလောင်ကာခရင်မ်တွေရဲ့ ဘေးထွက်ဆိုးကျိုး(၄) ခု

ယနေ့ခေတ် ခရမ်းလွန်အစွမ်းကြောင့် အသားအရေကို မထိခိုက်စေဖို့ နေလောင်ကာခရင်မ်ကို အားကိုးတကြီးနေ့တိုင်းမပါမဖြစ်သုံးလာကြပါတယ်။ မျက်နှာအတွက်လည်း လိမ်းဦးမှ၊ခြေလက်တွေအတွက်လည်း လိမ်းဦးမှ။ မိတ်ကပ်မလိမ်းရင်တော့ နေလောင်ကာခရင်မ်လေးတော့လိမ်းတတ်ကြပါတယ်။ ဒါပေမယ့်နေလောင်ကာခရင်မ်ဖြစ်တိုင်းပြီးရောလား။ ကိုယ်သုံးမယ့် နေလောင်ကာခရင်မ်ဟာ အသားအရေကိုမထိခိုက်စေတာသေချာပြီလား။ နေလောင်ကာခရင်မ်ရဲ့အရည်အသွေးနဲ့ ပါဝင်ပစ္စည်းတွေ၊ဘေးကင်းစိတ်ချရမှုတို့ကို ထည့်စဉ်းစားပြီးမှရွေးချယ်သင့်ပါတယ်နော်။ တံဆိပ်မျိုးစုံနဲ့ရောင်းချကြတဲ့အထဲ တချို့ထုတ်ကုန်တွေမှာoxybenzone ၊ triclosan၊ parabens နဲ့ phthalates တို့လိုဘေးဥပါဒ်ဖြစ်စေနိုင်တဲ့ဓါတ်ပစ္စည်းတွေ ပါဝင်တတ်ပါတယ်။ ဒါကိုရှောင်နိုင်ဖို့အရေးကြီးပါတယ်နော်။ ဒီဒြပ်ပေါင်းတွေကြောင့်ဟော်မုန်းလုပ်ဆောင်ချက်တွေကို ပျက်ယွင်းစေပြီး ဆဲလ်တွေကိုပျက်စီးစေတယ်၊ ကင်ဆာဖြစ်စေနိုင်တယ်။ ဒီလိုမကောင်းတဲ့ပါဝင်ပစ္စည်းတွေနဲ့ အရည်အသွေးညံ့တာတွေသုံးမိရင် ကိုယ့်မှာဘာတွေထိခိုက်စေနိုင်မလဲဆိုတာသိရင်ဈေးပေါတာ၊ အလွယ်ရတာတွေ သုံးဖြစ်တော့မှာမဟုတ်ပါဘူး။ ဆက်ပြီးဖတ်ကြည့်နော်။ (၁) ဟော်မုန်းလုပ်ဆောင်ချက်ကို ပျက်ယွင်းစေတယ် လေ့လာမှုတွေအရoxybenzone ၊ triclosan၊ parabens နဲ့ phthalates တို့ကဟော်မုန်းတွေကို ကမောက်ကမဖြစ်စေတယ်လို့ဖော်ပြကြပါတယ်။ ဒါတွေမပါတဲ့ ထုတ်ကုန်တွေကိုရွေးချယ်သင့်တယ်နော်။ (၂) ဆဲလ်တွေကို ပျက်စီးစေတယ် Oxybenzone ဟာခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပေးလို့နေလောင်ကာခရင်မ်တွေမှာ အသုံးများတဲ့ ဓါတုပစ္စည်းပါ။ ဒါပေမယ့်ဟော်မုန်းလုပ်ဆောင်ချက်ပျက်ယွင်းမှုတွေနဲ့ ဆဲလ်ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ ဒီဓါတ်က […]


အခြားအရေပြားပြဿနာများ

ဆင်တုပ်ကွေးအနီစက်လေးတွေကြောင့် ကျန်ရစ်ခဲ့တဲ့အမာရွတ် ပျောက်ကင်းစေမယ့်နည်းလမ်း (၉) ခု

Chikungunya လို့ခေါ်တဲ့ ဆင်တုပ်ကွေးကို ခံစားဖူးတယ်ဆိုရင် အရေပြားမှာယားလိုက်ရတဲ့ အနီစက်၊ အနီဖုလေးတွေကို သတိရမှာပေါ့။ တုပ်ကွေးသက်သာသွားတဲ့အခါ အများစုက ဒါတွေပျောက်သွားပြီး အဆစ်နာဝေဒနာသာ ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးသူတချို့မှာတော့ အနီစက်လေးတွေကခြင်ကိုက်ဖုလိုလိုဖြစ်ကျန်ခဲ့ပြီးခြောက်သွားတဲ့အခါ အမာရွတ်ကျန်ခဲ့ပါတယ်။ ဒီတစ်ခါတော့ အဲဒီအမာရွတ်တွေကို ကုစားပေးဖို့ သဘာဝနည်းလမ်းလေးတွေပြောပြပေးချင်တာပါ။ အမာရွတ်ပျောက်ဆေးတွေရှိပေမယ့်လည်း ခန္ဓါကိုယ်အနှံ့က(အထူးသဖြင့် လက်နဲ့ခြေထောက်မှာရှိနေတဲ့) အစက်ကလေးတွေကို လိုက်လိမ်းရတာ မွဲသွားနိုင်တယ်လေ။ အဖိုးနည်းပေမယ့် အစွမ်းထက်တဲ့ နည်းလမ်း (၉) ခုကတော့ - (၁) ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်ကို အခွံခွာပါ။ အတွင်းသားကို ပန်းကန်လုံးထဲထည့်ခြေပါ။ ရလာတဲ့အနှစ်ကို အမာရွတ်ရှိတဲ့အရေပြားမှာ စိမ့်ဝင်အောင် စက်ဝိုင်းပုံသဏ္ဍာန်ပွတ်လိမ်းပါ။ လိမ်းထားပြီး နာရီဝက်လောက်ကြာတဲ့အခါရေအေးနဲ့ဆေးချပါ။(ရေမချိုးခင် လိမ်းမယ်ဆိုရေချိုးချလိုက်ရုံပါပဲ) တစ်နေ့နှစ်ကြိမ် လိမ်းပါ။ (၂) ဗီတာမင် E ဗီတာမင် E အလုံးလေးတွေကိုဖောက်ပြီး အမာရွတ်ရှိတဲ့နေရာကို လိမ်းပါ။ ၁၀ မိနစ်လောက်ကြာအောင် […]


ဝက်ခြံ

ကော်လာဂျင် နဲ့ ဝက်ခြံ

လူငယ် တော်တော်များများ ရင်ဆိုင်နေရတဲ့ အရေပြားပြဿနာ တစ်ခု ပါ။ အစားအသောက်ကြောင့်၊ ဟော်မုန်း အပြောင်းအလဲကြောင့်နဲ့ ထိတွေ့နေတဲ့အရာတွေ အသုံးအဆောင်တွေကြောင့် ဖြစ်နိုင်တယ်ဆိုပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စေတာကတော့ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဝက်ခြံပျောက်ကင်းစေမယ့် နည်းလမ်းလေးတစ်ခုအကြောင်း နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ ဒါကတော့ အရေပြားရဲ့ သက်စောင့်ဓာတ်လို့ ဆိုရမယ့် ကော်လာဂျင် ပါ။ ဝက်ခြံ ဘာကြောင့်ဖြစ် ဝက်ခြံ ဖြစ်ရတဲ့ အကြောင်းအရာက တစ်ခုမက ရှိနေနိုင်ပါတယ်။ ဝက်ခြံ အဓိက ဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုက အဆီတွေ၊ ဆဲလ်သေတွေက ချွေးပေါက်ကို ပိတ်ဆို့သွားတာ ကြောင့်ပါ။ အရေပြားက Sebum ကို လိုတာထက် ပိုပြီး ထုတ်လုပ်တဲ့ အခါမျိုးမှာလည်း ဝက်ခြံ ဖြစ်နိုင်ပါတယ်။ အရေပြားမှာ ဆဲလ်သေတွေ၊ အဆီတွေ ရှိနေတာက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီယားတွေကို […]


