backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 10/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း က ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီး တော်တော်များများ ခံစားကြရတဲ့ ကိုယ်ဝန်ဆောင် ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတယ်ဆိုတာက သွေးပေါင်ချိန်က 90/60 အောက်ရောက်နေတာကို ဆိုလိုချင်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျတာက ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလပတ်နဲ့ ဒုတိယ သုံးလပတ်မှာ အဖြစ်များပါတယ်။ များသောအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ကာလ တတိယ သုံးလပတ်အရောက်မှာ သွေးပေါင်ချိန်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် တလျှောက်လုံးမှာတော့ အိုဂျီကို သေချာလေး ပြောပြပေးဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း ဘာကြောင့် ဖြစ်တာလဲ

ကိုယ်ဝန်ဆောင်စဉ်မှာ သွေးပေါင်ကျတာက ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေ ထွက်ရှိလာတာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေနဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ ထွက်ရှိလာပါတယ်။ ဒီဟော်မုန်းက သွေးကြောနံရံတွေကို ပြေလျော့စေပြီး ကလေးဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးတာပါ။

တစ်ခါတရံမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက အခြားကျန်းမာရေး ပြဿနာတွေကို ညွှန်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့

  • ဓာတ်မတည့်မှု ဖြစ်တာ
  • ကူးစက်ရောဂါ
  • အချိန်ကြာမြင့်စွာ အိပ်ရာထဲမှာ လှဲလျောင်းနေတာ
  • ရေဓာတ် ခမ်းခြောက်တာ
  • အာဟာရ ချို့တဲ့တာ
  • ကိုယ်တွင်း သွေးယိုစီးတာ
  • သွေးအားနည်းတာ
  • နှလုံးကျန်းမာရေး ပြဿနာ ရှိနေတာ
  • ဟော်မုန်းစနစ် ကမောက်ကမ ဖြစ်နေတာတွေပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက သားအိမ်ပြင်ပမှာ သန္ဓေတည်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သားဥပြွန်မှာသန္ဓေတည်ပြီး သားဥပြွန်ကနေ သွေးတွေ စိမ့်လာမယ်။ သားဥပြွန်ပေါက်သွားမယ်ဆိုရင် သွေးပေါင်ထိုးကျလာတတ်ပါတယ်။ သွေးပေါင်အရမ်း ကျလာချိန်မှာ ဦးနှောက် နဲ့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းသွားပြီး ရုတ်တရက် လဲကျတာ၊ ရှော့ခ်ရတာတွေ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက အရေးပေါ်ကုသမှု ခံယူဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက လက္ခဏာမပြတာမျိုး ဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန်ကြည့်မှ သိတာမျိုးပါ။ တချို့ ကိုယ်ဝန်ဆောင်တွေမှာတော့ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • မူးဝေမယ်
  • မအီမသာဖြစ်မယ်
  • အားနည်းမယ်
  • ခြေကုန်လက်ပမ်းကျမယ်
  • ကောင်းကောင်း အိပ်မပျော်တာမျိုး ဖြစ်မယ်
  • သတိလစ်မယ်
  • နှလုံးခုန်နှုန်း မြန်မယ်
  • အာရုံရှုပ်ထွေးမယ်
  • အာရုံစူးစိုက်ဖို့ ခက်မယ်
  • အမြင်အာရုံ ဝေဝါးမယ်
  • အသားအရေ ဖြူဖျော့မယ်
  • စိတ်ဓာတ်ကျမယ်
  • ခြေဖျားလက်ဖျားတွေ အေးမယ်
  • ရေငတ်မပြေဖြစ်မယ်
  • စိတ်ဓာတ်ကျမယ် စတာတွေ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်ကျတာ ကလေးကို ထိခိုက်စေမှာလား

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက ကိုယ်ဝန်ဆောင်သွေးတိုးလောက်တော့ ကလေးကို ထိခိုက်စေတာမျိုး မရှိပါဘူး။ လေ့လာမှုတွေအရတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက လမစေ့ဘဲ ကလေးမွေးဖွားတာ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။ များသောအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက အရမ်းကြီး စိုးရိမ်စရာတော့ မလိုပါဘူး။ အကြောင်းအရင်း မရှိဘူး။ ကိုယ်ဝန်ကြောင့် ကျတာဆိုရင်ပေါ့။

ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာကြောင့် ရုတ်တရက် မူးဝေပြီး လဲကျတာမျိုး ခံစားရနိုင်သလို မကြာခဏ မိုက်ခနဲ မူးပြီး လဲကျတာက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်သလို သွေးစီးဆင်းမှု အဟန့်အတား ဖြစ်ပြီး ကိုယ်တွင်းမှာ ထိခိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက ကလေးဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်ကျတာကို ဘယ်လို သက်သာအောင် လုပ်မလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက များသောအားဖြင့် ဆေးဝါးတွေ သောက်ဖို့ မလိုပါဘူး။ ရောဂါကြောင့် မဟုတ်ဘူး။ ကိုယ်ဝန်ကြောင့်ပဲဆိုရင်တော့အခုလို နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

  • ရုတ်တရက် လှုပ်ရှားတာတွေ မလုပ်ပါနဲ့ – ကိုယ်ဝန်ဆောင်နေချိန်မှာ ရုတ်တရက် မတ်တတ်ထရပ်တာ၊ ဆတ်ခနဲ ထိုင်တာမျိုး မလုပ်ပါနဲ့။ ခေါင်းထဲမှာ မူးဝေတာ၊ ညီးစီစီ ခံစားရတာမျိုး ဖြစ်မယ်ဆိုရင် ဘယ်ဘက်ကို လှဲပြီး အိပ်ပေးပါ။ ဒီလို လုပ်ပေးတာက နှလုံးဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • အနားယူပါ – ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျနေတယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပြည့်ပြည့်ဝဝ အနားယူပေးပါ။ အိပ်ရေးဝဝ အိပ်တာကစလို့ အနားယူတာမျိုးရောပေါ့။
  • ရေများများ သောက်ပါ – ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ခမ်းခြောက်တာမျိုး မဖြစ်စေဖို့အတွက် သွေးပမာဏ တိုးစေဖို့နဲ့ သွေးတိုးတာ သွေးပေါင်ကျတာမျိုးတွေကို ကာကွယ်ဖို့အတွက် ရေများများ သောက်ပေးပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေးပါ – ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့အတွက် အစားအစာတွေကို အာဟာရ မျှတအောင် စားပေးဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆားပမာဏကို နည်းနည်းလောက် တိုးစားပေးပါ။ ဒါမှ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာကို သက်သာစေနိုင်မှာပါ။
  • မကြာခဏသွေးပေါင်ကျနေတယ်၊ လက္ခဏာတွေ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

    စကားလက်ဆောင်

    ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ကျန်းမာမှ ဗိုက်ထဲက ရင်သွေးလေးလည်း ကျန်းမာစေမှာပါ။ ဒါကြောင့် နေထိုင် စားသောက်မှုတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 10/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement