အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အိပ်ရာထလို့ မျက်လုံးမို့အစ်နေတာမျိုး မဖြစ်ချင်ရင် ဒါတွေကိုရှောင်ပါ

မနက်အိပ်ရာနိုးလို့ အားရပါးရသမ်းပြီး ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်လိုက်တဲ့အချိန် မျက်လုံးနှစ်ဖက်လုံး မို့အစ်နေတာမျိုး တော်တော်များများ ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်နေတဲ့ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ရတာ အရမ်းစိတ်ညစ်စရာကောင်းတယ်နော်။ ရုတ်တရက်ကြီးဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ အပြင်ထွက်တော့လည်း ကိုယ့်စိတ်ကိုယ်မလုံနဲ့ တအားဒုက္ခရောက်ရတာပေါ့။ ဒီတော့ ဘယ်လိုအကျင့်တွေက မျက်လုံးမို့အစ်တာကို ဖြစ်စေလဲ၊ ဘယ်လိုကာကွယ်လို့ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးမယ်နော်။ မနက်ပိုင်း မျက်လုံးမို့အစ်စေတဲ့ တရားခံအကြောင်းရင်းတွေ အိပ်ရေးပျက်တာ နောက်ကျမှ အိပ်ရာဝင်တာ အိပ်ချိန်မပြည့်တာ အိပ်ခါနီး အစာတွေ စားတာ ငိုပြီးမှ အိပ်ရာဝင်တာ စိတ်ဖိစီးမှုများတာ နှာရည်ယိုတာ၊ နှာစေးတာ ရေသောက်နည်းတာ ဆား အလွန်အကျွံစားတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ။ ပုံမှန်အားဖြင့်တော့ မျက်လုံးမို့အစ်တယ်ဆိုတာ ညဘက်အိပ်ချိန်နောက်ကျတာကြောင့် ဖြစ်တာကြောင့် ဒီအကျင့်ကို ရအောင်ဖျောက်နိုင်ရင်တော့ အဆင်ပြေသွားမှာပါ။ ၁။ အိပ်ချိန်ပြည့်ဝအောင် ဂရုစိုက်ပါ။ ညဘက်တွေမှာ ၁၂ နာရီထက် […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း

ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း က ဘာဖြစ်မလဲ! အချို့သော အရေပြားပြဿနာတွေက အရေပြားပေါ်မှာတင်ပြီးမသွားပါဘူး။ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေကို တစ်နည်းနည်းနဲ့ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်စေတဲ့အထဲမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝဲကလည်း အပါအဝင်ပါ။ ဒီဆောင်းပါးလေးထဲမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝဲက ကျန်းမာရေးကို ဘယ်လိထိခိုက်စေနိုင်လဲဆိုတာကိုပြောပြပေးပါရစေနော်။ ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း က ဘာများဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ ဝဲဆိုတာ...... ဝဲဆိုတာက Sarcoptes scabiei လို့ခေါ်တဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်လေးတွေကြောင့်ဖြစ်ရတာပါ။ အရေပြားမှာယားယံစေနိုင်ပြီး လူတစ်ယောက်ကနေ တစ်ယောက်ကို အလွယ်တကူကူးစက်နိုင်ပါတယ်။ အတူတူထိုင်မိရုံ၊ ထိတွေ့မိရုံနဲ့တင် ကူးစက်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ကလေးလေးတွေဆိုရင် အတူဆော့တဲ့သူငယ်ချင်းတွေ၊ တစ်တန်းတည်းအတူတူထိုင်ရတဲ့ သူငယ်ချင်းတွေဆီကနေ အလွယ်တကူကူးစက်နိုင်ပါတယ်။ အဝတ်အစားတွေ မျှဝေဝတ်ဆင်တာကနေလည်း ဝဲကအလွယ်တကူကူးစက်နိုင်ပါတယ်။ နေအိမ်တစ်အိမ်မှာ မိသားစုဝင်တစ်ဦးကို ဝဲကူးစက်ခံလိုက်ရပြီဆိုတာနဲ့ ကျန်မိသားစုဝင်တွေကို အလွယ်တကူကူးစက်နိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ဖို့လိုပါမယ်။ ဝဲဖြစ်စေတဲ့ အကောင်လေးတွေက လူတစ်ယောက်ဆီကနေတစ်ယောက်ဆီကို အရမ်းမြန်မြန်ဆန်ဆန်နဲ့ကို ကူးစက်နိုင်တာပါ။ အများသုံးပို့ဆောင်ရေးစနစ်တွေကနေတဆင့်လည်း […]


အသားအရေ ထိန်းသိမ်းခြင်း

Body Lotion ရွေးတော့မယ်ဆိုရင်

ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းကို ဂရုစိုက်ဖို့များမေ့နေလား Hello ဆရာဝန်ပရိသတ်ကြီးရေ.... ဒါဆိုရင်တော့ အခုပဲ စဂရုစိုက်လိုက်တော့နော်။ အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်သလို ကိုယ်တွင်းကို ရောဂါပိုးတွေ ဝင်မလာအောင်လည်း အကောင်းဆုံးတားဆီးပေးတဲ့အရာပေါ့။ နောက်ပြီးတော့ အလှတရားကို တိုးစေတဲ့ အရာတစ်ခုဆိုလည်း ဟုတ်ပါတယ်။ ကဲ..ဒီတော့ မစောင့်ရှောက်သင့်ပေဘူးလား............. အရေပြားကို စောင့်ရှောက်တော့မယ်ဆိုရင် မေ့မထားသင့်တဲ့အရာတစ်ခု အရေပြားကို စောင့်ရှောက်တော့မယ်ဆိုရင် မဖြစ်မနေသတိထားရမယ့် တစ်ချက်က Body Lotion လူးဖို့ပါ။ လေဒီတော်တော်များများက မျက်နှာအသားအရေကို ဂရုစိုက်တတ်ကြပေမယ့် ခန္ဓာကိုယ် အသားအရေကို ဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်။ တကယ်ကတော့ မျက်နှာအသားအရေလိုပဲ ခန္ဓာကိုယ် အသားအရေကလည်း အရေးကြီးပါတယ်။ အသားအရေကို သေချာလေးဂရုစိုက်ဖို့အတွက်က အသားအရေနဲ့လိုက်ဖက်မယ့် Body Lotion ကို သေချာလေးရွေးဖို့လည်း လိုပါမယ်။ Body Lotionတွေက များပေမယ့် အာသးအရေနဲ့လိုက်ဖက်အောင်ရွေးတတ်ဖို့ကတော့ ခက်ပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားကျန်းမာစေဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့

အရေပြားကျန်းမာစေဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့ က ဘာတွေများ ဖြစ်မလဲ! ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်သလို ခန္ဓါကိုယ်ရဲ့ ခံတပ်ဆိုလည်း ဟုတ်တဲ့ အရေပြား ကျန်းမာမှ ခန္ဓါကိုယ်လည်း လှပကျန်းမာမှာအသေအချာပါနော်။ ဒီလောက်ညွှန်းနေရအောင် အရေပြားက ဘာများလုပ်ပေးနေလို့လဲလို့ဆိုပြီး အတွေးဖြစ်မိနေရင် ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါနော်။ အရေပြားက ခန္ဓါကိုယ်အတွက်ဘာတွေလုပ်ပေးလဲ....... ခန္ဓါကိုယ်ကိုနေရာလပ်မကျန်ဖုံးအုပ်ထားတဲ့ အပေါ်ယံအရေပြားလွှာက ခန္ဓါကိုယ်ကို အခုလိုစောင့်ရှောက်ပေးပါတယ်။ ကိုယ်တွင်းကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ခံတပ်သဖွယ် ကာကွယ်ပေးတယ် နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတယ် ပတ်ဝန်းကျင်က အရာတွေကြောင့် ခန္ဓါကိုယ် မထိခိုက်ရအောင် ကာကွယ်ပေးတယ် လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပေးပြီး ဆဲလ်တွေ ကျန်းမာအောင် လုပ်ဆောင်ပေးတယ် အရေပြား ကျန်းမာစေဖို့ လိုအပ်တဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးတယ် ဗီတာမင် D လိုမျိုး လိုအပ်တဲ့ ဗီတာမင်တွေ ရရှိအောင် […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်ခွံတွေမို့အစ်တာ အလှမပျက်အောင် ဘယ်လိုဖြေရှင်းမလဲ

ခုတလော ဘယ်ချိန်ကြည့်ကြည့်မျက်ခွံတွေကဖောင်းအစ်နေတော့ သွေးတိုးနေတာလားလို့မေးကြတယ်။ လူကနေမကောင်းနေတာလည်းမဟုတ်ဘဲ မျက်နှာက မို့အစ်နေတဲ့အတွက် စိတ်ညစ်နေရတဲ့ ပျိုမေတို့ကို နည်းနည်းပြောပြချင်ပါတယ်။ မျက်ခွံမို့နေတာ၊ အစ်နေတာတွေ သက်သာသွားအောင် လုပ်လို့ရတဲ့နည်းတွေရှိတယ်လေ။ ဘာတွေလဲဆိုတာ ဆက်ပြီးဖတ်ကြည့်နော်။ (၁) အိပ်ရေးဝအောင်အိပ်ပါ အိပ်ရေးဝအောင် ပုံမှန်အိပ်မယ်ဆိုရင် မျက်ခွံမို့အစ်တာ သက်သာမှာပါနော်။ တချို့က မျက်တွင်းကျ တတ်ပေမယ့် အိပ်ချိန်နည်းလွန်း၊ အိပ်ချိန်များလွန်းရင်လည်း မျက်ခွံအစ်နေတတ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေဟာ တစ်ညကို ၇ နာရီကနေ ၈ နာရီအတွင်း အိပ်ချိန်ရှိဖို့လိုအပ်ပါတယ်။ (၂) ခေါင်းအုံးမြှင့်ပါ မျက်လုံးမှာ အရည်တွေမစုစေဖို့ အိပ်တဲ့အခါခေါင်းအုံးလေးမြှင့်ပြီး၊ ခုပြီး အိပ်ပါ။ (၃)ရေသောက်ပါ မျက်လုံးမို့အစ်နေတာ ရေဓာတ်ခမ်းခြောက်လို့ ဖြစ်နိုင်ပါတယ်။ နေ့တိုင်း ရေအလုံအလောက်သောက်ပေးမှ အသားအရေနဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ထိန်းသိမ်းနိုင်မှာပါ။ အကြံပြုချက်တွေအရတော့ တစ်နေ့ကိုရေ ၈ ဖန်ခွက်သောက်သင့်ပါတယ်။ (၄) အယ်လ်ကိုဟော ရှောင်ပါ အယ်လ်ကိုဟောအပြင် ကိုယ့်ကိုရေဓာတ်ခမ်းခြောက်စေနိုင်တဲ့ တခြားသောက်စရာတွေကိုရှောင်ပါ။ (၅) အငန်လျှော့စားပါ အငန်များများစားရင် ခန္ဓာကိုယ်ထဲ အရည်ပိုတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်ကွင်းညိုနေရင် ဒီလို သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းလိုက်ပါ။

မှန်ထဲကြည့်လိုက်ရင်မျက်ကွင်းညိုလို့ အသက်ကြီးတဲ့ရုပ်ပေါက်နေပြီး စိတ်ညစ်နေပြီလား။ အပြင်သွားခါနီး မျက်လုံးအောက်ကို မိတ်ကပ်တွေ ဖို့နေရလို့ အလုပ်ပိုတယ်ဆိုပြီး စိတ်ရှုပ်နေပြီလား။ သူများတွေရဲ့ မျက်လုံးပြည့်ပြည့်တောက်တောက်လေးတွေကို အားကျနေပြီလား။ ဒါတွေလုပ်ကြည့်ပါ။ ညိုနေတဲ့ မျက်ကွင်းြပဿနာကို ဖြေရှင်းဖို့ သဘာဝနည်းလမ်းများ။ ညိုနေတဲ့ မျက်ကွင်းပြဿနာကို ဖြေရှင်းချင်တယ်၊ ဓါတုပစ္စည်းတွေလည်း မသုံးချင်ဘူး ပိုက်ဆံ အကုန်အကျလည်း မများချင်တဲ့သူတွေအတွက် ငွေကုန်လည်းသက်သာ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိတဲ့ သဘာဝနည်းလေတွေ ပြောပြပေးချင်ပါတယ်။ ( ၁ ) အုန်းဆီ အုန်းဆီမှာပါဝင်တဲ့ ဗီတာမင် E နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေက ပျက်စီးနေတဲ့မျက်လုံးအောက်က အသားအရေကို ပြန်အားဖြည့်ပေးနိုင်မှာပါ။ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင်ရှိစေတဲ့အတွက် မျက်လုံးအိတ်ဖောင်းခြင်းကိုလည်း သက်သာစေမှာပါ။ လုပ်ရမယ့်နည်းကတော့ အိပ်ခါနီး မျက်လုံးအောက်မှာ သဘာဝအုန်းဆီလေးလိမ်းပြီး မနက်ကျမှ မျက်နှာပြန်သစ်ပါ။ ( ၂ ) သခွားသီး၊ မျက်လုံးနဲ့ ပက်သက်လာရင် မျက်လုံးအေးစေဖို့၊ ေညာင်းနေတဲ့ မျက်လုံးတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

ဘာကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ။ ။

မှန်ထဲကြည့်လိုက်တဲ့အချိန် မျက်လုံးအောက်က မည်းမည်း အချိုင့်တွေကြော့င် ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသယောင် ထင်ကြရတယ်ဟုတ်။ သူများတွေကို ကြည့်လိုက်ရင် မျက်လုံးလေးတွေ တောက်တောက် ပြည့်ပြည့်လေးတွေ။ ကိုယ့်ကျမှ ဘာကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ။ ။ ဘာကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ။ ။ ဘာ့ကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ..... Panda eyes, Raccoon eyes , eyes rings ဆိုပြီး အမျိုးမျိုးခေါ်ကြတဲ့ မျက်ကွင်းညိုခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့ ( ၁ ) အိပ်ရေးမဝလို့ပါ။ လူတိုင်းသိပါတယ်။ အိပ်ရေးမဝတဲ့ရက်တွေများလာရင် မျက်ကွင်းညိုတတ်တယ်ဆိုတာကို။ ဒါက မျက်ကွင်းညိုတာ ၊ မျက်တွင်းချိုင့်တာကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ အိပ်ရေးမဝလို့ မျက်ကွင်းညိုတာကို ဖြေရှင်းပေးမယ့် တစ်ခုတည်းသော အဖြေက အိပ်ချိန်လုံလောက်စွာ အိပ်စက်ဖို့ ဖြစ်ပါတယ်။ တစ်နေ့ကို […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာက အဆီပြန်လွန်းလို့ မိတ်ကပ်လိမ်းရမှာ စိတ်ညစ်နေပြီလား။

မျက်နှာက အဆီပြန်လွန်းလို့ မိတ်ကပ်လိမ်းရမှာ စိတ်ညစ်နေပြီလား။ မနက်ကပဲ မိတ်ကပ် လေး မှုန်မှုန်ညက်ညက်လိမ်းလာတယ်။ နေ့ခင်းကျတော့ မျက်နှာကြီးက အဆီပြန်ပြီး ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ မနက်ကလိမ်းလာတဲ့ မိတ်ကပ်တွေ ဘယ်ရောက်သွားမှန်းမသိ၊ ရုပ်လည်းဆိုးသွားတယ်ဆိုတဲ့ ခံစားချက်မျိုးကို အဆီပြန်တဲ့သူတိုင်း သိကြမှာပါ။ မျက်နှာက အဆီပြန်လွန်းလို့ မိတ်ကပ်လိမ်းရမှာ စိတ်ညစ်နေပြီလား။ သူများတွေမိတ်ကပ်လေးတွေနဲ့ လှသလို ကိုယ်လည်း လှချင်တာပေါ့။ ခက်တာက အဆီပြန်နေတဲ့ကိုယ့်မျက်နှာအသားအရေကြီးက ခံနေတော့ မိတ်ကပ်ဘယ်လောက်လိမ်းလိမ်း ခဏလောက်ပဲ ခံပြီး တော်ကြာ အဆီပြန်ပြီး ကွက်လာလို့ စိတ်ညစ်နေတဲ့သူတိုင်း ခုပြောပြမယ့် နည်းလေးတွေ လိုက်လုပ်ကြည့်လို့ရပါတယ်။ အဆီပြန်တဲ့ သူတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းနည်း။ မိတ်ကပ်မလိမ်းခင် အရင်ဆုံး လုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကတော့ အောက်ခံအသားအရေကောင်းမှ အပေါ်က တင်လိုက်တဲ့မိတ်ကပ်က လှမှာဆိုတော့ ကိုယ့်မျက်နှာပေါ်က ဆဲလ်သေတွေကို တစ်ပတ်တစ်ခါ scrub သုံးပြီး ဖယ်ရှားပေးပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

အဲကွန်းခန်း ထဲမှာ အမြဲနေတဲ့သူတွေ အသားအရေကို ဒီလိုပြန်ထိန်းသိမ်းပါ

နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အိမ်ရော ရုံးတွေမှာပါမကျန် အဲကွန်းတွေ တပ်လာကြတာ သတိထားမိမှာပါ။ ကျွန်တော်တို့နိုင်ငံကလည်း နဂိုကတည်းက ရာသီဥတုပူတဲ့ နိုင်ငံဖြစ်တာဆိုတော့ လူတွေ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်နိုင်အောင်ဆိုပြီး မနက်ရုံးတက်၊ ညရုံးဆင်း တောက်လျှောက်ကို အဲကွန်းဖွင့်ထားတတ်ကြပါတယ်။ အဲကွန်းခန်း ထဲမှာ အမြဲနေတဲ့သူတွေ အသားအရေကို ဒီလိုပြန်ထိန်းသိမ်းပါ ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ အဲကွန်းခန်း ထဲမှာ အမြဲနေတဲ့သူတွေ အသားအရေကို ဒီလိုပြန်ထိန်းသိမ်းပါ အဲကွန်းခန်း ထဲမှာ အမြဲနေတဲ့သူတွေ အသားအရေကို ဒီလိုပြန်ထိန်းသိမ်းပါ ဆိုတာက ဒါကြောင့် ပြောရတာပါ။ အဲကွန်းဖွင့်လို့ ဘာကောင်းကျိုးတွေရှိလဲ။ အဲကွန်းနဲ့ ပတ်သက်ပြီး လူတိုင်းအကြိုက်ဆုံးအရာကတော့ အေးစိမ့်နေတဲ့ ခံစားချက်မျိုးပါပဲ။ ဘယ်သူမဆို ပူပူလောင်လောင် နေရတာကို မကြိုက်ကြဘူးမလား။ ရုံးမှာဆိုလည်း ရုံးမှာမို့လို့၊ အိမ်မှာကျတော့လည်း မိသားစုဝင်တွေ ပူလောင်အိုက်စပ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ပန်ကာနဲ့ မတူတဲ့အချက်ကတော့ အခန်းကို […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖတ်တွေ ကွာနေတဲ့ ခြေထောက်ကို ဒီလိုကုစားကြရအောင်

လူတော်တော်များများက မျက်နှာနဲ့ ကိုယ်ခန္ဓာအလှအပကိုပဲ ဂရုစိုက်ရင်းနဲ့ ခြေထောက်လေးတွေကို သေချာပြုစုပေးဖို့ မေ့တတ်ကြတယ်နော်။ တကယ်တော့ ဒီခြေထောက်လေးတွေက ဘယ်ပဲသွားသွား ကျွန်တော်တို့ရဲ့ ကိုယ်အလေးချိန်တစ်ခုလုံးကို ဟန်ချက်ညီအောင် ထိန်းပေးရတဲ့ ထောက်တိုင်တွေပါ။ အပြင်က အမြဲတမ်းသွားလာတာ၊ ဒေါက်ဖိနပ်တွေ၊ ကျပ်လွန်းတဲ့ ဖိနပ်တွေ၊ ပြေးလွှားလှုပ်ရှားရတဲ့ အားကစားလုပ်လွန်းတာ၊ နေရောင်ခြည်ဒဏ်ကြောင့် ခြေထောက်တွေက အစိုဓာတ်ခမ်းခြောက်ပြီး ကြာလာရင် အသားဖတ်တွေ ကွာလာတတ်တယ်နော်။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ ခြေထောက်အသားပပ်တာ၊ အက်ကွဲပြီး ခြောက်နေတာ၊ ခြေဖနောင့် ကြမ်းနေတာ၊ အရောင်မညီ မည်းညစ်နေတာတွေကို ကုစားပေးမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးမယ်နော်။ ခြေထောက်က အသားဘာလို့ ကွာတာလဲ။ လွယ်လွယ်ပြောရမယ်ဆိုရင်တော့ အသားခြောက်လို့ပါပဲ။ သဘာဝအတိုင်း နူးညံ့ချောမွေ့နေစေဖို့ အရေပြားက သဘာဝအဆီဖြစ်တဲ့ sebum ကို အမြဲထုတ်လုပ်ပေးရပါတယ်။ ဒီအဆီတွေ ခမ်းခြောက်သွားတဲ့အခါ ခြေထောက်အသားက မွဲခြောက်ခြောက်ဖြစ်လာတယ်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း