ကိုယ်ဝန်ဆောင်ချိန် လိုင်ချီးသီးစားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 18, 2020 . 2 mins read
Share now

လေဒီတို့မှာ ဘာစားချင်ချင် တည့်ပါမလားတွေးမိတဲ့အချိန်ရှိတယ်။ အဲ့ဒါကတော့ ကိုယ်ဝန်ဆောင်ချိန်နော်။ ငါများစားလိုက်ရင်ဆိုတဲ့ စိုးရိမ်စိတ်ဖြစ်မိကြစမြဲပါ။ ဒီတစ်ခေါက်တော့ လိုင်ချီးသီးကြိုက်ပေမယ့်ဘေဘီလေးထိခိုက်မှာစိုးလို့ လိုင်ချီးသီးမစားရဲတဲ့မေမေတို့အတွက် ဒီဆောင်းပါလေးကနေတဆင့်ပြောပြပါရစေနော်။

လိုင်ချီးသီးဆိုတာ

လိုင်ချီးသီးဆိုတာက အနီရောင် အခွံလေးနဲ့ အတွင်းကအသားဖြူဖြူ ချိုချိုလေးပါတဲ့ အသီးလေးပေါ့။ စားလိုက်ရင် ချိုချိုလေးနဲ့ အရသာရှိလှပါတယ်နော်။ အနံ့လေးကလည်း ချိုချိုမွှေးမွှေးလေးနဲ့ စားချင်စရာလေးပါ။ အပူပိုင်းဒေသတွေမှာပေါက်ရောက်တတ်တဲ့အပင်တစ်မျိုးပါ။

ကိုယ်ဝန်ဆောင်ချိန်မျာ လိုင်ချီးသီးစားလို့ရလား

သာမန်ချိန်မှာစားချင်တာ စားလိုက်တာက ကိုယ်တစ်ယောက်တည်းဆိုတော့ပြဿနာမရှိပေမယ့် ကိုယ်ဝန်ရှိနေချိန်မှာတော့ ကိုယ့်အစားတစ်လုတ်ကြောင့်ဘေဘီလေးထိခိုက်မှာစိုးတာမေမေတိုင်းလိုလိုဖြစ်တတ်တဲ့ ခံစားချက်ပါနော်။ ဒီတော့ လိုင်ချီးသီးကြိုက်တယ်။ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရလို့ မစားရဲဘူး။ စားလို့ရလားဆိုရင်တော့ နည်းနည်းလောက်တော့ စားလို့ရတယ်၊လို့ပြောပါရစေနော်။
ပုံမှန်ကတော့ မစားနဲ့။ မစားတာကောင်းတယ်၊လို့ပြောကြပါလိမ့်မယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လိုင်ချီးသီးစားတာကသွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေပြီး ကိုယ်ဝန်ဆောင်ဆီးချို စိုးရိမ်ရတာကြောင့်ပါ။ နောက်တစ်ချက်က လိုင်ချီးသီးကနေတဆင့်ရောဂါပိုးတွေ ကူးစက်ခံရနိုင်ပြီးနောက်ဆက်တွဲအနေနဲ့ သွေးမတိတ်တာမျိုးခံစားရနိုင်တယ်ဆိုတဲ့ အချက်တွေကြောင့်ပါ။ တကယ်တော့ နည်းနည်းလောက် စားပေးလို့ရပါတယ်။

ဘယ်လောက်ပမာဏ စားလို့ရလဲ

ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ လိုင်ချီးသီး ကို အတန်အသင့်စားလို့ရပါတယ်။ အများကြီးတော့ မစားသင့်ပါဘူးနော်။

ကိုယ်ဝန်ဆောင်နဲ့ လိုင်ချီးသီး

ကိုယ်ဝန်ဆောင်ချိန်မှာ လိုင်ချီးသီးကို အတန်အသင့်စားပေးလို့ရပါတယ်။ လိုင်ချီးသီးစားပေးတာက အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေတောင်ရရှိစေနိုင်ပါတယ်။
သွေးစီးဆင်းမှုကောင်းစေတယ်
လိုင်ချီးသီးကသွေးတွင်းကဟီမိုဂလိုဗင် ပမာဏကိုထိန်းညှိပေးပြီး မဂ္ဂနီဆီယမ်၊ သံဓါတ်၊ မဂ္ဂနိ၊ ဗီတာမင် စီ( ဗီတာမင် C)၊ဖောလိတ်တို့ပါဝင်တာကြောင့်သွေးစီးဆင်းမှုကိုကောင်းစေနိုင်ပါတယ်။သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့်လေဖြတ်နိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။

ကိုယ်ခံအားေကာင်းစေနိုင်တယ်

လိုင်ချိးသီးက ဗီတာမင် စီ (ဗီတာမင် C) ပါဝင်တာကြောင့် အအေးမိတုပ်ကွေးကနေ ကာကွယ်ပေးပြီး ခန္ဓါကိုယ်ကိုရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဖလေဗာနွိုက်ပါဝင်တာကြောင့် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဝမ်းမှန်စေနိုင်တယ်

ရေ နဲ့ အမျှင်ဓါတ်ပါဝင်မှုများတာကြောင့် ဝမ်းမှန်စေနိုင်ပါတယ်။ ဝမ်းချုပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးတဲ့အပြင် အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆာင်စဉ် ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ကိုယ်တွင်းelectrolyte မျှတစေနိုင်တယ်

ရေဓါတ်ခမ်းခြောက်မှုကြောင့် ကိုယ်တွင်းမှာelectrolyte မမျှတာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို လိုင်ချီးသီးက အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။

အသားအရေ စိုပြည်ကျန်းမာစေနိုင်တယ်

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အသားအရေကို စိုပြည်နူးညံ့စေနိုင်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရကိုဖြည့်စွမ်းပေးနိုင် ပါတယ်။

သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်

သွေးတွင်းက အကျိုးပြုကိုလက်စထရောပမာဏကိုမြင့်တက်စေနိုင်ပြီး အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။

အင်အားပြည့်စေနိုင်တယ်

ပိုတက်ဆီယမ်ပါဝင်တာကြောင့် နုံးချိတာ၊ မအီမသာဖြစ်တာ၊ နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပြီး ခန္ဓါကိုယ်မှာ အားပြည့်နေစေမှာပါ။

အလွန်အကျွံမစားပါနဲ့

အရာရာက တန်ဆေး လွန်ဘေးပါ။ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ လိုင်ချီးသီးကို အများကြီးစားမိမယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ အကျိုးကျေးဇူးတွေမရဘဲ အခုလိုထိခိုက်မှုလေးတွေ ရှိလာနိုင်ပါတယ်။

ကိုယ်တွင်းအပူချိန်တိုးစေနိုင်တယ်

ကိုယ်တွင်းအပူချိန်တိုးလာတာကမေမေရောဘေဘီလေးအတွက်ပါမကောင်းပါဘူးနော်။ ဒါကြောင့် အများကြီးတော့ မစားပါနဲ့။

သွေးမတိတ်တာမျိုးခံစားရနိုင်တယ်

လိုင်ချီးသီးကို အလွန်အကျွံစားမိမယ်ဆိုရင် သွေးတော်တော်နဲ့ မတိတ်တာမျိုးကိုခံစားရစေနိုင်ပါတယ်။

ဆီးချို

အချိုဓါတ်ပါဝင်မှုများတာကြောင့်သွေးတွင်းသကြားဓါတ်ြမင့်တက်စေပြီး ကိုယ်ဝန်ဆောင်ဆီးချိုခံစားရနိုင်ခြေများစေနိုင်ပါတယ်။

ကလေးအသေမွေးစေနိုင်တယ်

လိုင်ချိးသီးကို အရမ်းအများကြီး စားသုံးမိမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ဆီးချိုခံစားရနိုင်ပြီးပြင်းထန်တဲ့နောက်ဆက်တွဲအနေနဲ့ ကလေးအသေမွေးတာမျိုး အထိဖြစ်စေနိုင်ပါတယ်။

သွေးပေါင်ကျေစနိုင်တယ်

လိုင်ချိးသီးအများကြီးစားတာကသွေးပေင်ချိန်ကို ကျစေနိုင်တာကြောင့်မေမေတို့အနေနဲ့ အရမ်းတော့မစားစေချင်ပါဘူး။

ကဲ…လိုင်ချီးသီးစားချင်တယ်။ဘေဘီလေးကို ထိခိုက်မှာစိုးလို့ မစားရဲဘူးဆိုတဲ့ မေမေဗိုက်တို့ရေ နည်းနည်းလေးတော့စားလို့ရပါကြောင်း…………………….

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံ ကို သက်သာစေလား။ အခါးဓာတ်ပါတဲ့အရာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read