လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံရင် ဝိတ်ကျ သလား

စုံတွဲတွေကြားမှာ စနောက်လေ့ ရှိတဲ့စကားက ကယ်လိုရီ သွားburnကြမယ်၊ အိပ်ရာထဲမှာ လေ့ကျင့်ခန်း သွားလုပ်ကြမယ်ဆိုတာပါ။ ဆိုလိုတာက လိင်ဆက်ဆံရင် ဝိတ်ကျ မယ်လို့ ယုံကြည်ကြတာကြောင့်ပါ။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတာကြောင့် ကယ်လိုရီလောင်ကျွမ်းတာက မှန်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျရလောက်အောင် ကယ်လိုရီလောင်ရဲ့လား။ သုတေသနတွေက ဘာပြောလဲ လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှု ရှိမရှိကို စိတ်ဝင်စားတာက ကိုယ်တွေတင်မကပါဘူး။ နိုင်ငံခြားက ပညာရှင်တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Montrealမှာ ရှိတဲ့ University of Quebecက လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေ့လာချက်မှာ သူတို့က အသက် ၂၀ကျော် ကျားမစုံတွဲ ၂၁တွဲကို လိင်ဆက်ဆံချိန်နဲ့ သာမန်လေ့ကျင့်ခန်းလုပ်ချိန်မှာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏတွေကို လေ့လာခဲ့ကြပါတယ်။ ရလဒ်ကတော့ ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ

လိင်မှုဘဝကို အမြဲ စိတ်လှုပ်ရှားစရာ ဖြစ်အောင် လုပ်ထားနိုင်ခြင်းက ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားဖို့အတွက် နည်းလမ်းကောင်း တစ်ခုပါပဲ။ ကိုယ်တွေရဲ့ ချစ်ခရီးကို သမားရိုးကျ ဘောင်တွေထဲကနေ ဆွဲထုတ်ပြီး ပျော်ရွှင်နိုင်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ခုပြောမယ့် လိင်ဆက်ဆံမှု ပုံစံတွေကတော့ ကိုယ့်ရဲ့ လိင်မှုဘဝကို ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားစေပါလိမ့်မယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ အကြောင်း ဗဟုသုတ အနေနဲ့ လေ့လာလိုက်နော်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ ကတော့ ၁။ မြန်ဆန်စွာဆက်ဆံခြင်း မြန်ဆန်တဲ့ လိင်ဆက်ဆံမှုဟာ သွေးထဲမှာAdrenalieဟော်မုန်းကိုရုတ်တရက် အများကြီးတက်စေပါတယ်။ အဲဒါက ကိုယ်ရော ကိုယ့်အဖော်ကိုပါ ငလျင်တစ်ခုလိုလှုပ်ခတ်သွားစေနိုင်ပြီး ဆက်ဆံမှုအပြီးမှာ ဒူးတွေ အားနည်းပြီး ဖြစ်ကျန်နေခဲ့တတ်ပါတယ်။ ခပ်သွက်သွက် ဆက်ဆံခြင်းက ကိုယ့်အဖော်ကို ကိုယ်ကဘယ်လောက်ထိ တပ်မက်တယ်ဆိုတာကို ပြသလိုက်တာ ဖြစ်လို့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်စောခြင်း ဖြစ်နေပါသလား။ ဒါကို ဘယ်လို ကုသမလဲ။

အိပ်ခန်းထဲမှာ သုက်အလွှတ်မြန်လို့ ရှက်ရွံ့မှုကို ခံစားနေရပါသလား။ ဒါကို အချိန်မတိုင်မီ သုက်လွှတ်ခြင်း သို့မဟုတ် သုက်လွှတ်စောခြင်း လို့ ခေါ်ပါတယ်။ သုက်လွှတ်စောခြင်း ဘာကြောင့်ဖြစ်တာလဲ။ လှုံ့ဆော်မှု လွန်ကဲတဲ့အခါ အချိန်မတိုင်မီ သုက်လွှတ်ခြင်း အဖြစ်များပါတယ်။ ဒါပေမယ့် အချိန်မတိုင်မီ သုက်လွှတ်တတ်တဲ့ လူတွေဟာ လှုံ့ဆော်မှု အနည်းငယ်နဲ့တောင်မှ ဖြစ်တတ်တာကို တွေ့ရပါတယ်။ ဒါဟာ စိတ်ကျေနပ်ဖွယ်မကောင်းတဲ့ လိင်ဆက်ဆံမှုကို ဖြစ်ပေါ်စေပြီး နှစ်ဖက်လုံး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီအခြေအနေကို စိတ်ခံစားမှုတွေက ပိုမိုဆိုးဝါးစေပါတယ်။ စိတ်ပူပန်မှု၊ အပြစ်တင်မှု၊ စိတ်ကျမှုတွေဟာ ဒါကို ပိုဆိုးစေပါတယ်။ သုက်လွှတ်စောခြင်းက အမျိုးသားတွေအတွက် အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။ ဒါက အမျိုးသားတွေရဲ့ ဘဝတလျှောက်မှာ တစ်ချိန်ချိန်မှာ ကြံရနိုင်ပေမယ့် အမျိုးသားတွေဟာ အသက်အရွယ်နဲ့ အတွေ့အကြုံအရ လိင်ဆက်ဆံစဉ်မှာ သုက်လွှတ်စောခြင်း ကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုဘ၀ စိတ်လှုပ်ရှားစရာပိုကောင်းစေလာမယ့် နည်းသုံးနည်း

၁။ အိမ်မှာရှိတဲ့အိပ်ရာအပြင် အခြားနေရာအနှံ့အပြား အမျိုးသမီးအများစုဟာ သက်တောင့်သက်သာ ဖြစ်ပြီး ဇိမ်ကျတာကြောင့် အိပ်ရာပေါ်မှာ လိင်ဆက်ဆံရတာကို ကြိုက်နှစ်သက်ကြပါတယ်။ တခြား စကားနဲ့ ပြောရရင် လူတိုင်းကတော့ မီးဖို၊ ဧည့်ခန်းနဲ့ ရေချိုးခန်းတွေမှာ လိင်ဆက်ဆံခြင်းကို မကြိုက်နှစ်သက်ကြပါဘူး။ ဒါဟာ အိပ်ရာထဲမှာ လိင်ဆက်ဆံခြင်းဟာ ပျင်းစရာကောင်းတယ်လို့ မဆိုလိုပါဘူး။ လိင်ဆွဲဆောင်မှုရှိတဲ့ ညဝတ်အင်္ကျီဝတ်ပြီး သော်လည်းကောင်း လိင်ပိုင်းဆိုင်ရာ အရုပ်တွေ အသုံးပြုခြင်းနဲ့သော်လည်းကောင်း အရာရာကို အရှိန်မြှင့်တင်နိုင်ပါတယ်။ သင်ဟာ စွန့်စားမှုတွေကို ကြိုက်နှစ်သက်တဲ့ အမျိုးသား (သို့) အမျိုးသမီးတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် (သို့) အသစ်အဆန်းတစ်ခုကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ အိပ်ရာမဟုတ်တဲ့ အခြားနေရာတွေမှာ လိင်ဆက်ဆံကြည့်ဖို့ မရှက်ပါနဲ့။ လှေကားထစ်တွေပေါ်မှာ (သို့) မီးဖိုကြမ်းပြင်ပေါ်မှာ လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့ လိင်မှုဘဝကို ပိုမိုလေးနက်စေပါတယ်။   ၂။ သင့်ကိုယ်ခန္ဓါ အကြောင်း ကလေးမွေးပြီးရင် စုံတွဲတွေဟာ လိင်ဆက်ဆံဖို့ကို တွန့်သွားတတ်ကြပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်ပတ်သက်၍အမျိုးသားများသိထားသင့်သော အချက်(၇)ချက်

