backup og meta

အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ

    ဆက်ဆံမှု တစ်ခုမှာ သင်တို့ နှစ်ယောက်ဟာ တစ်ယောက် နဲ့ တစ်ယောက် စိတ်ဝင်စားမှု လျော့နည်းသွားပြီးနောက် အသည်းအသန် ပြန်လည် ချစ်ခင်ချင်ကြတာမျိုး ရှိနိုင်ပါတယ်။ နောက်တစ်မျိုး ပြောရရင် စစချစ်တုံးကလို ခံစားမှုမျိုး ပြန်လည် ရရှိချင်ကြပါတယ်။ ဒါကို ဘယ်လို လုပ်ယူမလဲ။ ဒီဆောင်းပါးမှာတော့ ဒီကိစ္စပေါ်မှာ အကြံဉာဏ်တွေ ပေးသွားမှာ ဖြစ်ပါတယ်။ ကဲ …. ဒီတော့ အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ ဆိုတာလေး ကြည့်လိုက်ရအောင်နော်။

    အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ

    အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲဆိုတော့ သေချာ နားထောင်နော်

    သင့်ရဲ့ ပျောက်ဆုံးနေတဲ့ အချစ်ကို ပြန်လည် တွေ့ရှိဖို့ အဓိက အချက်ကတော့ နားလည်မှု ရှိဖို့နဲ့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှု ရှိဖို့ပဲ ဖြစ်ပါတယ်။ စစချင်း ချိန်းတွေ့စဉ်က သင်ဟာ မျက်နှာကို ဖုန်း (သို့) အိုင်ပတ်ကိုပဲ ငုံ့ကြည့်နေမှာ မဟုတ်ပါဘူး။ သင့်ချစ်သူရဲ့ မျက်နှာကို ကြည့်ပြီး သူဘာစားချင်လဲ၊ ဘာသီချင်း နားထောင်ချင်လဲ ဆိုတာကို ဂရုစိုက်နေမိမှာပါ။ ဒါပေမယ့် ဒါတွေ အကုန် သိပြီးသား ဖြစ်သွားပြီဆိုရင်တော့ သူမကို လျစ်လျူရှုဖို့ ဖြစ်လာပါတယ်။

    တစ်နေ့တစ်နေ့ ဖြစ်ပျက်နေတဲ့ အရာတွေ အများကြီး ရှိပြီး သင်ချစ်သူ ရှိခြင်းဟာလည်း သူမရဲ့ ခံစားမှုတွေ၊ အတွေးတွေ၊ ဒုက္ခတွေကို မျှဝေ ခံစားဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အတွက် ဂရုစိုက်မှုနဲ့ အလေးထားမှုကို ပြသဖို့ဟာ အရေးကြီးပြီး ပြောစရာ စကားပျောက်ဆုံးသွားတယ်ဆိုတာ မရှိသင့်ပါဘူး။ ဒါ့ပြင် ဒီလိုလုပ်ခြင်း အားဖြင့် နီးကပ်မှုနဲ့ ဆက်နွယ်မှု၊ အကောင်းမြင်စိတ်နဲ့ ပွင့်လင်းတဲ့ စိတ်တွေကို ဖန်တီးပေးပါတယ်။

    သင့်ချစ်သူ စကားစပြောရင် ကိုယ်လုပ်နေတဲ့ အရာကို ရပ်နားထားသင့်ပြီး သူမနဲ့ မျက်လုံးချင်း ဆုံအောင် ကြည့်ကာ သေချာစွာ နားထောင်သင့်ပါတယ်။ ဒါဟာ သူမကို အလေးထားမှုကို ပြသပြီးတော့ ဘာပြောမလဲ ဆိုတာ စိတ်ဝင်စားဟန် ပြတာပဲ ဖြစ်ပါတယ်။ အတွေးတွေ၊ ခံစားမှုတွေနဲ့ တစ်နေ့တာ အဖြစ်အပျက်တွေကို မျှဝေခြင်းဟာ လူနှစ်ယောက်ကို ဆက်သွယ်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် နားထောင်ပေးဖို့ ကြိုးစားသင့်ပါတယ်။

    အခြား တစ်ဖက်မှာလဲ သင်မအားဘူးဆိုရင် (သို့) အခု လုပ်မှဖြစ်မယ့် အရေးကြီးတဲ့ အရာ တစ်ခု ရှိတယ် ဆိုရင် သူမကို ညင်သာပျော့ပြောင်းစွာ ပြောပြီး လေးစားသမှုနဲ့ ခွင့်တောင်းပါ။ အခု သူနဲ့ စကားပြောချင်ပြီး သူပြောတာကို နားထောင်ချင်သော်လည်း အခုလုပ်နေတာကို အပြီးသတ်ဖို့ အချိန် ခဏလောက် ရနိုင်မလားလို့ မေးပါ။ နားလည်မှုအတွက် ခွင့်တောင်းပြီး သင်ပေးထားတဲ့ ကတိကို ကိစ္စပြီးပြီးချင်း သတိရပါ။

    သင်မြင်တဲ့ အတိုင်း ဆက်ဆံမှု တစ်ခုကို အမြဲ ကျန်းမာသန်စွမ်းနေအောင် လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အချိန်တွေ၊ အင်အားတွေနဲ့ စိတ်ရှည်မှုတွေ လိုအပ်ပါတယ်။ တကယ်လို့ သင့်ချစ်သူနဲ့ ပြဿနာတွေ အဆင်မပြေဘူးဆိုရင် ကျွမ်းကျင်သူနဲ့ နှစ်ယောက်လုံး ပြသသင့်ပါတယ်။ သင်တို့ ကြားမှာ ရှိတဲ့ ပြဿနာတွေကို အချိန်ရွှေ့လေလေ သင်တို့ ဆက်ဆံမှု အဆုံးသတ်ဖို့ အခွင့်အလမ်း များလေလေပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement