လိင်အင်္ဂါမှာ ကာလသားရောဂါပိုးဝင်နေတဲ့ အနာတွေ သို့မဟုတ် အရေပြားအကွက်တွေ ရှိတဲ့သူကို ပါးစပ်နဲ့ လိင်ဆက်ဆံမိမယ်ဆိုရင် ကာလသားရောဂါပိုး ကူးစက်နိုင်ပါတယ်။ ကာလသားရောဂါပိုး ရှိတဲ့ သူတွေဟာ
−ရောဂါပိုးဝင်နေတဲ့ နေရာမှာ နာကျင်မှု မရှိတဲ့ အနာတွေဖြစ်ခြင်း၊
−လက်ဖဝါး ခြေဖဝါး သို့မဟုတ် ခန္ဓာကိုယ်ထည်ပေါ်မှာ အနီရောင် အကွက်ပြင်လိုက်ဖြစ်ခြင်း၊
−မိန်းမကိုယ်အင်္ဂါစပ် သို့မဟုတ် စအိုပတ်လည်မှာ သေးငယ်သော အသားပိုများ ဖြစ်ခြင်း စတာတွေကို ခံစားရလေ့ရှိပါတယ်။
−ဒါ့အပြင် ပင်ပန်းခြင်း ၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်းကဲ့သို့သော တုပ်ကွေးရောဂါ လက္ခဏာတွေလည်း ခံစားရလေ့ရှိပါတယ်။
ကာလသားရောဂါကို ကုသရန် သင့်ရဲ့ တင်ပါးကို ပိုးသတ်ဆေး ထိုးပေးနိုင်ပါတယ်။ သို့မဟုတ် ပိုးသတ် ဆေးတွေကိုလည်း သောက်ပေးနိုင်ပါတယ်။ မကုသဘဲ နေမယ်ဆိုရင်တော့ ဦးနှောက်လိုမျိုး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကိုပါ ရောဂါပိုးပြန့်သွားနိုင်ပါတယ်။
- Chlamydia ရောဂါပိုးကူးစက်ခံရခြင်း
Chlamydia (ကလက်မိုင်ဒီယား)ရောဂါပိုးရှိနေတဲ့ လိင်ဆက်ဆံဖော်ကို ပါးစပ်နဲ့ လိင်ဆက်ဆံမိတဲ့အခါ ကူးစက်ခံရတတ်ပါတယ်။ Chlamydia ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ နေရာတွေကတော့ လည်ချောင်း၊ လိင်အင်္ဂါများ၊ ဆီးလမ်းကြောင်းနဲ့ စအိုတို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် Chlamydia ရောဂါပိုး ကူးစက်တဲ့ အခါမှာ လက္ခဏာ ပြလေ့မရှိပါဘူး။ သို့သော် ရောဂါပိုး ရှိလာမယ်ဆိုရင်တော့
−လည်ချောင်းနာခြင်း၊
−မိန်းမကိုယ် သို့မဟုတ် အမျိုးသားလိင်တံမှ အရည်များဆင်းခြင်း၊
−ဆီးသွားတဲ့အခါ ပူလောင်မှုကို ခံစားရခြင်း၊
−အမျိုးသားတွေမှာ ဝှေးစေ့များ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
Chlamydia ရောဂါပိုးကို ဆေးသောက်ပြီး ကုသနိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင်တော့ သင့်ကျန်းမာရေးကို ထိခိုက်လာနိုင်ပြီး သင့်ရဲ့ ဆက်ဆံဖော်ကိုလည်း ကူးစက်သွားစေနိုင်ပါတယ်။
- လိင်အင်္ဂါတွင် ရေယုန်များ
ဒီရောဂါပိုး ဖြစ်ပေါ်စေတဲ့ အဓိက ဗိုင်းရပ်စ်ပိုးကတော့ HSV လို့ခေါ်တဲ့ ရေယုန်ရောဂါ ဗိုင်းရပ်စ်ပိုး အမျိုးအစား ၁နဲ့ ၂ ပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါ ရေယုန်ဟာဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် အခြားသူကို ကူးစက်သွားစေနိုင်ပြီး နှုတ်ခမ်း၊ ပါးစပ်၊ လည်ချောင်း၊ လိင်အင်္ဂါ ၊ စအို၊ တင်ပါး စတဲ့ နေရာမှာ အများဆုံးတွေ့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။