သန္ဓေတားဖို့အတွက် အမျိုးသားတွေ အတွက်ရော၊ အမျိုးသမီးတွေ အတွက်ရော နည်းလမ်း အများအပြားရှိပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်း တစ်ခုဖြစ်တဲ့ ဆေးတောင့်တွေ ဖြစ်ပါတယ်။ ဒီ သန္ဓေတားဆေးတွေကိုတော့ သောက်သုံးရတာ ဖြစ်ပြီး မှန်မှန်ကန်ကန် အသုံးပြမယ်ဆိုရင်တော့ ၉၉.၉ ရာခိုင်နှုန်း အထိ ထိရောက်မှု ရှိပါတယ်။ ဒါပေမဲ့ ဒီ သန္ဓေတားဆေးတွေ ဟာ လိင်မှ တစ်ဆင့် ကူးစက်တဲ့ AIDS လို ရောဂါမျိုးကို မကာကွယ်နိုင်ပါဘူး။ ဒါ့ကြောင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) တွေကို ကာကွယ်လိုတယ်ဆိုရင်တော့ အမျိုးသားသုံး ကွန်ဒုံးတွေကို အသုံးပြုသင့်ပါတယ်။ သန္ဓေတားနည်းတွေထဲမှာတော့ အီစရိုဂျင် (estrogen) နဲ့ ပရိုဂျက်စတင် (progestin) ဟော်မုန်းတွေ ပါဝင်တဲ့ သန္ဓေတားနည်းတွေ ဖြစ်တဲ့ ကပ်ခွာနဲ့ မွေးလမ်းကြောင်းမှာ ထည့်သွင်းရတဲ့ ကွင်းတို့လည်း ရှိပါသေးတယ်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။