လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံရင် ဝိတ်ကျ သလား

စုံတွဲတွေကြားမှာ စနောက်လေ့ ရှိတဲ့စကားက ကယ်လိုရီ သွားburnကြမယ်၊ အိပ်ရာထဲမှာ လေ့ကျင့်ခန်း သွားလုပ်ကြမယ်ဆိုတာပါ။ ဆိုလိုတာက လိင်ဆက်ဆံရင် ဝိတ်ကျ မယ်လို့ ယုံကြည်ကြတာကြောင့်ပါ။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတာကြောင့် ကယ်လိုရီလောင်ကျွမ်းတာက မှန်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျရလောက်အောင် ကယ်လိုရီလောင်ရဲ့လား။ သုတေသနတွေက ဘာပြောလဲ လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှု ရှိမရှိကို စိတ်ဝင်စားတာက ကိုယ်တွေတင်မကပါဘူး။ နိုင်ငံခြားက ပညာရှင်တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Montrealမှာ ရှိတဲ့ University of Quebecက လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေ့လာချက်မှာ သူတို့က အသက် ၂၀ကျော် ကျားမစုံတွဲ ၂၁တွဲကို လိင်ဆက်ဆံချိန်နဲ့ သာမန်လေ့ကျင့်ခန်းလုပ်ချိန်မှာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏတွေကို လေ့လာခဲ့ကြပါတယ်။ ရလဒ်ကတော့ ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မကြာခဏလိင်စိတ်ဖြေခြင်းက မျိုးအောင်မှုကို အနှောင့်အယှက်ဖြစ်စေသလား

အမျိုးသားတွေ လုပ်လေ့ရှိတဲ့ လိင်စိတ်ဖြေခြင်း ဆိုတာက သူတို့ရဲ့ လိင်အင်္ဂါကို လိင်ပိုင်းဆိုင်ရာ နှိုးဆွမှု လုပ်ပြီး ဆန္ဒပြီးမြောက်တဲ့အထိ လုပ်ဆောင်တာကို ခေါ်တာပါ။ အဲဒီလို စိတ်ဖြေပြီးသွားရင် သုက်ရည်တွေ ထွက်လာပါတယ်။ စုံတွဲတစ်တွဲက ကလေးယူဖို့ ကြိုးစားနေမယ်ဆိုရင်တော့ အမျိုးသားအနေနဲ့ သူရဲ့ သုက်ရည်တွေကို မျိုးအောင်နိုင်တဲ့ ပမာဏကျန်နေအောင် သူ့ရဲ့ လိင်စိတ်ဖြေမှုကို ထိန်းချုပ်ဖို့ လိုပါတယ်။ ဒါပေမယ့်လည်း မကြာခဏ လိင်စိတ်ဖြေခြင်းဟာ ကိုယ့်ရဲ့မျိုးအောင်နိုင်စွမ်းအပေါ် ကြီးမားတဲ့ အနှောင့်အယှက်တော့ မပေးပါဘူး။ တချို့သော အချက်အလက်တွေအရ သုက်ထွက်မှု (၂)ရက် သို့မဟုတ် (၃)ရက်ကြာ မရှိဘူးဆိုရင် သုက်ရည်တွေရဲ့ အရည်အသွေးဟာ ပုံမှန်အနေအထား ပြန်ရောက်သွားပါတယ်။ တချို့သုတေသန တွေ့ရှိချက်တွေမှာဆိုရင် နေ့စဉ် သုက်ထွက်မှုရှိနေရင်တောင်မှ သုက်ကောင်တွေရဲ့ လှုပ်ရှားမှုနဲ့ ပမာဏဟာ ပုံမှန်အတိုင်းပဲ ရှိနေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အားလပ်ရက်မှာ သာယာကြည်နူးစရာဖိုမကိစ္စဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲ

အားလပ်ရက်တွေဆိုတာ စုံတွဲတွေအတွက် ပျော်စရာအချိန်တွေပါ။ ဒါကြောင့် သင်နေရောင်ကာ ခရမ်တွေ၊ ရေကူးဘောင်းဘီတွေနဲ့ သဘက်တွေထည့်နေတာနဲ့အတူ ဒီတစ်ပတ်ရဲ့ အားလပ်ရက်မှာလိင်ကိစ္စသာယာမှု ဘယ်လိုလုပ်မလဲဆိုတာ ဖော်ပြပေးမယ့် ဒီဆောင်းပါးကို ကော်ပီလေးတော့ကူးယူထားသင့်ပါတယ်။ ၁။ ကြိုတင်ပြင်ဆင်ထားပါ။ အန္တရာယ်အကင်းဆုံးနည်းကို ရွေးလိုက်ကြရအောင်။ တကယ်လို့သင်က လိင်ကနေကူးစက်တဲ့ရောဂါတွေ (STDs) မကူးစက်နိုင်တာ ၁၀၀% မသေချာဘူးဆိုရငိ ကွန်ဒုံး ဆောင်ထားပါ။ ပြီးတော့ ကွန်ဒုံးဘယ်လောက်ရှိလဲ သိထားပါ။ ဒါမှမဟုတ်ရင်တော့ အစီအစဉ်မရှိဘဲ ကိုယ်ဝန်ရတာတွေဖြစ်သွားနိုင်တယ်။ ၂။ ဟိုတယ်မှာရတဲ့ ဝန်ဆောင်မှုတွေကို လေ့လာပါ။ သင့်ဟော်တယ်ခန်းက တောက်ပြောင်သန့်ရှင်း ရိုမန်တစ်ဆန်ပြီး လိင်မှုကိစ္စလုပ်ဖို့ အဆင်ပြေနေပါစေ။ အသံလုံတဲ့ ဟော်တယ်အခန်းမျိုးကို ကြိုတင်ဘွတ်ကင်လုပ်ထားတာ ပိုကောင်းပါတယ်။ ၃။ Foreplay (အစပျိုး)ပါ Foreplay ဆိုတာ သင်အကျီချွတ်မချလိုက်ခင်က စပါတယ်။Foreplay ကလိင်ဆက်ဆံမှုကောင်းအောင်လုပ်မယ့် ပထမအဆင့်ဖြစ်ပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာကလည်း လိင်မှုကိစ္စ ရဲ့ သေးငယ်တဲ့အစိတ်ပိုင်းလေးတစ်ခုသာဖြစ်ပါတယ်။ အိမ်ထောင်ပြုတဲ့အခါ ဒီထက်ပိုရင်းနီးအောင်နေစရာတွေအများကြီးရှိတဲ့အတွက် ဘာလို့ဒီတစ်ခုတည်းကိုပဲ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်ဆန္ဒကို ကျဆင်းစေသော အဖြစ်များသည့် အချက် ၁၀ချက်

တစ်ခါတစ်လေ သင့်အနေနှင့် လိင်မဆက်ဆံလိုတဲ့ အချိန်တွေရှိနိုင်တယ်။ သင်နှင့် သင့်အဖော်ကြားမှာ လိင်ဆက်ဆံဖို့ စိတ်မပါတဲ့အချိန်မျိုး ရှိတတ်တယ်။ သင့်လိင်စိတ်ကိုလျော့နည်းစေတဲ့ အချက်တွေများစွာရှိတယ်။ ဒီထဲက အဖြစ်များတဲ့ ၁၀ချက်ကို အောက်တွင်ဖော်ပြထားပါသည်။ စိတ်ဖိစီးမှု အလုပ်အကိုင်၊ ငွေကြေး၊ အိမ်နှင့် အိမ်နီးချင်းတွေကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်တတ်တယ်။ စိတ်ဖိစီးမှုများနေချိန်တွင် သင်ဟာ အရာရာကို အဆိုးမြင်နေတတ်တယ်။ ဒါကြောင့် စိတ်ဖိစီးမှု ဖြစ်နေချိန်မှာ သင်ဟာလိင်မှုကိစ္စမှ ရှောင်ဖယ်နေတတ်တယ်။ သင့်စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးတယ်။ ဒီလိုအခြေအနေမှာ သင့်ကျန်းမာရေး စောက်ရှောက်သူနှင့် ဆွေးနွေးဖို့လိုအပ်တယ်။ အိပ်ရေးပျက်ခြင်း သင်ဟာ လုံလောက်စွာအိပ်မပျော်ရင် ပင်ပန်းနွယ်နယ်ခြင်းကို ခံစားရနိုင်တယ်။ ပင်ပန်းနွယ်နယ်နေတဲ့အခါ လိင်စိတ်ကျစေနိုင်တယ်။ သင်အရမ်းပင်ပန်းနေတဲ့အချိန်မှာ အိပ်တာကလွဲပြီး တခြားအရာတွေကို စိတ်မဝင်စားနိုင်တော့ပါဘူး။ ကလေးရှိခြင်း သင့်မှာကလေးရှိတဲ့အခါ သူတို့ကိုပြုစုဖို့၊ သူတို့နဲ့ကစားပေးဖို့၊ အစားအသောက်ကျွေးဖို့အတွက် သင့်အချိန်တွေကို သုံးရပါတယ်။ ထို့ကြောင့် သင့်မှာလိင်ဆက်ဆံဖို့အတွက် အချိန်မပေးနိုင်တာဖြစ်သွားတတ်ပါတယ်။ ကလေးထိန်းခေါ်တာက အကြံကောင်းဖြစ်ပါတယ်။ ကလေးကို ကလေးထိန်းကကြည့်ပေးခြင်းဖြင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လှူတယ် ဆိုတာဘယ်လိုလဲ။

သုက်လှူတယ် ဆိုတာဘယ်လိုလဲ။ သုက်ရည် လှူဒါန်းတယ်ဆိုတာ လွယ်ကူသလိုထင်ရပါတယ်။ ဆေးခန်းကိုသွား၊ စာရင်းပေး၊ ပြီးရင် ခွက်လေးထဲထည့်မယ်။ ဒါပေမယ့် ဒီလောက်မရိုးရှင်းပါဘူး။ လှူဒါန်းတဲ့ ကိစ္စတစ်ခုလုံးဟာ သင်ထင်တာထက်ပိုပြီး ရှုပ်ထွေးသလို အချိန်လည်းကုန်ပါတယ်။ သုက်လှူမယ်ဆိုရင် သင်အင်တာဗျူးအောင်ရပါမယ် သုက်ပိုး လှူတယ်ဆိုတာ အလုပ်လျှောက်တာနဲ့တောင် တူပါတယ်။ ပထမဆုံးသင့်ကို စစ်ဆေးပါမယ်။ ဆရာဝန်က သင့်ကိုယ်အလေးချိန် အရပ်ကိုတိုင်းမယ်။ နောက် သင်ကဆေးလိပ် ဒါမှမဟုတ် အရက်သောက်သူလား၊ သင့်ရောဂါရာဇဝင်နဲ့ မိသားစုမျိုးရိုးလိုက်တဲ့ ရောဂါတွေ ရှိ၊ မရှိမေးခွန်းတွေ မေးပါမယ်။ သွေးစစ်တာနဲ့ ဗီဇ DNA စစ်ဆေးပြီး သုက်ပိုး အလှူရှင်ဖြစ်ဖို့ ကျန်းမာရေးစံမီ၊ မမီကိုကြည့်ပါမယ်။ ဒါ့အပြင် သုက်ရည် အနည်းငယ်ကိုလည်း နမူနာစမ်းသပ်ဖို့ ပေးရပါဦးမယ်။ ဆေးခန်းပေါ်မူတည်ပြီးတော့ သင့် သုက်ပိုး မှာ ရောဂါရှိ၊ မရှိ သေချာအောင်လုပ်တဲ့အတွက် နမူနာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးမွေးပြီးနောက် လိင်ဆက်ဆံခြင်း

ကလေးမွေးပြီးတဲ့အချိန်မှာ သင့်ကလေးကိစ္စတွေပြီးမှ လိင်ကိစ္စကို နောက်ဆုံးထားပြီး စဉ်းစားတတ်ကြပါတယ်။ သို့သော် လိင်ကိစ္စဟာ သင့်နှင့် သင့်အဖော်အတွက် အရေးပါတဲ့ဘ၀ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သင်ဟာ ဘယ်အချိန်မှာ ပြန်ပြီး လိင်ဆက်ဆံလို့ရမလဲ။ ဘယ်လိုဆက်ဆံရင် သက်တောင့်သက်သာရှိမလဲ။ သင်ဟာ ဒီဖော်ပြထားတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားနိုင်တယ်။ ကလေးမွေးပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရမလဲ။ သင့်ကလေးက သင့်အတွက်အံ့အားသင့် ဝမ်းသာစရာဖြစ်တယ်။ ဒါပေမယ့် ကလေးကို ထိန်းကျောင်းနေခြင်းက သင့်ရဲ့လိင်ကိစ္စကို ထိခိုက်စေတတ်ပါတယ်။ ကလေးမွေးပြီးချိန်တွင် သင်နှင့် သင့်အဖော်၂ယောက်စလုံးက လိင်ဆက်ဆံချိန်အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အသင့်ဖြစ်နေဖို့ အရေးကြီးတယ်။ သင်တို့ ၂ယောက်စလုံး လိင်ဆက်ဆံလိုစိတ်ရှိမှ သာယာတဲ့ ဆက်ဆံရေးကို ရရှိနိုင်မှာပါ။ ကလေးမွေးပြီးချိန်တွင် သင့်စိတ်အနေအထားကလည်း ပုံမှန်အခြေအနေပြန်ဖြစ်လာဖို့ ၊ မိန်းမကိုယ်ပြန်ကျဉ်းလာဖို့ နဲ့ ကလေးမွေးပြီး သွေးဆင်းတာတွေရပ်သွားဖို့ အချိန်တစ်ခုတော့ လိုပါတယ်။ သွေးဆင်းတာမရပ်ခင် လိင်ဆက်ဆံလျှင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ

အမျိုးသမီးများမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် လိင်စိတ်ဆန္ဒဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာတတ်ပါတယ်။ တကယ်လို့ သင်က လိင်စိတ်ဆန္ဒ လျော့နည်းလာတာကို သတိထားမိရင် အဲဒီ အခြေအနေကို ပြောင်းလဲဖို့ လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။ သင့်မှာ သာယာကျေနပ်ဖွယ် လိင်မှုကိစ္စ ရှိရင် ပိုပြီး နေပျော်လာနိုင်တာကြောင့် လိင်စိတ်ဆန္ဒ ပျောက်ဆုံးနေတဲ့ အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒအပေါ်  သက်ရောက်မှုရှိတဲ့အရာတွေက ဘာလဲ။ လိင်ဆက်ဆံလိုစိတ်ရှိခြင်းဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာခြင်း မကျန်းမာခြင်းကို ထင်ဟပ်နေပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး လိင်နဲ့ဆိုင်တဲ့ပြဿနာကတော့ လိင်စိတ်ကျဆင်းခြင်း (သို့) လိင်ဆက်ဆံလိုစိတ် မရှိခြင်းဖြစ်ပါတယ်။ ဥပမာ သွေးဆုံးကိုင်တဲ့အခါ သင့်ကိုယ်ထဲက အီစထရိုဂျင် (Estrogen)နဲ့ ပရိုဂျက်စတိုဂျင် (Progesterone) ဟော်မုန်းတွေကို ကျစေတဲ့အတွက် သင့်လိင်စိတ်ကို ကျဆင်းစေနိုင်တယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်ဆန္ဒကို ပြန်လည် တက်ကြွစေမယ့် အလေ့အကျင့် ၁၅ ခု

လိင်စိတ်ဆန္ဒနည်းတယ်ဆိုတာ ချစ်သူ လင်မယားတွေကြားမှာတော့ ပုံမှန်လို့ပဲ ပြောနိုင်ပါတယ်။ ၃၀ ရာခိုင်နှုန်းသော မိန်းမတွေနဲ့ ၁၅ ရာခိုင်နှုန်းသော ယောက်ျားတွေဟာ အဲဒီအခြေအနေကို ကြုံတွေ့နေကြပါတယ်။ နဂိုလိင်စိတ်ကို ပြန်ရနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ အချက် ၁၅ချက်ကို ဖော်ပြပါ့မယ်။ များများ ချိန်းတွေ့ပေးပါ။ ပိတ်ရက်တွေမှာ အိမ်မှာမနေပါနဲ့။ အဲဒါက သင့်လိင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။ အိမ်မှာနေမယ့် အစား စားသောက်ဆိုင် တစ်ဆိုင်မှာ ချိန်းတွေ့ပြီး ရိုမန်တစ်ဆန်တဲ့ ညတစ်ညကို ဖန်တီးလိုက်ပါ။ အချစ်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုက သင့်လိင်စိတ်ကို ပြန်လည် မြင့်မားစေပါလိမ့်မယ်။ တားဆေး ပြောင်းသုံးပေးပါ။ တားဆေးတွေကြောင့် ဟော်မုန်းပြောင်းလဲခြင်းက တက်စတိုစတီရုန်းဟော်မုန်းကို နည်းစေခြင်းအားဖြင့် လိင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။ အခြားဆေးတွေကြောင့်လား ဆန်းစစ်ကြည့်ပါ။ သင်လိင်စိတ်နည်းနေပြီဆိုရင်တော့ သွေးတိုး၊ စားချဉ့်ပြန်ရောဂါ ၊ စိတ်လှုပ်ရှားခြင်းနှင့် စိတ်ဓာတ်ကျခြင်း တို့အတွက် ပေးထားသော ဆေးများကြောင့် ဖြစ်နိုင်ပါတယ်။ ထိုအတွက် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖြည့်စွက်စာတွေက သင့်ကို လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေသလား

အံ့ဩသွားလား။ ဟုတ်ပါတယ် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းနေသူတွေ၊စိတ်မပါလက်မပါ ဖြစ်နေသူတွေ မပူပါနဲ့တော့။ ဘာလို့လဲဆိုတော့ သင့်လက်တကမ်းအကွာမှာ ရှာဖွေရလွယ်ကူပြီး အရသာရှိလှတဲ့ အစားအစာတွေက သင့်ကို ကယ်တင်ဖို့ စောင့်ဆိုင်းနေလို့ပါပဲ။ ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်ပြီး သင့်ရဲ့ စွမ်းဆောင်ရည်တွေကို အဆုံးစွန်ထိ မြှင့်တင်ပေးမယ့် အစားအစာငါး၅မျိုးအကြောင်း လေ့လာလိုက်ပါ။   ၁။ ချောကလက် အမည်း ချောကလက်စားတာဟာ ခံတွင်းလိုက်စေရုံသာမက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်။ ချောကလက် အမည်းတွေရဲ့ ၇၀ရာခိုင်နှုန်းမှာ ကိုကာ ပါဝင်ပါတယ်။ ကိုကာဟာ ဒိုပါမင်းဓါတ် အလျှံပယ်ပါဝင်တာကြောင့် ချောကလက်အမည်းကို လုံလောက်စွာ စားပေးမယ်ဆိုရင် သင့်ဦးနှောက်ထဲမှာ ဒိုပါမင်းပမာဏ မြင့်မားနေပါလိမ့်မယ်။ ဒိုပါမင်းရဲ့ နောက်နာမည်တမျိုးက "သာယာမှုကို ပေးနိုင်တဲ့ ဓါတုပစ္စည်း" ဖြစ်ပါတယ်။ ဒီနာမည်အတိုင်းပဲ ဒိုပါမင်းဟာ သင့်ကို စိတ်တက်ကြွစေ၊စိတ်လက်သက်တောင့်သက်သာရှိစေပြီး သင့်ခန္ဓါကိုယ်ရဲ့ တုန့်ပြန်မှုကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

သင့်ရဲ့ လိင်ဆက်ဆံသူမှာ ကျန်းမာတဲ့ သုက်ရည်ရှိပါသလား။ ဒါဟာ အမျိုးသမီးတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းပဲဖြစ်ပါလိမ့်မယ်။ သုက်ပိုးရဲ့ အရည်အသွေးကို စစ်ဆေးကြည့်နိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းမရှိပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်ကို သွားပြသင့်ပြီး စစ်ကြည့်တာပါပဲ။ အောက်ဖော်ပြပါ အချက်အလက်တွေကတော့ သင့်ကိုအမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ ခန့်မှန်းဖို့အတွက် ကူညီပေးပါလိမ့်မယ်။ အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ သိနိုင်သော လက္ခဏာ ၆ ရပ် အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ ခန့်မှန်းနိုင်သော လက္ခဏာ ၆ ရပ် ကတော့ ၁။ သူဟာ ငါးကြိုက်ပါတယ်။ ငါးဟာ သူ့အကြိုက်ဆုံး အစားအစာဖြစ်တယ်ဆိုရင် သူ့သုက်ပိုး အရည်အသွေးဟာ မြင့်မားဖို့ ရာခိုင်နှုန်းများတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ဟားဗတ်တက္ကသိုလ်က လေ့လာမှုတစ်ခုအရ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ

ဆက်ဆံမှု တစ်ခုမှာ သင်တို့ နှစ်ယောက်ဟာ တစ်ယောက် နဲ့ တစ်ယောက် စိတ်ဝင်စားမှု လျော့နည်းသွားပြီးနောက် အသည်းအသန် ပြန်လည် ချစ်ခင်ချင်ကြတာမျိုး ရှိနိုင်ပါတယ်။ နောက်တစ်မျိုး ပြောရရင် စစချစ်တုံးကလို ခံစားမှုမျိုး ပြန်လည် ရရှိချင်ကြပါတယ်။ ဒါကို ဘယ်လို လုပ်ယူမလဲ။ ဒီဆောင်းပါးမှာတော့ ဒီကိစ္စပေါ်မှာ အကြံဉာဏ်တွေ ပေးသွားမှာ ဖြစ်ပါတယ်။ ကဲ .... ဒီတော့ အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ ဆိုတာလေး ကြည့်လိုက်ရအောင်နော်။ အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲဆိုတော့ သေချာ နားထောင်နော် သင့်ရဲ့ ပျောက်ဆုံးနေတဲ့ အချစ်ကို ပြန်လည် တွေ့ရှိဖို့ အဓိက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)