ထိုစစ်ဆေးမှုများသည် ဟူးမန်းကိုရီရွန်းနစ်ဂိုနဒိုထရိုပင် (hCG) ဟုခေါ်သော ဟော်မုန်းအား ဆီးတွင် ပါ၊ မပါ စစ်ဆေးခြင်း ဖြစ်သည်။ ထိုဟော်မုန်းသည် သင်ကိုယ်ဝန်ရှိမှ ပေါ်လာခြင်း ဖြစ်သည်။
သင် ကိုယ်ဝန် ရှိလျှင် အချင်းမှ ထိုဟော်မုန်းကို ထုတ်ပေးပြီး အလျင်အမြန် များလာနိုင်ပါသည်။ ထိုစစ်ဆေးမှုသည် သားဥကြွေပြီးနောက် ၁၀ ရက်မှ စ၍ သင့်ဆီးထဲ၌ hCG ဟော်မုန်း ပါ၊ မပါ စစ်ဆေးနိုင်သည်။
စစ်ဆေးမှုရလဒ်သည် ညွှန်ကြားချက်အား သေချာလိုက်နာမှု ရှိမရှိနှင့် သင့်ခန္ဓါကိုယ်မှ hCG ဟော်မုန်း ထုတ်သည့်ပမာဏပေါ် မူတည်ပါသည်။ စောလျင်စွာစစ်မိလျှင် Negative ထွက်နိုင်၏။ ထို့သိုဆိုလျှင် ရက်အနည်းငယ်ခြားပြီး ထပ်စစ်နိုင်ပါသည်။
ရလဒ် အမှန် ပိုရနိုင်စေရန် မနက်ခင်းတွင် စစ်ဆေးပါ။ hCG လယ်ဗယ်သည် မနက်အစောပိုင်းတွင် မြင့်တက်ပါသည်။ ဆရာဝန် အကူအညီကိုလည်း ရယူနိုင်ပါသည်။ ဆရာဝန်မှ သွေးစစ်ဆေးမှုကို ပြုလုပ်ခိုင်းနိုင်၏။
သွေးစစ်ဆေးမှုရလဒ်သည် ဆီးစစ်သည်ထက် ပိုတိကျပါသည်။ သွေးစစ်ခြင်းကို သားဥကြွေပြီး ၆-၈ ရက်မှ စစစ်နိုင်မည်။ သွေးစစ်မှုနှစ်မျိုးရှိသည်။
- အရေအတွက်ကိုစစ်သော သွေးစစ်ခြင်း (သို့ ဘီတာ hCG စစ်ခြင်း) – ထိုစစ်ဆေးမှုသည် သွေးထဲရှိ hCG ပမာဏကို စစ်ဆေးခြင်းဖြစ်သည်။
- အရည်အသွေးကိုစစ်သော သွေးစစ်ခြင်း – ထိုစစ်ဆေးမှုသည် သွေးထဲ၌ hCG ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။
သားဥကြွေပြီးနောက် ၁၀ ရက်ကြာလျှင် သင် ကိုယ်ဝန် ရှိ၊ မရှိ အိမ်မှာပင် စစ်ဆေးနိုင်ပါသည်။ သို့သော် ထိုစစ်ဆေးမှုများသည် အမြဲတမ်း တိကျမှန်ကန်သည်တော့ မဟုတ်ပါ။ ထို့ကြောင့် အတည်ပြုရန် ဆရာဝန်နှင့် ပြသသင့်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။