ကော်တီကိုစတီးရွိုက်လိမ်းဆေး နှင့် ပတ်သက်သော အမှန်တရား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

လိမ်းရတဲ့ corticosteroid လိမ်းဆေးတွေဟာ အရေပြားကို ထိခိုက်စေနိုင်တယ်ဆိုတာ သင်ကြားဖူးမှာပါ။ ဒါဟာ အချိန်အကြာကြီးဆက်တိုက်လိမ်းမှ ဖြစ်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ အရေပြားရောဂါတွေမှာ corticosteroid ဟာ နီမြန်းခြင်းနဲ့ ယားယံခြင်းတို့ကို သက်သာစေပါတယ်။ corticosteroid လိမ်းဆေးတွေကို ၁၉၅၀ လောက်ကနေ စတင် အသုံးပြုခဲ့ကြပြီး အရေပြားဆရာဝန်အများစုက အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ စိတ်ချရတယ်လို့ မဆိုလိုပါဘူး။ သင့်ကျန်းမာရေးအခြေအနေပေါ် မူတည်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

Corticosteroid ဟာ ကိုယ်ခန္ဓါက သဘာဝအတိုင်း ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ cortisol နဲ့ အသွင်တူပါတယ်။ သူဟာ ဓါတ်မတည့်မှုကို တုန့်ပြန်တဲ့ ကိုယ်ခံအား စနစ်ကို ကျဆင်းစေပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ သင့်အရေပြားဆရာဝန်က corticosteroid ကို အောက်ပါ အခြေအနေတွေမှာ အသုံးပြုစေနိုင်ပါတယ်။

  • နှင်းခူ
  • Seborrhoeic dermatitis
  • Psoriasis;
  • Nappy rash;
  • Lichen planus – ကူးစက်မှု မရှိတဲ့ ယားယံတဲ့ အကွက်တွေကို ဖြစ်စေတဲ့ အရေပြား အခြေအနေ
  • Discoid lupus erythematosus – အရေပြားကို ထိခိုက်တဲ့ Lupus ရောဂါ တစ်မျိုး
  • အင်းဆက် ကိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဓါတ်မတည့်သော အရေပြား တုန့်ပြန်မှု

Corticosteroid လိမ်းဆေးတွေဟာ ဒီအခြေအနေတွေအတွက် တစ်ခုတည်းသော ကုသမှု မဟုတ်ပါဘူး။ အချို့အခြေအနေတွေမှာ ဆရာဝန်ဟာ Corticosteroid ကို အခြားဆေးတွေနဲ့ ပေါင်းစပ် အသုံးပြုစေပါတယ်။ ပုံမှန်အားဖြင့် Corticosteroid လိမ်းဆေးတွေဟာ ရောဂါလက္ခဏာတွေကို အမြန်သက်သာစေပါတယ်။ Corticosteroid လိမ်းဆေးမလိမ်းခင်မှာ သိထားသင့်တဲ့ အကြောင်းအရာတွေ ရှိပါတယ်။

ဘေးထွက်ဆိုးကျိုးတွေကို သိရှိပါ။

Corticosteroid လိမ်းဆေးတွေဟာ တခါတရံသုံးတဲ့အခါမှာ ဘေးထွက်ဆိုးကျိုးတွေ မရှိတတ်ပါဘူး။ အကြာကြီး အသုံးပြုမှသာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတာဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အရေပြား ပါးခြင်း
  • ချိုင်းကြား၊ ပေါင်ကြားမှာ အမြှောင်း ထခြင်း
  • သွေးခြေဥ လွယ်ခြင်း၊ အရေပြား ပျက်စီးလွယ်ခြင်း
  • သွေးကြောဖေါင်းခြင်း
  • နေရာကွက် အမွှေးထူခြင်း

Corticosteroid လိမ်းဆေးတွေကို ကိုယ်ဝန်ရှိရင် (သို့) ကလေးနို့တိုက်နေရင် မသုံးသင့်ပါဘူး။ ကလေးတွေမှာ ပြင်းတဲ့ corticosteroid တွေကို ရှောင်ကျဉ်သင့်ပါတယ်။

အာနိသင်ပမာဏကို သိရှိပါ။

Corticosteroid လိမ်းဆေးတွေရဲ့ မတူညီတဲ့ အာနိသင်ပမာဏကို သိထားသင့်ပါတယ်။ သူတို့ဟာ အာနိသင် အနည်းဆုံး (class 7) ကနေ အများဆုံး (class 1) အထိ ရှိတတ်ပါတယ်။ အာနိသင်များတဲ့ Corticosteroid တွေကို ပြင်းထန်တဲ့ ရောဂါအခြေအနေတွေမှာသာ သုံးစွဲသင့်ပြီး မျက်နှာပေါ်မှာ မလိမ်းသင့်ပါဘူး။ သင့်ဆရာဝန်ဟာ အာနိသင်နည်းတဲ့ Corticosteroid ကို စတင်သုံးစွဲခိုင်းမှာ ဖြစ်ပြီး မသက်သာရင် ပိုမိုအစွမ်းထက်တဲ့ ဆေးတွေကို ပြောင်းသုံးစေမှာပါ။ အာနိသင်များလေလေ ဘေးထွက်ဆိုးကျိုးတွေလဲ ပိုဖြစ်စေမှာ ဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ ဆေးတွေကတော့ အာနိသင်မတူညီတဲ့ Corticosteroid တွေပဲ ဖြစ်ပါတယ်။

အာနိသင် class 1

  • Clobetasol propionate 0.05% လိုးရှင်း၊ ဖြန်းဆေး၊ ခေါင်းလျှော်ရည်၊ ခရင်မ်၊ လိမ်းဆေး
  • Betamethasone dipropionate 0.05% လိမ်းဆေး
  • Halobetasol propionate 0.05% လိမ်းဆေး၊ ခရင်မ်
  • Fluocinonide 0.01% ခရင်မ်
  • Diflorasone diacetate 0.05% လိမ်းဆေး
  • Desoximetasone 0.25% ဖြန်းဆေး

အာနိသင် class 2

  • Betamethasone dipropionate 0.05% ခရင်မ်
  • Mometasone furoate 0.1% လိမ်းဆေး
  • Diflorasone diacetate 0.05% လိမ်းဆေး
  • Halcinonide 0.1% ointment, ခရင်မ်
  • Fluocinonide 0.05% ခရင်မ်၊ ဂျယ်၊ လိမ်းဆေး
  • Diflorasone diacetate 0.05% ခရင်မ်
  • Desoximetasone 0.025%, ခရင်မ်၊ လိမ်းဆေး
  • Desoximetasone 0.05% ဂျယ်

အာနိသင် Class 3

  • Fluticasone propionate 0.005% လိမ်းဆေး
  • Fluocinonide 0.05% ခရင်မ်
  • Betamethasone valerate 0.12% foam

အာနိသင် Class 4

  • Hydrocortisone valerate 0.2% လိမ်းဆေး
  • Desoximetasone 0.05% လိမ်းဆေး၊ ခရင်မ်
  • Fluocinolone acetonide 0.03% လိမ်းဆေး
  • Triamcinolone acetonide 0.1% ခရင်မ်၊ ဖြန်းဆေး
  • Mometasone furoate 0.1% ခရင်မ်
  • Flurandrenolide 0.05% လိမ်းဆေး

အာနိသင် Class 5

  • Fluocinolone acetonide 0.01% ခေါင်းလျှော်ရည်
  • Flurandrenolide 0.05% ခရင်မ်၊ လိုးရှင်း၊ tape
  • Fluticasone propionate 0.05% ခရင်မ်၊ လိုးရှင်း
  • Prednicarbate 0.1% ခရင်မ်
  • Desonide 0.05% လိုးရှင်း
  • Hydrocortisone butyrate 0.1% ခရင်မ်၊ လိုးရှင်း၊ လိမ်းဆေး၊ အရည်
  • Fluocinolone acetonide 0.03%, 0.01% ခရင်မ်
  • Hydrocortisone valerate 0.2% ခရင်မ်

အာနိသင် class 6

  • Desonide 0.05% အမြှုပ်၊ ဂျယ်
  • Fluocinolone acetonide 0.01% ခရင်မ်၊ အရည်
  • Aclometasone dipropionate 0.05% ခရင်မ်၊ လိမ်းဆေး

အာနိသင် class 7

  • Hydrocortisone 1%, 2.5% ခရင်မ်၊ လိမ်းဆေး၊ လိုးရှင်း၊ ဖြန်းဆေး။

အချို့ corticosteroid တွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ အာနိသင်များတဲ့ ဆေးတွေကိုတော့ ဆရာဝန် ညွှန်ကြားချက်နဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။

ဆေးပမာဏဟာ အရေးကြီးပါတယ်။

ဆေးပမာဏကို စိတ်ကြိုက်သုံးစွဲနိုင်ပြီးဒါဟာ အာနိသင်ကို မထိခိုက်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်ပါ။ ဆေးပမာဏဟာ ဆေးထဲမှာ ရှိတဲ့ ပါဝင်ပစ္စည်းတွေ ကိုယ်ခန္ဓါအတွင်းကို ဘယ်လောက်ရောက်သွားလဲဆိုတာကို ဖေါ်ပြပါတယ်။

Corticosteroid လိမ်းဆေးတွေကို အောက်ဖေါ်ပြပါ ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

လိမ်းဆေး – များသောအားဖြင့် အဆီပုံစံဖြစ်ပြီး အာနိသင်များတဲ့ ဆေးတွေဟာ ထူပြီး ခြောက်သွေ့တဲ့ နေရာက အနာတွေ အတွက် သင့်လျော်ပါတယ်။

ခရင်မ် – အဆီပါဝင်မှုနည်းပြီး လိမ်းလို့ လွယ်ပေမယ့် အာနိသင်တော့ နည်းပါးနိုင်ပါတယ်။

လိုးရှင်း – အရက်ပြန်ကို အခြေခံတဲ့ လိုးရှင်းနဲ့ ချောဆီကို အခြေခံတဲ့ လိုးရှင်းဟာ အမွှေးအမျှင်များတဲ့ နေရာတွေကို လိမ်းဖို့ လွယ်ကူပါတယ်။ အရက်ပြန်ကို အခြေခံတဲ့ လိုးရှင်းတွေဟာ exudative အနာတွေ အတွက် အကောင်းဆုံးဖြစ်ပြီး ချောဆီကို အခြေခံတဲ့ လိုးရှင်းတွေကတော့ ခြောက်သွေ့တဲ့ ဦးရေပြားအနာတွေ အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ဂျယ် – ရေရော အရက်ပြန်ပါ ပါဝင်ပါတယ်။ စိုစွတ်တဲ့ အနီကွက်တွေအတွက် ခြောက်သွေ့စေတဲ့ အစွမ်း ပါရှိပါတယ်။

Corticosteroid လိမ်းဆေးသုံးစွဲရန် အချက်များ

Corticosteroid လိမ်းဆေးသုံးစွဲဖို့ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်ပေါ်မူတည်ပြီး တစ်ရက်ကနေ နှစ်ပတ်အထိ တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

အချိန်အကြာကြီး ဆက်တိုက်အသုံးပြုမှုကို ရှောင်ကျဉ်သင့်ပါတယ်။ အနာဖြစ်တဲ့ နေရာကိုသာ လိမ်းပေးသင့်ပါတယ်။ လက်ဖျားပေါ်ကို ပမာဏအနည်းငယ်ညှစ်ထုတ်လိုက်ပြီး အမွှေးပေါက်တဲ့ ဘက်အတိုင်း အရေပြားပေါ်မှာ ညင်သာစွာ လိမ်းပေးသင့်ပါတယ်။

Corticosteroid လိမ်းဆေးတွေရော၊ emollients ရော သုံးစွဲနေတယ်ဆိုရင် emollients တွေကို အရင်လိမ်းပြီး မိနစ် ၃၀ စောင့်ဆိုင်းပြီးမှ corticosteroid ကို လိမ်းပေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    Triamcinolone (ထရိုင်ရန်စီနိုလုံး)

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    သင့်အတွက် ရွေးချယ်ထားသည်

    အစားအသောက်ကို အလွန်အကြူးစားသောက်နေခြင်းရဲ့ အမှန်တရား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Phyo Wai Yan
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 15, 2018 . 2 mins read
    Solu Medrol (Methylprednisolone) (ဆိုလူ-မီဒရိုလ်)

    Solu Medrol (Methylprednisolone) (ဆိုလူ-မီဒရိုလ်)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2017 . 4 mins read
    မိခင်နို့တိုက်ခြင်းနှင့်ပတ်သက်သောအမှန်တရား

    မိခင်နို့တိုက်ခြင်းနှင့်ပတ်သက်သောအမှန်တရား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Kaung Thar
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 20, 2017 . 2 mins read
    အင်ပြင်ကွက်ထခြင်း (Hives) ကုသနည်းလမ်းညွှန်

    အင်ပြင်ကွက်ထခြင်း (Hives) ကုသနည်းလမ်းညွှန်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr . Phyu Mon Latt
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 11, 2017 . 3 mins read