အရေပြားတစ်ရှူးအသစ်ဖြစ်ပေါ်စေဖို့ လေဆာသုံးပြီး အရေပြားအပေါ်ယံလွှာကို နှိုးဆွတဲ့ကုသမှုဖြစ်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်ချိုင့်ခွက်တွေကို ပြန်ဖြည့်ပြီး အသားအရေတင်းရင်းညီညာစေဖို့ ကော်လဂျင်(collagen)တွေ ထုတ်ပေးပါတယ်။ နာကျင်မှုမရှိစေဖို့ ထုံဆေးသုံးမှာဖြစ်ပြီး မိနစ်ပိုင်းကနေ တစ်နာရီအတွင်း ကြာမြင့်နိုင်ပါတယ်။
(၃) LED Therapy (အလင်းကုထုံး)
အလင်းကုထုံးကို အသားအရေကို ပြန်လည်ကောင်းမွန်စေဖို့၊ အသစ်တဖန်ပြန်လည်နုပျိုစေဖို့၊ ညီညာလှပစေဖို့ အသုံးပြုတာဖြစ်ပါတယ်။ အလင်းရောင်ခြည်လှိုင်းတွေက အရေပြားရဲ့ အလွှာတွေထဲ ထိုးဖောက်ဝင်ရောက်ပြီး ကုသပေးတာဖြစ်ပါတယ်။ ရောင်ရမ်းမှုတွေကို သက်သာစေတယ်၊ အသားအရေတင်းရင်းစေတယ်၊ ညီညာစေတယ်၊ ရောဂါပိုးဝင်ခြင်းကို ကုသပေးတယ် စတဲ့ အကျိုးရလဒ်တွေကို မူတည်ပြီး အရေပြားအလွှာတွေအပေါ် မတူညီတဲ့ အလင်းလှိုင်းတွေနဲ့ ကုသပေးတာပါ။ နာကျင်မှုမရှိဘဲ ခွဲစိတ်စရာလည်းမလိုတဲ့ ကုထုံးဖြစ်ပါတယ်။
(၄) Chemical Peel (ဓာတုဆေးသုံး အရေပြားအလွှာသစ်ကုထုံး)
Chemical peeling ဟာ ဓာတုဆေးကိုအရေပြားမှာ လိမ်းပြီး ပြန်ခွာချရတဲ့ ကုသမှုပါ။ နေလောင်ကွက်တွေ၊ ဝက်ခြံအမာရွတ်တွေ၊အရေးအကြောင်းတွေလိုမျိုးတွေ အရေပြားအလွှာဟောင်းနဲ့အတူပါသွားပြီး နုပျိုချောမွတ်တဲ့ အသားအရေအလွှာသစ် ဖြစ်ကျန်စေပါလိမ့်မယ်။ ဝက်ခြံနဲ့ အမာရွတ်တွေရှိတဲ့ အပေါ်ယံအရေပြားအလွှာကို ဓာတုဆေးတစ်မျိုးကို အသုံးပြုပြီးဖယ်ရှားကာ ပိုမိုနုပျိုကျန်းမာတဲ့ အရေပြားအလွှာတစ်ခုကိုဖန်တီးခြင်းဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။