ရာသီတုပ်ကွေး

ရာသီတုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး နှာခေါင်း၊ လည်ပင်းနဲ့ အဆုတ်ကို ထိခိုက်စေပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပေမယ့် လက္ခဏာတွေကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိထားဖို့ လိုပါတယ်။ ဒီမှာဆက်ဖတ်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီတုပ်ကွေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

ရာသီတုပ်ကွေး ကို ရှာဖွေမည်။

ရာသီတုပ်ကွေး

တုပ်ကွေးနဲ့ဝေးဝေးနေရအောင်

မိုးအေးအေးလေးနဲ့ အိပ်လို့ကောင်းသလို ကြည်လင်လန်းဆန်းစွာနိုးထရတဲ့ နံနက်ခင်းလေးက သဘောတွေ့စရာကောင်းတယ်နော်။ မိုးတွင်းက ပတ်ဝန်းကျင်လည်းအေးမြစိမ်းစိုလို့နေရတာကောင်းပေမယ့် မိုးအေးမှုနဲ့အတူပါလာတတ်တဲ့ တုပ်ကွေးကတော့ ခံရခက်သား။ ဒီတစ်ခေါက်မိုးတွင်း တော့ တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေမယ်လို့ ဆုံးဖြတ်ထားတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ဖြစ်အောင်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။ မိုးတွင်းမှာ ဘာလို့ တုပ်ကွးအဖြစ်များတာလဲ...... အေးမြတဲ့ရာသီဥတုမှာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ရှင်သန်ပေါက်ဖွားလွယ်ကြသလို ပူနွေးတဲ့အချိန်တွေမှာထက် အချိန်ကြာကြာပိုပြီး အသက်ရှင်နိုင်တာကြောင့်အေးမြတဲ့ရာသီဥတုတွေဖြစ်တဲ့ မိုးတွင်းနဲ့ဆောင်းတွင်းမှာ အအေးမိတုပ်ကွေးအဖြစ်များကြတာပါ။ တုပ်ကွေးနဲ့ခပ်ကင်းကင်းနေနိုင်စေမယ့် နည်းလမ်းတွေ တုပ်ကွေးကရှောင်လွှဲလို့ရတဲ့ရောဂါတစ်ခုပါ။ အခုပြောပြတဲ့နည်းလမ်းလေးတွေကို လိုက်နာလို့ မိုးတွင်းကို တုပ်ကွေးကင်းကင်းနဲ့ဖြတ်ကျော်ရအောင်လား။ အာဟာရြပည့်ဝအောင်စားပါ ဒါကတော့ တုပ်ကွေးတင်မဟုတ်ဘဲရောဂါပိုးတိုင်းကို တိုက်ထုတ်ဖို့အတွက် အရေးပါတဲ့အချက်တစ်ခုပါ။ အာဟာရပြည့်ဝမှ ကိုယ်ခံအား ကောင်းပြီးရောဂါပိုးတွေကို အကောင်းဆုံးတိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့် အစားကို အချိန်မှန်မှန်နဲ့ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားပေးပါ။ အိပ်ရေးဝပါစေ တစ်ညတာမှာ အနည်းဆုံး အိပ်ချိန်ကို ၇ နာရီလောက်တော့ရှိအောင်အိပ်ပေးပါ။ ညဉ့်နက်တဲ့အထိ […]


