backup og meta

ဇီကာရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်ခြင်းကို ရှောင်ကျဉ်သင့်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇီကာရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်ခြင်းကို ရှောင်ကျဉ်သင့်လား

    ယခုအခါ ကလေးယူဖို့ စိတ်ကူးရှိနေမယ်ဆိုရင် ဇီကာဗိုင်းရပ်စ်ဟာ အရေးတယူ စဉ်စားရမယ့် ကိစ္စတစ်ခုဖြစ်လာပါပြီ။ မိန်းမအများစုက ဇီကာဗိုင်းရပ်စ်ဆိုတာဘာလဲ၊ ဘယ်လိုကုသနိုင်မလဲ၊ ရောဂါလက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ၊ ဇီကာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်သင့်လား၊ မသင့်ဘူးလားဆိုတာကို သိချင်နေကြပါတယ်။

    ဇီကာဗိုင်းရပ်စ်ဆိုတာဘာလဲ။

    ဇီကာရောဂါဟာ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရတာပါ။ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO)က ကိုယ်ဝန်ဆောင်များအတွက် ဇီကာဗိုင်းရပ်စ်နဲ့ ဇီကာရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြအနေအဖြစ် သတ်မှတ်ပြီးပါပြီ။ ထိုအခြေအနေသည် ရိုးရိုးသာမန်လူများထက် ကိုယ်ဝန်ဆောင်မိခင်တို့ဖြင့် ဆက်စပ်မှုရှိနေပါတယ်။

    ဇီကာရောဂါက မွေးရာပါချို့ယွင်းချက် အများအပြားကို ဖြစ်စေပါတယ်။ ထိုဗိုင်းရပ်စ်နဲ့ ရောဂါတို့က Microcephaly လို့ခေါ်တဲ့ ဦးနှောက်ထိခိုက် ခံရနိုင်ဖွယ်ရှိသော ဦးခေါင်းသေးရင်သွေးငယ်များ မွေးဖွားလာစေပါတယ်။

    ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    အဖျားတက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်ကိုက်ခဲခြင်း၊ မျက်လုံးနီခြင်းတို့လိုမျိုး လက္ခဏာတွေဟာ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ၂ရက်ကနေ ၇ရက်အထိ ကြာမြင့်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်နေစဉ်မှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမယ်ဆိုရင်တော့ ဦးခေါင်းသေးခြင်းနှင့် Guillain-Barré syndrome (ကြွက်သားအားနည်းခြင်း၊ အကြောသေခြင်း) တို့လိုမျိုး မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    အခြားအားရုံကြောထိခိုက်မှုတွေနှင့် ဗိုင်းရပ်စ်ကြားမှာ ဆက်မှုရှိကြောင်း သက်သေမပြနိုင်သေးသော်လည်း WHO နဲ့ CDC တို့က ကိုယ်ဝန်ဆောင်မိန်းမများအား ရောဂါဖြစ်ပွားသော နေရာများသို့ သွားရောက်ခြင်းအား သတိပေးတားမြစ်ထားပါတယ်။

    ဇီကာဗိုင်းရပ်စ် ဘယ်လို ပျံ့နှံ့တာလဲ။

    ဇီကာဗိုင်းရပ်စ်ဟာ အေးဒီစ်ခြင်ဖြင့် ပျံ့နှံ့နိုင်ပါတယ်။ သွေးသွင်းခြင်းမှလည်းကောင်း၊ မအင်္ဂါနှင့် စအိုတို့မှ လိင်ဆက်ဆံခြင်းဖြင့်လည်းကောင်း ကူစက်နိုင်သည်ဟု သက်သေများ ရှိပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဖြင့် ကူးစက်နိုင်လား၊ မကူးစက်နိုင်ဘူးလားဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

    ဒါပေမဲ့ သုတ်ရည်မှ ကူးစက်နိုင်တာကြောင့် ပါးစပ်မှ လိင်ဆက်ဆံခြင်းသည်လည်း အန္တရယ်ရှိနိုင်ပါတယ်။ ရောဂါမဖြစ်ခင်၊ ဖြစ်စဲနဲ့ ဖြစ်ပြီး ယောက်ျားများမှ ကူးစက်နိုင်ပါတယ်။

    လောလောဆယ်တော့ ကာကွယ်ဆေးကော၊ ကုသနည်းကော မရှိသေးပါဘူး။ အခုလိုအချိန်မှာတော့ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ဝန်ဆောင်ဖို့ စဉ်းစားနေသော မိန်းမများကို ဇီကာဖြစ်ပွားနေသော နေရာဒေသများသို့သွားရောက်ခြင်းအား သတိပေးတားမြစ်ထားပါတယ်။

    ဇီကာဖြစ်ပွားနေသော နေရာများသို့ သွားရောက်ထားသည့် သူများအား ပြန်လာပြီးနောက်မှာ ရောဂါလက္ခဏာပြပြ၊မပြပြ အနည်းဆုံး ၈ပတ်လောက် လိင်မဆက်ဆံဖို့ WHOက အကြံပြုထားပါတယ်။

    ကလေးအရမ်းလိုချင်နေမယ်ဆိုရင်တော့ ဇီကာဗိုင်းရပ်စ်ဖြင့် ထိတွေ့ပြီး သို့မဟုတ် ဇီကာရောဂါ ဖြစ်ပွားနေသော နေရာသို့ သွားရောက်ပြီး နောက်ထပ်၈ပတ်လောက် စောင့်ဖို့လိုအပ်ပါတယ်။

    ဇီကာရောဂါလက္ခဏာပြနေတဲ့ ယောက်ျားတွေအတွက်ကတော့ အနည်းဆုံး၆ပတ် စောင့်ဖို့လိုအပ်ပါတယ်။

    ဇီကာရောဂါကို ဘယ်လို ကာကွယ်မလဲ။

    ဇီကာဖြစ်နေတဲ့ နေရာတွေကို သွားမယ်ဆိုရင် ကာကွယ်နည်း အနည်းငယ်တော့ ရှိပါတယ်။ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တို့အား တတ်နိုင်သမျှ အသားဖုံးအောင် ဝတ်သွားပါ။ ခြင်ပြေးဆေး တတ်နိုင်သလောက် အသုံးပြုပေးပါ။

    ဇီကာဗိုင်းရပ်စ်သယ်ဆောင်လာသော ခြင်အများအပြားထွက်သည့် နေ့ဘက်အချိန်တွေမှာ အိမ်တွင်းဋ္ဌ်သာ နေပေးပါ။

    ရောဂါလက္ခဏာတစ်ခုခု ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်ဖြင့် ချက်ချင်း ပြသပေးပါ။ ကိုယ်ဝန်ဆောင်ဆိုလျင် အိမ်တွင် မကုသပါနှင့်။

    ဇီကာဖြစ်နေတဲ့ ယောက်ျားတွေဟာ အနည်းဆုံး၆လခန့် လိင်မဆက်ဆံသင့်ပါဘူး။ ဆက်ဆံမယ်ဆိုရင်လည်း ကွန်းဒုံးအသုံးပြုပေးပါ။

    ကိုယ်ဝန်ဆောင်ဖို့ စဉ်းစားနေပြီး ဇီကာရောဂါလက္ခဏာတွေရှိနေမယ် ဒါမှမဟုတ် စစ်ဆေးမှုမှာ အပေါင်းပြနေမယ်ဆိုရင် ပထမဆုံးလက္ခဏာပြချိန်မှစပြီး ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားချိန်အထိ အနည်းဆုံး ၈ပတ်ခြားဖို့ လိုအပ်ပါတယ်။

    ကိုယ်ဝန်ဆောင်ဖို့ စဉ်စားနေရင် အရင်ဆုံး ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement