သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆေးလိပ်သောက်ခြင်းက မျိုးပွားနိုင်စွမ်းကို ဘယ်လိုထိခိုက်နိုင်သလဲ

ဆေးလိပ်သောက်ခြင်းက မျိုးပွားနိုင်စွမ်းကို ဘယ်လိုထိခိုက်နိုင်သလဲ

ဆေးလိပ်သောက်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ပါသည်။ ယနေ့အခါတွင် ထိုစာတမ်းအား သင်ခဏခဏ တွေ့မြင်ဖူးမည်ဖြစ်ပြီး ၎င်း၏ မူကွဲများအဖြစ် “ဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်သောက်ခွင့်မပြုပါ၊ ဆေးလိပ်သောက်ခြင်းက ဆိုးဝါး၏၊ ကလေးများရှိသောကြောင့် ဆေးလိပ်မသောက်ရ…” စသည်တို့အား နေရာအနှံ့တွင် တွေ့နိုင်၏။

ကျွန်ုပ်တို့အားလုံးသည် ဆေးလိပ်က မိမိခန္ဓာကိုယ်နှင့် မိမိဘေးမှလူတို့အား ဘာတွေဖြစ်စေတတ်ကြောင်း သိထားပြီးသားပင်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အဆုတ်ကင်ဆာဖြစ်နေသော လူတစ်ယောက်အကြောင်း ကြားခဲ့ရသည်။

သူကိုယ်တိုင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သွားရသည်မဟုတ်ဘဲ ဆေးလိပ်သောက်သူများနှင့် ပြည့်နေသော အင်တာနက်ဂိမ်းဆိုင်တွင် သွားဆော့ရာမှ ဖြစ်သွားခြင်းပင်။ ဒါသည် သူကိုယ်တိုင် မသောက်သည့်တိုင် ဘေးလူများက သူ့အား ရောဂါပေးသွားခြင်းပင်။

ထို့ကြောင့် ဆေးလိပ်သည် အသက်ဆုံးရှုံးနိုင်ပါသည်။ ဘဝ၏အစပိုင်း အစောပိုင်းအဆင့် ကိုယ်ဝန်ဆောင်စဉ်အချိန်မှာတောင်မှ သန္ဓေသားအသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။

ဆေးလိပ်သောက်ခြင်းက မျိုးပွားနိုင်စွမ်းကို ဘယ်လိုထိခိုက်နိုင်သလဲ

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်းသည် အထက်ပါဥပမာလို ကိစ္စမျိုးကို ဆိုလိုပါသည်။ သင်ကိုယ်တိုင်း မသောက်သော်လည်း တခြားတစ်ယောက်၏ ဆေးလိပ်ငွေ့အား ရှူမိနေခြင်းဖြစ်သည်။ ကိုယ်တိုင်သောက်သည်ထက် အန္တရာယ်နည်းသော်လည်း အန္တရာယ်ရှိနေသေးသည်သာပင်။

သင့်ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိလျှင် သင့်ကလေးအတွက်လည်း ကောင်းမည်မဟုတ်။ ယခုပြောနေသည်မှာ ကိုယ်ဝန်ကိစ္စဖြစ်သောကြောင့် သင်၏ သန္ဓေသား သို့မဟုတ် သင်၏ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်ပါသည်။

အထူးသဖြင့် ဆေးလိပ်သောက်ခြင်းသည် သင့်ခန္ဓာကိုယ်အတွင်းသို့ ဓာတုပစ္စည်းပေါင်း ၇၀၀၀ ကျော်ကို ပျံ့နှံ့သွားစေပါသည်။ ထိုမှ သားဥကြွေမှု မူမမှန်ခြင်း၊ မျိုးရိုးဗီဇပြဿနာများ၊ မျိုးပွားအင်္ဂါထိခိုက်မှု၊ ကင်ဆာနှင့် ကိုယ်ဝန်ပျက်ကျခြင်းများလို မျိုးပွားနိုင်စွမ်းကို ထိခိုက်နိုင်သည့် ပြဿနာများ ဖြစ်စေနိုင်ပါသည်။

အသက် ၃၀ အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်းသည် ခက်ခဲ၏။ ဆေးလိပ်သောက်သူတစ်ယောက် အသက် ၃၀ အရွယ်တွင် ကိုယ်ဝန်ဆောင်ရန်က နှစ်ဆပိုခက်၏၊ သို့မဟုတ် သုံးဆလည်း ပိုခက်နိုင်သည်။

ထို့အပြင် သင်သည် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူနေရသူဖြစ်ပါက မွေးလာသောကလေးတွင် ရုတ်တရတ် ကလေးသေဆုံးသော ရောဂါ (SIDS) ဖြစ်နိုင်ချေလည်း ရှိနေပါသည်။ ဆိုလိုသည်မှာ သင်ဆေးလိပ်မဖြတ်ပါက သို့မဟုတ် ဆေးလိပ်ငွေ့ဆက်ရှူနေပါက မွေးလာသောကလေးတွင် အန္တရာယ်ကြီးသည်ဟု အဓိပ္ပာယ်ရသည်။

အမျိုးသားများတွင် သုက်ပိုးများကို ဆိုးဝါးစွာ ထိခိုက်နိုင်သည်။ အမျိုးသားများ သုက်ပိုးနည်းခြင်း (ဆိုလိုသည်မှာ သုက်ပိုးကောင်ရေသည် သုက်တစ်ခါလွှတ်စာအတွက် မလုံလောက်ခြင်း) ကို ဖြစ်စေနိုင်သည်။

ထို့အတူ သုက်ပိုးရွေ့လျားနိုင်စွမ်းကိုလည်း ကျစေနိုင်၏။ သဘာဝအားဖြင့် သုက်ပိုးများသည် အမျိုးသားဆီမှ အမျိုးသမီးထံရောက်ပြီးနောက် မမျိုးဥဆီသို့ ရောက်ရှိနိုင်ရန် ကူးခတ်ရ၏။ သို့သော် ရွေ့လျားနိုင်စွမ်း ကျနေပါက တခြားနေရာသို့ရောက်သွားနိုင်သလို လုံးဝမရွေ့နိုင်တော့သည်လည်း ဖြစ်နိုင်ပါသည်။

သိပ္ပံနည်းကျပြောရလျှင် ဆေးလိပ်သောက်သူ၏ သုက်ပိုးများသည် DNA ပိုပျက်စီးနေနိုင်၏။ သူတို့၏ သန္ဓေသားသည်လည်း ကောင်းကောင်း အသက်ရှင်နိုင်မည် မဟုတ်ပါ။ ရှင်ခဲ့လျှင်လည်း မွေးရာပါ ချို့ယွင်းချက်များက စောင့်နေမည်ဖြစ်သည်။

ထို့အပြင် ဆေးလိပ်ကြောင့် သုက်ပိုးများ အားနည်းသွားနိုင်ပြီး အားနည်းနေသော သုက်ပိုးများသည်လည်း သန္ဓေမအောင်နိုင်ပါ။ အောင်ခဲ့လျှင်လည်း ပျက်ကျရန် အခွင့်အရေးများပါသည်။

ဒါတွေမဖြစ်အောင် ဘာလုပ်ရမလဲ။

ဆေးလိပ်ဖြတ်လိုက်ပါ။ အနည်းဆုံး ကိုယ်ဝန်မယူခင် ဆေးလိပ်ကို သုံးလကြိုတင် ဖြတ်ထားရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ မျိုးပွားအင်္ဂါအဖွဲ့အစည်းသည် ကလေးတစ်ယောက်ရရန် ကောင်းစွာပြန်ဖွံဖြိုးချိန် လိုအပ်သောကြောင့်ဖြစ်သည်။

အချုပ်ဆိုရလျှင် ဆေးလိပ်သောက်ခြင်းသည် မကောင်းပါ။ အတော့်အတော်လေးကို မကောင်းပါ။ ဆေးလိပ်သည် အာရုံစူးစိုက်မှု ကောင်းစေသည်။ စိတ်ကျေနပ်မှုရစေသည်ဟု ဆိုသော်လည်း ခံရမည့် နောက်ဆက်တွဲ ကပ်ဆိုးကြီးနှင့်ယှဉ်လျှင် မစားသာပါ။ သင့်ခန္ဓာကိုယ်နှင့် သင့်ပတ်ဝန်းကျင်မှ လူများအတွက်လည်း လုံးဝမကောင်းပါ။ ထို့ပြင် ဆေးလိပ်သောက်သလို ခံစားရနိုင်မည့် အာရုံစူးစိုက်ကောင်းခြင်း၊ စိတ်ကျေနပ်မှုရစေခြင်းတို့အတွက် တခြားသော လှုပ်ရှားမှုများ၊ အပန်းဖြေခြင်းများ ရှိနေသောကြောင့် တခြားသူများကို မထိခိုက်စေသည့် နည်းလမ်းကို ရွေးချယ်သင့်ပါသည်။

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်

ဆေးလိပ်သောက်ခြင်းသည် သင့်ခန္ဓာကိုယ်အတွင်းသို့ ဓာတုပစ္စည်းပေါင်း ၇၀၀၀ ကျော်ကို ပျံ့နှံ့သွားစေပါသည်။ ထိုမှ သားဥကြွေမှု မူမမှန်ခြင်း၊ မျိုးရိုးဗီဇပြဿနာများ၊ မျိုးပွားအင်္ဂါထိခိုက်မှု၊ ကင်ဆာနှင့် ကိုယ်ဝန်ပျက်ကျခြင်းများလို မျိုးပွားနိုင်စွမ်းကို ထိခိုက်နိုင်သည့် ပြဿနာများ ဖြစ်စေနိုင်ပါသည်။
အသက် ၃၀ အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်းသည် ခက်ခဲ၏။ ဆေးလိပ်သောက်သူတစ်ယောက် အသက် ၃၀ အရွယ်တွင် ကိုယ်ဝန်ဆောင်ရန်က နှစ်ဆပိုခက်၏၊ သို့မဟုတ် သုံးဆလည်း ပိုခက်နိုင်သည်။
သားဥကြွေခြင်းကို တွက်ချက်ခြင်း

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်း ရက်အရေအတွက်

(days) ရက်

28

ရာသီရက်စုစုပေါင်း

(days) ရက်

7

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Hlaing Min Ko Ko မှ ရေးသားသည်။ 30/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။