ရာသီတုပ်ကွေး

တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ

အအေးမိတုပ်ကွေးရောဂါဟာ ဝေဒနာ အလွန်မပြင်းထန်တဲ့တိုင်အောင် အစားပျက်၊ အသောက်ပျက်၊ အလုပ်ပျက်ရလောက်တဲ့အထိ လူကို ဒုက္ခပေးလွန်းတဲ့ ရောဂါတွေထဲက တစ်မျိုးပါပဲ။ အထူးသဖြင့် ဒီလို မိုးတွင်းနဲ့ ဆောင်းတွင်းလို ကာလမျိုးတွေမှာ အအေးမိတုပ်ကွေး ဖြစ်တဲ့လူဦးရေဟာ သာမန်အချိန်ထက် ပိုများနေတတ်ပါတယ်။ အအေးမိတုပ်ကွေးဖြစ်ပြီဆိုရင်တော့ အိမ်မှာပဲ သေချာအနားယူတာ အကောင်းဆုံးပါပဲ။ ဒီလိုအချိန်တွေမှာ လူက ဖျားပြီး မောပန်းနေမယ့်အပြင် ခံတွင်းပျက်လို့ အစာအာဟာရကို သေချာပြည့်ဝစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ အာဟာရရှိမှ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးကို ကာကွယ်ခုခံပေးနိုင်မှာပါ။ ဒါကြောင့် တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ ဆိုတော့ ကြက်စွပ်ပြုတ် စွပ်ပြုတ်ဟာ တုပ်ကွေးရောဂါအတွက် အကောင်းဆုံး ဆေးစာတွေထဲက တစ်မျိုးပါ။ ကြက်စွပ်ပြုတ်အပြင် အမဲစွပ်ပြုတ်၊ […]


ရာသီတုပ်ကွေး

တုပ်ကွေးရာသီ ရောက်ပြီဆို ခုလိုအချက်လေးတွေ သိထားပြီး ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။ ။

မိုးတွင်းတို့၊ ဆောင်းတွင်းတို့ဆိုတာ တုပ်ကွေးရာသီ တွေပါ။ ဗိုင်းရပ်စ်ပိုးတွေက အေးတာကို ပိုကြိုက်ကြတာကြောင့် ဒီလိုရာသီရောက်ပြီဆိုရင် အသက်ရှူလမ်းကြောင်း ပိုးဝင်တာ၊ အအေးမိတာ၊ တုပ်ကွေးမိတာတွေ အဖြစ်များကြပါတယ်။ ဒါကြောင့် တုပ်ကွေးရာသီ အတွက် ဘာတွေများ ကြိုတင်ပြင်ဆင်ထားကြမလဲ။ တုပ်ကွေးရာသီ ရောက်လာတာနဲ့ ဘာတွေကြိုပြင်ဆင်ထားဖို့ လိုအပ်လဲ။ ။ ကိုယ်ချစ်တဲ့ သူတစ်ယောက် နေမကောင်းဖြစ်တာကို ဘယ်သူမှတော့ မမြင်ချင်ကြဘူးလေ။ ဒါကြောင့် ကိုယ့်မိသားစုဆီကို မခေါ်ဘဲနဲ့ အမြဲရောက်ရောက်လာတတ်တဲ့ အအေးမိ တုပ်ကွေးရန်ကနေ ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ။ တုပ်ကွေးရာသီရောက်ပြီဆို ဘာတွေပြင်ဆင်ထားဖို့ လိုအပ်လဲ။ ။ ဈေးဝယ်ထွက်ပါ ဈေးဝယ်ထွက်ဆိုလို့ အနွေးထည်ချည်းပဲ သွားဝယ်ခိုင်းတာ မဟုတ်ပါဘူး။ အေးတဲ့ရာသီဆို လူတွေက နွေးနွေးထွေးထွေးနေနိုင်ဖို့ အတွက် အနွေးထည်တွေ၊ စောင်တွေ၊ ခြေစွပ်တွေ ဝယ်ကြသလိုပဲ အအေးဒဏ်ကြောင့် တုပ်ကွေးမိခဲ့ရင် သုံးဖို့လိုတဲ့ ပစ္စည်းတွေ၊ ဆေးတွေကို […]


ရာသီတုပ်ကွေး

သင်က ခဏခဏ ဖျားတတ်တဲ့သူဆိုရင် တုပ်ကွေးရာသီကို ဒီအချက်လေးတွေနဲ့ ဖြတ်ကျော်လိုက်ပါ။

တုပ်ကွေးဆိုတာ တစ်အိမ်တည်းနေတဲ့သူချင်းအတူတူ ခုခံအားနည်းတဲ့ သူကိုပဲဝင်တတ်တဲ့ အမျိုးပါ။ အားနွဲ့သူဆို ပို အနိုင်ကျင့်တဲ့ လူဆိုးကြီးပေါ့။ သင်က ခဏခဏ ဖျားတတ်တဲ့သူဆိုရင် တုပ်ကွေးရာသီကို ဒီအချက်လေးတွေနဲ့ ဖြတ်ကျော်လိုက်ပါ။ ဒါမှ ဘယ်လိုရာသီပဲရောက်ရောက် တုပ်ကွေးကို မမှုဘဲ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ။ ခုခံအားစနစ်ကို ဘာတွေက ထိခိုက်စေလဲ။ ။ ခုခံအားဆိုတာ ကိုယ်တွင်းစစ်တပ်ကြီးရဲ့ ဗိုလ်မှူးချုပ်ကြီးပါ။ အပြင်ကဝင်လာတဲ့ ရန်သူပိုးမွှားတွေ အကုန်လုံးကို သူအားကောင်းလို့ကတော့ အပြတ်ချေမှုန်းတဲ့သူပါ။ ဒါပေမယ့် သူအားနည်းတဲ့ အချိန်လည်းရှိပါတယ်။ ခုခံအား စနစ်ကို အားနည်းအောင် လုပ်တဲ့ သူတွေကတော့ စိတ်ဖိစီးမှုများတာ အရက်၊ ဘီယာ အသောက်များတာ၊ ဆေးလိပ်သောက်တာ အချို နဲ့ အသင့်စား အစားအသောက်တွေ ပိုကြိုက်တတ်တာ အိပ်ရေးပျက်များတာ အဝလွန်နေပြီး ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာ မူးယစ်ဆေးစွဲနေတာ ပဋိဇီဝ […]


ရာသီတုပ်ကွေး

ဖျားမှာကြောက်လား။ ဒီလိုကာကွယ်ပါ။

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားပုံအတိုင်းပဲ ရောဂါတော်တော်များများက မဖြစ်ခင်ကကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ရောဂါဖြစ်လာရင် ခန္ဓာကိုယ်က တုံ့ပြန်တိုက်ခိုက်ရတဲ့အတွက် မလိုအပ်ဘဲ ပင်ပန်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အလေ့အထလေးတွေကို မွေးမြူပြီး ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့ ရောဂါဘယတွေ ဝင်မလာအောင် တားဆီးသင့်ပါတယ်။ ခုလိုရာသီမှာ အဖြစ်များဆုံးက ဖျားနာတာပါ။ ဒီတော့ ဖျားမှာကြောက်လား။ ဒီလိုကာကွယ်ပါ။ ဖျားမှာကြောက်လား။ ဒီလိုကာကွယ်ပါ။ ရာသီအကူးအပြောင်းတွေ အပူအအေးမမှန်တဲ့အချိန်တွေမှာ တုပ်ကွေးမိတာ အအေးမိဖျားနာတာတွေအဖြစ်များကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပတ်ဝန်းကျင်ကလူတွေဖျားတိုင်း လိုက်မဖျားဖို့ဆိုရင် ဒီအဆင့်လေးတွေလုပ်ကြည့်ပြီး ကာကွယ်လိုက်ပါ။ လက်တွေ သေချာဆေးကြောပေးပါ လက်ချောင်းလေးတွေက နေရာတော်တော်များများကို ထိတွေ့နေရတာကြောင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ အများကြီး ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်တွေကို သေချာဆေးကြောပေးဖို့ မမေ့ပါနဲ့။ရေနဲ့ ဆပ်ပြာ အလွယ်တကူမရနိုင်တဲ့အခါမျိုးမှာ လက်ကိုသန့်စင်နိုင်စေဖို့အတွက် သွားလေရာကို ရေမလိုလက်သန့်ဆေးရည် ဆောင်သွားပေးပါ။ ချောင်းဆိုးနှာချေရင် […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးဖြစ်ပြီဆို ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

တုပ်ကွေးဖြစ်ပြီဆို ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ ...... လည်ချောင်းတွေ ယားပြီး တဟွတ်ဟွတ် ဆိုးနေတဲ့ ချောင်းနဲ့ နှာတချေချေ ဖြစ်နေပြီဆို ဇာတ်လမ်းတော့ စပြီလို့ သိကြမှာပါနော်။ နှာရည်ကျတာ၊ ကိုယ်လက် နည်းနည်း ကိုက်ခဲလာတာဆို သေချာနေပါပြီ။ ဒါပေမယ့် ရိုးရိုး အအေးမိတာ ထင်ပြီး ကြက်စွပ်ပြုတ်ပဲ သောက်နေတာထက် ဘယ်အချိန်မှာ ဆရာဝန် ပြသင့်ပြီလဲ ဆိုတာ သိထားသင့်ပါတယ်။ အအေးမိ၊ တုပ်ကွေး ဆိုတာ ရာသီဥတု အေးတဲ့အခါ အဖြစ်များတဲ့၊ ပြန့်ပွားလွယ်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နေမကောင်းတဲ့ အချိန်ဆို တတ်နိုင်ရင် အလုပ်၊ ကျောင်းမသွားသင့်သလို လူများတဲ့ ပွဲတွေ၊ တွေ့ဆုံပွဲတွေ၊ မားကတ်တွေကို ရှောင်သင့်ပါတယ်။ အများအားဖြင့်တော့ လက္ခဏာတွေက သိပ် မပြင်းထန်တတ်ဘဲ ကိုယ်ခံအားနဲ့ သက်သာသွားတတ် […]


ရာသီတုပ်ကွေး

နေမကောင်း ဖြစ်နေတာလား။ မြန်မြန်သက်သာအောင် ဒါလေးတွေလုပ်နော်

နေမကောင်းဖြစ်တာက အပြင်ရုပ်ပိုင်းဆိုင်ရာကိုတင်မက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ဘယ်သူကတော့နေမကောင်း အကြာကြီးဖြစ်ချင်မလဲနော်။ မြန်မြန်ပြန်ပျောက်ချင်တာပေါ့။ ဒါကြောင့် ကိုယ်နေမကောင်းဖြစ်ရင် သိသင့်တဲ့ အချက်တွေ သိထားပြီး လိုက်နာရင်တော့ ကိုယ်လည်းမြန်မြန်ပြန်ကျန်းမာ၊ ကိုယ်ချစ်တဲ့ သူတွေကိုလည်း နေမကောင်းဖြစ်တာ မကူးတော့ဘူးပေ့ါ။ ဖျားနာရင်ဆေးသောက်တာနဲ့တင် မပြီးပါဘူး။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။ နေမကောင်း ဖြစ်နေတာလား။ မြန်မြန်သက်သာအောင် ဒါလေးတွေလုပ်နော် ။ တုပ်ကွေးက ကူးစက်တာမြန်တတ်လား။ ။ တုပ်ကွေးက လေကတစ်ဆင့် ကူးစက်တာ အပြင် ရောဂါရှိတဲ့သူဆီက ထွက်တဲ့ တံထွေး၊ နှာရည်တွေကို ထိမိကိုင်မိတာကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ အိမ်မှာ တစ်ယောက် တုပ်ကွေးဖြစ်ပြီဆိုတာနဲ့ အိမ်သားအားလုံး ကူးစက်နိုင်ခြေရှိပါတယ်။ ကိုယ်ကြောင့် သူများနေမကောင်းဖြစ်သွားရင် အားနာနေရတဲ့ ခံစားမှုကြီးက မကောင်းပါဘူး။ ဒါကြောင့် ကိုယ့်တုပ်ကွေး သူများဆီ မရောက်ဖို့ နဲ့ ကိုယ်လည်း မြန်မြန်ပြန်ကောင်းအောင် […]


ရာသီတုပ်ကွေး

သင်ဟာ တခြားသူတွေထက်ပိုပြီး မကြာခဏဖျားနာတတ်တဲ့သူလား။ ဒါတွေကြောင့်ဖြစ်မှာပါ

ငယ်ငယ်ကကျောင်းပြေးချင်လွန်းလို့ ဖျားချင်ခဲ့ဖူးတယ်ဟုတ်။ ကလေးဘဝတုန်းကတော့ ဖျားပြီဆိုရင် အိမ်မှာနေရမယ်၊ဖေဖေမေမေကို ကပ်ချွဲပြီး လိုချင်တာလေးဝယ်ခိုင်းတယ်၊ စားချင်တာလေး ဝယ်ကျွေးခိုင်းလို့ရလို့ ဖျားချင်ခဲ့ဖူးကြတယ်လေနော်။ဖေဖေမေမေတွေကချီပြီးဆေးခန်းလိုက်ပို့ပေးလို့ ခဏခဏကိုဖျားချင်ခဲ့တာပါ။ ဒါပေမယ့် အရွယ်ရောက်လာတော့ အအေးမိတုပ်ကွေးဖြစ်ရင်ခံစားရတာက မသက်သာလွန်းလို့ မဖျားချင်တော့ပါဘူး။ ဖျားရင်တောင်မြန်မြန်သက်သာချင်တဲ့ဆန္ဒက စဖျားကတည်းကကိုဖြစ်နေတာလေ။ ဒီတော့ ဘယ်အချက်တွေက တုပ်ကွေးဖြစ်ဖို့ အားပေးရာရောက်နေလဲဆိုတာကို သိထားမယ်ဆိုရင် ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေလို့ရတာပေါ့။ဖြစ်နိုင်တာကို ဆင်ခြင်လို့ရအောင် ဒီဆောင်းပါးလေးထဲက အကြံဉာဏ်ကိုရယူလိုက်ပါနော်။ တုပ်ကွေးဆိုတာ တုပ်ကွေးဆိုတာက အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တဲ့ ဖျားနာမှုတစ်မျိုးပါ။ တုပ်ကွေးရောဂါပိုးက နှာခေါင်းကနေတဆင့် အသက်ရှုလမ်းကြောင်းတလျှောက် လည်ချောင်းနဲ့ အဆုတ်အထိဝင်ရောက်ကူးစက်တာပါ။ တုပ်ကွေးက တစ်ခါတလေမှာ အအေးမိဖျားနာတာနဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးကနောက်ဆက်တွဲရောဂါတစ်သီကြီးနဲ့အတူရောက်လာတတ်တာပါ။ တုပ်ကွေးဖြစ်ပြီဆိုရင် ချောင်းခြောက်ဆိုးမယ် အဖျားနည်းနည်းရှိနေမယ် လည်ချောင်းနာမယ် ကြွက်သားတွေနဲ့ တစ်ကိုယ်လုံးမှာ နာကျင် ကိုက်ခဲတာတွေဖြစ်မယ် ခေါင်းကိုက်မယ် […]


ရာသီတုပ်ကွေး

အအေးမိ တုပ်ကွေး မှားယွင်းနေတဲ့အထင်အမြင်များ

တုပ်ကွေးရာသီရောက်ပြီဆိုတာနဲ့ရှေ့ဆုံးကဖျားတတ်နာတတ်လွန်းလို့ စိတ်ညစ်နေသူတစ်ယောက်အဖို့ကတော့ မဖျားအောင် ဒါလေးတွေလုပ်ပါဆိုပြီး အသိမိတ်ဆွေတွေဆွေမျိုးတွေကပြောတာတွေကို လိုက်လုပ်မိနေတော့မှာအသေအချာပဲလေ။ ကိုယ်တိုင်တောင်တစ်ခါတစ်ခါ လုပ်မိနေတတ်သေးတာလေ။ ဒါပေမယ့် သူတို့ကစေတနာနဲ့ပြောတာဆိုပေမယ့် အယူအဆတွေကမှားနေမယ်ဆိုရင် အထောက်အကူမပြုနိုင်မှာတော့ အသေအချာပဲလေ။ ဒီတော့ တုပ်ကွေးနဲ့ပတ်သက်ပြီး လုပ်မိနေတဲ့ အယူအဆအမှားတွေ ကိုယ်တိုင်ရောလုပ်မိနေလားဆိုတာကို ဒီဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်လိုက်နော်။ တုပ်ကွေးနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆအမှားတွေ ဆံပင်ရေစိုနဲ့လေတိုက်တိုက်မှာ ထိုင်မိတာကိုး - ကြားဖူးတယ်မှတ်လား။ခေါင်းလျှော်ပြီးရေမခြောက်ခင် အပြင်ထွက်သွားတာကိုး။ အခုတော့ဖျားပြီလေဆိုတာမျိုးပေါ့။ ဟုတ်များဟုတ်နေလားလို့တွေးမိမှာပေါ့။ တကယ်တော့ ဒါကတိုက်ဆိုင်သွားတဲ့ အကြောင်းအရာတစ်ခုပေါ့။ တကယ်တော့ အအေးမိတုပ်ကွေးြဖစ်တယ်ဆိုတာက ဗိုင်းရပ်စ်ကြောင့်ပါ။ ဆံပင်ကိုခြောက်အောင်သုတ်သင့်တာကမှန်ပေမယ့် ဆံပင်ရေစိုနဲ့ အပြင်ထွက်လို့တော့ တုပ်ကွေးမဖြစ်ပါဘူး။ ရာသီဥတုေအးနေတာကို အနွေးထည်မဝတ်ဘဲ အပြင်ထွက်တယ် -အေးနေတာကို အနွေးထည်ခပ်ပါးပါးတစ်ထည်လောက်တော့ ဝတ်ဦးမှပေါ့။ အအေးမိမယ်လေလို့ ကိုယ့်ကိုချစ်တဲ့သူကလှမ်းမှာတာကြားဖူးကြမှာပေါ့။မေမေ့ဆီက အများဆုံးကြားရနိုင်ပါတယ်။မေမေတွေက သားသမီးတွေကို အမြဲမပြတ်ဂရုစိုက်နေတတ်ကြသူတွေပါ။မေမေက ဂရုဏာမေတ္တာနဲ့ မှာတာကို လျစ်လျူမရှု့ဖို့ပြောချင်ပါတယ်။ ဒါပေမယ့် အနွေးထည်မဝတ်လို့ ခန္ဓါကိုယ်မှာ ပိုအေးသွားတာတော့ဖြစ်နိုင်ပေမယ့် […]


ရာသီတုပ်ကွေး

အသက်သေဆုံးသည်အထိ ပြင်းထန်တဲ့တုပ်ကွေးများအကြောင်း တစ်စေ့တစ်စောင်း

အအေးမိ တုပ်ကွေးလို့ လူတွေပြောလေ့ရှိတာဆိုတော့ တုပ်ကွေးဆိုတာက သိပ်ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ဘူးလို့ လူတွေထင်စရာရှိပါတယ်။ တကယ်တမ်းက ရာသီအလိုက်အဖြစ်များလေ့ရှိတဲ့တုပ်ကွေးအပျော့စားကြောင့်သာ တုပ်ကွေးဆိုတာက သိပ်မပြင်းထန်တဲ့ရောဂါတစ်ခုလို့ ထင်မြင်ရတာပါ။ တကယ်တမ်းမှာတော့ အရမ်းပြင်းထန်တဲ့တုပ်ကွေးဗိုင်းရပ်စ်ေတွလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်တဲ့တုပ်ကွေးတွေအကြောင်းကို ပြောပြပေးသွားမှာပါ။ တုပ်ကွေးဘာကြောင့်ဖြစ်ရတာလဲ တုပ်ကွေးဆိုတာ Influenza လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာပါ။ သူက အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတာဖြစ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ကိုယ်အပူချိန်တက်ပြီး ဖျားတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ နှာစေး၊ချောင်းဆိုးတာ တွေ ဖြစ်ပါတယ်။ တုပ်ကွေး ဘယ်နှစ်မျိုးရှိလဲ Influenza Virus ကို A, B, C ဆိုပြီး အုပ်စု ကြီး၃ခုခွဲလို့ရပါတယ်။ Influenza Virus A Influenza A ဗိုင်းရပ်စ်ကို Avian Influenza ( Bird Influenza) လို့ လူသိများပါတယ်။ Influenza […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း