home

ရာသီတုပ်ကွေး

ကျန်းမာရေးဗဟုသုတ

ရာသီတုပ်ကွေး

အခုကာလက တုပ်ကွေး အဖြစ်များတဲ့ ကာလပါ။ နှစ်စဉ် မိုးကျလာပြီဆိုရင် တုပ်ကွေးကလည်း မိုးနဲ့အတူ ပါလာတတ်တဲ့ အရာပေါ့။ တုပ်ကွေးက စကားလုံးကသာ တုပ်ကွေးလို့ ဆိုတာ တုပ်ကွေး ဖြစ်ပြီဆိုရင် ခံစားရတာ အတော်လေး မသက်သာလှပါဘူး။ ဒီတော့ အခုလို တုပ်ကွေးအဖြစ်များတဲ့ ကာလမှာ တုပ်ကွေးကာကွယ်ဖို့ ဘာတွေကို အဓိကထား စားပေးသင့်လဲဆိုတာကို Helloဆရာဝန် ပရိသတ်ကြီးအတွက် ပြောပြပေးသွားပါမယ်။ တုပ်ကွေးရာသီမှာ တုပ်ကွေးကာကွယ်ဖို့ ဒါတွေစားပေးပါ........... တုပ်ကွေးရာသီမှာ တုပ်ကွေးကွေးကြသူတွေထဲ မပါစေဖို့ဆိုရင်တော့ နေ့စဉ်စားသုံးမှုမှာ ဒါလေးတွေ ထည့်စားပေးဖို့ လိုပါမယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာ ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ သာမန်အအေးမိ ဖျားနာတာကစလို့ တုပ်ကွေးတွေအထိပါ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိတယ် လို့ ၂၀၀၄ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါ့ကြောင့် ဒီကာလမှာ တုပ်ကွေးကာကွယ်ဖို့ဆိုရင် […]

ရာသီတုပ်ကွေး နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ရာသီတုပ်ကွေး

မိုးရာသီ ရောက်ပြီဆိုတာနဲ့ တုပ်ကွေးတို့ ခေါင်းထောင်လာပါပြီ။ သိတယ်မလား ခဏနေ ချောင်းဆိုး နှာစေးလိုက်၊ တော်ကြာ၊ ဖျားလိုက်နဲ့ လူကြီးလူငယ်မရွေး တုပ်ကွေးမိတတ်ကြပါတယ်။ ရာသီဥတုကလည်းအေး နေကလည်း မထွက် စိုထိုင်းဆကလည်း များတော့ တုပ်ကွေးပိုးတို့ အကြိုက်ပေါ့။ ဒီတော့ ခု မိုးတွင်းလည်းရောက်နေပြီ အိမ်မှာ တုပ်ကွေးတစ်ယောက်ဖြစ်ပြီဆို တစ်အိမ်လုံးကို ကူးစက်နိုင်တယ်ဆိုတတော့ ဘယ်လိုတွေ ကာကွယ်ကြမလဲ ။ ပထမဆုံးအနေနဲ့ တုပ်ကွေး ရောဂါလက္ခဏာကို အရင်ဆုံး သိထားဖို့လိုပါတယ်။ တုပ်ကွေးရောဂါအများစုက “upper respiratory tract “လို့ခေါ်တဲ့ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ် ပိုးမွှားတွေ ဝင်ရောက်ခြင်းမှတဆင့် ဖြစ်တဲ့ ပြဿနာပါ။ သူ့ရဲ့ လက္ခဏာတွေကတော့ ကိုယ်ပူခြင်း ချောင်းဆိုးခြင်း လည်ချောင်းနာခြင်း နှာရည်ယို နှာပိတ်ခြင်း ကိုယ်လက်ကိုက်ခဲခြင်းနှင့် ချမ်းတုန်ခြင်း တို့ပဲ ဖြစ်ပါတယ်။ အိမ်မှာတစ်ယောက်လောက်များ […]