အသားအရေ ထိန်းသိမ်းခြင်း

ကော်လာဂျင်သုံးပြီး ဖြေရှင်းနိုင်မယ့် အရေပြားပြဿနာ ၅ ခု

အပြစ်အနာအဆာကင်းတဲ့ အသားအရေလေးပိုင်ဆိုင်ချင်လား။ ဒါဆိုရင် အသားအရေလှပခြင်းအတွက် ဆရာတစ်ဆူဖြစ်တဲ့ကော်လာဂျင်နဲ့ရောတွေ့ပြီးရဲ့လား။ အရေပြားပြဿနာတော်တော်များများကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်မှာကကော်လာဂျင်ပါ။ အရင်ကသိပ်ခေတ်မစားပေမယ့် အခုနောက်ပိုင်းမှာတော့လေဒီတွေကြားမှာကော်လာဂျင်ကတော်တော်လေးခေတ်စားလာပါတယ်။ ကော်လာဂျင်က အရေပြားတစ်ခုတည်းအတွက်ပဲ အသုံးဝင်တာလား.............. ကော်လာဂျင်ကိုနေ့စဉ်စားသုံးတဲ့ အစားအစာတွေကနေရနိုင်တယ်ဆိုပေမယ့် လုံလောက်စွာရရှိဖို့တော့ ခက်ပါမယ်။ ခန္ဓါကိုယ်မှာ ကော်လာဂျင်ကို အသုံးပြုနေတဲ့ အရင်းအမြစ်က အရေပြားတစ်ခုတည်းမဟုတ်ပါဘူး။ အဆစ်တွေကျန်းမာစေဖို့၊ အစာခြေစနစ်နဲ့အူလမ်းကြောင်းကျန်းမာစေဖို့ အနာတွေကျက်စေဖို့အတွက်လည်းကော်လာဂျင်က စွမ်းစွမ်းတမံလုပ်ဆောင်ပေးနေသေးတာပါနော်။ ဒီဆောင်းပါးလေးထဲမှာတော့ကော်လာဂျင်ကို အသုံးပြုပြီး သက်သာစေနိုင်မယ့် အရေပြားပြဿနာ ၅ မျိုးအကြောင်းကိုပြောပြပေးချင်ပါတယ်။ အရေပြားအတွက် ဆရာတစ်ဆူကော်လာဂျင် ငယ်ရွယ်တဲ့သွင်ပြင်၊ ကျန်းမာပြီး အပြစ်အနာအဆာကင်းတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်စေဖို့အတွက်ကော်လာဂျင်ကို အသုံးပြုပေးလို့ရပါတယ်။ ကော်လာဂျင်က အသားအရေအတွင်းပိုင်းအထိကိုပြုပြင်ပေးတာပါ။ ဒါကြောင့် အနာအဆာကင်းပြီး Glow အသားအရေလေးပိုင်ဆိုင်ချင်တယ်ဆိုရင်ကော်လာဂျင်ကို အသုံးပြုကြည့်သင့်ပါတယ်။ (၁) အရေးအကြောင်းပြဿနာ သက်အရွယ်ကြောင့်ဖြစ်လာတဲ့ အရေးအကြောင်းတွေ၊ အသားအရေလျော့တွဲတာတွေ၊ အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို တင်းတင်းရင်းရင်းလေးနဲ့ လှနေစေဖို့ဆိုရင်ကော်လာဂျင်ကိုသောက်ပေးလို့ရပါတယ်။ကော်လာဂျင်က အသားအရေကိုတင်းရင်းစေပြီး ကျန်းမာနုပျိုတဲ့ သွင်ပြင်ကိုရရှိစေမှာ အသေအချာပါ။ (၂) ဝက်ခြံ ဝက်ခြံကြောင့်ဖြစ်တဲ့ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းကိုက် ခြင်းရဲ့ ဆိုးကျိုးတွေ ကြောက်စရာကောင်းတာ သင်သိရဲ့လား

လစ်တာနဲ့ လက်သည်းလေးတွေ ကိုက်နေတတ်တာ ဘယ်သူတွေရှိလဲ။ ပျင်းလို့ပဲဖြစ်ဖြစ်၊ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အတွေးတွေများနေတုန်းပဲဖြစ်ဖြစ် လက်သည်းကိုက် နေရရင် ကျေနပ်နေတာမျိုး။ ဘာတဲ့..လက်ကို စင်အောင်ဆေးပြီး ကိုက်ရင် ဘာပိုးမှမဝင်နိုင်ဘူးဆိုတဲ့ ဆင်ခြေကလည်းပြောကြသေးတယ်။ သေချာပြီလား ဘာဆိုးကျိုးမှမဖြစ်နိုင်ဘူးဆိုတာ... လက်သည်းကိုက် ခြင်းရဲ့ ဆိုးကျိုးတွေ ကြောက်စရာကောင်းတာ သင်သိရဲ့လား လက်သည်းကိုက်ရာကနေ ဒါတွေဖြစ်နိုင်တယ်နော် - လက်သည်းပိုးဝင်တာ လက်သည်းကိုက်ရင် လက်သည်းပဲ့မှာပဲ။ လက်က ဘယ်လောက်သန့်တယ်ဆိုဆို ပိုးတွေက ရှိနေတုန်းပါပဲ။ လက်သည်းအပြင် လက်သည်းပတ်လည်က အရေပြားမှာပါ ပိုးတွေ ရှိနေနိုင်ပါတယ်။ နောက်ပြီး လက်သည်းကိုက်ခါနီးတိုင်း သွားတိုက်၊ ပါးစပ်ဆေးပါသလား။ လက်သည်းရဲ့အောက်က အရေပြားနုလေးပေါ်လာရင် ပါးစပ်ထဲက ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေနဲ့ ထိတွေ့နိုင်တယ်။ ခံတွင်းဆိုတာ စားကြွင်းစားကျန်တွေ ကပ်ငြိနေတတ်တဲ့ ဘက်တီးရီးယား အသိုက်ကြီး တစ်ခုဆိုတာ မသိလေရော့သလား။ လက်သည်းကို ပိုးဝင်ရာကနေ ရုပ်ပျက်တဲ့ အနာတွေ၊ ပြည်တည်တာတွေ၊ သွေးတစိုစို ဖြစ်လာတာ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

သကြားညိုနှင့် အသားအရေထိန်းသိမ်းခြင်း လျှို့ဝှက်ချက်

ကျွန်တော်တို့မြန်မာပြည်မှာတော့ သကြားညိုကို အသုံးပြုတာ ရှားပါတယ်။ သူက အချိုဓါတ်အရသာ ပေးစွမ်းပေမယ့် သကြားအဖြူလိုမျိုး ဆီးချိုေရာဂါဖြစ်စေတဲ့အထိတော့ ဒုက္ခမပေးပါဘူး။ ဟင်းချက်တဲ့နေရာမှာရော၊ မုန့်ဖုတ်တဲ့နေရာမှာပါ အသုံးပြုလို့ရတဲ့ သကြားညိုဟာ အသားအရေထိန်းသိမ်းတဲ့ နေရာမှာလည်း သုံးလို့ရနိုင်တယ်ဆိုရင် စိတ်ဝင်စားကြမလား ပျိုမေတို့ရေ။ သကြားညိုနှင့် အသားအရေထိန်းသိမ်းခြင်းရဲ့ ကောင်းကျိုးများ ၁။ အရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ခြစ်ထုတ်တဲ့နေရာမှာ သကြားညိုကို အသုံးပြုနိုင်ပါတယ်။ နူးညံ့အိစက်တဲ့ အထိအတွေ့လေးနဲ့ အစိုဓါတ်ပါထိန်းပေးလို့ မျက်နှာကြေးချွတ်ြပီးသွားရင်တောင် အသားအရေကို ခြောက်သွားတာမျိုး မဖြစ်စေဘဲ အေးမြစိုပြေစေပါတယ်။ ၂။ ချွေးပေါက်ထဲမှတစ်ဆင့် အရေပြားအောက်အလွှာတွေအထိ အစိုဓါတ်နဲ့ ရေဓါတ်ကို ဖြည့်ပေးလို့ အသားအရေမွဲခြောက်နေတာမျိုး မရှိဘဲ ကြည်ကြည်လေးနဲ့ သန့်နေစေပါတယ်။ ၃။ အမြဲတမ်း အသုံးပြုပေးမယ်ဆိုရင် နဂိုအသားအရေထက် ဝင်းမွတ်တောက်ပလာပြီး နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ၄။ ဝက်ခြံ၊ အဖုအပိမ့်၊ အမာရွတ်တွေကိုလည်း သက်သာပျောက်ကင်းစေတယ်။ […]


ဝက်ခြံ

ဝက်ခြံရှိသူလေးတွေလုပ်ပေးသင့်တဲ့ ယောဂပို့စ်

မျက်နှာလှလှလေးပိုင်ဆိုင်ချင်ပေမယ့် ဝက်ခြံ တွေကြောင့် စိတ်ညစ်နေရတဲ့ Hello ဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဝက်ခြံကတော်တော်များများခံစားနေရတဲ့ အရေပြားပြဿနာတစ်ခုဖြစ်သလို အလှအပကိုရော ယုံကြည်မှုကိုပါထိခိုက်စေနိုင်တဲ့အရာတစ်ခုပေါ့။ဆေးတွေသောက်တယ်၊ Skincareတွေအမျိုးမျိုးသုံးပေမယ့် ဝက်ခြံကမသက်သာဘူးဆိုရင်တော့ ဒီယောဂပို့စ်လေးတွေကိုလေ့ကျင့်ကြည့်စေချင်ပါတယ်နော်။ ဝက်ခြံကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကဘာတွေဖြစ်မလဲ........ ဝက်ခြံကိုဖြစ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ အိပ်ရေးပျက်တာ စိတ်ဖိစီးတာ အပူအစပ်တွေအစားများတာ အငန်ကဲတာတွေ၊ပြုပြင်ထားတဲ့အစားအစာတွေစားတာ ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့် ဆေးလိပ်သောက်တာ အချိုကဲတာတွေစားတာ ရေသောက်နည်းတာ ကိုယ်လက်လှုပ်ရှားမှုနည်းတာ မိတ်ကပ်တွေကြောင့်ဝက်ခြံတွေဖြစ်နိုင်ပါတယ်။ ဝက်ခြံသက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ယောဂပို့စ်တွေကဘာတွေဖြစ်မလဲ..... ယောဂလုပ်ပေးတာက ခန္ဓါကိုယ်ကိုသွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးသလို ဝက်ခြံကင်းပြီး အသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။ Uttanasana Pose ဒီပို့စ်လေးလုပ်တော့မယ်ဆိုရင် ခန္ဓါကိုယ်ကိုဖြောင့်ဖြောင့်လေးရပ်ပါ။ လက်နှစ်ဖက်ကို တင်ပါးပေါ်ကိုထောက်လို့ အသက်ကိုဝအောင်ရှုသွင်းလိုက်ပါ။ပြီးရင် အသက်ရှုထုတ်ရင်း ခန္ဓါကိုယ်ကို အရှေ့ပိုင်းကိုဖြည်းဖြည်းချင်းကိုင်းချပေးပါ။ လက်နှစ်ဖက်ကိုခြေထောက်အနောက်ဘက်ထိသိုင်းပြီး ပိုက်ထားပေးပါ။ မျက်နှာကိုဒူးနှစ်ဖက်ဆီကို ကပ်နိုင်သမျှကပ်ပေးပါ။ပြီးရင်ဖြည်းဖြည်းချင်းပြန်ပြီး ပုံမှန်အနေအထားအတိုင်းပြန်နေပေးပါ။ Legs Up on the Wall Pose ဒီပို့စ်ကိုပုံမှန်လုပ်ပေးတာက သွေးစီးဆင်းမှုကောင်းစေသလို မျက်နှာဆီကိုလည်းအောက်ဆီဂျင်ပိုမိုရောက်ရှိစေမှာပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီးfree radicalsတွေကြောင့် အသားအရေပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နံရံတစ်ခုရှေ့မှာ […]


အသားအရေ ထိန်းသိမ်းခြင်း

ဝင်းမွတ်အိစက်နေတဲ့ အသားအရေလေး ပိုင်ဆိုင်ချင်လား

မလှချင်တဲ့လူဆိုတာ လောကမှာမရှိသလောက် ရှားတယ်နော်။ အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက် အပြိုင်လှဖို့ ကြိုးစားနေကြတဲ့ ခုလို ၂၁ ရာစုမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ အရေပြားအလှအပနဲ့ အသားအရေထိန်းသိမ်းဖို့ကို ဂရုစိုက်လာကြတယ်နော်။ ဒီတော့ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကိုယ့်အသားအရေကို ဝင်းမွတ်ပြီး ကိုင်လိုက်တာနဲ့ အိစက်ညက်ညောတာမျိုး လိုချင်တယ်ဆိုရင်တော့ ခုပြောပြမယ့်နည်းလမ်းတွေအတိုင်း သေချာလိုက်နာဖို့တော့ လိုမယ်နော်။ ၁။ စားမယ့်အစားအစာကို ဂရုစိုက်ပေးပါ။ ကိုယ်က အသားအရေတော့ကောင်းချင်တယ်၊ စားချင်တာတွေပဲ လျှောက်စားနေလို့တော့ မဖြစ်ဘူးနော်။ လှချင်ရက် စက်စက်ယို ဆိုသလိုပဲ ကိုယ်က လှချင်ရင်တော့ အလှပျက်စေမယ့် အစားအစာမျိုးတွေတော့ ရှောင်ဖို့ လိုတာပေါ့။ ဘာတွေကို အဓိကစားပေးမလဲဆိုရင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို အဓိကစားပေးရမယ်။ အစေ့အဆန်၊ ပဲအမျိုးမျိုးကိုလည်း မမေ့သင့်ဘူးနော်။ ဘာတွေရှောင်မလဲဆိုရင် အဆီများတဲ့ အစားအစာ၊ အကြော်အလှော်၊ အသင့်စား အစားအစားတွေ၊ တာရှည်ခံအစားအစာတွေ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

အဆီတဝင်းဝင်းမျက်နှာကို ဒီနည်းလမ်းတွေနဲ့ ပြန်ကုစားစို့

မျက်နှာအဆီပြန်ခြင်း (Oily Skin) သမားတွေအတွက် ပူနေတဲ့ ရာသီအချိန်ကာလဆို သိပ်ကိုစိတ်ညစ်ရတယ်နော်။ အရေပြားက သဘာဝအဆီ (Sebum) တွေကို ပုံမှန်အချိန်ထက် ပိုထုတ်တဲ့အပြင် အပြင်မှာပူနေတော့ ချွေးကထွက်၊ အရေပြားဆဲလ်အသေတွေက စုပုံ၊ ချွေးပေါက်တွေကျယ်ပြီး အညစ်အကြေးတွေ ပိတ်မိနဲ့ ဝက်ခြံပေါက်လိုက်၊ ပျောက်လိုက် သံသရာက အဆုံးမသတ်နိုင်တော့ဘူးလေ။ ဒီတော့ နဂိုမျက်နှာအဆီပြန်တတ်တဲ့သူတွေအတွက် အလှအပရေးရာဆိုင်ရာ ကုထုံးလေးတွေကို ပြောပြပေးမယ်နော်။ မျက်နှာကို အမြဲသစ်ပါ။ ဒီအချက်ကို လူတိုင်းသိပေမယ့် တကယ်လုပ်ဖို့ကျ တော်တော်များများ ပျင်းတတ်ပါတယ်။ အထူးသဖြင့် အရေပြားအဆီပြန်တတ်တဲ့သူတွေဆို ဒီအဆီတွေကို ဖယ်ထုတ်ပစ်ဖို့ မျက်နှာပုံမှန်သစ်ပေးဖို့ လိုတယ်နော်။ ဒါကြောင့် မနက်အိပ်ရာထရင် တစ်ကြိမ်၊ ညအိပ်ခါနီး တစ်ကြိမ် မျက်နှာသစ်ဆပ်ပြာ အပျော့စားလေးနဲ့ ဖြည်းဖြည်းချင်း သစ်ပေးရုံပဲနော်။ အဆီစုပ်စက္ကူတွေ ဆောင်ထားပါ။ မျက်နှာအဆီပြန်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆီစုပ်စက္ကူ သို့မဟုတ် တစ်သျှူးတွေ ဆောင်ထားသင့်တယ်နော်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း