အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူစေမယ့် နည်းလမ်းတစ်ခု

ဖြူစင်ဝင်းပတဲ့အသားအရေက သင့်ကိုယုံကြည်မှုတိုးစေမယ့် အချက်တွေထဲကတစ်ခုပေါ့။ ဘာလေးဝတ်ဝတ်လှနေဖို့၊ ဘယ်လိုနေနေချစ်ဖို့ကောင်းနေဖို့ဆိုတာ အသားအရေလေး ကြည်လင်ဝင်းပနေဖို့လည်း လိုပါတယ်။ တိုးတက်လာတာနဲ့အမျှ ပတ်ဝန်းကျင်မှာ ညစ်ညမ်းမှုတွေပိုများလာသလို အသားအရေကို ထိခိုက်ညိုမည်းစေနိုင်ခြေကလည်း တော်တော်လေးများလာတာပါ။ ဒီပြဿနာတွေကို အကောင်ဆုံးဖြေရှင်းပြီး ကြည်လင်ဝင်းပတဲ့ အသားအရေပိုင်ဆိုင်ဖို့ဆိုရင် နည်းလမ်းကောင်းတစ်ရပ်ရှိပါတယ်။ဒါကတော့...... အရေပြားအရောင်ကို ဘာတွေက အဆုံးအဖြတ်ပေးလဲ..... အရေပြားအရောင်ကို မယ်လာလ်နင်(melanin) လို့ခေါ်တဲ့ ရောင်ခြယ်ဓာတ်တစ်မျိုးက အရေပြားပေါ်မှာ ဘယ်လောက်ရှိလဲဆိုတာက အဆုံးအဖြတ်ပေးပါတယ်။ မယ်လ်နင်ပိုများတဲ့သူက အသားပိုမည်းပါတယ်။ အရေပြားမှာ မယ်လ်လာနင်ဘယ်လောက်ရှိလဲဆိုတာက မျိုးရိုး၊ နေရောင်နဲ့ထိတွေ့မှု၊ ဟော်မုန်းအပြောင်းအလဲ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုတွေအပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အသားဖြူစေမယ့်နည်းလမ်းတစ်ရပ် အသားဖြူစေဖို့အတွက် အသုံးပြုလို့ရတဲ့ နည်းလမ်းတွေကတော့ တစ်ခုမကရှိနေပါတယ်။ ဘာတွေများဖြစ်မလဲဆိုတော့ အသားဖြူဆေးသောက်မယ် PRP (သွေးရည်ကြည်ကုထုံးခံယူမယ်) အပေါ်ယံအရေပြားလွှာဖယ်ရှားခြင်း (Chemical Peeling) လေဆာကုထုံး အလင်းကုထုံး အသားဖြူဆေးထိုးတာ စတဲ့နည်းလမ်းတွေကိုအသုံးပြုလို့ရပါတယ်။ ဒီထဲမှာမှ ကြိုက်တာကိုရွေးချယ်လို့ရပါတယ်။ ဒါပေမယ့် ဆေးသောက်ဖို့ကျတော့လည်း မေ့တတ်လို့၊ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဖယောင်းသွင်း ထားသလို ဆံသားပျော့ပျောင်းသွားစေမယ့် သဘာဝပေါင်းဆေး(၃)မျိုး

ဆံသားကို သေချာဂရုမစိုက်တာ၊ နေရောင်ခြည်နဲ့ထိတွေ့မှုများတာနဲ့ ဓာတုပစ္စည်းတွေသုံးတာတွေ များလာရင် ဆံကေသာကို ထိခိုက်ပျက်စီးစေတာပေါ့။ ဆံသားကို ပြုပြင်ထိန်းသိမ်းပေးမှ ပြန်လည်ကျန်းမာစေပြီး ပုံကျလှပနိုင်မှာပါ။ အပူဒဏ်၊ ဆံပင်ပုံသွင်းခြင်း၊ ဂရုစိုက်ထိန်းသိမ်းမှုမရှိခြင်း၊ နေရောင်ခြည်နဲ့ထိတွေ့မှုလွန်ကဲခြင်းနဲ့ ဓာတုပစ္စည်း ထိတွေ့မှုတွေကြောင့် ဆံသားကို ထိခိုက်ပျက်စီးစေပါတယ်။ ဆံပင်ပျော့ဆေးသုံးလိုက်တဲ့အခါ ဖြီးရလွယ်ကူပြီး ဆံသားခြောက်သွေ့ခြင်းကိုကာကွယ်ပေးတာကြောင့် ရှုပ်ပွနေတဲ့ ဆံပင်တွေကို ပုံကျလှပစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်ပျော့ဆေးကို တံဆိပ်အမျိုးမျိုးနဲ့တွေ့ရတတ်တာကြောင့် အရည်အသွေးမကောင်းတဲ့ ဆံပင်ပျော့ဆေးတွေကြုံခဲ့ရင် ကောင်းကျိုးထက် ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာသာအဖတ်တင် ပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် အိမ်မှာပဲ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ သဘာဝဆံပင်ပျော့ဆေး လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ငွေကုန်လည်းသက်သာ၊ ဆိုင်သွားဖို့ ပေးရတဲ့အချိန်ကုန်လည်း သက်သာစေပါလိမ့်မယ်။ (၁) ကြက်ဥအနှစ်နဲ့ ဗီနီဂါ ကြက်ဥက ဆံသားထဲမှာအစိုဓာတ်ထိန်းပေးနိုင်တဲ့ lecithin ကြွယ်ဝပါတယ်။ ဗီနီဂါက သန်း၊ ဗောက်နဲ့ တခြားဦးရေပြားပြဿနာတွေကိုပျောက်ကင်းစေနိုင်တယ်။ ဒီပစ္စည်းနှစ်မျိုးပေါင်းစပ်တဲ့ ဆံပင်ပျော့ဆေး ပြုလုပ်နည်းကတော့ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူကုထုံး ခံယူဖို့ စဉ်းစားနေသလား...

အသားလေးဖြူရင် ဘယ်လိုနေနေ ချစ်ဖို့ကောင်းတယ်။ အသားလေးဖြူတော့ ဘာဝတ်ဝတ် လှတယ်ဆိုတဲ့ စကားတွေက အသားဖြူ ချင်တဲ့ ဆန္ဒတွေကို တဖွားဖွား ဖြစ်ပေါ်စေနေတယ်နော်။ ဒါကြောင့် အသားဖြူဖြူလေးနဲ့ ဘာဝတ်ဝတ်လှပြီး ဘယ်လိုနေနေ ချစ်ဖို့ကောင်းချင်လို့ အသားဖြူကုထုံး ကို ခံယူဖို့ စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ ဘယ်ကုထုံးက အဆင်ပြေဆုံး ဖြစ်မလဲဆိုတာကို ကိုယ်တိုင်ရွေးချယ်လိုက်တော့နော်…….. အသားဖြူကုထုံး ခံယူဖို့ စဉ်းစားနေသလား... အသားဖြူကုထုံး ခံယူဖို့ စဉ်းစားနေသလား... ဒါဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ အသားဖြူကုထုံးက တစ်မျိုးထဲရှိတာလား…….. အသားဖြူ ကုထုံးဆိုတာက အရေပြားပေါ်က အမဲစက်တွေနဲ့ ညိုမဲနေတဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပေးတဲ့ ကုထုံးပါ။ အမဲစက်တွေ၊ အမာရွတ်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပြီး ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေခြင်းအားဖြင့် အရေပြားကို ဖြူစင်လှပစေတဲ့ ကုထုံးပေါ့။ အသားဖြူကုထုံးက တစ်မျိုးမက ရှိနိုင်ပါတယ်။ ဘာတွေများလဲ ကြည့်လိုက်ရအောင်……. အသားဖြူ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေထိန်းပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆများ

မိန်းကလေးတွေထဲမှာ မလှချင်တဲ့သူဆိုတာ တော်တော်ကိုရှားမယ်ထင်ပါတယ်နော်။ မိန်းကလေးတွေရဲ့ လှချင်တဲ့ စိတ်ကို အခွင့်ကောင်းယူပြီး အသားအရေတင်းရင်းမယ်၊ ဖြူဖွေးမယ်၊ ချက်ချင်းကြီးကိုကြည်လင်လာမယ်၊ အရေးအကြောင်းတွေကိုသက်သာစေမယ် စသဖြင့် မဟုတ်မမှန်တဲ့ အကျိုးရလဒ်တွေကိုပြောပြီး အလှကုန်တွေ အသားအရေ လိမ်းဆေးတွေကို ရောင်းချလာကြတာကိုလည်း အများကြီးတွေ့နေရပါတယ်။ ဒါကြောင့် ပျိုမေတို့ အရွေးမမှားစေဖို့ အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းနေတဲ့ အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ မိတ်ကပ်လိမ်းထားရင် နေရောင်ကာကွယ်ဆေးလိမ်းစရာမလိုပါ။ (မှား) အများအားဖြင့် ကြော်ငြာတွေဟာ ဒီမိတ်ကပ်ကိုလိမ်းပြီးရင် အောက်ကနေဘယ်လိုခရင်မ်မှ လိမ်းစရာမလိုတော့ဘူးလို့ ကြော်ငြာတတ်ကြပါတယ်။ တချို့မိတ်ကပ်တွေဟာ နေရောင်ကာပါတယ်လို့ပြောထားပေမယ့် တကယ်မှာတော့ နေရောင်ကာကွယ်ဆေးလောက် အကျိုးသက်ရောက်မှုမရှိနိုင်ပါတဲ့အတွက် နေအရမ်းပူပြင်းတဲ့နေရာတွေသွားမယ့်ချိန်မှာ မိတ်ကပ်ထက် နေရောင်ကာဆေးက သာ အသုံးပြုသင့်ပါတယ်။ ၂။ မျက်နှာအဆီပြန်ရင် အရေးအကြောင်းတွေ အလွယ်တကူမဖြစ်ဘူး။ (မှား) ဒါကလည်း အများထင်နေကြတဲ့ မှားယွင်းတဲ့အယူအဆပါ။ အရေးအကြောင်းတွေဖြစ်လာတာဟာ အသားအရေအမျိုးအစားနဲ့လုံးဝမသက်ဆိုင်ပါဘူး။ အိုမင်းခြင်းလက္ခဏာတွေကို နေရောင်ကာဆေးမလိမ်းဘဲ နေရောင်အထိများတာ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

Cosmetic လား - Skincare လား....

အလှကြိုက်တာ မိန်းကလေးတိုင်းရဲ့ သဘာဝပါ။ ဒါပေမယ့် ခဏတာလှပဖို့ထက် အမြဲလှပဖို့ကို ဂရုစိုက်သင့်ပါတယ်။ ဒီတော့ Hello ဆရာဝန်ရဲ့ လေဒီပရိတ်သတ်တွေကရော နေ့စဉ်တိုင်းမှာ လှပနေစေဖို့အတွက် ဘာကိုရွေးမယ် စဉ်းစားလဲ။ Cosmetic လား၊ Skincare လား........... Cosmetic ကပေးတဲ့အလှတရား အလှကုန်ဆိုရင် အားလုံးက လှအောင်လုပ်ပေးတာပဲ သုံးသင့်ပါတယ်လေလို့ အလွယ်တကူတွေးမိလိုက်နိုင်ပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ အလှကုန်တွေကသင့်ကို လှစေတယ်ဆိုပေမယ့် ရေရှည်မှာ အသားအရေကို ထိခိုက်လာနိုင်ပါတယ်။ အပေါ်ယံအလှကိုပဲ ပေးစွမ်းနိုင်တယ်၊ လို့ပြောချင်ပါတယ်။ အလှကုန်တွေ ၊ မိတ်ကပ်တွေက အပေါ်ယံအရေပြားကို ထိခိုက်စေနိုင်သလို Liquid type မိတ်ကပ်တွေဆိုရင် ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး ဝက်ခြံထွက်တာလိုမျိုး အရေပြားပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။ အရေပြားတစ်ထောက်စာအလှကိုပဲ ပေးစွမ်းနိုင်တယ်ပြောရမှာပေါ့။ အလှကုန်တွေက တာရှည်မခံတဲ့ အလှတရားကိုပဲပေးစွမ်းနိုင်တာပါ။ အသက်ကြီးတဲ့အထိ အများကငေးအောင်လှချင်ရင်တော့ အဆင်မပြေလှဘူးပေါ့။ ပွဲနေပွဲထိုင်အနေအထားမျိုးအတွက်ပဲ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူချင်သူလေးတွေအတွက် အိမ်တွင်းကုထုံး

ဘယ်နားသွားသွားထင်းခနဲလှပစေဖို့နဲ့ ဘာလေးဝတ်ဝတ်လှနေစေဖို့ အသားဖြူချင်လိုက်တာလို့ဆိုပြီး တွေးနေတဲ့သူလေးတွေများရှိလား။ အသားဖြူချင်ပေမယ့် ထိခိုက်မှုနည်းစေဖို့အတွက် သဘာဝနည်းလေးတွေပဲသုံးချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက လိုချင်နေတဲ့အဖြေကို ထုတ်ပေးနိုင်မှာပါ။ ကဲ..အသားဖြူဖို့ အသင့်ဖြစ်ပြီလား............ သဘာဝအတိုင်း အသားဖြူစေဖို့ အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ............. မြင်သူတိုင်းအားကျရလောက်အောင် အသားလေးဖြူဝင်းစေဖို့ဆိုရင် သင်္ဘောသီး နဲ့ ပျားရည် သင်္ဘောသီးက အရသာရှိရုံတင်မဟုတ်ပါဘူး။ အသားအရေအတွက်ပါ တော်တော်လေးအထောက်အကူပြုပေးပါတယ်။ အကြောင်းကတော့ သင်္ဘောမှာပါတဲ့ papain ဆိုတဲ့ဒြပ်ပေါင်း နဲ့ alpha hydroxy acids တို့ကအရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားအတွင်းပိုင်းလွှာအထိသန့်စင်စေပြီး အသားအရေကိုကြည်လင်ဖြူဝင်းစေပါတယ်။ ပျားရည်ကတော့ အနာကျက်စေပြီး အမာရွတ်တွေကိုပါးစေနိုင်သလို ဘက်တီးရီးယားတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ လိုအပ်မှာက သင်္ဘောသီးတစ်စိတ်စာ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ရောစပ်ပြီး သမအောင်မွှေပါ။ ရလာတဲ့အနှစ်ကို မျက်နှာအပါအဝင်ခန္ဓါကိုယ်အနှံ့မှာလူးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ။ နောက်ဆုံးအဆင့်ကတော့ ရေအေးနဲ့ရေချိုးချပြီး အရေပြားကိုခြောက်အောင်သုတ်ပေးပါ။ ၃ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူချင်တယ် ဘာတွေစားရမလဲ ....

အသားဖြူချင်တယ် ဘာတွေစားရမလဲ .... အသားဖြူအောင် ဆိုရင် အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေ သုံးမှ ဖြစ်တာလား။ ဒါမှမဟုတ် အသားဖြူ ပါတယ် ဆိုတဲ့ ကုထုံးတွေကို ခံယူမှ ဖြစ်မှာလား။ ဆေးသောက်မှ ဖြစ်မှာလား။ မဟုတ်ပါဘူး။ အစားအသောက်တွေကို အာဟာရမျှတအောင် စားသုံးမှုကလည်း သင့်ကို အသားဖြူစေနိုင် ပါတယ်။ အစားအသောက်တွေလည်း စားရ အသား ကလည်း ဖြူသေး ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတော့ ဘယ်လောက်များ အဆင်ပြေလိုက်လဲ။ အသားဖြူအောင်ဘာတွေစားရမလဲ...... အသားဖြူချင်တယ် ဘာတွေစားရမလဲ .... အသားဖြူ စေဖို့ ဆိုရင်တော့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေ ထဲမှာ ဒါတွေ ပါအောင် စားသုံးပေးသင့် ပါတယ်။ ခရမ်းချဉ်သီး ဖရဲသီး သံပရိုသီး လိမ္မော်သီး သလဲသီး သခွားသီးတို့ပါ။ ခရမ်းချဉ်သီး အသားအရေ […]


အသားအရေ ထိန်းသိမ်းခြင်း

စားပြီးသား ငှက်ပျောခွံက ဘယ်လိုအသုံးဝင်သလဲ

ကြားရတာထူးဆန်းသွားလား။ ငှက်ပျောသီးက အာဟာရဓာတ်ပေါင်းများစွာနဲ့ ကာဗိုဟိုက်ဒရိတ်တွေကြွယ်ဝတဲ့အသီးတစ်မျိုးပါ။ သူ့မှာ ဗီတာမင် B6၊ B12 ၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ပါဝင်မှုများပါတယ်။ အဲဒီငှက်ပျောသီးကို စားပြီးရင်တော့ အခွံကိုလွှင့်ပစ်ကြတာပဲလေ။ အခုတော့ အမှိုက်အဖြစ်သတ်မှတ်ကြတဲ့ ငှက်ပျောခွံရဲ့ နည်းလမ်းအမျိုးမျိုးနဲ့အသုံးဝင်ပုံတွေကို ဖော်ပြလိုက်ပါတယ်။ ငှက်ပျောခွံရဲ့အသုံးဝင်ပုံ ၁၀ မျိုး (၁) သွားကို ဖြူစင်တောက်ပစေတယ် ငှက်ပျောခွံနဲ့ နေ့တိုင်း တစ်မိနစ်လောက်သွားတိုက်ပေးပါ။ တစ်ပတ်လောက်ကြာရင် ပုလဲလုံးလေးတွေစီထားသလို သွားတွေဖြူစင်တောက်ပလာမှာပါ။ (၂) ကြွက်နို့သတ်နိုင်တယ် ငှက်ပျောခွံနဲ့ ကြွက်နို့သတ်လို့ရသလို နောက်ထပ်လည်းမဖြစ်လာအောင် အမြစ်ပြတ်စေတယ်လို့ သိရပါတယ်။ ကြွက်နို့ရှိတဲ့နေရာမှာ ငှက်ပျောခွံနဲ့ပွတ်ပေးတာ ဒါမှမဟုတ် တစ်ညလောက် ကပ်စည်းထားပေးတာမျိုး လုပ်ရုံပါပဲ။ (၃) စားလို့လည်းရတယ် ငှက်ပျောခွံကိုစားလို့ရပါတယ်။ ငှက်ပျောခွံနဲ့ချက်တဲ့ အိန္ဒိယဟင်းချက်နည်းတွေရှိပါတယ်။ ကြက်သားကို နူးအိစေဖို့လည်း သုံးကြတယ်လို့သိရပါတယ်။ (၄) ဝက်ခြံပျောက်တယ် ငှက်ပျောခွံနဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို တစ်နေ့ ၅ မိနစ်လောက် နှိပ်နယ်ပေးရင် ဝက်ခြံပျောက်ပါတယ်တဲ့။ တစ်ပတ်လောက်ဆို ရလဒ်သိသာနိုင်တယ်လို့ဆိုပါတယ်။ (၅) အရေးအကြောင်းတွေလျော့စေတယ် ငှက်ပျောခွံက […]


အသားအရေ ထိန်းသိမ်းခြင်း

ဆိုင်မသွားဘဲ စပျစ်သီးလေးနဲ့ အသားအရေ ထိန်းသိမ်းကြမယ်

စပျစ်သီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း အတော်များများသိကြပြီးဖြစ်မှာပါ။ စပျစ်သီးလေးရဲ့ချိုမြတဲ့အရသာနဲ့ ဆေးဖက်ဝင်ပြီး ကင်ဆာပါကာကွယ်တယ်ဆိုတဲ့ စပျစ်စေ့ရဲ့ ကောင်းကျိုးကလည်း မက်လောက်စရာပါ။ သည်လိုချစ်စရာကောင်းတဲ့ စပျစ်သီးလေးတွေက ကိုယ်ခံအားကိုကောင်းစေပြီး အစာခြေစနစ်ကို အထောက်အပံ့ပေးတဲ့အပြင် အသားအရေ အတွက်လည်း နုပျိုလှပမှုမှာ နတ်ဆေးတမျှ အစွမ်းထက်တယ်လို့ ဆိုပါတယ်။ သူ့မှာပါတဲ့ ဗီတာမင်စီက အရေပြားထဲက collagen ထုတ်လုပ်မှုကိုတိုးစေပြီး အရေပြားရဲ့ကျုံ့ဆန့်နိုင်စွမ်းကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဗီတာမင်အေက အသားအရေလှပကျန်းမာမှုကို အားဖြည့်ပေးပြီး အသားဖြူဝင်းလှပစေနိုင်တယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့်လည်း အရေးအကြောင်းတွေကိုလျော့စေတယ်၊ အသားညက်ညောစေတယ်၊ နေလောင်ဒဏ်နဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်က ကာကွယ်ပေးတယ်လေ။ ကဲ စပျစ်သီးလေးနဲ့ အသားအရေကို ဘယ်လိုတွေထိန်းသိမ်းလို့ရမလဲ ကြည့်ရအောင်။ အသားဖြူစေမယ့် စပျစ်သီး စပျစ်သီးမှာပါတဲ့ဗီတာမင်ဓါတ်တွေက အသားအရေကိုအသစ်မွေးဖွားလိုက်သလို နုပျိုစေပြီး အသားဖြူဝင်းစေနိုင်ပါတယ်။ ညစ်နေတဲ့အသားလေး ဖြူဝင်းစေမယ့်နည်းက ကြိတ်ထားတဲ့စပျစ်သီးအနည်းငယ်၊ ရေပန်းကန်လုံးတစ်လုံးစာပဲ လိုပါတယ်။ အရင်ဆုံးစပျစ်သီးကို အခွံမခွာဘဲ ကြိတ်ချေထားပါ၊ ရေထည့်ပြီးရောမွှေပါ။ အနှစ်ကို မျက်နှာပေါ်လိမ်းပြီး ၁၅ မိနစ်ထားပါ ရေအေးနဲ့မျက်နှာသစ်လိုက်ပါ။ အသားအရေ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ပျားရည်နဲ့ ဆံကေသာကို ပေါင်းတင်ကြရအောင်

အသားအရေကို ထိန်းသိမ်းတဲ့အိမ်သုံးပစ္စည်းတွေထဲမှာ ပျားရည်ဟာလည်း အလွန်နာမည်ကြီးပါတယ်။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းသလို အသားအရေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ပေးစွမ်းနိုင်တယ်။ လုပ်ရတာလည်း လွယ်ကူသလို အချိန်မကုန် အလုပ်မရှုပ်တဲ့အတွက် ကိုယ့်အိမ်မှာပဲ အချိန်ခဏလေးပေးပြီး အသားအရေထိန်းသိမ်းလို့ရတယ်။ ပျားရည်ကို အများစုက မျက်နှာပေါင်းတင်တဲ့နေရာမှာ သုံးတဲ့ သဘာဝ Mask အဖြစ်အသုံးပြုကြပါတယ်။ အချိန် ၁၀ မိနစ်လောက်ပေးပြီး မျက်နှာမှာ ကပ်ထားရုံနဲ့ ဝက်ခြံအဖုအပိမ့်တွေကို သက်သာစေပြီး အမည်းစက်တွေကို ဖယ်ရှားပေးတယ်။ အဆီပြန်ခြင်းကင်းပြီး နူးညံ့ချောမွေ့တဲ့ မျက်နှာအသားအရေကို ရစေတယ်။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး အသားအရေကိုလည်း ဖြူစင်ဝင်းပလာစေပါတယ်။ အရင်ဆောင်းပါးတွေတုန်းက ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေထိန်းသိမ်းလို့ရတဲ့ နည်းလမ်းတွေအကြောင်း ပြောပြခဲ့ပြီးပြီဆိုတော့ ဒီဆောင်းပါးလေးမှာ ဆံကေသာအတွက် ပျားရည်ကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာနဲ့ သူ့ရဲ့ အားသာချက်တွေကို ပြောပြပေးသွားပါမယ်။ ပျားရည်နဲ့ ဆံသားပေါင်းတင်ခြင်း ကောင်းကျိုး ဆံကေသာကို ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးတဲ့နောက် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း