လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံရင် ဝိတ်ကျ သလား

စုံတွဲတွေကြားမှာ စနောက်လေ့ ရှိတဲ့စကားက ကယ်လိုရီ သွားburnကြမယ်၊ အိပ်ရာထဲမှာ လေ့ကျင့်ခန်း သွားလုပ်ကြမယ်ဆိုတာပါ။ ဆိုလိုတာက လိင်ဆက်ဆံရင် ဝိတ်ကျ မယ်လို့ ယုံကြည်ကြတာကြောင့်ပါ။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတာကြောင့် ကယ်လိုရီလောင်ကျွမ်းတာက မှန်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျရလောက်အောင် ကယ်လိုရီလောင်ရဲ့လား။ သုတေသနတွေက ဘာပြောလဲ လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှု ရှိမရှိကို စိတ်ဝင်စားတာက ကိုယ်တွေတင်မကပါဘူး။ နိုင်ငံခြားက ပညာရှင်တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Montrealမှာ ရှိတဲ့ University of Quebecက လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေ့လာချက်မှာ သူတို့က အသက် ၂၀ကျော် ကျားမစုံတွဲ ၂၁တွဲကို လိင်ဆက်ဆံချိန်နဲ့ သာမန်လေ့ကျင့်ခန်းလုပ်ချိန်မှာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏတွေကို လေ့လာခဲ့ကြပါတယ်။ ရလဒ်ကတော့ ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးများကို အတူသိပ်တဲ့အတွက် အတူနေဖို့ ခက်ခဲသော မိဘများအတွက် အကြံပြုချက်များ

အတူသိပ်ခြင်းဆိုတာ မိဘများဟာ ကလေးကို တခြားနေရာမှာ ခွဲမသိပ်ဘဲ မိမိတိုရဲ့ အိပ်ရာမှာပဲ အတူသိပ်ခြင်းကို ဆိုလိုပါတယ်။ အဲဒီအခါမှာ ကလေးကို ဂရုစိုက်ရပြီး မိမိတို့ လိင်မှုကိစ္စမှာလည်း အဆင်မပြေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးကို အတူသိပ်ပြီး မိမိတို့လိင်မှုကိစ္စအတွက် အားထုတ်ခြင်းဟာ လုံးဝဖြေရှင်းမရတဲ့ ပြသနာတော့ မဟုတ်ပါဘူး။ ကြားနေကြစကားများကို မယုံစားပါနှင့် ကလေးကို အတူသိပ်ရင် လိင်မှုကိစ္စ အဆင်မပြေတော့ဘူးဆိုတာ ယုံတမ်းစကားပဲ ဖြစ်ပါတယ်။ အားလုံးဟာ အိပ်ရာတခုတည်းမှာတင် ပျော်ရွှင်နေပြီး လိင်မှုအရသာကို ခံစားနိုင်တာ မဟုတ်ပါဘူး။ အများစုပြောနေသလို ကလေးကို ဂရုစိုက်နိုင်ဖို့ ကလေးရဲ့ အမေဟာ အဖေကို အိပ်ရာပေါ်မှာ အလိုမရှိဘူးဆိုတာ မဟုတ်ပါဘူး။ အမှန်တော့ အားလုံး အတူတကွ အိပ်နိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်မျိုးမှာ သာယာတဲ့ လိင်မှုဘဝကို ခံစားနိုင်ဖို့ရာမှာ လုပ်ဆောင်တဲ့အဆင့် မှန်ကန်ဖို့ပဲ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) ကဘာလဲ။ လိင်ဆက်ဆံချိန် နာကျင်ခြင်းဆိုတာ အကြောင်းရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ လိင်အင်္ဂါရဲ့ပုံသဏန်မမှန်တာကြောင့်ဖြစ်နိုင်သလို စိတ်ကြောင့်လည်းအများကြီးဖြစ်နိုင်ပါတယ်။ အမျိုးသမီးတော်တော်များများဟာ လိင်ဆက်ဆံချိန်နာကျင်ခြင်းကို တစ်ကြိမ်သို့မဟုတ် တစ်ကြိမ် ကြုံဖူးကြပါတယ်။ လိင်ဆက်ဆံချိန်နာကျင်ခြင်းကို ဆေးပညာအရ ဒစ်(စ) ပါ ရိုး နီး အား (dyspareunia) လို့ခေါ်ပါတယ်။ လိင်ဆက်ဆံချိန်၊ မဆက်ဆံမီ နဲ့ ဆက်ဆံပြီး နာကျင်ခြင်း အားလုံးအကျုံးဝင်ပါတယ်။ လိင်ဆက်ဆံချိန် နာကျင်နေပြီဆိုရင် သင့်ဆရာဝန်နဲက သွားရောက်ပြီး ဆွေးနွေးသင့်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်း၊ နဲ့ ကြုံတွေ့ရတဲ့ အဆင်မပြေမှု ပြသနာတွေကို သက်သာအောင်၊ ပျောက်ကင်းအောင် အဓိက ထားပြီး ကုသမှုတွေပေးရမှာပါ။ Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတွေမှာသာ အဖြစ်များတတ်ပေမဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သင့်ရဲ့လက်တွဲဖော်နဲ့ လိင်မှုရေးရာအကြောင်း ဘယ်လိုဆွေးနွေးမလဲ

ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အကြောင်းအရာမှန်သမျှ တခြားသူကိုပေးမသိဘဲ လျှို့ဝှက်ထား သင့်တယ်ဆိုပေမယ့်ဘဝလက်တွဲဖော်ရယ်လို့ ရှိလာပြီဆိုရင်တော့ပြောသင့်ဆိုသင့်တဲ့ကိစ္စတွေ အထူးသဖြင့် အိမ်ထောင်မှုကိစ္စတွေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း တိုင်ပင်တာက ပျော်ရွှင်သာယာတဲ့ ဆက်ဆံရေး ဖြစ်ဖို့အတွက်အရေးကြီးပါတယ်။ မြန်မာ့လူနေမှုပုံစံမှာ လိင်မှုရေးရာ ကိစ္စတွေဆိုတာက ပြောဆိုဖို့မသင့်တဲ့အရာတွေအဖြစ် တင်းတင်းကျပ်ကျပ် သတ်မှတ်ထားလို ဒီအကြောင်းအရာမျိုးတွေ ပွင့်ပွင့်လင်းလင်းပြောဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီအတွက် လိင်မှုရေးရာကိစ္စတွေ ဘယ်လိုပြောဆိုကြမလဲဆိုတာ ဒီဆောင်းပါးက အကြံပေးထားပါတယ်။ ပွင့်ပွင့်လင်းလင်းရှိပါ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲရှိတာ သိဖို့ဆိုတာမလွယ်ပါဘူး။ တစ်ခါတစ်လေမှာ လူတွေဟာ သူတို့ရဲ့လက်တွဲဖော်တွေကသူတို့ကို တကယ်မချစ်ဘူး၊ ဂရုမစိုက်ဘူးလို့ ထင်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါမျိုးတွေမဖြစ်စေဖို့နဲ့ နှစ်ဦးကြားဆက်ဆံရေး အဆင်ပြေစေဖို့အရေးကြီးဆုံးက ပွင့်ပွင့်လင်းလင်းရှိဖို့ပါ။ သူ့အကြိုက် ကိုယ့်အကြိုက် ဆွေးနွေးပါ။ လိင်မှုရေးရာကိစ္စမှာ တစ်ဦးနဲ့တစ်ဦး ဘယ်အကျင့်တွေကို ကြိုက်တယ်။ ဘယ်လိုဟာမျိုးတွေကိုတော့ဖြင့် မကြိုက်ဘူးဆိုတာကိုပြောပြာထားဖို့လိုပါတယ်။ မြန်မာအမျိုးသမီးအများစုက လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့ နှုတ်မရဲတာတွေ၊ ရှက်ရွံ့တာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေကပြောမှသိနိုင်တာမျိုးတွေပါ။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ကိစ္စနဲ့ပတ်သက်လို့ သင်သိထားသင့်တဲ့အချက် ၁၄ ချက်

လိင်မှုကိစ္စဆိုတာ လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်လာသူတိုင်း သိထားသင့်တဲ့သဘာဝတစ်ခုပါ။ ဒါ့ကြောင့် လူ့ဘဝမှာ အရေးပါတဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ လိင်မှုရေးရာကိစ္စတွေကို လိင်ပညာပေးအဖြစ်နဲ့လေ့လာသိရှိထားဖို့ ရှက်ရွံ့နေစရာမလိုပါဘူး။ လိင်ကိစ္စနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို သိနားလည်ထားခြင်းက ကောင်းမွန်တဲ့ ဗဟုသုတကို ပိုင်ဆိုင်ထားခြင်းသာဖြစ်ပါတယ်။ လိင်မှုကိစ္စမှာဗဟုသုတရှိမထားတဲ့ မိန်းကလေးတွေဟာ မတော်တဆကိုယ်ဝန်ရသွားတာလိုမျိုး လိင်ကိစ္စကြောင့်မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ ကြုံရတတ်တဲ့ အတွက် ပိုပြီး သိထားသင့်ပါတယ်။ လိင်ဆက်ဆံမှုနဲ့ လိင်ကျန်းမာရေးအကြောင်းအရာတွေကို သိထားမှ ကိုယ့်ဘဝအတွက်ဆုံးဖြတ်ချက်မှန်ကန်ပြီး ပိုအဆင်ပြေ၊ပိုဘေးကင်းတဲ့ လိင်မှုဘဝကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်လို့ အရွယ်ရောက်ပြီးသူတိုင်း အတွက် အရေးကြီးပါတယ်။ လူတိုင်းသိထားသင့်တဲ့ လိင်မှုရေးရာအချက် ၁၄ ချက်ကိုဖော်ပြလိုက်ပါတယ်။ လိင်ကိစ္စနဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေကတော့ ၁ ။ လိင်ဆက်ဆံမှုမှာ နှစ်ဦးနှစ်ဘက် စိတ်ပျော်ရွှင်မှုတူညီတယ် ယောက်ျားတွေက မိန်းမတွေထက် လိင်ကိစ္စမှာပိုစိတ်ပါတယ်ဆိုတဲ့ယူဆချက်ကို သိပ္ပံနည်းကျအထောက်အထားရှိမနေပါဘူး။ လူ့အဖွဲ့အစည်းရဲ့စောင့်ထိန်းရမယ့်ဓလေ့ထုံးစံတွေနဲ့ ပုံသေအတွေးအခေါ်တွေကြောင့်ပဲ မိန်းကလေးတွေဟာ သဘာဝအရလိင်ကိစ္စမှာသာယာပျော်ရွှင်တဲ့ စိတ်ခံစားချက်တွေကိုရှက်ရွံ့စိတ်နဲ့ဖုံးကွယ်ထားကြပုံပါပဲ။ ဒါပေမယ့် မိန်းကလေးတွေဟာယောကျာ်းလေးတွေလောက် လိင်ကိစ္စကိုစိတ်မပါဘူးဆိုတာကတော့ မှားပါတယ်။ ၂။ ပထမဆုံးအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရနိုင်ပါတယ် မိန်းကလေးတစ်ယောက်က […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးမွေးပြီးဘယ်လောက်ကြာမှ ချစ်တင်းနှောနိုင်မလဲ

ကလေးမွေးပြီးနောက် ဗိုက်ထဲရှိနေစဉ်ထက် ဂရုစိုက်ရတာ ပိုခက်ခဲနေသလို ထင်ရပါသည်။ အမြဲတမ်းလိုလို ပင်ပန်း မောပန်းရ၏။ ဘယ်လိုပဲဖြစ်ပါစေ ကလေးထိန်းကျောင်းခြင်းအပြင် ချစ်တင်းနှောခြင်းသည်လည်း သင်နှင့်သင့်ပါတန်တို့ ဘဝတစ်လျှောက်လုံး၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ ဒါဆို ကလေးမွေးပြီး ဘယ်လောက်ကြာလျှင် ချစ်တင်နှောခြင်းကို ပြုလုပ်နိုင်မလဲ။     ကလေးမွေးပြီးနောက် ချစ်တင်းနှောတာ အန္တရာယ်ကင်းသလား။ ကလေးမွေးပြီးနောက် သွေးဆင်းခြင်း (မီးနေသွေး) ရပ်သွားသည်အထိ စောင့်ရန် လမ်းညွှန်ထား၏။ ထိုအချိန်သည် ကလေးမွေးပြီးနောက် သုံးပတ်နီးပါး ကြာတတ်ပါသည်။ စောင့်ခိုင်းခြင်း၏ အကြောင်းရင်းမှာ သားအိမ်သည် အချင်းကွာခြင်းကြောင့်ဖြစ်သည့် ဒဏ်ရာများကို အနာပြန်ကျက်နိုင်ရန်အတွက်ဖြစ်သည်။ နာမကျက်မီ ချစ်တင်းနှောခြင်းသည် ပိုးကူးစက်ခြင်းကို ဖြစ်စေနိုင်ပါသည်။   ကလေးမွေးပြီးနောက် ဘယ်အချိန်မှာ ချစ်တင်းနှောနိုင်မလဲ။ ချစ်တင်းနှောချင်စိတ်ပေါ်လာသည့်အချိန်သည် လူတစ်ဦးစီပေါ်လိုက်ပြီး ပြောင်းလဲနိုင်ပါသည်။ စံသတ်မှတ်ချက် မရှိပါ။ သို့မဟုတ် ဘယ်အချိန် ချစ်တင်းစနှောရမည် မသတ်မှတ်ထားပါ။ တကယ့်အရေးကြီးသောကိစ္စမှာ စိတ်ပိုင်းရော ရုပ်ပိုင်းပါ အသင့်ဖြစ်သည်အထိ စောင့်ရမည်ဖြစ်သည်။ တစ်ချို့စုံတွဲများသည် ကလေးမွေးပြီး ပထမလအတွင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်နည်းပါးခြင်းပြဿနာ

လိင်စိတ်နည်းပါးခြင်းပြဿနာ အကြောင်း လေ့လာလိုက်ရအောင်နော်။ လိင်စိတ်နည်းပါးခြင်းပြဿနာ လိင်စိတ်နည်းပါးခြင်းပြဿနာ ဆိုတာ လိင်စိတ် တက်ကြွခြင်းနှင့် လိင်စိတ် နည်းပါးခြင်း စသော လိင်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ဖြစ်မှုများသည် ချွတ်ယွင်းချက်များကို ရှာဖွေဖော်ထုတ်သင့်သည့် ရောဂါများဖြစ်ပြီး အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ချေရှိသည်။ လိင်ပိုင်းဆိုင်ရာ တုန့်ပြန်မှုစက်ဝန်း၏ မည်သည့်ပိုင်းတွင်မဆို လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခုကြောင့် ကာမသုခ အပြည့်အဝ မရရှိခြင်းကို ဆိုလိုပါသည်။ လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှုစက်ဝန်း လိင်ပိုင်းဆိုင်ရာ တုန့်ပြန်မှု စက်ဝန်းတွင် ကာမစိတ်၊ သာယာစိတ်၊ ပြီးမြောက်မှုနှင့် အပန်းဖြေချိန်ဟူ၍ အဆင့်လေးဆင့်ရှိသည်။ အဆင့် ၁ စိတ်ဆန္ဒတွင်- ဇီဝဗေဒဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စိတ်ဆန္ဒတို့ အသီးသီးပါဝင်သည်။ အဆင့် ၂ သာယာမှုအဆင့်တွင်- စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံး လှုံ့ဆော်မှုဖြစ်ပေါ်လာသည်။ အမျိုးသားရောအမျိုးသမီးပါ ယခုအဆင့်တွင် ဇီဝကမ္မပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ယခုပြောင်းလဲမှုများက ပြီးမြောက်ခြင်းအဆင့်ကို ထောက်ကူပေးပါသည်။ အဆင့် ၃ ပြီးမြောက်ခြင်းတွင်- နှလုံးခုန်နှုန်း၊ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သင့်ရဲ့လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် မြင့်တက်အောင် ဘယ်လိုလုပ်ပေးမလဲ

သင့်ရဲ့လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် မြင့်တက်အောင် ဘယ်လို လုပ်ပေးမလဲ သင့်ရဲ့ လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် အတက်အကျက သင့်ရဲ့ စိတ်ခံစားမှု၊ အခြေအနေနဲ့ မကြာသေးမီက သင်တို့ရဲ့ ရင်းနှီးမှုအတွက် ဘယ်လောက်အားထုတ်ထားလဲအပေါ်မှာ မူတည်ပါတယ်။ လက်တွေ့မှာ လိင်ဆက်ဆံလိုစိတ် ကျဆင်းလာတာကို အတူနေလာတာကြာလို့ဆိုပြီး အကြောင်းပြတာက ရိုးလွန်းပါတယ်။ တကယ်တော့ ပတ်သက်မှုတစ်ခုမှာ လိင်ဆက်ဆံလိုစိတ် ကျဆင်းလာတာဟာ ဒီပတ်သက်မှုကို အလေးမထားဖြစ်တာ အချိန်တစ်ခု ကြာခဲ့လို့ ဖြစ်တာပါ။ အချိန်ကြာတာက အပြစ်မဟုတ်ပါဘူး။ ဒီပတ်သက်မှုအပေါ် အချိန်ပေး အားထုတ်မှု ရှိမရှိပေါ် မူတည်တာပါ။ အောက်မှာ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ တွန်းအား မြင့်တက်အောင်၊ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ စိတ်ဆန္ဒ တိုးတက်အောင် နည်းလမ်း ၇မျိုးကို ဖော်ပြထားပါတယ်။ ၁။ သင့်လိင်စိတ်ဆန္ဒနဲ့ ပတ်သက်တဲ့ အဆီးအတားများကို ဖယ်ရှားပါ သင့်စိတ်ထဲမှာရှိနေတဲ့ လိင်စိတ်ဆန္ဒနဲ့ ပတ်သက်တဲ့ အဆီးအတားတွေကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ

အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ .... ပထမဆုံး စချစ်တတ်ချိန်မှာတော့ အချစ်က သွေးသားဆန္ဒ တပ်မက်ခြင်းကို ဦးတည်ပါလိမ့်မယ်။ ဒါပေမယ့် လက်ထပ်ပြီးလို့ သားသမီးတွေ မွေးဖွားပြီး အချိန် ကြာလာတဲ့အခါ သွေးသားဆန္ဒဆိုတာ ဘဝမှာ တခြားအရာ တချို့လောက် အရေးမပါတော့ သလို ဖြစ်လာနိုင် ပါတယ်။ သို့သော်လည်း ကလေးတွေ ရှိလာတာ၊ တခြား ရည်မှန်းချက်တွေ ရှိနေသေးတာနဲ့ပဲ အိမ်ထောင်တစ်ခုရဲ့ လင်မယား ဆက်ဆံရေးကို ချောင်ထိုးထားဖို့ မဟုတ်ပါဘူး။ ကိုယ့်အိမ်ထောင်ဘက်နဲ့ ပြောဆိုကြည့်ပြီး အချစ် မလျော့အောင် ဆက်လက် ထိန်းသိမ်းနိုင် ပါတယ်။ တိတ်ဆိတ်ခြင်းဟာ ဆက်ဆံရေးအတွက် အဆိပ်အတောက် တစ်ခုပါပဲ။ ကိုယ်ခံစားနေရတာတွေကို အိမ်ထောင်ဘက်ဆီ ပြောပြပြီး သူ့ခံစားချက်တွေကိုလည်း နားထောင်ပေးဖို့ အရေးကြီး ပါတယ်။ ဒါပေမယ့် သင့်အိမ်ထောင်ဘက်က စိတ်မပါဘဲ အခုချိန်မှာ မပြောချင်သေးဘူး […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ချစ်တင်းနှောရာတွင် အသုံးမကျသူဖြစ်ကြောင်း သိနိုင်မယ့် အချက် ၆ချက်

အများစုသောလူတွေဟာ “အိပ်ယာပေါ်မှာ အသုံးမကျဖြစ်နေလား” ဆိုတဲ့မေးခွန်းကို အနည်းဆုံး တစ်ကြိမ် တစ်ခါလောက်တော့ သိချင်ကြပါတယ်။ အဲဒါက ခက်ခဲတဲ့မေးခွန်းတစ်ခုပါ။ တစ်ကယ်တော့ သင်က သင့်ချစ်သူကို အဲဒီအကြာင်းကို အားမွေးပြီး ပြောခဲ့၊မေးခဲ့ရင်တောင် သူက မှန်ကန်တဲ့ တုံ့ပြန်မှုကို ပေးချင်မှ ပေးမှာပါ။ ဒါတွေက ရှက်ကြောက်စရာကိစ္စတွေ မဟုတ်ပါဘူး။ သင့် လိင်ဆက်ဆံဖော်က စိတ်ကျေနပ်မှုရှိတယ်လို့ မခံစားရဘူးဆိုရင် သင့်အတွက် စိတ်မနှစ်မြို့စရာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို မခံစားသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ချစ်တင်းနှောရာမှာ သင်ဘယ်လို စွမ်းဆောင်နိုင်သလဲ ဆိုတာ ကိစ္စ အများကြီးအပေါ်မူတည်နေလို့ပါ။ လူအများစုမှာလည်း ဒီလို ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ အချက် ကတော့ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာနိုင်ပါတယ် ဆိုတဲ့အချက်ပါ။ ဒါဆို တိုးတက်လာမှု တချို့ရှိ/ မရှိဆိုတာ ဘယ်လိုသိနိုင်မလဲ။ လွယ်ကူပြီး ပြင်လို့ရတဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံမှုနှင့် ပတ်သက်ပြီးသင်သိထားသင့်သော အချက်များ

လိင်ဆက်ဆံမှုနှင့် ပတ်သက်ပြီးသင်သိထားသင့်သော အချက်များ က ဘာတွေဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ လိင်ဆက်ဆံမှုနှင့် ပတ်သက်ပြီးသင်သိထားသင့်သော အချက်များ လိင်ဆက်ဆံမှုနှင့် ပတ်သက်ပြီးသင်သိထားသင့်သော အချက်များ ကတော့ - ၁။ လိင်ဆက်ဆံတဲ့ ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရသွားနိုင်တယ်။ မိန်းကလေးတစ်ယောက်ဟာ ပထမဆုံးအကြိမ် လိင်ဆက်ဆံလိုက်ရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူးလို့ ကြားကောင်းကြားမိပါလိမ့်မယ်။ တကယ်တမ်းကတော့ ယောကျာ်းလေးနဲ့ မိန်းကလေး အကာအကွယ်မပါဘဲ ဆက်ဆံလိုက်မယ်ဆိုရင် ဒါဟာ ပထမဆုံးအကြိမ် ဖြစ်စေ၊ အရင်က ဆက်ဆံခဲ့ဖူးတာဖြစ်စေ၊ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ယောကျာ်းလေးတစ်ယောက်ဟာလည်း သူ့ရဲ့ ပထမဆုံးအကြိမ်မှာတင် မိန်းကလေးကို ကိုယ်ဝန်ရစေနိုင်တယ်။ တကယ်လို့ ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်မယ်၊ လိင်ဆက်ဆံလိုက်မယ်ဆိုရင် မမျိုးဥကြွေတဲ့အရွယ် ရောက်တာနဲ့ ကိုယ်ဝန်ရနိုင်မှာ ဖြစ်ပါတယ်။ အပျိုဖြစ်ပြီဆိုရင် ခန္ဓါကိုယ်ထဲမှာ မမျိုးဥအရင်ကြွေပါတယ်။ ကြွေပြီးလို့ သန္ဓေမအောင်လိုက်ဘူးဆိုမှ အဲဒီမမျိုးဥလေးက သေသွားပြီး အပြင်ကို ရာသီသွေးအဖြစ် ဆင်းလာတာပါ။ ဒါကြောင့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)