အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်

လိင်ဆက်ဆံရင် သေနိုင်တယ်လားဆိုပြီး တွန့်မသွားပါနဲ့ဦး။ ခုပြောမှာက ဖြစ်တတ်တဲ့ အကြောင်းတရားတွေပါ။ အတူနေတဲ့အခါ ဒီအချက်တွေကို ဆင်ခြင်လိုက်ရင် လိင်ဆက်ဆံရင်း သေနိုင်တဲ့ အထိ ဖြစ်တော့မှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက် ခုပြောမယ့် အကြောင်းရင်းတွေက လိင်ဆက်ဆံရင်း ကူးစက်ခံရတဲ့ HIVလို၊ အသည်းရောင်အသားဝါ ဘီပိုးတွေလို ဖြည်းဖြည်းချင်း သေဆုံးနိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း တန်းလန်းနဲ့ကို ကုတင်ပေါ်မှာတင် သေဆုံးနိုင်တဲ့ အခြေအနေတွေပါ။ ဒါဆို စကြည့်လိုက်ရအောင်။ (၁) ရုတ်တရက် နှလုံးရပ်တာ ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။ UKမှာလုပ်တဲ့ လေ့လာချက်မှာဆိုရင် ငယ်ရွယ်တဲ့ ဆက်ဆံသူတွေနဲ့ အမျိုးသမီးတွေမှာပါ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့စာတမ်းအရဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းက sudden arrhythmic death syndromeလို့ ခေါ်တဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါကြောင့်လို့ ဆိုပါတယ်။ ဒီရောဂါရှိတဲ့ လူနာတွေမှာက […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပွင့်သောပန်းတိုင်း မညှိုးရအောင်

အိမ်ထောင်ရှင်အမျိုးသားတဦးအတွက် လိင်မှုရေးရာ စွမ်းဆောင်ရည်ဆိုတာဟာလည်း အရေးအကြီးဆုံး မဟုတ်ရင်တောင် အရေးအကြီးဆုံးတွေထဲက တခုအဖြစ်တော့ သေချာပေါက် ပါဝင်နေပါတယ်။ အိမ်ထောင်ဦးစီး ယောက်ျားတွေအနေနဲ့ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ စိတ်ဖိစီးမှုဒဏ်တွေကိုလည်း ခံရလေ့ရှိသေးတာမို့ အိမ်ထောင်ရေးသုခအပြည့်အဝရဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထကောင်းလေးတွေ၊ အမူအကျင့်ကောင်းလေးတွေ၊ ဆောင်ရန်ရှောင်ရန်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးက သင့်ရဲ့ ပန်းဥယျာဉ်ကမ္ဘာကြီးထဲက ပွင့်သောပန်းတိုင်း မညှိုးရအောင် တထောင့်တနေရာကနေ ကူညီပေးနိုင်မှာပါ။ ပွင့်သောပန်းတိုင်း မညှိုးရအောင် ၁။ ကိုယ်အလေးချိန်ထိန်းပါ။ တခါတလေကျပြန်တော့ နည်းနည်းဝလာတာနဲ့တင် သင့်ရဲ့ အိပ်ရာတွင်း စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အဝလွန်နေသူတဦးဖြစ်ခဲ့မယ်ဆိုရင်တော့ ဒါနဲ့အတူတွဲပြီး တွေ့ရတတ်တဲ့ ကိုလက်စထရောပမာဏများပြားခြင်းဟာ ပန်းသေပန်းညှိုးပြဿနာဆီကို ဦးတည်လာနိုင်ပါတယ်။ ခါးဆိုဒ် ၄၀ ထက်ကျော်သူတွေဟာ လိင်ဆက်ဆံရာမှာ လိုသလောက် ခရီးမပေါက်တတ်ဘူးလို့ လေ့လာချက်အချို့က ညွှန်းဆိုနေတဲ့အတွက် သင့်ကိုယ်အလေးချိန်ကို ဂရုတစိုက် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အပြာစာအုပ် နဲ့ ရုပ်ရှင်တွေ က တကယ်ဟုတ်ရဲ့လား

လူတွေကို ခေတ်အဆက်ဆက် သတင်းမှားအပေးဆုံး ဖျော်ဖြေရေးကို ပြပါဆိုရင် အပြာစာအုပ် နဲ့ အပြာဖျော်ဖြေရေးတွေကို လက်ညှိုးထိုးပြရမှာပဲ ဖြစ်ပါတယ်။ တစ်မျိုးပြန်စဉ်းစားရင် ဖျော်ဖြေရေးဆိုတာ ယုတ္တိရှိစရာမလိုဘူးလို့ ပြောလို့ရပေမယ့် တချို့တချို့သော အရာတွေဟာ ကျန်းမာရေးအသိမှားတွေနဲ့ ပြစ်မှုကျူးလွန်ခြင်းတွေဆီကိုပါ ဦးတည်လာတဲ့အခါ ပြဿနာရှိလာပါပြီ။ ဒါကြောင့် လူအတော်များများနဲ့ မကင်းနိုင်တဲ့ အပြာရောင်လွှလွှ ဖျော်ဖြေမှုတွေက ပေးနေတဲ့ သတင်းမှား၊အချက်အလက်မှားတွေကို မျှဝေပေးသွားပါမယ်။ အပြာစာအုပ် နဲ့ ရုပ်ရှင်တွေက ပေးနေတဲ့ သတင်းအချက်အလက်တွေက မှန်ကန်ပါရဲ့လား။ ၁။ အမျိုးသမီးတွေဟာ အချိန်တိုင်းလိုလို လိင်စိတ်ကြွနေကြတယ်။ ဒါဟာ အပြာစာအုပ် ၊ အပြာရုပ်ရှင် တွေမှာ ပါနေကျ ဇာတ်သွားပါပဲ။ တစ်အိမ်တည်းနေတဲ့ သွေးမတော်သားမစပ် ဆန့်ကျင်ဖက်လိင်နှစ်ဦးပဲဖြစ်ဖြစ်၊ တစ်နေရာရာမှာ ခုမှစတွေ့တဲ့ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့တွေဟာ အမြဲတမ်းလိင်စိတ်တက်ကြွနေပြီး အဆင်သင့်ဖြစ်နေသယောင် သရုပ်ဖော်ထားတတ်ပါတယ်။ ပြီးတော့ အမျိုးသားက ဇာတ်လမ်းစလာရင်လည်း အစပိုင်းသာ ဟန်ပြငြင်းဆန်ပြီး နောက်ပိုင်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကာလသားတွေရဲ့ လွဲလွဲလေးများ

ဖုန်းတွေ၊အင်တာနက်တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာနိုင်တာနဲ့အမျှ တောရောမြို့ပါမကျန် မျက်စိနားတွေ ပွင့်လာကြပါတယ်။ ဒီလို ပွင့်လာတာနဲ့အမျှ လူငယ်လူရွယ်လူလတ်တွေရဲ့ လိင်မှုရေးရာအဖြာဖြာဟာလည်း ပိုမိုပွင့်လင်းမြင်သာလို့ လာပါတယ်။ အခုဆိုရင် လက်မထပ်ခင်အတူနေကြတာ အပါအဝင် ဖိုမဆက်ဆံရေးဟာ သိပ်ထူးဆန်းတဲ့ အရာတစ်ခု မဟုတ်တော့ပါဘူး။ အခုတစ်ခေါက်လတော့ တိုးတက်မှုဗတွ အများသား ဖြစ်ပေါ်နေချိန်မှာ တွေ့ရတတ်တဲ့ ကာလသားတွေရဲ့ လွဲလွဲလေးများ အကြောင်းပါ။ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘုတ်အပါအဝင် ဝဘ်ဆိုက်တွေမှာလည်း အပြာရောင်လွှမ်းတဲ့ ပေ့ခ်ျတွေ၊ဆိုက်တွေ ပလူပျံလာပါတယ်။ အဓိကအားဖြင့် ကာလသားတွေရဲ့ စားကျက်ဖြစ်တဲ့ ဒီပေ့ခ်ျတွေ၊ ဝဘ်ဆိုက်တွေဆီကို ဆရာဝန် ကာလသားတစ်ဦးဖြစ်တဲ့ စာရေးသူလည်း ဘုရားဖူး၊လိပ်ဥတူးဆိုသလို အခါအားလျော်စွာ ဝင်ရောက်လေ့လာမိပါတယ်။ ဒီလို လေ့လာတဲ့အခါ စိတ်မကောင်းစရာပြောရမလား၊ ထိတ်လန့်စရာဆိုရမလား မဝေခွဲနိုင်တဲ့ အခြင်းအရာတွေကို တွေ့မြင်ရလေ့ရှိပါတယ်။ ဘာတွေလဲဆိုတော့ လိင်မှုရေးရာနဲ့ ပတ်သက်လို့ အတော်လေး အယူအဆ လွဲမှားနေတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

