တစ်ခြားသားဆက်ခြားနည်းတွေဖြစ်တဲ့ သောက်ဆေး၊ထိုးဆေးေတွလို သုံးဖို့မေ့သွားမှာစိုးလို့ ရက်တွေကို သေချာ ထိုင်တွက်ချက်နေစရာ မလိုတော့အောင် တစ်ခါထည့်ပြီးတာနဲ့ မေ့ထားလို့ရတဲ့ ပစ္စည်းတစ်ခုပါ။ လက်မောင်းအောက် တစ်ခါလောက်ထည့်ထားရုံနဲ့ ၃ နှစ်ကနေ ၅ နှစ်အထိ ကိုယ်ဝန်မရအောင် တားပေးနိုင်တဲ့ တာရှည်ခံသန္ဓေတား ပစ္စည်းတစ်ခုဖြစ်ပါတယ်။
- သုံးရတာလည်း အဆင်ပြေတယ်။ သိပ်လည်း မသိသာဘူး။
လက်မောင်းထဲတစ်ခါထည့်ထားပြီးပြီးဆိုတာနဲ့ မေ့မေ့ပျောက်ပျောက်ထားလို့ရတဲ့ သန္ဓေတားပစ္စည်းတစ်ခုပါ။ ထည့်ပြီးပြီဆိုတာနဲ့ ပြန်မထုတ်မချင်း၊ သူသက်တမ်းကုန်တဲ့နေ့ မရောက်မချင်း ကိုယ်ဝန်ကို တားပေးနေတာဖြစ်လို့ အလုပ်များတဲ့ လေဒီတို့အတွက် အရမ်းကို အဆင်ပြေတဲ့ သန္ဓေတား ပစ္စည်းလေးတစ်ခုပါ။ လက်မောင်းတွင်းထည့် သန္ဓေတား ပစ္စည်းလေးသာ သုံးလို့ကတော့ နေ့တိုင်းသန္ဓေတားဆေးတွေသောက်ရတဲ့ ဒဏ်၊ ၃ လတစ်ခါ ဆေးခန်းသွားပြီး ဆေးထိုးဖို့ မေ့မှာစိုးတဲ့သောကတွေကနေ ကင်းဝေးတော့မှာပါ။ ဒါ့အပြင် လက်မောင်းအောက် မှာထည့်ထားတာဆိုတော့ ကိုယ်က ထုတ်မပြောရင် ဘယ်သူမှ မသိနိုင်လောက်အောင် သိုသိပ်ပါတယ်။ ။
- အီစတိုဂျင်နဲ့ မတည့်တဲ့အမျိုးသမီးတွေအတွက် ပိုသင့်တော်တယ်။ ။
သန္ဓေတားနည်း အများစုဟာ အီစတိုဂျင်၊ ပရိုဂျက်စတုန်း စတဲ့ ဟော်မုန်းနှစ်မျိုးလုံးပါအောင် အသားပေးထုတ်ထားတာပါ။ ဒီလို ဟော်မုန်းနှစ်မျိုးပါတဲ့ သန္ဓေတားဆေးတွေကြောင့် ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ စိတ်အပြောင်းအလဲတွေဖြစ်တာနဲ့ သွေးပေါင်ချိန်တက်တာလိုမျိုး ပြဿနာလေးတွေဖြစ်တတ်ပါတယ်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းမှာတော့ အီစတိုဂျင်မပါဘဲ ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတာကြောင့် ဒီလိုပြဿနာလေးတွေ နည်းပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။