ကယ်ဆီယမ်က ကလေးရဲ့ အရိုးနဲ့ သွားတွေကို ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးက ကယ်ဆီယမ်ချို့တဲ့နေရင် ကလေးအတွက် လိုအပ်တဲ့ ကယ်ဆီယမ်ကို အမေရဲ့ အရိုးကနေ ပေးရမှာဖြစ်ပါတယ်။ ဒီတော့ အမေမှာ အရိုးပြဿနာတွေ ဖြစ်လာမှာပါ။
တကယ်လို့ အမေမှာပါ မရှိရင်တော့ ကလေးရဲ့ အရိုးနဲ့ သွားတွေ ကောင်းကောင်းဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။
ရနိုင်တဲ့ အစားအစာများ− နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ။
အိုင်အိုဒင်းဓာတ်က သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းက အမျိုးသမီးများရဲ့ မျိုးပွားစနစ်ကို ထိန်းချုပ်ပေးနေတဲ့ ဟော်မုန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အိုင်အိုဒင်းဓာတ် ချို့တဲ့ရင် ကလေးမှာ ကြီးထွားမှု ရပ်တန့်ခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်း၊ ဆွံ့အနားမကြားခြင်းတို့ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်က တစ်နေ့ကို အိုင်အိုဒင်း 220 မိုက်ခရိုဂရမ် လိုအပ်ပါတယ်။
ရနိုင်တဲ့ အစားအစာများ- ဥများ၊ ဟင်းသီးဟင်းရွက်များ၊ ပင်လယ်စာ၊ ဂေါ်ဖီထုပ်၊၊
ကိုလင်းဟာ ဘယ်အသက်အရွယ်မှာမဆို လိုအပ်တဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ သန္ဓေသားတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကိုလင်းဓာတ်အတွက် တစ်နေ့တာလိုအပ်ချက်ကတော့ ၅၅၀ မီလီဂရမ် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးတိုင်းမှာ ကိုလင်းမပါဝင်တာမို့ အားဆေးများ၊ ဖြည့်စွက်စာများ ဝယ်ယူသုံးစွဲတဲ့အခါ အညွှန်းစာကို ဖတ်ရှုသင့်ပါတယ်။
ရနိုင်တဲ့ အစားအစာများ− ဆယ်မွန်ငါး၊ ဥအမျိုးမျိုး၊ ပန်းပွင့်စိမ်း၊ ပဲထောပတ်၊ အမဲအသည်း၊ ကြက်အသည်း။
Omega-3 ကို Docosahexaenoic acid (အတိုကောက်အားဖြင့် DHA) လို့ခေါ်ပြီး ကလေးငယ်များ ဦးနှောက်နဲ့ မျက်စိပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သားဖွားမီးယပ်ဆိုင်ရာ သုတေသနအရ Omega-3 သုံးစွဲခြင်းကြောင့် လမစေ့ဘဲ မီးဖွားနိုင်ခြေကို လျော့နည်းစေတယ်လို့ သိရပါတယ်။
အခြားသုတေသနတစ်ခုမှာ ဖော်ပြထားတာကတော့ ကိုယ်ဝန်ဆောင် တတိယသုံးလပတ်မှာ Omega-3 သုံးစွဲခြင်းဟာ မွေးဖွားလာမယ့် ကလေးမှာ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ စတာတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေတယ် ဆိုတာပါပဲ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် တစ်နေ့တာ DHA လိုအပ်ချက်ကတော့ ၃၀၀ မီလီဂရမ် ဖြစ်ပါတယ်။
ရနိုင်တဲ့ အစားအစာ- ငါးကြီးဆီ၊ အစေ့အဆန်၊ အသီးအရွက်။
ဒါတွေစားရင် ကိုယ်ဝန်ရမှာလား
ဒီအစားအစာတွေ စားရင် ကိုယ်ဝန်ရကို ရမယ်လို့ အာမမခံနိုင်ပေမယ့် ကိုယ်ဝန်ရနိုင်ခြေကို မြင့်စေတာတော့ အမှန်ပါ။ ကိုယ်ဝန်ရနိုင်ခြေကို မြင့်စေရုံသာမက မွေးလာမယ့် ကလေးမှာ ချို့ယွင်းချက်တွေ မပါအောင်၊ အာဟာရမချို့တဲ့အောင် ကာကွယ်ပေးနိုင်တာကြောင့် ကလေးရဖို့ ကြိုးစားနေတဲ့ မိခင်တိုင်း ဒါတွေကို နေ့စဉ်ပါဝင်အောင် စားပေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။