backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

တုပ်ကွေး ကို ဘယ်လို ကာကွယ်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

တုပ်ကွေး ကို ဘယ်လို ကာကွယ်ကြမယ်

မိုးကလေး တဖြိုက်နှစ်ဖြိုက်ကျလာပြီဆိုတော့ နှာစေး၊ ချောင်းဆိုးလေးကတော့ ဝင်လာတတ်ပါပြီ။ တော်ရုံ ကိုယ်ခံအား မကောင်းတဲ့လူတွေဆို တုပ်ကွေးမိဖို့ အတော်နီးစပ်တဲ့ကာလလို့ ဆိုရမှာပါ။

မြန်မာပြည်လို မုတ်သုံတိုင်းပြည်တစ်ခုအတွက်တော့ မိုးလေးကျလာပြီဆိုရင် ရာသီတုပ်ကွေး အန္တရာယ်ကို တွေးပူရတတ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အဆိုအရလည်း ရာသီတုပ်ကွေး ကူးစက်ခံထားရသူ တချို့စမ်းသပ်တွေ့ရှိထားတယ်လို့ ဆိုထားပါတယ်။ ခုမှ မိုးရာသီရဲ့ အစောပိုင်းကာလမို့ တုပ်ကွေးကူးစက်ခံရသူတွေ ဒီထက်ပိုတိုးပွားလာနိုင်ပါသေးတယ်။

ဒီတော့ ကိုယ့်မှာ ရာသီတုပ်ကွေးကူးစက်မခံရဖို့ အရေးကြီးလာပါပြီ။ တုပ်ကွေးနဲ့ အဝေးမှာနေနိုင်ဖို့၊ တုပ်ကွေးကူးစက်မခံရဖို့ နည်းလမ်းတွေတော့ သိထားရမှာပေါ့။

ကာကွယ်ဆေးထိုးပါ

တုပ်ကွေးကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးနှံတာပါပဲ။ ကာကွယ်ဆေးကို တတ်နိုင်မျှ စောစောထိုးနှံထားတာက အကောင်းဆုံးနည်းလမ်းပါပဲ။

ကာကွယ်ဆေးတွေက ခန္ဓာကိုယ်အတွင်းကို အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုးတွေ ဝင်မလာအောင် တိုက်ထုတ်ဖို့ စီမံထားပါတယ်။ တချို့ဆေးတွေဟာ တုပ်ကွေးပိုး ၃ မျိုးလောက်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

တစ်ခုရှိတာက ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ထိုးနှံမယ့် ဆေးအမျိုးအစားတွေကိုလည်း သိနားလည်ထားသင့်တာပါပဲ။

  • Flu “shot” လို့ ခေါ်တဲ့ ဆေးအမျိုးအစားကတော့ ၆ လနဲ့အထက် ဘယ်သူကိုမဆို ထိုးနှံလို့ရပါတယ်။ CDC က ထောက်ခံထားပြီးသားပါ။ ဒါပေမယ့် အဓိကအားဖြင့်တော့ ၁၈ နှစ်နဲ့ ၆၄ နှစ်အကြား အသက်အရွယ်ရှိသူတွေကို ထိုးနှံပေးလေ့ရှိပါတယ်။
  • FluMist လို့ ခေါ်တဲ့ ဖြန်းဆေးကတော့ အသက် ၂ နှစ်နဲ့ ၄၉ နှစ်အကြား ကျန်းမာပြီး အလာဂျီမရှိသူတွေဆိုရင် မည်သူမဆို အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် ဒီဆေးက ဗိုင်းရပ်စ်ကို အားနည်းသွားရုံသာ လုပ်ဆောင်ပေးနိုင်ပါတယ်။
  • Egg-free ဆိုတာလည်း တစ်မျိုးရှိပါသေးတယ်။ ဒါကတော့ ၁၈ နှစ်နဲ့ ၄၉ နှစ်အကြား ဥအမျိုးမျိုးနဲ့ အလာဂျီဖြစ်တတ်တဲ့သူတွေအတွက် ဖန်တီးထားတာပါ။

    Fluzone ကတော့ အသက် ၆၅ နှစ်နဲ့အထက် လူကြီးတွေအတွက်ပါ။ သူတို့ရဲ့ ကျဆင်းလာနေတဲ့ ကိုယ်ခံအားစနစ်ကို ကာကွယ်ပေးဖို့ ရည်ရွယ်ဖန်တီးထားပါတယ်။

  • Jet Injector နဲ့ ထိုးသွင်းရတဲ့ Afluria ကတော့ ၁၈ နှစ်နဲ့ ၆၄ နှစ်အကြား လူတွေမှာ အသုံးပြုလို့ရပါတယ်။

ဆေးထိုးပြီးတဲ့အခါ လက်မောင်းမှာ အနည်းငယ်နာကျင်နေတာမျိုး ခံစားနေရနိုင်ပါတယ်။ ဒီအတွက်နဲ့တော့ ဆေးမထိုးပဲ မနေပါနဲ့။ ဆေးထိုးထားတာက အကောင်းဆုံး နည်းလမ်းဖြစ်တာကြောင့်ပါ။

တခြားသော ကာကွယ်ရေး နည်းလမ်းများ

ဆေးထိုးတဲ့ နည်းလမ်းအပြင် တခြားနည်းလမ်းတွေနဲ့လည်း တုပ်ကွေးဝေဒနာကို ကာကွယ်တားဆီးနိုင်ပါသေးတယ်။ အဲ့ဒီနည်းလမ်းတွေကတော့

  • ရောဂါပိုးမွှားတွေ မကပ်ငြိအောင် သတိထားနေထိုင်တာ၊
  • ဘာကိုင်ပြီးပြီး လက်ကို ဆပ်ပြာနဲ့ သန့်စင်စွာဆေးကြောတာ၊
  • လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နှာခေါင်းတွေကို မကြာခဏ ပွတ်သပ်တာမျိုး မပြုလုပ်တာ၊
  • ဖျားနာနေတဲ့သူတွေကို တတ်နိုင်သမျှ ရှောင်တာ၊
  • လူစုလူဝေးတွေကို ရှောင်ကြဉ်တာ၊
  • ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး အစားအသောက်၊ အနေအထိုင်နဲ့ အိပ်စက်ပုံ မှန်ကန်အောင် နေထိုင်တာ၊
  • ကိုယ်ခံအားကောင်းအောင် နေတာ၊
  • ဆေးလိပ်သောက်တတ်ရင် ဖြတ်တာတွေက ပိုးမွှားတွေ ခန္ဓာကိုယ်မှာ မကပ်ငြိစေပဲ တုပ်ကွေးရန် ကာကွယ်စေနိုင်ဖို့ အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement