- သားအိမ်ခေါင်းဆဲလ်များ ချို့ယွင်းခြင်း။
ဒီလို ကင်ဆာအစပျိုး ဆဲလ်များ သားအိမ်ခေါင်းမှာ ကြီးထွားတဲ့ အခါ ဒီဆဲလ်တွေက ဘေးပတ်ဝန်းကျင် အစိတ်အပိုင်းတွေကို ယားယံစေနိုင်ပြီး လိင်ဆက်ဆံချိန်မှာ ဘေးဘက်က တစ်ရှူးတွေကို ပါ ပျက်ဆီး စေနိုင်ပါတယ်။
- ခန္ဓာကိုယ် အစိတ်အပိုင်းများ ပုံမှန် မဟုတ်ခြင်း။
မျိုးပွားအင်္ဂါတွေက တစ်ယောက်နဲ့ တစ်ယောက် နည်းနည်း ကွာကြပါတယ်။ ဒါကြောင့် လိင်ဆက်ဆံချိန်မှာ နာကျင်တဲ့ ပွတ်တိုက်မှုနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။
- သွေးမတိတ်ရောဂါ ဖြစ်ခြင်း။
မူမမှန်တဲ့ သွေးထွက်ခြင်းနဲ့ သွေးခဲခြင်းက လိင်ဆက်ဆံချိန်မှာ သွေးထွက်စေနိုင်ပါတယ်။ ဒါ့အပြင် သွေးကျဲခြင်းကို ဖြစ်စေတဲ့ ဆေးများကလည်း လိင်ဆက်ဆံချိန် သွေးထွက်စေနိုင်ပါတယ်။
မျိုးပွား အင်္ဂါ များနဲ့ ဆီးလမ်းကြောင်း အပေါ် သက်ရောက်မှု ရှိတဲ့ ကင်ဆာများဟာ မွေးလမ်းကြောင်း တစ်ရှူးများနဲ့ ဟော်မုန်း ပမာဏကို ပြောင်းလဲနိုင်ပြီး ပိုပြီး ဒဏ်ရာရလွယ်စေပါတယ်။ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းဟာ သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ကင်ဆာတို့ရဲ့ အတွေ့ရများတဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်ပါတယ်။
လိင်ဆက်ဆံပြီး သွေးထွက် ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ။
လိင်ဆက်ဆံပြီး သွေးထွက်ခြင်းကို ဖြစ်စေနိုင်တဲ့ အတွေ့ရများတဲ့ အကြောင်းရင်းများကတော့
- မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း၊
- ရေဓာတ် ခမ်းခြောက်ခြင်း၊
- လိင်ဆက်ဆံရာတွင် ကြမ်းတမ်းခြင်း၊
- ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့ ဆေးဝါးများ၊
- ကိုယ်ခံအားစနစ် အားနည်းခြင်း၊
- မိသားစုမျိုးရိုးတွင် မွေးလမ်းကြောင်းခြောက်သွေ့ခြင်းနဲ့ ရောင်ကိုင်းခြင်းခံစားရသူတွေ ရှိခြင်း၊
- သားအိမ်ခေါင်းနဲ့ သားအိမ်ကင်ဆာ ဖြစ်ဖူးခြင်း၊ ဖြစ်နေခြင်း
- သွေးမဆုံးခင်ကာလ၊ သွေးဆုံးကာလနဲ့ သွေးဆုံးပြီး ကာလသို့ရောက်ရှိနေခြင်း၊
- ချောဆီမပါတဲ့ ကွန်ဒုံးဖြင့် လိင်ဆက်ဆံမိခြင်း၊
- လိင်ဆက်ဆံရန် ဆန္ဒ မပါခြင်း၊
- လိင်ဆက်ဆံတဲ့ အတွေ့အကြုံမရှိခြင်း၊
- ယားယံစေတဲ့ ဓာတုပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်တဲ့ ဆေးဝါးများနဲ့ ထိတွေ့ခြင်း၊
- မွေးလမ်းကြောင်းနဲ့ သားအိမ် ကူးစက်ရောဂါ ခံစားနေရခြင်း၊
- မွေးလမ်းကြောင်း သန့်ရှင်းဆေးရည်များ သုံးစွဲထားခြင်း၊
- ဆီးချိုရောဂါ ရှိခြင်း၊
- သွေးဖိအား များပြားခြင်း၊
ရောဂါ ကုသမှု နည်းလမ်းများ။
မွေးလမ်းကြောင်းဆိုင်ရာ သွေးထွက်ခြင်းကို ကုသပေးနိုင်တယ်ဆိုတဲ့ တိကျကုသမှု နည်းလမ်း တွေတော့ မရှိသေးပါဘူး။ ဒါကြောင့် ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေက လူနာနဲ့ သူ့ရဲ့ မိသားစုရဲ့ ဆေးဝါးမှတ်တမ်းများကို မေးမြန်းမှာ ဖြစ်ပြီး စစ်ဆေးမှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။ အတွေ့ရများတဲ့ စစ်ဆေးမှုတွေကတော့
- ကူးစက်ရောဂါ စစ်ဆေးခြင်း၊
- ပုံမှန်မဟုတ်တဲ့ တစ်ရှူးကြီးထွားမှုများကို လေ့လာခြင်း၊
- မွေးလမ်းကြောင်းဆိုင်ရာ ultrasound ရိုက်ခြင်း၊
- မွေးလမ်းကြောင်း၊ သားအိမ်ခေါင်းနဲ့ သားအိမ်တို့ကို စစ်ဆေးလေ့လာခြင်း၊
- သားအိမ် အနားသားတစ်ရှုးများကို လေ့လာခြင်း၊
- သွေးစစ်မှုများ ပြုလုပ်ခြင်း၊
- ကိုယ်ဝန် စစ်ခြင်းတို့ကို ပြုလုပ်မှာ ဖြစ်ပါတယ်။
ဆရာဝန်ထံ ဘယ်အချိန် သွားပြရမလဲ။
လိင်ဆက်ဆံအပြီး သွေးထွက်မှုက ခဏခဏ ဖြစ်မယ်၊ ပြင်းထန်မယ်၊ လိင်ဆက်ဆံပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ ဖြစ်နေမယ် ဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ဒီလို လိင်ဆက်ဆံပြီး သွေးထွက်ခြင်း အပြင် အောက်မှာ ဖော်ပြထားတဲ့ ရောဂါ လက္ခဏာတွေကို ပါ ခံစားနေရမယ်ဆိုရင်ဆရာဝန်နဲ့ သွားရောက်ပြသင့်ပါတယ်။ အဲ့ဒီရောဂါ လက္ခဏာတွေကတော့-
- မွေးလမ်းကြောင်းယားယံခြင်းနဲ့ ပူစပ်ခြင်း၊
- ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊
- ဝမ်းဗိုက် အပြင်းအထန် နာကျင်ခြင်း၊
- ပျို့အန်ခြင်း၊ အစားအစားခြင်း စိတ်မရှိခြင်း၊
- ဆီးသွားချိန်နဲ့ လိင်ဆက်ဆံချိန် နာကျင်၊ ပူစပ်ခြင်း၊
- နောက်ကျောအောက်ဘက်ပိုင်းနာကျင်ခြင်း၊
- အကြောင်းရင်း မရှိဘဲ မောပန်းနွမ်းနယ်ခြင်း၊
- ခေါင်းကိုက်ခြင်းနဲ့ ခေါင်းမူးခြင်း၊
- အသားအရောင် ဖျော့လျော့ခြင်း၊
- ဆီးအိမ်နဲ့ မစင်အိမ် မူမမှန်ခြင်း တို့ဖြစ်ပါတယ်။
ကုသမှု နည်းလမ်းများ။
လိင်ဆက်ဆံချိန် ဘာကြောင်းသွေးထွက်ရတာလဲဆိုတာရဲ့ အဖြေတိတိကျကျ မသိသေးတဲ့ အခါမှာတော့ ကုသမှု နည်းလမ်းက တိတိကျကျ ရှိမှာ မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ ကုသမှုနည်းလမ်းတွေကတော့-
- မွေးလမ်းကြောင်းကို စိုစွတ်စေနိုင်တဲ့ ခရင်မ်များ၊
- ဆီးပူညောင်းကျ၊ ဆစ်ဖလစ်ရောဂါနဲ့ chlamydia လို ဘက်တီးရီးယား ကူးစက်ရောဂါများအတွက် ပဋိဇီဝဆေးများ၊
- ဗိုင်းရပ်စ် ကူးစက်ခြင်းများအတွက် ကုသနည်းများ
- သားအိမ်ခေါင်းအတွင်းမှ ဆဲလ်များ သားအိမ်ခေါင်း အပြင်သို့ ကြီးထွားလာခြင်း၊ (Cervical ectropion) အတွက် ခွဲစိတ်နည်းဖြင့် ခွဲထုတ်ခြင်း၊ အေးခဲစေခြင်းဖြင့် ဖယ်ရှားခြင်း (cryotherapy)နဲ့ လျှပ်စစ်ဖြင့် ဖယ်ထုတ်ခြင်း၊(cryotherapy = ဒီနည်းလမ်းဟာ နောက်ပိုင်းမှာ ထွက်ရှိလာတဲ့ ကုသမှုဖြစ်ပြီး အကျိတ်များနဲ့ ကင်ဆာဆဲလ်များကို အေးခဲစေခြင်း ဖြင့် ဖယ်ရှားတာ ဖြစ်ပါတယ်)
- မူမမှန်ဘဲ သွေးထွက်ခြင်းကို ဖြစ်စေတဲ့ သားအိမ်အသားလုံးများကို ဖယ်ရှားခြင်း၊
- ကင်ဆာရောဂါအတွက် ကုသမှုများ တို့ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားချိန်နဲ့ နို့ချို့တိုက်ကျွေးချိန်တွေမှာ ဟော်မုန်းတွေက ပြောင်းလဲနေတဲ့ အတွက်မွေးလမ်းကြောင်း တစ်ရှူးတွေက ပိုပြီး ထိခိုက်လွယ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် လိင်ဆက်ဆံပြီး နောက် သွေးအနည်းငယ်ထွက်ခြင်းက သာမန်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်ချိန် အစပိုင်းမှာ သွေးအများအပြားဆင်းမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်ရင့်တဲ့ အချိန်မှာ သွေးဆင်းခြင်းက စောမွေးတာ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်သင့်ပါတယ်။
လိင်ဆက်ဆံပြီး သွေးမထွက်စေဖို့ ဘယ်လို ကာကွယ်ရမလဲ။
ရေဓာတ် ပြည့်ဝနေခြင်းဟာ လိင်ဆက်ဆံပြီး သွေးထွက်တာကို လျော့ကျစေနိုင်ပါတယ်။ လိင်ဆက်ဆံပြီး အသေးစား သွေးထွက်ခြင်းကို ပုံမှန်အားဖြင့် ကြိုတင်ကာကွယ်ထားလို့မရပေမဲ့ အောက်ပါ အချက်တွေ လိုက်လုပ်မယ်ဆိုရင်တော့ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းကို လျော့ကျစေနိုင်ပါတယ်။
နည်းလမ်းတွေကတော့-
- ရေဓာတ်ပြည့်ဝအောင်နေထိုင်ခြင်း၊
- ရေဓာတ် (သို့) ဆီလီကွန် အခြေခံထုတ်လုပ်ထားတဲ့ ချောဆီတွေကို လိင်စိတ်နှိုးဆော်တဲ့ အခါနဲ့ လိင်ဆက်ဆံချိန် သုံးစွဲခြင်း၊
- ကြမ်းတမ်းတဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း၊
- မွေးလမ်းကြောင်း စိုစွတ်စေတဲ့ ဆေးဝါးများကို ပုံမှန် သုံးစွဲခြင်း၊
- ရေမွှေးပါတဲ့ အမျိုးသမီး အင်္ဂါသုံးပစ္စည်းများကို ရှောင်ကြဉ်ခြင်း၊
- လိင်ဆက်ဆံဖော်အမျိုးမျိုးနဲ့ ဆက်ဆံတိုင်း ကွန်ဒုံးသုံးစွဲခြင်း၊
- လိင်ဆက်ဆံချင်စိတ်မရှိရင် မိမိရဲ့ အဖော်အား ပွင့်လင်းစွာ ပြောပြခြင်း၊
- လိင်မဆက်ဆံခင် လိင်စိတ်နှိုးဆော်မှု အဆင့်အား အရင် ဖြတ်ကျော်ခြင်း၊
- ကူးစက်ရောဂါ ရှိနေတယ်လို့ သံသယရှိနေရင် ကုသမှု ချက်ခြင်း ခံယူခြင်း၊
ဒါ့အပြင် မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းနဲ့ သွေးဆုံးခြင်းကြောင့် ဖြစ်တဲ့ ရောဂါ လက္ခဏာများ genitourinary syndrome of menopause (GSM) ကို လျော့ကျစေတဲ့ ဆေးဖက်ဝင် အပင်ထွက်ပစ္စည်းများဖြစ်တဲ့ ဗီတာမင် E၊ အိုမီဂါ ၃ ဆေးဝါးများကို သုံးစွဲသင့်ပါတယ်။ ဒါ့အပြင် အီစရိုဂျင်နဲ့ (estrogens) phytoestrogens ပါဝင်တဲ့ အစားအစာတွေ ဖြစ်တဲ့-
- ပန်းသီး၊
- စပျစ်သီး၊
- မုန်လာဥဝါ၊
- နှမ်းစေ့၊
- နေကြာစေ့၊
- သံလွင်ဆီ၊
- မြင်းစာ ကျွဲစာ အဖြစ် အသုံးပြုတဲ့ ပဲ မျိုးနွယ် အပင် (Alfalfa)၊
- နှမ်းကြတ်ပင် (flax)၊
- ပဲနီကလေး၊
- ယာဂု( မြင်းစားဂျုံ)၊
- မက်မွန်၊ မက်မန်းပင်မျိုးဝင် အပင်တစ်မျိုး၊
- သစ်ကြားသီး များကို စားသုံးနိုင်ပါတယ်။
လိင်ဆက်ဆံအပြီး သွေးထွက်ခြင်းဟာ ဓမ္မတာ မလာတော့တဲ့ အမျိုးသမီးတွေနဲ့ မျိုးဥအိမ်ဆိုင်ရာ ပြဿနာရှိနေတဲ့ အမျိုးသမီးတွေမှာ အတွေ့ရများတဲ့ ဖြစ်စဉ်ဖြစ်ပြီး သာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဓမ္မတာ လာနေသေးတဲ့ အမျိုးသမီးတွေမှာ လိင်ဆက်ဆံအပြီး သွေးထွက်ခြင်းဟာ သူ့ဘာသာ ပျောက်ကင်းသွားတတ်တယ် ဆိုပေမဲ့ ပြင်းထန်ပြီး ခဏခဏ ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။