လိင်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်ပတ်သက်၍ အမျိုးသားများသိထားသင့်သော အချက် (၇)ချက် မိခင်မှပေးထားသော သဘာဝတရားမှလွဲ၍ လိင်မှုကိစ္စသည် သင်ထင်သည်ထက် ကျန်းမာရေးနှင့်ပျော်ရွှင်မှုရလဒ်များ ပိုမိုရရှိစေသည်။ အသက်အရွယ်ကြီးမှ လိင်ဆက်ဆံခြင်းသည် သင့်ကျန်းမာရေးအတွက် အမှန်တကယ်ကောင်းမကောင်းသိပါသလား။ သို့မဟုတ်အမျိုးသမီးများသည် အမျိုးသားများထက် ဆန္ဒပိုပြင်းပြပါသလား။ လိင်ကိစ္စနှင့်ပတ်သက်၍ တစ်ခုတည်းသောပြဿနာမှာ ဤအကြောင်းအရာနှင့်ပတ်သက်၍ သိပ်မပြောချင်ကြခြင်းဖြစ်သည်။ မပြောအပ်မလုပ်အပ်သောခေါင်းစဉ်သည် ကျွန်ုပ်တို့ဤစကားလုံးကို ဖွင့်ဟပြောရုံမျှဖြင့် ရှက်ကြောက်အောင်ပြုလုပ်ထားပါသည်။ အောက်ပါအံသြဖွယ်အချက်များက သင့်ကိုလိင်မှုကိစ္စတွင် အဆင်ပြေအောင်လုပ်ပေးပါမည်။ ထို့ကြောင့်ကျွန်ုပ်တု့ိ လိင်ပိုင်းဆိုင်ရာပညာပေးခြင်းနှင့် လိင်ကိစ္စနှင့်ပတ်သက်၍ လူတိုင်းသိထားသင့်သောအချက်(၇)ချက်ကို သိပ္ပံနည်းအရ အရေးပေးဖော်ပြပါမည်။ ဖော်ပြပါလူမှုရေးဆိုင်ရာ အမူအကျင့်များ မြင့်တင်ပေးခြင်းဖြင့် သင်သည်ကျွန်ုပ်တို့အားလုံးရင်းနှီးသော ဤအပြုအမူနှင့်ဆိုင်သော အသစ်အဆန်းကို သင်ယူမိပါလိမ့်မည်။   (၁) အမျိုးသမီးများသည်အမျိုးသားများကဲ့သို့ လိင်မှုကိစ္စကိုအလိုရှိပါသည်။ ၎င်းသည်ကျွန်ုပ်တို့အတွက်အံ့သြစရာမဟုတ်ပါ။ အမျိုးသမီးမျာသည်လည်း ဆန္ဒရှိကြပါသည်။ အမှန်တွင်ကြာရှည်စွာ တွဲလာသော အမျိုးသားများသည် သူတု့ိအမျိုးသမီးအဖော်၏ ကာမဆန္ဒအတိုင်းအတာပေါ်တွင် အလွန်အထင်သေးကြသည်။ ယူဆချက်တစ်ခုမှာ ကာမဆန္ဒနည်းသော အမျိုးသမီးအဖော်ကို စွန့်လွှတ်နိုင်ချေရှိသည်ဟု ပြောခြင်းကို ၁၀၀ရာခိုင်နှုန်းသဘောတူညီကြောင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ဆိုသည်မှာ ဘာလဲ။

အကယ်၍သင်သည် အိပ်ပျော်နေစဉ်လိင်ဆက်ဆံနေလျှင် သင့်တွင်အိပ်ပျော်စဉ်လိင်ဆက်ဆံခြင်းပြဿနာ (sexsomnia) ရှိနိုင်သည်။ ဤဆောင်းပါးမှ ဤရောဂါနှင့်ပတ်သက်၍ သိသင့်သည်များကိုဖော်ပြပါမည်။ လူအတော်များများသည် အိပ်နေရင်းလမ်းလျှောက်ခြင်းကို ရင်းနှီးကြပါသည်။ သို့သော်အိပ်ပျော်နေစဉ်လိင်ဆက်ဆံခြင်း (sexsomnia) ဖြစ်လျှင် အများစုသည်အံ့သြသွားကြသည်။ အိပ်နေရင်း လမ်းလျှောက်ခြင်းလိုပင် sexsomnia သည် အိပ်နေစဉ်တွင် လိင်ဆက်ဆံသည်ကိုတွေ့ရပါသည်။ ဤအကြောင်းသဘာ၀ sexsomnia ကို တွေ့ကြုံရသူများက မှားယွင်းစွာ နားလည် ကုသမိကြပါသည်။   အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း (sexsomnia)ဆိုသည်မှာဘာလဲ။ အိပ်နေရင်းလိင်ဆက်ဆံခြင်းဖြစ်သည်။ ၎င်းသည်NREM (အိပ်တဝက်နိုးတဝက်အခြေအနေ) ပုံစံမျိုးဖြစ်ကာ လူများကိုလိင်ဆက်ဆံသည့်အပြုအမူဖြစ်သည့် ပွတ်သပ်ခြင်း၊ လိင်အင်္ဂါကိုလက်နှင့်နှိုးဆွကာ ကာမဂုဏ်ခံစားခြင်း၊ လိင်ဆက်ဆံခြင်းနှင့် တစ်ခါတစ်ရံမုဒိမ်းကျင့်ခြင်း စသည်တို့ကိုအိပ်ပျော်နေစဉ် ပြုလုပ်မိစေပါသည်။ အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းရှိသည့် လူတစ်ယောက်သည် လုံးဝနှစ်ခြိုက်စွာအိပ်ပျော်နေလျှင် ရှေ့ရက်ကဘာတွေဖြစ်ခဲ့သည်ကို မှတ်မိနိုင်မည်မဟုတ်ပေ။ အများဆုံးတွေ့ရသည်မှာ လူတစ်ဦးသည်တွေ့ကြုံခဲ့သော အဖြစ်အပျက်ကို သတိမရနိုင်(သို့) ငြင်းဆိုနေမည်ဖြစ်သည်။ ဘာတွေကအိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ကိုဖြစ်စေသလဲ။ အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း အပါအဝင်အိပ်စက်ခြင်းဆိုင်ရာ ပြဿနာအများအပြားသည် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သင်မသိရှိနိုင်တဲ့ ယောက်ျားလေးတွေရဲ့ လိင်စိတ်ဖြေဖျောက်ခြင်း နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးခု

လိင်စိတ်ဖြေဖျောက်ခြင်း ဆိုတာ ယောက်ျားလေးတိုင်း ကျွမ်းကျင်ကြတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာလည်း လျှို့ဝှက်ချက်လေးတွေ ရှိပါတယ်၊၊ အောက်ဖော်ပြပါ လျှို့ဝှက်ချက်တွေကို သိရဲ့လားလို့ ကြည့်လိုက်ကြရအောင်။ အမျိုးသားတွေက ကိုယ့်ရဲ့ လိင်စိတ်ဖြေဖျောက်ခြင်းဟာ ပုံမှန်ဟုတ်ရဲ့လားဆိုတာ တွေးတောတတ်ကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတောင် ပုံမှန်ဟုတ်ခြင်းနဲ့ ပုံမှန်မဟုတ်ခြင်းကို တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မပေးနိုင်ပါဘူး။ ဒါဟာ ဘာလို့လဲဆိုတော့ အမျိုးသားတွေကြားမှာ လိင်စိတ်ဖြေဖျောက်တဲ့ အကြိမ်အရေအတွက်နဲ့ ပြုလုပ်ပုံကွာခြားလို့ပဲ ဖြစ်ပါတယ်။ နောက်တစ်နည်းပြောရရင် လိင်စိတ်ဖြေဖျောက်ခြင်းဆိုတာ ပုံစံအမျိုးမျိုးရှိနိုင်တဲ့အတွက် ပုံသေသတ်မှတ်ထားလို့မရပါဘူး။ အမျိုးသားတစ်ယောက်ဟာ ကြိုက်တဲ့နေရာမှာ၊ ကြိုက်တဲ့အရာနဲ့ သူ့ဟာသူလိင်စိတ်ဖြေဖျောက်နိုင်ပါတယ်။ (၁) လိင်စိတ်ဖြေဖျောက်ခြင်း မှာ လိင်ဆက်ဆံခြင်းလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေ မရှိပါဘူး။ ဟုတ်ပါတယ်။ လိင်ဆက်ဆံခြင်းကတော့ သွေးဖိအား၊ နှလုံးနဲ့ ဆီးကျိတ်စတာတွေအပေါ် ပုံစံအမျိုးမျိုးနဲ့ အကျိုးပြုပါတယ်။ ဒါပေမယ့် လိင်အထွတ်အထိပ်ရောက်ခြင်းပုံစံအားလုံးကတော့ အကျိုးရရှိပုံခြင်းမတူပါဘူး။ တကယ်တော့ လိင်စိတ်ဖြေဖျောက်ခြင်း ဟာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ

အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ ဘာတွေကြောင့် ဖြစ်တာလဲဆိုတာကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် ဆိုတာ အမြဲများနေတတ်တာပါ။ မဟုတ်ဘူးလား။ မဟုတ်ပါဘူး။ အမျိုးသားငါးယောက်မှာတစ်ယောက်ဟာလိင်စိတ်ကျဆင်းခြင်းကိုခံစားနေရပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ ဆရာဝန်တွေကတောင်မှ အမျိုးသားတွေကိုအမြဲလိင်ဆက်ဆံချင်နေတဲ့ လိင်စက်ရုပ်တွေလို မြင်ကြပါတယ်လို့Pioneering sex researcher, Irwin Goldstein က ပြောပါတယ်။ ဒါပေမယ့် ဒါဟာ ပြဿနာမဟုတ်ပါဘူးလို့ သူကဆက်ပြောပါတယ်။ ၂၀%သောအမျိုးသားတွေဟာ လိင်စိတ်လျော့နည်းလွန်းလို့ လိင်ဆက်ဆံတာကလွဲပြီးအကုန်လုပ်မယ်ဆိုတာမျိုးတွေ ဖြစ်ပါတယ်လို့သူဟာ WebMD မဂ္ဂဇင်းကိုပြောပါတယ်။ အမျိုးသားငါးယောက်မှာတစ်ယောက်ကလိင်စိတ်လျော့နည်းတယ်၊ ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါဆိုဘာလို့များမကြားဖူးရတာလဲ။ တကယ်တော့ အမျိုးသမီးတော်တော်များများဟာယောက်ျားတွေရဲ့ ဒီညတော့ အဆင်မပြေဘူးဆိုတာမျိုးကို ကြားဖူးပေမယ့် သူတို့ကဒါဟာ ဖြစ်တောင့်ဖြစ်ခဲအခြေအနေလို့ ထင်ကြတာပါ။ တကယ်တော့ ၃၀% သောအမျိုးသမီးတွေဟာသူတို့ဟာသူတို့ အမျိုးသားတွေထက် လိင်စိတ်ပိုမိုများပြားတယ်လို့ ဝန်ခံခဲ့ ကြပါတယ်။ လိင်စိတ်လျော့နည်းခြင်း အကြောင်းရင်း ဒါဆိုဘာလို့ လိင်စိတ်လျော့နည်းတာပါလဲ။ များပြားသောအသက်ကြီးသူတွေဟာလိင်ကိစ္စကိုအလွန်စိတ်ဝင်စားတတ်ပေမယ့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့်

သင့်ချစ်သူနဲ့ ပြန်လည်ရင်းနှီးဖို့ ကြိုးစားနေပါသလား။ ရိုးစင်းပေမယ့် စိတ်ဝင်စားစရာကောင်းပြီး လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း ကို စမ်းသပ်ကြည့်ပါလား။ တစ်ခါတလေမှာ စုံတွဲတွေက လိင်ဆက်ဆံဖို့ အရေးကြီးတဲ့အချက်အချို့ကို ကျော်သွားတတ်ကြပါတယ်။ ဆိုလိုချင်တာက သူတို့က လိင်ဆက်ဆံဖက်ရဲ့ခန္ဓာကိုယ်ကို လျစ်လျူရှုလိုက်တာပဲ ဖြစ်ပါတယ်။ လိင်စိတ်ကြွစေတဲ့ နှိပ်နယ်ခြင်းဆိုတာ စုံတွဲတွေမှာ အရင်က လိင်စိတ်မနိုးကြားစေခဲ့ဖူးတဲ့ လိင်ဖက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအသစ်တွေကို ရှာဖွေတွေ့ရှိစေပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်စိတ်ကြွစေတဲ့ နှိပ်နယ်မှုတွေ အကြောင်းကို တစ်ဆင့်ချင်းစီ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့် လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့် ကတော့ ၁။ သင့်တော်တဲ့ နေရာကို ရွေးချယ်ပါ။ လိင်ဆက်ဆံဖို့အတွက် ပျော့ပျောင်းတဲ့ ခုတင်ဟာ အကောင်းဆုံးဖြစ်ပေမယ့် အကောင်းမွန်ဆုံး နှိပ်နယ်မှုအတွက် နေရာကတော့ တောင့်တင်းခိုင်ခံ့ပြီး မာကြောတဲ့ မျက်နှာပြင်တစ်ခု ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင်နေရာပြောင်းလိုက်ရင် သင့်ချစ်သူကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု

အချို့သုတေသီတွေဟာ အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ အမှားများစွာကို ပြုလုပ်ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ အောက်ပါအချက်တွေကတော့ လိင်ဆက်ဆံစဉ် အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု နဲ့ သင်နဲ့ ထိုက်တန်တဲ့ သာယာမှုကိုဘယ်လိုရယူရမလဲဆိုတာတွေဖြစ်ပါတယ်။ အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု ကတော့ လိင်ဆက်ဆံရာတွင်အရင်စတင်ခြင်းမပြုကြခြင်း ကျွန်မတို့ အတော်များများဟာ မိန်းမဆန်တဲ့ အပြုအမူတွေ အပေါ် စိတ်ပူပန်မှု ရှိတတ်ကြပါတယ်။ အတင်းအကြပ်လုပ်တဲ့ ခံစားချက်တွေ ပြည့်နှက်နေတဲ့ စိတ်တိုလွယ်တဲ့ မိန်းကလေးတစ်ယောက်ပုံစံနဲ့ မတူညီချင်ကြပါဘူး။ ဒါကြောင့် လိင်ကိစ္စကို အရင်စတင်ခြင်း မပြုလုပ်မှုဟာ အမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ လေးနက်တဲ့ အမှားတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေဟာ သူတို့ကပဲ အမြဲအရင်စနေရတဲ့သူတွေလို့ ခံစားရပြီး ဒါကပဲ သင်တို့ရဲ့ ဆက်ဆံရေးကြားမှာစိတ်ထက်သန်မှု ပမာဏ မညီမျှမှုကို ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့်တော့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ

အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ အကြောင်း လေ့လာလိုက်ရအောင်နော်။ လိင်ကိစ္စမှာစိတ်ဝင်စားမှု လျော့နည်းတာဟာ ပုံမှန်ဖြစ်ပြီး လိင်စိတ် စွမ်းအားဟာလည်း ဘဝတစ်လျှောက်မှာ ကွဲပြားမှု ရှိပါတယ်။ သင့်ချစ်သူနဲ့ တစ်ခါတစ်ရံလိင်မဆက်ဆံချင်တာကလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း အချိန်အကြာကြီး လိင်စိတ် လျော့နည်းတာဟာ အချို့သူတွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ လိင်စိတ် လျော့နည်းခြင်းဟာ မမြင်နိုင်တဲ့ ကျန်းမာရေးအခြေအနေတွေရဲ့ လက္ခဏာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ အောက်ဖော်ပြပါအချက်တွေကတော့ အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ ဖြစ်ပါတယ်။ ၁။ ယောက်ျားဟော်မုန်းနည်းခြင်း။ ယောက်ျားဟော်မုန်းဟာ အမျိုးသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ၎င်းကို ဝှေးစေ့အတွင်းကနေ ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းဟာ ကြွက်သားတွေနဲ့ အရိုးတွေ သန်မာစေပြီး သုက်ပိုးထွက်ရှိမှုကို အားပေးပါတယ်။ ဟော်မုန်းပမာဏဟာလည်း လိင်စိတ်ရရှိဖို့အတွက် အဓိကကျပါတယ်။ သင့်ယောက်ျားဟော်မုန်းပမာဏဟာ ၃၀၀ ကနေ ၃၅၀ ng/dl […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)