backup og meta

သားဥကြွေ ခါနီးရင် ဘာတွေ ခံစားရမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဥကြွေ ခါနီးရင် ဘာတွေ ခံစားရမလဲ။

    သားဥကြွေ တယ်ဆိုတဲ့အဓိပ္ပာယ်က ဒီအချိန်မှာ အတူနေမိလို့ သုက်ကောင်လေးနဲ့ ပေါင်းစပ်သွားရင် သန္ဓေတည်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ သုက်ကောင်လေးက မိန်းမကိုယ်ထဲမှာ ၅ရက်လောက် နေနိုင်ပေမယ့် သားဥလေးကတော့ တစ်ရက်ပဲ ရှင်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်လိုချင်တဲ့သူဆိုရင် သားဥကြွေတဲ့အချိန်မှာ အတူနေဖို့လိုသလို ကိုယ်ဝန်မရချင်တဲ့သူကလည်း ဒီရက်ကို ရှောင်ထားဖို့ လိုပါတယ်။

    ဘယ်ရက်မှာ သားဥကြွေ မှာလဲ။

    နောက်တစ်ခါရာသီလာမယ့်ရက်ကနေ ပြောင်းပြန်ပြန်တွက်လို့ ၁၄ရက်မြောက်နေ့ဟာ သားဥကြွေတဲ့ နေ့ပါပဲ။ အလွယ်တွက်မယ်ဆို ရာသီစက်ဝန်းကနေ ၁၄ရက်ကို နှုတ်လိုက်ပါ။ ဒါဟာ သားဥကြွေမယ့် နေ့ပါပဲ။ ဥပမာ ၂၈ရက် တစ်ခါ လာတဲ့သူက (၂၈-၁၄=၁၄) ရာသီစလာပြီး ၁၄ရက်နေ့ဆို သားဥကြွေပါတယ်။ ရက် ၃၀နေမှ တစ်ခါလာတဲ့သူက (၃၀-၁၄=၁၆) ရာသီစလာပြီး ၁၆ရက်ဆို သားဥကြွေပါတယ်။

    ဒါပေမယ့် သားဥကြွေတာက ဟော်မုန်း အပြောင်းအလဲပေါ်မူတည်ပြီး ရှေ့တိုး နောက်ဆုတ်ရှိပါတယ်။  ပြီးတော့ သုက်ကောင်လေးက မိန်းမကိုယ်ထဲမှာ နေနိုင်တဲ့အတွက် ရှေ့ရက်တွေမှာ အတူနေပြီး သားဥကြွေတဲ့ တစ်ရက်ပဲ ရှောင်မယ်ဆို စိတ်မချရပါဘူး။ သားဥကြွေမယ့် ရက်ရဲ့ ရှေ့ပိုင်း ၄-၅ရက်လောက်နဲ့ နောက်ပိုင်း ၄-၅ရက်လောက် ရှောင်ထားမှ  စိတ်ချရပါမယ်။ ကိုယ်ဝန်လိုချင်တဲ့သူတွေကတော့ ဒီရက်ပိုင်းအတွင်း အတူနေရမှာပါ။

    (ဘယ်နေ့မှာ သားဥကြွေမှာလဲ၊ ဘယ်နေ့က မျိုးအောင်နိုင်တဲ့ နေ့တွေလဲ၊ ဘယ်နေ့မှာ အတူနေ ဒါမှမဟုတ် ရက်ရှောင်ရမလဲဆိုတာကို ‘သားဥကြွေခြင်းကို တွက်ချက်ခြင်း ကျန်းမာရေးကိရိယာ‘ မှာ အလွယ်တကူ တွက်ချက်နိုင်ပါတယ်။)

    သားဥကြွေခြင်းရဲ့ လက္ခဏာတွေက

    သားဥကြွေတဲ့ရက်က လေလိုပဲ ရှေ့တိုး နောက်ဆုတ် ပြေးနေတော့ သားဥကြွေတဲ့ လက္ခဏာတွေကို ပါ စောင့်ကြည့်ရပါတယ်။ သားဥကြွေတော့မယ်ဆိုရင်

  • အဖြူဆင်းခြင်း

  • သားဥကြွေတဲ့ ရက်နားရောက်လာပြီဆိုရင် မိန်းမကိုယ်က ကြက်ဥအကာလို ဖြူချွဲချွဲတွေ ဆင်းပါတယ်။ ဒီလိုဆင်းနေမှပဲ သုက်ကောင်လေးတွေ တက်ရလွယ်ကူမှာမို့လို့ သဘာဝကြီးက ဖန်တီးထားတာပါ။

    • ခန္ဓာကိုယ် အပူချိန်

    သားဥကြွေပြီးရင် ပရိုဂျက်စတုန်း ဟော်မုန်းထွက်လာပြီး ဒီဟော်မုန်းက ခန္ဓာကိုယ်အပူချိန်ကို တက်စေပါတယ်။ သားဥကြွေတဲ့ ရက်နားရောက်ပြီဆိုရင် အပူချိန်ကို တိုင်းပြီး မှတ်မှတ်ထားပါ။ အပူချိန်တက်သွားတဲ့ရက်က သားဥကြွေတဲ့ရက်ပါပဲ။ လှုပ်လှုပ်ရှားရှား လုပ်ရင် အပူချိန်ပြောင်းတတ်လို့ တသမတည်းဖြစ်အောင် မနက်မိုးခင်း အိပ်ရာထထချင်း အိပ်ရာထဲမှာတင် အပူချိန်တိုင်းပြီး မှတ်ထားလိုက်ပါ။

    သဘာဝတရားကြီးက သားဥကြွေချိန်မှာ ကိုယ်ဝန်ရလွယ်အောင် အမျိုးသမီးတွေက သာမန်ထက် လိင်စိတ်တက်ကြွအောင် ဖန်တီးထားပေးပါတယ်။ ဒါကြောင့် သားဥကြွေချိန်ဆို စာမန်ထက် လိင်စိတ်တက်ကြွမှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးနေရင်တော့ ဒီလက္ခဏာ မပြတတ်ပါဘူး။

    တချို့အမျိုးသမီးတွေက သားဥကြွေချိန်ဆို ရင်သားတင်းတတ်ပါတယ်။ ရာသီလာခါနီးလေ တင်းလေပါ။ တချို့ကျတော့လည်း သန္ဓေတားဆေးတွေ သောက်နေတဲ့ အမျိုးသမီးတွေကျ သားဥကြွေတာနဲ့မဆိုင်ဘဲ ဆေးကြောင့် ဟော်မုန်းအပြာင်းအလဲဖြစ်ပြီး ရင်သားတင်းတတ်ပါတယ်။

    • ဗိုက်အောင့်တာ

    ရာသီချိန်မှာသာမကဘဲ သားဥကြွေချိန်ဆိုရင်လည်း ဗိုက်အောင့်တတ်ပါတယ်။ Mittelschmerz/ Ovulation pain လို့ ခေါ်ပါတယ်။ အများစုက ဗိုက်အောက်ပိုင်းမှာ မသိမသာဘဲ နာပြီး ပျောက်သွားပါတယ်။ သိတောင် မသိလိုက်ပါဘူး။ ရှားရှားပါးပါး တချို့တွေမှာ ပြင်းပြင်းထန်ထန်နာလို့ မျိုးအောင်နိုင်တဲ့အချိန်မှာ အတူနေဖို့တောင် ခက်ပါတယ်။ ဒီလိုပြင်းပြင်းထန်ထန်နာနေရင် တခြားရောဂါတွေလည်း စစ်ဆေးဖို့လိုအပ်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    • ဆီးစစ်တာ

    သားဥကြွေတာကို ကိုယ်ဝန်ရှိတာကို စစ်သလိုမျိုး ဆီးစစ်တံနဲ့ စစ်လို့ရပါတယ်။ ၂ကြောင်းပေါ်ရင် သားဥကြွေနေတာပါ။ နောက်ပိုင်းမှာ လက္ခဏာတွေကို စောင့်ကြည့်ရတာ ခက်ခဲလို့ ဒီနည်းလမ်းကို သုံးလာကြပေမယ့် သူ့မှာလည်း ကန့်သတ်ချက်လေးတွေ ရှိပါတယ်။

    -ကိုယ်အပူချိန်ကို တိုင်းတာလောက် မတိကျပါဘူး။

    -တစ်ခါတလေ နှစ်ကြောင်းလား တစ်ကြောင်းလား မသဲကွဲပါဘူး။

    -စျေးကြီးပါတယ်။

    -နှစ်ကြောင်းပေါ်တိုင်း သားဥကြွေတယ်လို့ တစ်ထစ်ချ သတ်မှတ်လို့ မရပါဘူး။

    -သားဥအိမ်အရည်အိတ်တည်တဲ့ အမျိုးသမီးတွေ (PCOS) သားဥမကြွေနိုင်ပါပဲ နှစ်ကြောင်းပေါ်တတ်ပါတယ်။

    Takeaways

    ဒါကြောင့် သားဥကြွေတဲ့အချိန်ဟာ ကိုယ်ဝန်လိုချင်တဲ့သူတွေရော၊ တားချင်တဲ့ သူတွေအတွက်ပါ အရေးကြီးပါတယ်။ ဒီရက်ရောက်မရောက်ကို ကိုယ်တိုင် တွက်လို့ရသလို၊ လက္ခဏာတွေကို စောင့်ကြည့်လို့လည်း ရပါတယ်။ အလွယ်ဆုံးနည်းကတော့ ကျန်းမာရေးကိရိယာမှာ တွက်ချက်တာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement