အဓိပ္ပါယ်ဖွင့်ဆိုချက်
Molar Pregnancy (စပျစ်သီးကိုယ်ဝန်) ကဘာလဲ။
စပျစ်သီးကိုယ်ဝန် သို့မဟုတ် hydatidiform mole ဆိုသည်မှာ သားအိမ်တွင်ဖြစ်ပေါ်လာသော ကင်ဆာမဟုတ် သော အကျိတ်တစ်ခု ဖြစ်သည်။ မျိုးအောင်သော ဥသည် ပုံမှန် အားဖြင့် သန္ဓေသားဖြစ်လာရမည့်အစား သားအိမ်တွင် ပုံမှန် မဟုတ်သော အိတ်ဖြစ်လာသည်။ ၎င်းသည် သန္ဓေသား မဟုတ်သော်လည်း ကိုယ်ဝန်ဆောင်ခြင်း၏ လက္ခဏာများကို ဖြစ်ပေါ်စေသည်။ ဤအခြေအနေသည် သေစေနိုင်ပြီး အချိန်မီ ကုသမှု လိုအပ်သည်။