ဝက်ခြံအမာရွတ်တွေ နဲ့ အကြောပြတ်ရာတွေ ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရှိ မလှနိုင်ဘဲ စိတ်ညစ်နေပြီလား။ ဒါဆိုရင် အလှပျက်စေတဲ့ အကြောပြတ်ရာ နဲ့ ဝက်ခြံအမာရွတ်တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြောပြပေးမယ်နော်။
ထွက်မှာ သေချာပြီလား။
ဝက်ခြံအမာရွတ်တွေ နဲ့ အကြောပြတ်ရာတွေ ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရှိ မလှနိုင်ဘဲ စိတ်ညစ်နေပြီလား။ ဒါဆိုရင် အလှပျက်စေတဲ့ အကြောပြတ်ရာ နဲ့ ဝက်ခြံအမာရွတ်တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြောပြပေးမယ်နော်။
ဘယ်လိုများ ဖြေရှင်းမှာလဲ ဆေးသောက်ရမှာလား၊ ဆေးလူးရမှာလားလို့များ တွေးနေလား။ မဟုတ်ပါဘူး။ ဖျော်ရည် အေးအေးလေးတွေကို သောက်ပေးရုံနဲ့ အလှပျက်စေတဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။
အရေပြားပေါ်က အလှပျက်စေတဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေ သက်သာစေဖို့အတွက်
အသားအရေ ကျန်းမာစေဖို့ ရေဓာတ်က မရှိမဖြစ် လိုအပ်တာပါ။ ဒီတော့ အရေပြားပေါ်မှာရှိနေတဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို သက်သာစေဖို့အတွက် ရေများများ သောက်ပေးပါ။ ရေဓာတ်ပြည့်ဝနေမှုက အသားအရေကို ကျန်းမာစေပြီး အနာကျက်မြန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ အစိုဓာတ်ထိန်းပေးပြီး အရေပြားတစ်ရှူးတွေကို ကျန်းမာစေနိုင်ပါတယ်။
အမာရွတ်တွေကို ပျောက်စေနိုင်သလို အကြောပြတ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အနာတွေကို အသားပြည့်စေပြီး ကျန်းမာတဲ့ အရေပြားဆဲလ်သစ်တွေဖြစ်ပေါ်အောင် အားဖြည့်ပေးနိုင်မှာပါ။ အရွယ်မတိုင်ခင် အိုမင်းတာနဲ့ အသားအရေပျက်စီးထိခိုက်တာတွေ မရှိစေဖို့လည်း ရေများများသောက်ပေးပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်နေစေမှာ အသေအချာပါ။
အရေပြားပေါ်က အကြောပြတ်ရာတွေ နဲ့ ဝက်ခြံအမာရွတ်တွေ ကို အထိရောက်ဆုံး ဖယ်ရှားပေးမယ့် နောက်ထပ် သောက်စရာ တစ်ခုကတော့ အရောင်အသွေးရော အရသာပါ ပြည့်စုံနေတဲ့ မုန်လာဥနီ ဖျော်ရည်ပါ။
မုန်လာဥနီ ဖျော်ရည်မှာ ဗီတာမင် A၊ ဗီတာမင် B အုပ်စု၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် တို့ပါဝင်နေပါတယ်။
ဗီတာမင် A က အရေပြား တစ်ရှူးတွေကို ကျန်းမာစေပြီး အရေပြားပေါ်က ထိခိုက်ဒဏ်ရာတွေကို အနာကျက်စေနိုင်ပါတယ်။ ဝက်ခြံအမာရွတ်တွေကို လျော့ပါးစေနိုင်ပြီး အကြောပြတ်ရာတွေကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။
ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ လည်း အကြောပြတ်ရာတွေမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ တစ်ပတ်ကို နှစ်ကြိမ် မုန်လာဥနီဖျော်ရည် သောက်ပေးလို့ရပါတယ်။
ဝက်ခြံအမာရွတ်တွေ နဲ့ အကြောပြတ်ရာတွေကို သက်သာစေဖို့ နောက်ထပ် သောက်ပေးသင့်တဲ့ ဖျော်ရည် တစ်ခုကတော့ သံပရာရည်ပါ။ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေမှုက အသားအရေကို ကြည်လင်ကျန်းမာစေနိုင် ပါတယ်။
ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတာကြောင့် free radicals တွေကိုတိုက်ထုတ်ပေးပြီး ကော်လာဂျင်တွေ ထွက်ရှိလာအောင် လှုံ့ဆော်ပေးပါတယ်။
အရေပြား အတွက် လိုအပ်တဲ့ ပရိုတင်းကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်ပါတယ်။ တစ်နေ့ကို သံပရာရည် ၂ ခွက် လောက် ပုံမှန် သောက်ပေးတာက ၁၀ ရက် ကနေ ၁၅ ရက်အတွင်းမှာ အမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို သိသိသာသာ သက်သာစေမှာပါ။
ကဲ…… ဝက်ခြံအမာရွတ်တွေ၊ အကြောပြတ်ရာတွေကြောင့် စိတ်ညစ်မနေနဲ့တော့နော်။ အခု ပြောပြခဲ့တဲ့ ဖျော်ရည်လေးတွေကို အရသာရှိရှိ သောက်ပြီး ကျန်းမာလှပတဲ့ အသားအရေ ပိုင်ရှင်လေး ဖြစ်အောင် လုပ်လိုက်တော့နော်…………
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Best Foods for Clear Skin https://www.verywellhealth.com/foods-for-clear-skin-5097225 Accessed Date 30 October 2019
What to eat and avoid for clear skin https://www.medicalnewstoday.com/articles/foods-to-avoid-for-clear-skin Accessed Date 30 October 2019
23 Foods To Eat for Healthier Skin https://health.clevelandclinic.org/23-foods-good-skin/ Accessed Date 30 October 2019
8 Diet Dos and Don’ts for Preventing Acne https://www.everydayhealth.com/acne-pictures/acne-diet-dos-and-donts.aspx Accessed Date 30 October 2019