ကိုဗစ်ကိုကြောက်လို့ အိမ်မှာ နေနေရတယ်မလား။ ဘာမှလည်း လုပ်စရာမရှိဘူးမလား။
ကိုယ်ခံအား ကောင်းရင် ကိုဗစ်ကို ကာကွယ်နိုင်တယ်ဆိုတာတွေလည်း ကြားဖူးတယ်မလား။ ဒါဆိုရင် အလွယ်ဆုံးနည်းလမ်းတစ်ခုရှိတယ်။ အိမ်မှာနေနေရတဲ့ အိမ်ထောင်သည်တွေတော့ အရမ်းသဘောကျကြမှာပဲ။ ဒါကတော့ ခေါင်းစဉ်လေးထဲကအတိုင်း ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။
ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။
ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။ ဒီလိုပြောရတာက
၁။ လိင်ဆက်ဆံခြင်းက ကိုယ်ခံအား စနစ်ကို ကောင်းစေတယ်
ဒါက နောက်တာမဟုတ်ပါဘူး။ တမင်ဖတ်ကောင်းအောင်ရေးတာလည်းမဟုတ်ဘူး။
“လိင်ပိုင်းဆိုင်ရာ တက်ကြွသူတွေက ဖျားနာခွင့်ယူတာ နည်းတယ်” လို့ လိင်ကျန်းမာရေးဆိုင်ရာ လေ့လာချက်တွေမှာဆိုထားပါတယ်။ လိင်ဆက်ဆံမှု များတဲ့သူတွေမှာ ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ် ဘက်တီးရီးယားနဲ့ တခြားပိုးမွှားတွေရန်ကနေ ကာကွယ်နိုင်တဲ့ ကိုယ်ခံအားပိုကောင်းတယ်လို့ဆိုပါတယ်။
အနည်းဆုံး တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လိင်ဆက်ဆံတဲ့သူတွေဟာ အဲဒီထက် အကြိမ်ရေနည်းနည်း ဆက်ဆံသူတွေထက် ရောဂါကာကွယ်တဲ့ ပဋိပစ္စည်း (antibody) တွေပိုရှိနေတယ်လို့ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်ပေါ့နော် ဒါချည်းပဲလုပ်နေရမယ်တော့ မဟုတ်ဘူးပေါ့။
အစားအသောက်မှန်မှန်စားမယ်။ လှုပ်လှုပ်ရှားရှားနေမယ်။
အိပ်ရေးဝအောင်အိပ်မယ် အစရှိတာတွေကိုလည်း ပြုလုပ်ရဦးမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။