backup og meta

သုက်လွှတ်စောခြင်း ဖြစ်နေပါသလား။ ဒါကို ဘယ်လို ကုသမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Kaung Thar မှ ရေးသားသည်။ · 18/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုက်လွှတ်စောခြင်း ဖြစ်နေပါသလား။ ဒါကို ဘယ်လို ကုသမလဲ။

    အိပ်ခန်းထဲမှာ သုက်အလွှတ်မြန်လို့ ရှက်ရွံ့မှုကို ခံစားနေရပါသလား။ ဒါကို အချိန်မတိုင်မီ သုက်လွှတ်ခြင်း သို့မဟုတ် သုက်လွှတ်စောခြင်း လို့ ခေါ်ပါတယ်။

    သုက်လွှတ်စောခြင်း ဘာကြောင့်ဖြစ်တာလဲ။

    လှုံ့ဆော်မှု လွန်ကဲတဲ့အခါ အချိန်မတိုင်မီ သုက်လွှတ်ခြင်း အဖြစ်များပါတယ်။ ဒါပေမယ့် အချိန်မတိုင်မီ သုက်လွှတ်တတ်တဲ့ လူတွေဟာ လှုံ့ဆော်မှု အနည်းငယ်နဲ့တောင်မှ ဖြစ်တတ်တာကို တွေ့ရပါတယ်။ ဒါဟာ စိတ်ကျေနပ်ဖွယ်မကောင်းတဲ့ လိင်ဆက်ဆံမှုကို ဖြစ်ပေါ်စေပြီး နှစ်ဖက်လုံး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

    ဒီအခြေအနေကို စိတ်ခံစားမှုတွေက ပိုမိုဆိုးဝါးစေပါတယ်။ စိတ်ပူပန်မှု၊ အပြစ်တင်မှု၊ စိတ်ကျမှုတွေဟာ ဒါကို ပိုဆိုးစေပါတယ်။ သုက်လွှတ်စောခြင်းက အမျိုးသားတွေအတွက် အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။

    ဒါက အမျိုးသားတွေရဲ့ ဘဝတလျှောက်မှာ တစ်ချိန်ချိန်မှာ ကြံရနိုင်ပေမယ့် အမျိုးသားတွေဟာ အသက်အရွယ်နဲ့ အတွေ့အကြုံအရ လိင်ဆက်ဆံစဉ်မှာ သုက်လွှတ်စောခြင်း ကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ သင်ယူလာတတ်ကြပါတယ်။

    အချို့ကိစ္စတွေမှာတော့ ဟော်မုန်း ပြဿနာတွေ၊ လိင်အင်္ဂါဒဏ်ရာ ရရှိမှုတွေနဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ အစရှိတဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေနဲ့ ဆက်စပ်မှု ရှိတတ်ပါတယ်။

    သုက်လွှတ်စောခြင်းကို ဘယ်လိုနှောင့်နှေးအောင် လုပ်မလဲ။

    ပထမဆုံးလုပ်ရမှာကတော့ သင့်မှာ အချိန်မတိုင်ခင် သုက်လွှတ်ခြင်းကို ဖြစ်စေတဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေ ရှိလားဆိုတာ သိစေဖို့ ဆရာဝန်နဲ့ ပြသရမှာပါ။ ရှိတယ်ဆိုရင်တော့ နောက်တစ်ဆင့်က ဒီရောဂါတွေကို ကုသဖို့ပါပဲ။

    လူနာအများစုမှာ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်းဟာ အချိန်နဲ့ အမျှ သက်သာလာတတ်ပါတယ်။ သင်ဟာ အရက်၊ ဆေးလိပ်သောက်သုံးသူဆိုရင် ဒါတွေကို ဖြတ်လိုက်တာကလည်း ဒီအခြေအနေကို သက်သာစေမှာပါ။

    သင့်လိင်ဆက်ဆံဖက်နဲ့ သုက်လွှတ်ချိန်ကို နှောင့်နှေးစေမယ့် နည်းလမ်းတွေကို လေ့ကျင့်သင့်ပါတယ်။ ဥပမာ- သုက်လွှတ်ခြင်းကို ဖြစ်စေမယ့် အာရုံခံစားမှုတွေကို ခွဲခြားပြီး ထိန်းချုပ်နိုင်အောင် သင်ယူနိုင်ပါတယ်။

  • သုက်မလွှတ်ခင်မှာ လိင်တံကို ညှစ်ထားခြင်း
  • လိင်ဆက်ဆံမှုနဲ့ မဆိုင်တဲ့ ကိစ္စတွေကို စဉ်းစားခြင်းအားဖြင့် လှုံ့ဆော်မှုကနေ အာရုံပြောင်းခြင်း
  • ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံစဉ်မှာ အခြားပုံစံတွေကို စမ်းသပ်ကြည့်ခြင်းဟာလည်း လှုံ့ဆော်မှုကို လျှော့ချနိုင်ပါတယ်။
  • ထုံစေတဲ့ ခရင်တွေဖြစ်တဲ့ lidocaine ဒါမှမဟုတ် အလားတူ ထုံစေတဲ့ အရာကို ကွန်ဒုံးအောက်မှာ ထားခြင်းဟာလည်း အာရုံခံစားမှုကို လျော့ကျစေပါတယ်။
  • စိတ်ကျရောဂါကုဆေးတွေဖြစ်တဲ့ Paxil (paroxetine), Zoloft (sertraline), Prozac (fluoxetine) တို့ကိုလည်း သုက်လွှတ်စောခြင်း ကိုကုသဖို့ တစ်ခါတလေမှာ ဆရာဝန်က ညွှန်လေ့ရှိပါတယ်။
  • လိင်မဆက်ဆံခင် တစ်ကိုယ်ရည် ဆန္ဒအရင် ဖြေဖျောက်ခြင်းကို ပြုလုပ်နိုင်ပါတယ်။
  • ရပ်-စ လိင်စိတ်ဖြေဖျောက်ခြင်းကိုလည်း လေ့ကျင့်သင့်ပါတယ်။ ဒါဟာ အမျိုးသားအများစုဟာ သူတို့ရဲ့ သုက်လွှတ်ချိန်ကို ထိန်းချုပ်ဖို့ ပြုလုပ်သင့်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ သုက်လွှတ်ခါနီးအထိ ဆန္ဒဖြေဖျောက်မှုကို ပြုလုပ်ပြီး ရပ်တန့်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
  • သင့်လိင်ဆက်ဆံဖက်နဲ့ လှုံဆော်မှုကို နှေးကွေးအောင်၊ ရပ်တန့်အောင် ဆက်သွယ်ဖို့ကိုလည်း သင်ယူသင့်ပါတယ်။
  • သုက်လွှတ်စောခြင်း ပြဿနာက အဖြစ်များပေမယ့် ကုသလို့ မရတာတော့ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေကို သေချာကုသလိုက်မယ်ဆိုရင် အရင်လိုပဲ ပြန်လည်စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Kaung Thar မှ ရေးသားသည်။ · 18/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement