ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ
သန္ဓေတားနည်းတစ်ခုဆီမှာဘေးထွက်ဆိုးကျိုး အနည်းအကျဉ်းတော့ရှိစမြဲပါ။ ဒီလိုပါပဲ သန္ဓေတားသောက်ဆေးမှာလည်း အရေပြားမှာ အစက်အပြောက်တွေဖြစ်တာ၊ ရင်သားတင်းတာ၊ မအီမသာဖြစ်တာ၊အော့အန်တာ၊လေပွတာ၊ ရာသီသွေးမဆင်းဘဲဖြစ်တာမျိုးတွေတွေ့ကြုံရနိုင်ပါတယ်။ အက်စထရိုဂျင်ဟော်မုန်းများတဲ့ဆေးတွေဆိုရင်တော့ ဆေးလိပ်သောက်သုံးတဲ့အမျိုးသမီးတွေနဲ့ မသင့်တော်ပါဘူး။ သွေးခဲတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ တကယ်လို့ ဆေးသောက်ပြီးချိန်မှာ ခေါင်းတစ်ခြမ်းကိုက်မယ်၊ ဗိုက်အောင့်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။
ဆေးသောက်တာကို ရပ်လိုက်တော့မယ်ဆိုရင်
သင့်အနေနဲ့ ကိုယ်ဝန်လည်းမလိုချင်ဘူး၊ ဆေးလည်းဆက်မသောက်ချင်တော့တာကြောင့် ဆေးသာက်တာကို ရပ်မယ်ဆိုရင်။ လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးဖို့ကို မမေ့ပါနဲ့။ ဒါမှ မမျှော်လင့်ဘဲဖြစ်လာတဲ့အခြေအနေတွေကို တားဆီးနိုင်မှာပါ။
ဆေးသောက်တာကို ရပ်လိုက်ပြီး အချိန်ဘယ်လောက်ဆိုရင် ကိုယ်ဝန်ရရှိနိုင်မှာလဲ
သန္ဓေတားဆေးသောက်ထားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဆေးသောက်တာကို ရပ်လိုက်ပြီးပြီးချင်းမှာ ချက်ချင်းကိုယ်ဝန်ဆောင်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ ရာသီသွေးပုံမှန်ဆင်းဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရမှာပါ။ ဆေးသောက်တာကို ရပ်လိုက်တဲ့နေ့ကနေစလို့ ၆ လအတွင်းမှာတော့ ကိုယ်ဝန်ဆောင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ၆ လကျော်တဲ့အထိမှ ကလေးမရဘူးဆိုရင် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။
ကလေးနို့တိုက်နေချိန်မှာ တားဆေးသောက်လို့ရလား
ကလေးမွေးဖွားပြီးနောက် ရင်သွေးလေးကို နို့ချိုတိုက်ကျွေးနေချိန်မှာ သန္ဓေတားဆေးသောက်လို့ ဖြစ်ရဲ့လားလို့ စိတ်ပူနေတဲ့မေမေတွေရှိမယ်ထင်ပါတယ်နော်။ ကလေးကိုလည်း မိခင်တစ်ယောက်မို့ နို့ချိုတိုက်ကျွေးချင်တယ်၊ ဆေးကသောက်ဖို့ လိုအပ်မယ်ဆိုရင်တော့ ကလေးမွေးဖွားပြီး ၆ ပတ်အကြာမှာ စသောက်လို့ရပါတယ်။ အက်စထရိုဂျင်ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေက မိခင်နို့ထွက်မှုအပေါ် သက်ရောက်မှုရှိတာကြောင့် နို့တိုက်မိခင်တွေအနေနဲ့ ပရိုဂျက်စတုန်းဟော်မုန်းတစ်မျိုးတည်းသာပါတဲ့ သန္ဓေတားသောက်ဆေးကိုသောက်သုံးတာက အသင့်တော်ဆုံးဖြစ်မှာပါ။
ကဲ သန္ဓေတားနည်းတွေထဲကမှ အခြားနည်းတွေကိုကြောက်လို့ သောက်ဆေးသောက်ဖို့ရွေးချယ်တဲ့ အိမ်ထောင်ရှင်လေဒီတို့ရေ ဒီဆောင်းပါးလေးက အဆင်ပြေမယ်ထင်ပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။