backup og meta

လိင်ကိစ္စ က သင့်ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား

လိင်ကိစ္စ က သင့်ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား

လိင်ကိစ္စ ဆိုတာ တကယ်တော့ ကျေနပ်သာယာမှူကိုပေးစွမ်းနိုင်ရုံသာမက…..အန္တရာယ်ကင်းတဲ့ sex ဆိုရင် သင့်ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးပေးတယ်ဆိုရင် အံ့သြသွားမလား….

အောက်မှာ ဖော်ပြပေးမှာကတော့ သင့်ကျန်းမာရေးအတွက် sex က ဘယ်နည်းဘယ်ပုံအကျိုးပြုတယ်ဆိုတာပါပဲ….

(1) ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေတယ်

လိင်ကိစ္စ ဆောင်ရွက်သူတွေဟာ မဆောင်ရွက်သူတွေထက် ဗိုင်းရပ်စ် ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးမွှားတွေကို ခုခံနိုင်စွမ်းအရမ်းနည်းပါတယ်…ရောဂါပိုးဝင်လာရင် တိုက်ခိုက်နိုင်တဲ့ ပဍိပစ္စည်း ထုတ်လုပ်နိုင်စွမ်းလည်း နည်းတယ်လို့် သုတေသနတွေက ဆိုပါတယ်…..

(2) အမျိုးသမီး တွေမှာ ဆီးမထိန်းနိုင်တာကို လျော့ကျစေတယ်

တင်ပဆုံကြွက်သားတွေ သန်မာခြင်းက သင့်ကို…. ဆီးမထိန်းနိုင်ခြင်းကနေ တားဆီးပေးနိုင်မှာဖြစ်ပါတယ်… လိင်ဆက်ဆံခြင်းဟာ သင့်တင်ပဆုံကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးနေတာနဲ့ အတူတူပါပဲ…

(3) သွေးပေါင်/သွေးဖိအားကိုကျစေတယ်

သုတေသနတွေက ဖော်ပြထားတာကတော့… လိင်ဆက်ဆံခြင်းနဲ့ သွေးကြောတွင်းဖိအားကျတာဟာ ဆက်စပ်မှူ ရှိတယ် ဆိုတာပါပဲ…. အထူးသဖြင့် အပေါ်သွေးလို့ အလွယ်ခေါ်ကြတဲ့ systolic blood pressure ကို ကျစေပါသတဲ့….

(4) လေ့ကျင့်ခန်း လုပ်သလိုပဲ အကျိုးဖြစ်ထွန်းစေတယ်

လိင်ဆက်ဆံခြင်းဆိုတာ တကယ်တော့ လေ့ကျင့်ခန်းလုပ်တာနဲ့ အတူတူပါပဲ….. တစ်မိနစ် ကို ကယ်လိုရီ ဆယ်ဂဏန်းလောက် လောင်ကြွမ်းစေပါတယ်…နှလုံးခုန်နှူန်းကို မြင့်တက်စေပြီး ခန္ဓါကိုယ်က ကြွက်သားတွေကို လှူပ်ရှားစေပါတယ်…

(5) နှလုံးတိုက်ခိုက်နိုင်ချေကို လျော့ပါးစေတယ်

လိင်ဆက်ဆံခြင်းဟာ သင့်နှလုံးခုန်နှူန်းကို မြင့်တက်စေရုံသာမက…. အီစထရိုဂျင်နဲ့ အန်ဒရိုဂျင် ဟော်မုန်းနှစ်ခုကိုလည်း မျှတစေတဲ့အတွက် အရိုးပွရောဂါနဲ့ နှလုံးရောဂါ ဖြစ်ခြင်းကနေ… သင့်ကို ကာကွယ်ပေးနိုင်ပါတယ်

(6) နာကျင်မှူကို လျော့နည်းစေတယ်

“အကိုက်အကဲပျောက်ဆေးကိုမရှာခင် လိင်ကိစ္စ ပြီးမြောက်မှူကို အရင်ရှာဖွေပါ” … ဆိုတဲ့ စကားတစ်ခုရှိပါတယ်

ဘာလို့လဲဆိုရင် လိင်ကိစ္စ အာသာပြေကျေနပ်မှူက နာကျင်မှူတွေကိုသိသိသာသာ လျော့နည်းစေလို့ပါပဲ…. သုတေသနတစ်ခုမှာဖော်ပြထားတာက မိန်းမကိုယ်ကို နှိူးဆွပေးခြင်းဟာ နာတာရှည်နောက်ကျောနာကျင်ခြင်းနဲ့ ခြေထောက်နာတာအပြင်…. ရာသီလာစဉ်ကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေကိုပါ သက်သာစေတယ်လို့ သိရပါတယ်

(7) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်

သင်လိင်ကိစ္စပြီးမြောက်သွားတဲ့အခါ အိပ်ချင်စိတ်ပေါက်လာတာ သတိထားမိမှာပါ…. ဒါဟာ ဘာကြောင့်လဲဆိုရင် လိင်ကိစ္စ ပြီးမြောက်တဲ့အခါ ထွက်တဲ့ prolactin လို့ခေါ်တဲ့ ဟော်မုန်းကြောင့်ပါပဲ… အဲဒီဟော်မုန်းက သင့်ကို သင့်တောင့်သက်သာဖြစ်စေပြီး အိပ်ပျော်ခြင်းကို ရောက်စေတာပါ…

လိင်ကိစ္စ ဟာ… သင့်ကို ဒီလောက်ထိ ကောင်းကျိုးတွေ ဖြစ်စေတယ် ဆိုတာ ခုလောက်ဆို သင်သိလောက်ပါပြီ….ဒါပေမယ့် အရေးအကြီးဆုံးတစ်ချက်ကျန်ပါသေးတယ်… ဒါကတော့ သင့်ရဲ့ လိင်ဆက်ဆံခြင်းဟာ healthy sex လို့ခေါ်တဲ့ ကျန်းမာရေး နဲ့ညီညွတ်ပြီး အန္တရာယ်ကင်းစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းဖြစ်ဖို့လို့ပါတယ်…

မိမိရော မိမိအဖော်မှာပါ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကင်းဖို့လိုပါတယ်… နှစ်ဦးစလုံးတစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့လဲ လိုပါတယ် …. မလိုချင်တဲ့ ကိုယ်ဝန်နဲ့ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကာကွယ်ဖို့အတွက်… ကွန်ဒုံးကို မမေ့ကြဖို့တော့ လိုပါတယ်….

Dr. Seinn Moe Sat

Ref

www.webmd.com/sex-relationships/guide/sex-and-health#3

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

17/01/2022

Dr. Seinn Moe Satt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့

လိင်ဆက်ဆံရင် ဝိတ်ကျ သလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement