များစွာသော အကြောင်းများကြောင့် ယနေ့ခေတ်တွင် အမျိုးသမီးများသည် အသက်ကြီးမှ ကလေးယူဖြစ်ကြသည်။ အဓိကအားဖြင့် မိမိတို့၏ အလုပ်အကိုင်အခြေအနေနှင့် ၊ ပညာရေးတပိုင်းတစမဖြစ်လိုသောကြောင့် ထိုသို့ဖြစ်ခြင်းဖြစ်နိုင်သည်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။
ထွက်မှာ သေချာပြီလား။
များစွာသော အကြောင်းများကြောင့် ယနေ့ခေတ်တွင် အမျိုးသမီးများသည် အသက်ကြီးမှ ကလေးယူဖြစ်ကြသည်။ အဓိကအားဖြင့် မိမိတို့၏ အလုပ်အကိုင်အခြေအနေနှင့် ၊ ပညာရေးတပိုင်းတစမဖြစ်လိုသောကြောင့် ထိုသို့ဖြစ်ခြင်းဖြစ်နိုင်သည်။
သို့သော် သက်လတ်ပိုင်းရောက်မှ ကလေးမွေးခြင်းသည် ကလေးငယ်တွင် Down ရောဂါစု နှင့် မိခင်ရော ကလေးကိုပါ အခြားသောဖြစ်နိုင်ချေများသည့်နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။
သိပ္ပံ ပညာရှင်များ၏ အထောက်အထားများအရ သက်လတ်ပိုင်းရောက်မှ ကလေးမွေးခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးပိုများကြောင်း ဖော်ပြထားပါသည်။
သက်လတ်ပိုင်း မိခင်များသည် ကလေးမွေးရာတွင် အကူပစ္စည်းများမွေးရခြင်း၊ ခန္ဓါကိုယ်ရှိကြွက်သားများသည် အလိုက်သင့် လှုပ်ရှားနိုင်ခြင်းမရှိတော့ခြင်းကြောင့် ရိုးရိုးမမွေးနိုင်ဘဲ ဗိုက်ခွဲမွေးရလေ့ရှိပါသည်။ ထို့ကြောင့် သူတို့သည် ကလေးမွေးနေစဉ် အန ္တရာယ်များနှင့် ကြုံရနိုင်ချေများပါသည်။
ထို့ပြင် သက်လတ်ပိုင်း မိခင်များသည် အသက်ငယ်သူများထက် ကိုယ်ဝန် ပျက်ကျနိုင်ချေပိုများပါသည်။ လေ့လာချက်များအရ အသက် ၂၀ မှ ၂၄ နှစ်အတွင်းကိုယ်ဝန်ဆောင်များ၏ ၉%သည် ကိုယ်ဝန်ပျက်ကျပြီး အသက် ၄၀ နှင့် အထက် ကိုယ်ဝန်သည်များ၏ ၅၀% သည် ကိုယ်ဝန်ပျက်ကျကြောင်း တွေ့ရသည်။
ထိုသို့ဖြစ်ရခြင်းမှာ မိခင်လောင်းသည် အသက်ကြီးလာသည်နှင့်အမျှ ကလေးတွင်ဆောက်တည်ရသော ခရိုမိုဇုန်းများတွင် မူမမှန်မှုများ ပိုများလာသောကြောင့်ဖြစ်သည်။
ကိုယ်ဝန်ပျက်ကျရခြင်းသည် သားအိမ်နံရံတွင် ကင်ဆာမဟုတ်သော အသားလုံးများဖြစ်ခြင်း၊ သားအိမ်နံရံတောက်လျှောက်တွင် မူမမှန်သော သားအိမ်အတွင်လွှာတစ်သျူးများဖြစ်နေခြင်း စသည်တို့ကြောင့်ဖြစ်သည်။
အမေရိကန်ရှိ သားဖွားမီးယပ် အထူးကုများနှင့် သမားတော်များ၏ လေ့လာချက်များအရ အသက် ၄၀ ကျော်တွင် ကိုယ်ဝန်ဆောင်သူများ၏ ကိုယ်ဝန်ပျက်ကျနိုင်ချေကို အဖြစ်များစေသော အချက်လေးချက် ကို အောက်ပါအတိုင်း သုတေသနစာရင်းပြုစုထားသည်။
ထို့ပြင် သက်လတ်ပိုင်းကိုယ်ဝန်ဆောင်များတွင် ဖြစ်နိုင်ချေရှိသော အခြားသော ဆိုးကျိုးများလည်းရှိပါသည်။ ထိုမိခင်လောင်းများတွင် သားအိမ်ထဲတွင် အချင်း၏တည်နေရာ အောက်ဖက်ရောက်ခြင်း ကြောင့် ကိုယ်ဝန်မမွေးမီ သွေးသွန်နိုင်ပါသည်။
ထို့ပြင် ကလေးမွေးလာလျှင်လည်း လမစေ့ဘဲမွေးခြင်း နှင့် ဆုံပိုင်းမှ မွေးခြင်းတို့ဖြစ်နိုင်ပါသည်။ သို့သော် မိခင်အသက်ကြီးမှ ကလေးမွေးခြင်းသည် ကလေးများတွင် မူမှန်မှုများဖြစ်နိုင်ချေများသော်လည်း အများစုသောကလေးများသည် မူမှန်ကြောင်းကို တွေ့ရသည်။
အမှန်တိုင်းဆိုရလျှင် အသက်၄၀ကျော်မိခင်များသည် မျိုးအောင်စေရန် ကုသနေပါလျက် ကလေးရနိုင်ချေနည်းပါးပါသည်။ ထို့ပြင်အမျိုးသမီးများသည် အသက်ကြီးလာသသည်နှင့်အမျှ ကိုယ်ဝန်ဆောင်ရန် အခက်အခဲများရှိလာတတ်ကြသည်။
ထိုကြောင့် သင်သည် အသက်၄၀ ကျော်မှ ကလေးရရန် အကြောင်းဖန်ခဲ့သည်ရှိသော် အထူးကုဆရာဝန်များထံတွင် စစ်ဆေးများ ခံယူခြင်း၊ အကြံဉာဏ်များတောင်းခံခြင်းတို့ကို ပြုလုပ်သင့်သည်။
သင့်ကျန်းမာရေးကို တာဝန်ယူမည့် တတ်ကျွမ်းသည့်ပညာရှင်က သင့်အသေးစိတ်ကျန်းမာရေးအခြေအနေ၊ သင့်မျိုးရိုးရာဇဝ်နှင့် သင့်အိမ်ထောက်ဖက်၏ကျန်းမာရေး စသည်က အချက်များကို ချိန်ဆကာ သင့်ကို အကောင်းဆုံးသော အကြံများပေးနိုင်ပါလိမ့်မည်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်း ရက်အရေအတွက်
(days) ရက်
ရာသီရက်စုစုပေါင်း
(days) ရက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Babies After 40: The Hidden Health Risks of Mid-Life Pregnancy. http://www.health.com/health/article/0,,20411699,00.html. Accessed December 5, 2016.
What are the risks to the baby for a mother over 40 years old?.http://www.parents.com/advice/pregnancy-birth/considering-a-baby/what-are-the-risks-to-the-baby-for-a-mother-over-40-years-old/. Accessed December 5, 2016.
Getting pregnant in your 40s.http://www.babycentre.co.uk/a1013991/getting-pregnant-in-your-40s. Accessed December 5, 2016.
အကြံပြုလိုသည့် ဆောင်းပါးများ