ရာသီတုပ်ကွေး

မိုး အေးတဲ့အချိန်မှာ မျှော်လင့်မထားတဲ့ရောဂါတွေက အလုံးအရင်းနဲ့ ဝင်လာတတ်တယ်နော်။ ဒီလိုဝင်လာတဲ့ရောဂါတွေထဲမှာ ခံရအခက်ဆုံးက ရာသီတုပ်ကွေးပါ။ အချို့သောရာသီတုပ်ကွေးတွေက အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်တာကြောင့် ကာကွယ်နိုင်မှ တော်ကာကျမှာပါ။ တုပ်ကွေးရာသီမှာ တုပ်ကွေးမဖြစ်အောင် ကာကွယ်ဖို့ စိတ်အားထက်သန်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ ရာသီတုပ်ကွေးကာကွယ်ရာမှာ လိုက်နာရမယ့် အခြေခံအဆင့်တွေက ဘာတွေများလဲ....... ရာသီတုပ်ကွေးမကူးစက်ခံရအောင် ကာကွယ်ဖို့ဆိုရင် ဒီအချက်လေးတွေကို မဖြစ်မနေလိုက်နာဖို့လိုပါမယ်။ အာဟာရပြည့်ဝအောင်စားမယ် အိပ်ရေးဝဝအိပ်မယ် တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မယ် လက်ဆေးမယ် လူစုလူဝေးကိုရှောင်မယ် တုပ်ကွေးကာကွယ်ဆေးထိုးမယ် စတဲ့အချက်တွေကိုလိုက်နာရုံပါ။ ဒီအချက်တွေထဲကမှ တုပ်ကွေးကာကွယ်ဖို့ အာဟာရပြည့်ဝအောင် စားသောက်မှုကို အထိရောက်ဆုံးဖြစ်စေဖို့သွေးအမျိုးအစားအလိုက် တုပ်ကွေးကာကွယ်ဖို့ ဘာတွေစားပေးသင့်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။ သွေးအမျိုးအစားအလိုက် တုပ်ကွေးကာကွယ်ဖို့ ဘာတွေစားရမလဲ....... တုပ်ကွေးကာကွယ်ဖို့အတွက်သွေးအမျိုးအစားအလိုက် စားပေးသင့်တာတွေက Aသွေးအမျိုးအစား Aသွေးပိုင်ရှင်လေးတို့အနေနဲ့ တုပ်ကွေးကာကွယ်ဖို့ဆိုရင် ဒါလေးတွေစားပေးပါ........ ပဲပိစပ်ကနေထုတ်ထားတဲ့ အစားအစာတွေ အဆီကြွယ်ဝတဲ့ ပင်လယ်ငါး နှမ်းကြတ်စေ့ဆီ သံလွင်ဆီ ကြက်သွန်နီ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ (ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်၊ တရုတ်နံနံ) ထောပတ်သီး […]

ရာသီတုပ်ကွေး

H1N1 ရာသီတုပ်ကွေး ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်ဖြစ်ပြီး အဖြစ်များတဲ့ရိုးရိုးတုပ်ကွေးရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ဝက်သားနဲ့ တခြားစားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။ လူလူချင်းသာ ကူးစက်ပါတယ်။ ရောဂါလက္ခဏာတွေကအများအားဖြင့်ဆင်တူပေမယ့် ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ရာသီတုပ်ကွေးကရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာကူးစက်ရောက်ရှိနိုင်ပါတယ်။ လက္ခဏာ တွေက – ချမ်းတုန်ခြင်း ချောင်းဆိုးခြင်း မောပန်းအားကုန်ခြင်း ဝမ်းလျှောခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်းနဲ့ ခန္ဓါကိုယ်နာကျင်ကိုက်ခဲခြင်း လည်ချောင်းနာခြင်း နှာစေးနှာပိတ်ခြင်း မူးဝေအော့အန်ခြင်းတို့ဖြစ်ပါတယ်။ ဘယ်လိုကူးစက်နိုင်သလဲ ရောဂါရှိနေသူကချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ လေထုထဲရောက်လာတဲ့အမှုန်တွေကနေ ကူးတာပါ။ တုပ်ကွေးဗိုင်းရပ်စ်ပါတဲ့လေတွေကို ရှူရှိုက်မိတဲ့အခါ ဒါမှမဟုတ် ဗိုင်းရပ်စ်ကပ်ငြိကျန်နေတဲ့ မျက်နှာပြင်တစ်ခုခုဆီကနေ မျက်လုံး၊နှာခေါင်းနဲ့ ပါးစပ် စတာတွေဆီကို ကူးစက်ရရှိနိင်ပါတယ်။ လက္ခဏာမပြခင်တစ်ရက်မှာတည်းက ကူးစက်ပိုးကပျံ့နှံ့သွားနိုင်ပြိး နေမကောင်းဖြစ်ပြီး ၇ရက်လောက်ထိ ကူးစက်ပျံ့နှံ့သွားနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးက […]

ရာသီတုပ်ကွေး

မိုးလေးအေးလာရင် ပတ်ဝန်းကျင်လေးစိမ်းလန်းလာလို့ စိတ်ချမ်းသာရတာ ကိုယ်တွေတင်မဟုတ်ပါဘူး။ ကိုယ်တွေကို နာဖျားအောင်လုပ်မယ့် တုပ်ကွေးပိုးလေးတွေရောပါ။ တုပ်ကွေးဖြစ်ရင် တစ်ကိုယ်လုံးကကိုက်ခဲ၊ အဖျားကတက်၊ ပါးစပ်ကပျက်နဲ့ခံစားရတော်တော်ခက်တယ်။ ဒီကြားထဲက ကိုယ်ကအိမ်ရဲ့ တုပ်ကွေးဖြန့်ချိသူများဖြစ်ခဲ့ရင် စိတ်ထဲမှာစိတ်မကောင်းတောင်ဖြစ်မိသေးတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက ကာကွယ်တာပါ။ ကာကွယ်ခြင်း ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ စကားကလည်းရှိသေးတာကိုး။ ဒီတော့ ရာသီတုပ်ကွေးကို ဘယ်လိုများကာကွယ်ကြမလဲ။ လွယ်ပါတယ်။ ဒါကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပေါ့။ ကာကွယ်ဆေးထိုးလို့သာပြောတယ် ဘာမှသေသေချာချာမသိဘဲ မထိုးနိုင်ပါဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေရှိနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေတွေကို ထုတ်ပေးမှာပါ။ ဘယ်သူတွေက ကာကွယ်ဆေးအထိုးသင့်ဆုံးလဲ....... အခုပြောပြမယ့်သူတွေက ကာကွယ်ဆေးကို မဖြစ်မနေထိုးသင့်တာပါ။ ကိုယ်ဝန်ဆောင်မေမေတွေ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ ကိုယ်ခံအားနည်းသူတွေ ဆီးချိုရောဂါရှိသူ အသည်းရောဂါရှိသူ ကျောက်ကပ်ရောဂါရှိသူ အဝလွန်နေသူတွေ ခုခံအားကျ ကူးစက်ရောဂါခံစားနေရသူတွေ ကင်ဆာရောဂါရှိသူတွေ ပန်းနာရင်ကျပ်ရောဂါခံစားနေရသူတွေ ကင်ဆာရောဂါခံစားနေရသူတွေ နာတာရှည်ရောဂါတစ်ခုခုရှိသူတွေက မဖြစ်မနေကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးခင် ဘာတွေသိထားဖို့လိုမလဲ......... တုပ်ကွေးကာကွယ်ဆေးထိုးတော့မယ်ဆိုရင် […]

ရာသီတုပ်ကွေး

အားလုံးသိတဲ့အတိုင်း မိုးရာသီဆိုတာ တုပ်ကွေးတို့ အပျော်ဆုံးကာလတစ်ခုပါ။ ခြောက်သွေ့မှုလည်းမရှိ တစ်ချိန်လုံး စိုစွတ်နေပြီး သူတို့ကို သတ်နိုင်တဲ့ နေရောင်ခြည်လည်း သိပ်မထွက်နိုင်တော့ မိုးရာသီဆိုတာ တုပ်ကွေးရာသီဖြစ်နေရတာပေါ့။ ရာသီကတော့ တားလို့ရမှာ မဟုတ်ဘူး။ အချိန်တန်ရင် ရောက်လာမှာပဲ ဆိုတော့ တုပ်ကွေးရာသီအတွက် ကိုယ့်ဘက်ကပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ဆင်ရတာပေါ့။ ခြင်ကိုက်မခံရအောင်နေတာ၊ မိုးရေစိုပြီး မဖျားအောင်ကြိုပြင်ဆင်ရတာ အပြင် မိုးရာသီမှာ အပေါများဆုံးဖြစ်တဲ့ ရောဂါပိုးတွေ ကိုယ်ခန္ဓါထဲ မဝင်အောင် ကြိုကာကွယ်တာမျိုးတွေ လုပ်သင့်ပါတယ်။ တုပ်ကွေးပိုးတွေကို ကိုယ်ခန္ဓါထဲ မဝင်ဖို့အတွက် အဓိကအရေးကြီးဆုံးကတော့ ကိုယ်ခံအားပါ။ ကိုယ်ခံအားကောင်းဖို့အတွက် နံပါတ် ၁ လိုအပ်တာကတော့ အစားအသောက်ပါ။ အစားအသောက်တွေထဲမှာမှ ရောဂါတွေကို ကာကွယ်ပေးဖို့ဆိုတော့ အသီးအနှံတွေက မပါမဖြစ်ပါ။ ဒီတော့ ဘယ်လို အသီးအရွက် တွေ စားပေးရမှာလဲ ။ Monsoon Fruits တုပ်ကွေးရာသီအတွက် […]

ရာသီတုပ်ကွေး

မိုးအေးအေးလေးနဲ့ အိပ်လို့ကောင်းသလို ကြည်လင်လန်းဆန်းစွာနိုးထရတဲ့ နံနက်ခင်းလေးက သဘောတွေ့စရာကောင်းတယ်နော်။ မိုးတွင်းက ပတ်ဝန်းကျင်လည်းအေးမြစိမ်းစိုလို့နေရတာကောင်းပေမယ့် မိုးအေးမှုနဲ့အတူပါလာတတ်တဲ့ တုပ်ကွေးကတော့ ခံရခက်သား။ ဒီတစ်ခေါက်မိုးတွင်း တော့ တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေမယ်လို့ ဆုံးဖြတ်ထားတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ဖြစ်အောင်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။ မိုးတွင်းမှာ ဘာလို့ တုပ်ကွးအဖြစ်များတာလဲ...... အေးမြတဲ့ရာသီဥတုမှာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ရှင်သန်ပေါက်ဖွားလွယ်ကြသလို ပူနွေးတဲ့အချိန်တွေမှာထက် အချိန်ကြာကြာပိုပြီး အသက်ရှင်နိုင်တာကြောင့်အေးမြတဲ့ရာသီဥတုတွေဖြစ်တဲ့ မိုးတွင်းနဲ့ဆောင်းတွင်းမှာ အအေးမိတုပ်ကွေးအဖြစ်များကြတာပါ။ တုပ်ကွေးနဲ့ခပ်ကင်းကင်းနေနိုင်စေမယ့် နည်းလမ်းတွေ တုပ်ကွေးကရှောင်လွှဲလို့ရတဲ့ရောဂါတစ်ခုပါ။ အခုပြောပြတဲ့နည်းလမ်းလေးတွေကို လိုက်နာလို့ မိုးတွင်းကို တုပ်ကွေးကင်းကင်းနဲ့ဖြတ်ကျော်ရအောင်လား။ အာဟာရြပည့်ဝအောင်စားပါ ဒါကတော့ တုပ်ကွေးတင်မဟုတ်ဘဲရောဂါပိုးတိုင်းကို တိုက်ထုတ်ဖို့အတွက် အရေးပါတဲ့အချက်တစ်ခုပါ။ အာဟာရပြည့်ဝမှ ကိုယ်ခံအား ကောင်းပြီးရောဂါပိုးတွေကို အကောင်းဆုံးတိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့် အစားကို အချိန်မှန်မှန်နဲ့ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားပေးပါ။ အိပ်ရေးဝပါစေ တစ်ညတာမှာ အနည်းဆုံး အိပ်ချိန်ကို ၇ နာရီလောက်တော့ရှိအောင်အိပ်ပေးပါ။ ညဉ့်နက်တဲ့အထိ […]

ရာသီတုပ်ကွေး

ဂေါ်ရခါးသီး လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ဂေါ်ရခါးသီးကို ကြက်ဥ၊ ဘဲဥတွေနဲ့ ရောကြော်ပြီး စားကြသလို ကြက်သားနဲ့ ကာလသားချက်လေးလည်း ချက်စားတတ်သေးတယ်နော်။ မုန့်နှစ်နဲ့ ကြော်ပြီး အချဉ်လေးနဲ့ပဲ တို့စားစား၊ ဂျူးမြစ်လေးနဲ့ပဲ ချဉ်ရည်ချက်ချက် စားကောင်းတာကတော့ အမှန်ပါပဲ။ စားလိုက်တိုင်းမှာ အရည်ရွှမ်းရွှမ်း ချိုချိုလေးဖြစ်နေတာကိုက ဂေါ်ရခါးသီးရဲ့ ထူးခြားတဲ့ ပင်ကိုသဘာဝ အရသာလေးပါ။ ဂေါ်ရခါးသီး အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာ ပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာ စားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ ရေဓာတ်ပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်နော်။ ဘာဓာတ်တွေပါလဲ ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဗီတာမင် ဘီ ဗီတာမင် စီ ဖောလိတ် ဗီတာမင် နီကာဆင် သီရာမင်း ရေဓာတ် အမျှင်ဓာတ် ကယ်လ်ဆီယမ် ပိုတက်ဆီယမ် […]

ရာသီတုပ်ကွေး

ဝက်တုပ်ကွေးဆိုတဲ့ H1N1 အကြောင်း ကြားတာနဲ့ လူတိုင်းကြောက်ကြမှာပါပဲ။ ဒါပေမယ့်ကြောက်နေတာနဲ့ပဲ မပြီးပါဘူးနော်။ ငါတော့ ဝက်သားမစားဘူးဆိုတော့ မကူးနိုင်လောက်ဘူးဆိုတာတွေ၊ ကပ်ဘေးမသင့်အောင် ဟိုယတြာလေးချေ ဒီယတြာလေးချေ ဆိုတာတွေတွေးနေမယ့်အစားရောဂါအကြောင်းကို ဗဟုသုတလေ့လာပါ၊ ဖတ်ပါ၊ မှတ်ပါနော်။ ဒါမှ ရောဂါကို ကြောက်နည်းမှန်ပါတယ်။ ရောဂါကိုကြောက်ပြီးလေ့လာမှ မကူးစက်ခံရအောင်ဆောင်ရန်ရှောင်ရန်တွေကို ကြိုသိထားပြီး ကိုယ့်ကိုယ်ကိုယ်ရော မိသားစုနဲ့ချစ်သူခင်သူတွေကိုပါ ကာကွယ်စောင့်ရှောက်နိုင်မှာပါ။ ကဲ..ဝက်တုပ်ကွေးလို့ပြောလိုက်တာနဲ့ သင်ဘာတွေမေးချင်နေမလဲ။ Hello ဆရာဝန်က အကြားအမြင်နဲ့ ကြိုတွေးပြီးဖြေပေးလိုက်ပါမယ်နော်။ မေး- ဝက်သားစားတဲ့လူပဲ ကူးမှာလား ဖြေ - ဝက်တုပ်ကွေးဗိုင်းရပ်စ်က သန္ဓေပြောင်းပြီး လူတွေကိုကူးစက်တယ်၊ လူကနေလူကိုပြန့်ပွားတယ်။ပြောရရင် ဝက်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုရှိတဲ့သူတွေကို ကူးစက်ရာက အစပြုခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ လူကနေလူကိုပဲ တဆင့်တဆင့် ကူးစက်ပြန့်ပွားစေတာမို့ ဝက်သားစားစား၊ မစားစား သက်သတ်လွတ်သမားတောင် ကူးစက်ခံရနိုင်ပါတယ်။ မေး - ဝက်သားပါသမျှ အကုန်ရှောင်ရမှာလား ဝက်တုပ်ကွေးက အစားအစာကနေကူးတာမဟုတ်ပါဘူး။ ရောဂါရှိနေတဲ့သူရဲ့ […]

ရာသီတုပ်ကွေး

အအေးမိတုပ်ကွေးရောဂါဟာ ဝေဒနာ အလွန်မပြင်းထန်တဲ့တိုင်အောင် အစားပျက်၊ အသောက်ပျက်၊ အလုပ်ပျက်ရလောက်တဲ့အထိ လူကို ဒုက္ခပေးလွန်းတဲ့ ရောဂါတွေထဲက တစ်မျိုးပါပဲ။ အထူးသဖြင့် ဒီလို မိုးတွင်းနဲ့ ဆောင်းတွင်းလို ကာလမျိုးတွေမှာ အအေးမိတုပ်ကွေး ဖြစ်တဲ့လူဦးရေဟာ သာမန်အချိန်ထက် ပိုများနေတတ်ပါတယ်။ လက်ကို သေချာမဆေးမိတာကြောင့်၊ လူသူ ထူထပ်တဲ့ နေရာတွေကို သွားနေရတာကြောင့်၊ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပဝါကို အသုံးမပြုတာကြောင့် အစရှိသဖြင့် အအေးမိတုပ်ကွေးရောဂါပိုးဟာ လူတစ်ဦးကနေတစ်ဆင့် ကူးစက်ပါတယ်။ အအေးမိတုပ်ကွေးဖြစ်ပြီဆိုရင်တော့ အိမ်မှာပဲ သေချာအနားယူတာ အကောင်းဆုံးပါပဲ။ ဒီလိုအချိန်တွေမှာ လူက ဖျားပြီး မောပန်းနေမယ့်အပြင် ခံတွင်းပျက်လို့ အစာအာဟာရကို သေချာပြည့်ဝစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ အာဟာရရှိမှ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးကို ကာကွယ်ခုခံပေးနိုင်မှာပါ။ ဒါကြောင့် နာလန်ပြန်မထူခင်အချိန်အထိ ပုံမှန်စားနေကျအစာတွေကို ခဏရှောင်ထားပြီး […]

ရာသီတုပ်ကွေး

ခုလို ဆောင်းရာသီဟာ ဆောင်းရဲ့ အငွေ့အသက်တွေပါတဲ့ လေအေးအေးမှ ကြိုက်တဲ့သူတွေ အတွက်ကတော့ အသာယာဆုံးရာသီတစ်ခုပါ။ မိုးရဲ့ အငွေ့အသက်တွေ ကုန်သွားပြီဆိုပြီး တုပ်ကွေးရာသီကုန်ပြီလို့ ပြောလို့မရပါဘူး။ ဗိုင်းရပ်ပိုးတွေကိုက အေးနေရင်ပိုပြီး ရှင်သန်နိုင်တဲ့ သဘောရှိတာကြောင့် လေထဲမှာ မမြင်ရတဲ့ ပိုးတွေရှိနေနိုင်ပါသေးတယ်။ မိုးရာသီတစ်ခုပဲ တုပ်ကွေးရာသီ မဟုတ်ပါဘူး။ ဆောင်းရာသီမှာလည်း တုပ်ကွေးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဆောင်းရောက်တော့မှာမို့လို့ အနွေးထည်ေလးတွေဝယ်ပြီး အအေးဒဏ်ခံနိုင်ဖို့ ကြိုပြင်ဆင်ထားကြသလို ဆောင်းတွင်းတုပ်ကွေး အတွက်လည်း ကြိုပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ တုပ်ကွေးရာသီရောက်လာတာနဲ့ ဘာတွေကြိုပြင်ဆင်ထားဖို့ လိုအပ်လဲ။ ။ ကိုယ်ချစ်တဲ့ သူတစ်ယောက် နေမကောင်းဖြစ်တာကို ဘယ်သူမှတော့ မမြင်ချင်ကြဘူးလေ။ ဒါကြောင့် ကိုယ့်မိသားစုဆီကို မခေါ်ဘဲနဲ့ အမြဲရောက်ရောက်လာတတ်တဲ့ အအေးမိ တုပ်ကွေးရန်ကနေ ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ။ တုပ်ကွေးရာသီရောက်ပြီဆို ဘာတွေပြင်ဆင်ထားဖို့ လိုအပ်လဲ။ ။ ဈေးဝယ်ထွက်ပါ - ဈေးဝယ်ထွက်ဆိုလို့ အနွေးထည်ချည်းပဲ […]

ရာသီတုပ်ကွေး ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon