ဖျားနာနေတဲ့ မိသားစုဝင် ကို ဘယ်လို ဂရုစိုက်ပေးမလဲ
လူတစ်ယောက်ဖျားနာရတဲ့ အကြောင်းရင်းတွေထဲမှာ အဖြစ်အများဆုံးကတော့ အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ကူးစက်ခံရလို့ပါ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် အအေးမိတာ၊ တုပ်ကွေးမိတာကြောင့် ဖျားနာတာ အများဆုံးပါပဲ။ ခုလို ရာသီအကူးအပြောင်းကာလဆိုရင် ပိုပြီးတော့ ဖျားနာတတ်ပါတယ်။ ဒီလိုကူးစက်ရောဂါတွေကြောင့် အိမ်မှာ ဖျားနာနေတဲ့ မိသားစုဝင် တစ်ယောက်ရှိပြီဆိုရင် နောက်တစ်ယောက်ကို အလွယ်လေး ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် ဖျားတဲ့သူတစ်ယောက်ယောက် ရှိပြီဆိုရင် သေချာဂရုစိုက်ပေးရပါမယ်။ သူလည်း မြန်မြန်သက်သာစေသလို သူများကို ကူးနိုင်ခြေလည်း နည်းသွားတာကြောင့်ပါ။ ဖျားနာနေတဲ့ မိသားစုဝင် တစ်ယောက်ရှိနေပြီဆိုရင် အိမ်မှာ ဖျားတဲ့သူ တစ်ယောက်ယောက် ရှိ နေပြီဆိုရင် အကောင်းဆုံးကတော့ အခန်းခွဲထားလိုက်တာပါ။ သူလည်း ကောင်းကောင်းနားလို့ ရသလို သူများတွေကိုလည်း ကူးစက်နိုင်ခြေနည်းသွားပါပြီ။ နောက်ပြီး သူ့ကို အလုပ်တွေ၊ ကျောင်းတွေ မသွားစေဘဲ အိမ်မှာကောင်းကောင်း အနားယူခိုင်းပါ။ အိမ်မှာပြုစုမယ့်သူကလည်း တစ်ယောက်လောက် ရှိရင် ရပါပြီ။ လူတိုင်းသူနဲ့ ထိတွေ့စရာမလိုပါဘူး။ […]