- ပါးစပ်၊ လျှာဖြင့် ဆက်ဆံဖော်ရဲ့ မိန်းမကိုယ်၊ စအို၊ လိင်တံကို နှိုးဆွခြင်း၊ စုပ်ယူခြင်း
- လက်ချောင်းဖြင့် ဖြည်းညှင်းစွာ ထိုးသွင်းပြီး နှိုးဆွခြင်း
- လိင်အာသာဖြေ အရုပ်များကို အသုံးပြုခြင်း
- နမ်းခြင်း
- ပွေ့ဖက်ခြင်း
- လိင်စိတ်ထစေဖို့ ကြည်နူးစရာ သို့မဟုတ် ညစ်ညမ်းစကားများ ပြောပေးခြင်း
- ခန္ဓာကိုယ် နေရာအနှံ့ ပွတ်သပ်ကျီစယ်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
ပါးစပ်ဖြင့် လိင်အင်္ဂါကို နှိုးဆွခြင်း (Oral Sex)
ကျွန်တော်တို့ မြန်မာလူမျိုး အများစုကတော့ လိင်အင်္ဂါကို ပါးစပ်နဲ့ ထိတွေ့ရမှာ အရမ်းရွံတတ်ကြပါတယ်။ တကယ်တော့ ထိုးသွင်းဆက်ဆံခြင်း မပြုခင် ကိုယ့်ဆက်ဆံဖော်ကို လိင်စိတ် ထကြွစေဖို့ အကောင်းဆုံး နှိုးဆွပေးနိုင်တဲ့ အရာတွေထဲမှာ ပါးစပ်နဲ့ လျှာလည်း ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
- မထိတထိ ခံစားချက်က စိတ်ထဲမှာ ဖုံးထားတဲ့ လိင်စိတ်တွေကို ဖွင့်ဟပေးသလို ဖြစ်စေတယ်
- တချို့တွေက လိင်စိတ်ထကြွလာဖို့ အချိန်နည်းနည်း စောင့်ပေးရပါတယ်။ ဒီအခါမှာ ထိုးသွင်းဆက်ဆံခြင်းနဲ့ အစပျိုးတာထက် ဖြည်းဖြည်းချင်း နှူးနှပ်ပြီး စိတ်ပါလာအောင် အချိန်ယူပြီး ဆွပေးတာမျိုး လုပ်သင့်ပါတယ်
- အထူးသဖြင့် လိင်တံ အရွယ်အစား သေးတဲ့ အမျိုးသားတွေ ကိုယ့်ငယ်ပါကြောင့် ကိုယ့်အဖော် စိတ်တိုင်းမကျမှာ စိုးရိမ်နေရတယ်ဆိုရင် ဒီနည်းလမ်းနဲ့ စတင်ခြင်းဖြင့် ကိုယ့်ရဲ့ အရည်အချင်းကို တစ်ဖက်လူက အသိအမှတ်ပြုပေးမှာပါ
- ဘယ်လိုပုံစံနဲ့ပဲ လိင်ဆက်ဆံနေပါစေ၊ နှစ်ဦးနှစ်ဖက်လုံး ကောင်းဖို့ အရေးကြီးတဲ့အတွက် ယောက်ျားရယ်၊ မိန်းမရယ်ဆိုပြီး ခွဲခြားမနေဘဲ ကိုယ့်တာဝန်ကိုယ် လုပ်ပေးပါ။
မိန်းမကိုယ်ဖြင့် ဆက်ဆံခြင်း (Vaginal Sex)
မိန်းမကိုယ်မှာ သဘာဝချောဆီ အလိုအလျောက် ထွက်တာရယ်၊ အမျိုးသားရဲ့ လိင်အင်္ဂါ အရွယ်အစားက သေးနေတဲ့ အချက် နှစ်ချက်ကြောင့် ချောဆီ အများကြီး သုံးပေးဖို့တော့ မလိုပါဘူး။ ဒါပေမယ့် အစပိုင်းမှာ အဝင်အထွက် ချောစေမယ့် ရေအခြေပြု ချောဆီ နည်းနည်း စွတ်ပြီးမှ စတင်ရင် ပိုကောင်းမှာပါ။ မိန်းမကိုယ် မဟုတ်ဘဲ စအိုကို ထိုးသွင်းဆက်ဆံမှာဆိုရင်တော့ ချောဆီ နည်းနည်းပိုသုံးဖို့ လိုပါမယ်။ သေးငယ်တဲ့ ငယ်ပါကိုမှ ကိုယ့်ဆက်ဆံဖော် စိတ်တိုင်းကျစေမယ့် ဆက်ဆံပုံ အနေအထားတွေဆိုရင်
- ဆက်ဆံဖော်က ပက်လက်လှန်ပြီး ခြေထောက်ကို အပေါ် မြှောက်ပေးခြင်း
- လေးဘက်ကုန်း အနေအထား
- မျက်နှာချင်းအနေအထားကိုမှ ဆက်ဆံဖော်က အပေါ်မှ ထိုင်ချသော အနေအထား
- လှေကြီးရိုးရိုးထိုး ပက်လက် အနေအထား စတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံနိုင်ပါတယ်။
ဒီနည်းလမ်းတွေဟာ လိင်အင်္ဂါအရွယ်အစား သေးနေတဲ့ အမျိုးသားများ ကိုယ့်ဆက်ဆံဖော်ကို ပိုပြီး ထိရောက်စွာ ကာမသုခ ပေးစွမ်းနိုင်စေမယ့် အနေအထားတွေပဲ ဖြစ်ပါတယ်။
လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် အဓိက သိထားဖို့ လိုအပ်တာက တစ်ဦးနဲ့ တစ်ဦး အပေးအယူ မျှဖို့နဲ့ ကိုယ်ကောင်းရော ပြီးရောဆိုတဲ့ တစ်ကိုယ်ကောင်းဆန် စိတ်ဓာတ်မျိုးတွေ ဖယ်ရှားဖို့ပါ။ အထူးသဖြင့် အမျိုးသားတွေအနေနဲ့ လိင်အင်္ဂါ သေးခြင်းဟာ ရှက်စရာကိစ္စ တစ်ခုလို့ ခံယူမထားသင့်ပါဘူး။ အရွယ်အစားထက် စွမ်းဆောင်ရည်၊ သက်လုံ၊ ထောင်မတ်နိုင်စွမ်း စတဲ့ အရည်အချင်းတွေသည်သာ အရေးကြီးတယ်ဆိုတာ အမြဲတမ်း မှတ်ထားပေးပါ။ ဒါကြောင့် အန္တရာယ်များတဲ့ ဆီလီကွန်ထိုးတာ၊ ဂေါ်လီထည့်တာတွေ မလုပ်ပါနဲ့။ နောက်ပြီး ကူးစက်ရောဂါတွေနဲ့ ကိုယ်ဝန်တွေ တားနိုင်ဖို့ ကွန်ဒုံးသုံးဖို့လည်း မမေ့ပါနဲ့။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။