Oral sex အကြောင်း သိကောင်းစရာ အချက်များ

Oral sex အကြောင်း သိကောင်းစရာ အချက်များ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း (Oral sex) ဆိုတာ သင့်ရဲ့ ပါးစပ်နဲ့ လျှာကိုသုံးပြီးသင်အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါနဲ့ စအို တစ်ဝိုက် ဧရိယာကိုလှုံ့ဆော်ကာ လိင်မှုခံစားချက်ကို တိုးမြှင့်ပေးတဲ့ လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။ လူအမျိုးမျိုးကတော့ နည်းအမျိုးမျိုးနဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို သူများအတွက်လည်း လုပ်ပေးချင်ကြပြီး သူတို့လည်းခံယူချင်ကြပါတယ်။ သင့်အဖော်မှာ လိင်အင်္ဂါတွေနဲ့ သင့်ပါးစပ်မှာ အနာမရှိဘူးဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ HIV ကူးစက်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ Sexually transmitted infections (STIs) တွေဖြစ်တဲ့ ရေယုန်၊ ဆီးပူညောင်းကျရောဂါနဲ့ ဆစ်ဖလစ်ရောဂါတို့ကတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင်ပါးစပ်ဖြင့် လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးပဲဖြစ်ဖြစ်၊ ခံတွင်း အတားအဆီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချစ်တင်းနှောအပြီးမှာ ဆောင်ရန်၊ရှောင်ရန်များ

ချစ်တင်းနှောအပြီးမှာ ဆောင်ရန်၊ရှောင်ရန်များ ချစ်တင်းနှောခြင်းဆိုတဲ့ လိင်မှုကိစ္စဟာ လူအများစု မကင်းနိုင်တဲ့ အရာပါ။ ဘယ်အရာမဆို အဆုံးသတ်ကောင်းမှ အားလုံးကောင်းပါတယ်ဆိုတဲ့ သိုးဆောင်းစကားပုံလေးလည်း ရှိပါသေးတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှောပြီးတဲ့အချိန်မှာ သင်ရော၊သင့်အဖော်အနေနဲ့ပါ ဆောင်ရန်၊ရှောင်ရန် အချက်လေးတွေကို မျှဝေပေးသွားမှာပါ။ ၁။ ရေနဲ့ဆေးကြောသန့်စင်ပါ။ ဒီလိုပြောလို့ ကိစ္စပြီးတာနဲ့ အိပ်ရာထဲက ခုန်ထွက်ပြီး ရေချိုးခန်းထဲ ပြေးဝင်ဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ချစ်ကြည်နူးခဲ့တဲ့ အချိန်လေးတွေကို စားမြုံ့ပြန်ရင်း အိပ်ရာထဲမှာ သင့်ချစ်သူနဲ့ နှစ်ကိုယ့်တစိတ် နွေးနွေးထွေးထွေး ပွေ့ဖက်ပြီး နေလို့ရပါသေးတယ်။ ပြီးရင်တော့ အမျိုးသားရော၊ အမျိုးသမီးပါ မိမိတို့ရဲ့ လိင်အင်္ဂါတွေကို ရေနွေးနွေးနဲ့ ပြောင်စင်အောင် ဆေးကြောသန့်စင်ပေးဖို့ လိုမှာပါ။ ဒီလို သန့်စင်ပေးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကဲ့သို့သော ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဆန္ဒရှိရင် ဆပ်ပြာပျော့ပျော့လေးတွေကို သုံးစွဲနိုင်တယ်ဆိုပေမယ့် ထိရှလွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက်တော့ အဆင်ပြေမှာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံပြီးနောက် ဆောင်ရန်၊ရှောင်ရန် အချက် (၁၁) ချက်

လိင်မှုကိစ္စဆိုတာ တခြားကိုယ်လက်လှုပ်ရှားမှု ကိစ္စတွေထက် ရောဂါ ကူးစက်နိုင်ခြေ မြင့်မားပါတယ်။ ဒါ့ကြောင့် လိင်မဆက်ဆံခင်ကတည်းက သင့်အနေနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါ (STD) တွေနဲ့ သန္ဓေတားဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်သလို လိင်ဆက်ဆံအပြီးမှာလည်း ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ အခုဒီမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်ဆက်ဆံပြီးနောက် လုပ်သင့်တဲ့ အရာတွေနဲ့ ရှောင်သင့်တဲ့ အရာ (၁၁) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဆေးကြောပါ။ လိင်ဆက်ဆံပြီးတာနဲ့ ချက်ခြင်း ရေချိုးခန်းကို သွားပြီး ဆေးကြောစရာတော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံပြီးနောက် လိင်အင်္ဂါတွေကို ဆေးကြောပေးခြင်းဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (UTIs) တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုဆေးကြောတဲ့ အခါမှာလည်း လိင်အင်္ဂါနားတစ်ဝိုက် (အတွင်းကို မဟုတ်ပါ) နေရာတွေကို ရေနဲ့ ဆေးကြောပေးလို့ရပါတယ်။ ဆပ်ပြာ အပျော့စားလေးတွေကိုလည်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံပြီးနောက် သွေးထွက် တာက သဘာဝပဲလား

ဝ.၇ မှ ၉ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ လိင်ဆက်ဆံပြီးရင် သွေးထွက် တတ်ကြပြီး အဓိကအားဖြင့် အပျိုမြှေးမှ သွေးထွက်တာ ဖြစ်ပါတယ်။ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အမျိုးသမီးတစ်ယောက်က ဓမ္မတာ လာနေဆဲဖြစ်သလားဆိုတဲ့ အပေါ်လည်း မူတည်ပါသေးတယ်။ တကယ်လို့ လိင်ဆက်ဆံပြီး အမျိုးသမီး မွေးလမ်းကြောင်းမှ သွေးထွက်ခြင်းက ဓမ္မတာလာခြင်းနဲ့ ပတ်သတ်နေမယ်ဆိုရင် ဒီလို သွေးထွက်ခြင်းကို လိင်ဆက်ဆံပြီး သွေးထွက်ခြင်းလို့ မသတ်မှတ်ပါဘူး။ လိင်မှုကိစ္စ လုပ်တဲ့ ဘယ်သူမဆို လိင်ဆက်ဆံပြီး သွေးထွက်နိုင်ပါတယ်။ လိင်ဆက်ဆံပြီးနောက် သွေးထွက် ရခြင်း အကြောင်းရင်းများ။ လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်းရဲ့ အကြောင်းရင်းများကတော့ ဒဏ်ရာ။ လိင်ဆက်ဆံချိန်မှာ ပွတ်တိုက်ခြင်းကြောင့် အထိအခိုက်လွယ်တဲ့ လိင်အင်္ဂါ တစ်ရှူးတွေကို ပွန်းပဲ့ဒဏ်ရာများ ဖြစ်စေနိုင်ပါတယ်။ ကလေးမွေးဖွားတဲ့အခါမှာလည်း မွေးလမ်းကြောင်းတွေ ပိုချဲ့ကားရပြီး ဒဏ်ရာများကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ကိစ္စ က သင့်ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား

လိင်ကိစ္စ က သင့်ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား လိင်ကိစ္စ ဆိုတာ တကယ်တော့ ကျေနပ်သာယာမှူကိုပေးစွမ်းနိုင်ရုံသာမက.....အန္တရာယ်ကင်းတဲ့ sex ဆိုရင် သင့်ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးပေးတယ်ဆိုရင် အံ့သြသွားမလား.... အောက်မှာ ဖော်ပြပေးမှာကတော့ သင့်ကျန်းမာရေးအတွက် sex က ဘယ်နည်းဘယ်ပုံအကျိုးပြုတယ်ဆိုတာပါပဲ.... (1) ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေတယ် လိင်ကိစ္စ ဆောင်ရွက်သူတွေဟာ မဆောင်ရွက်သူတွေထက် ဗိုင်းရပ်စ် ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးမွှားတွေကို ခုခံနိုင်စွမ်းအရမ်းနည်းပါတယ်...ရောဂါပိုးဝင်လာရင် တိုက်ခိုက်နိုင်တဲ့ ပဍိပစ္စည်း ထုတ်လုပ်နိုင်စွမ်းလည်း နည်းတယ်လို့် သုတေသနတွေက ဆိုပါတယ်..... (2) အမျိုးသမီး တွေမှာ ဆီးမထိန်းနိုင်တာကို လျော့ကျစေတယ် တင်ပဆုံကြွက်သားတွေ သန်မာခြင်းက သင့်ကို.... ဆီးမထိန်းနိုင်ခြင်းကနေ တားဆီးပေးနိုင်မှာဖြစ်ပါတယ်... လိင်ဆက်ဆံခြင်းဟာ သင့်တင်ပဆုံကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးနေတာနဲ့ အတူတူပါပဲ... (3) သွေးပေါင်/သွေးဖိအားကိုကျစေတယ် သုတေသနတွေက ဖော်ပြထားတာကတော့... လိင်ဆက်ဆံခြင်းနဲ့ သွေးကြောတွင်းဖိအားကျတာဟာ ဆက်စပ်မှူ ရှိတယ် ဆိုတာပါပဲ.... အထူးသဖြင့် အပေါ်သွေးလို့ အလွယ်ခေါ်ကြတဲ့ systolic […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဝှေးစေ့ တစ်လုံးနဲ့ တစ်လုံးမညီတာ သဘာဝပဲလား

ဒီမေးခွန်းရဲ့ အဖြေကို ဖြေရမယ်ဆိုရင်တော့ ဝှေးစေ့နဲ့ တစ်လုံး မတူညီကြတာ လုံးဝသာမန်ပဲ ဖြစ်ပါတယ်။ လူအများစုမှာတော့ ညာဘက်ဝှေးစေ့က အနည်းငယ် ပိုကြီးနေပြီး ဘယ်ဘက်ဝှေးစေ့ကတော့ အနည်းငယ်နိမ့်ဆင်းနေတာကို တွေ့ရမှာပါ။ ဒီလို ဝှေးစေ့ တစ်လုံးနဲ့တစ်လုံး အရွယ်အစား မတူတာက တစ်ခါတစ်ရံမှာ ရောဂါလက္ခဏာ တစ်ခုကို ညွှန်ပြနေတာဖြစ်ပေမဲ့ ဖြစ်ရပ်အများစုမှာတော့ သာမန်ပဲဖြစ်ပါတယ်။ တကယ်လို့ ဝှေးစေ့ တစ်လုံးက နာကျင်နေမယ်၊ ပုံစံပြောင်းနေမယ်ဆိုရင် လူနာအနေနဲ့ ဆရာဝန်ထံအမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကျွန်တော် Hellosayarwon ပရိတ်သတ်ကြီး အတွက် ဝှေးစေ့တစ်လုံးက နောက်တစ်လုံးထက် ကြီးနေရခြင်း အကြောင်းရင်းတွေ၊ ရောဂါတွေ၊ ကုသမှုတွေနဲ့ ကိုယ်ဝှေးစေ့က ပုံမှန်ဟုတ်ရဲ့လားဆိုတာ အိမ်မှာ မိမိကိုယ်တိုင် စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ ဝှေးစေ့တစ်လုံးနဲ့ တစ်လုံးမတူရခြင်းအကြောင်းရင်းများ ဘာ ရောဂါမှ မရှိဘဲ ဝှေးစေ့တစ်လုံးက တစ်ခြားတစ်လုံးထက်ကြီးနေတာဟာ သဘာဝပဲဖြစ်ပါတယ်။ ဒီလို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း

မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း နဲ့ပတ်သက်ပြီး သိထားသင့်တာတွေကတော့ အောက်ပါအတိုင်းပါပဲ။ တကယ်လို့ သင်ဟာ တစ်ခါမှ လိင်ဆက်ဆံဖူးတာမဟုတ်တဲ့ အပျိုစင်ပဲ ဖြစ်စေဦးတော့… သင့်ရဲ့ ရည်းစားက သင့်ကိုလိင်အင်္ဂါ ကြွက်နို့ပိုးကူးစက်အောင် လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် ဒီရောဂါပိုးဟာ အရေပြားအချင်းချင်းထိရုံနဲ့လည်း ကူးတတ်တာဖြစ်လို့… တကယ်လို့ သူက သင့်ကို ထိုးသွင်းဆက်ဆံတာမျိုးမရှိပေမယ့်….. သူ့ရဲ့ယောကျာ်းအင်္ဂါနဲ့ သင့်ရဲ့ မိန်းမကိုယ်ကို ပွတ်တိုက်ရုံနဲ့ တင်…အဝတ်အစားလည်းမပါဘူးဆိုရင်… ရောဂါပိုးက သင့်ဆီရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် သင်အသက်နှစ်ဆယ့်ခြောက်နှစ် မပြည့်သေးဘူးဆိုရင် ကာကွယ်ဆေးထိုးပြီး လိင်အင်္ဂါကြွက်နို့ပိုးကို ထိထိရောက်ရောက် ကာကွယ်ထားသင့်ပါတယ်။ အပြင်မှာ သုက်ရည်ကိုစွန့်တာ စိတ်ချရသလား နောက်သတိထားစရာ တစ်ခုကတော့ … သင့်အဖော်က သုက်ရည်ကို အပြင်ထုတ်တဲ့နည်းကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)