backup og meta

ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်း နဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 18/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်း နဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ

    ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်း နဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

    ကိုယ်ဝန်မရခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဆေးလိပ်ဖြတ်ဖို့ဆိုတာ အရေးကြီး လုပ်သင့်တဲ့ အရာတစ်ခုပါ။ ဆေးလိပ်သောက်ခြင်းက သင့်ကလေးအတွက်  အောက်ပါပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

  • ကိုယ်ဝန်ပျက်ကျခြင်း
  • ကလေးအသေမွေးခြင်း
  • လမစေ့ဘဲမွေးခြင်း
  • ပေါင်မပြည့်ဘဲ မွေးခြင်း
  • မွေးကင်းစအရွယ်မှာ ရုတ်တရက်သေဆုံးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်း နဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ

    ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်း နဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ ကတော့

    “ ကလေးပေါင်ချိန်မပြည့်တာ ဘာမှ ပြဿနာ မရှိဘူး၊ မွေးရတာ ပိုတောင် လွယ်သေးတယ် “

    အချက်အလက်၊ ပေါင်ချိန်မပြည့်တဲ့ ကလေးကို မွေးရတာ ပိုလွယ်တယ်လို့ ဘာသက်သေမှ မရှိပါဘူး။ ဆေးလိပ်သောက်တာက သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို အနှောက်အယှက် ဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အဆင်မပြေဖြစ်ပြီး အချိန်မတိုင်ခင် မီးဖွားနိုင်ခြေကို မြင့်တက်စေပါတယ်။ ပေါင်ချိန်မပြည့်တဲ့ ကလေးတွေမှာ ဖျားနာခြင်းနဲ့ သေဆုံးနိုင်ခြေ ပိုများပါတယ်။ လူကြီးတွေမှာ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေ ပိုဖြစ်စေတတ်ပါတယ်။

    “ ဆေးလိပ် ဖြတ်လိုက်ရင် ငါ ပိုဝလာမှာ “

    အချက်အလက်၊ ဆေးလိပ်သောက်ခြင်းက သင့်ရင်သွေးဆီ အစာနဲ့ အောက်ဆီဂျင် မရအောင် တားဆီးပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အခါ ခန္ဓာကိုယ်ပုံစံနဲ့ ကိုယ်အလေးချိန် ပြောင်းလဲတာ ပုံမှန်ပါပဲ။ ဒါနဲ့ ပတ်သက်ပြီး စိတ်ထဲ မအီမသာဖြစ်နေရင် သင့်ကို သင့်တော်တဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေဆီ ညွှန်နိုင်တဲ့ ဆရာဝန် ဒါမှမဟုတ် လက်သည်နဲ့ တိုင်ပင်ပါ။

    “ ဆေးလိပ်သောက်တာက ငါ့ကို စိတ်သက်သာရာ ရစေတယ်၊ ဒါက ရင်သွေးအတွက် ပိုကောင်းတယ် “

    အချက်အလက်၊ ဆေးလိပ်သောက်ခြင်းက သင့်ကိုယ်သင် အနားပေးသလိုမျိုး စိတ်ငြိမ်စေတယ်ဆိုပေမယ့် သင့်နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ သင့်သွေးပေါင်ချိန်ကိုလည်း မြင့်စေပါတယ်။ သင့်အာရုံကြောစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။ ဒါက သင့်ရင်သွေးဆီကို ရောက်မယ့် အစာနဲ့ အောက်ဆီဂျင် ပမာဏကို ဖြတ်ချပစ်ပါတယ်။ အနားယူရမယ့် ဒါမှမဟုတ် စိတ်ဖိအားကို ကိုယ်တွယ်ဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေရဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    “ ကိုယ်ဝန်ဆောင်ချိန်မှာပဲ ဆေးလိပ်ဖြတ်တာဆို လုံလောက်ပြီ “

    အမှန် >> ကိုယ်ဝန်ဆောင်ချိန်မှ ဖြတ်တာထပ် ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်တည်းက ကြိုပြီး ဖြတ်သင့်ပါတယ်။ အမျိုးသမီး အများစုက ကိုယ်ဝန်ရတာကို သတိမထားမိကြပါဘူး။ ဒါကြောင့် ကိုယ်ဝန်မရှိသေးဘူးထင်ပြီး ဆေးလိပ်သောက်မိတတ်ပါတယ်။ တကယ်တမ်း ကိုယ်ဝန်ရှိတာကို သတိထားမိတဲ့အချိန်မှာ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေက ဖွံ့ဖြိုးပြီး ဖြစ်နေပါပြီ။ ဒါဆိုရင် မသိလိုက်ဘဲ သောက်ခဲ့တဲ့ ဆေးလိပ်ရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရမှာပါ။

    “ အခုပဲ ကိုယ်ဝန်ဆောင်တာ ၃လ ရှိနေပြီ၊ ခုမှ ဆေးလိပ် ဖြတ်လို့ ဘာထူးမှာလဲ။ ထိခိုက်တာက ထိခိုက်ပြီးနေပြီ။ “

    အမှန် >> ကိုယ်ဝန်ဆောင်ပြီးပြီ။ ကလေးက ကိုယ်တွင်းအင်္ဂါတွေ ဖွံ့ဖြိုးပြီးပြီဆိုပေမယ့် ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ လုံးဝမရှိပါဘူး။ ဥပမာ၊ သင်အခု ဆေးလိပ် ဖြတ်လိုက်တယ်ဆိုရင် ပေါင်ချိန်မပြည့်တဲ့ ကလေးမွေးနိုင်ခြေက ဆေးလိပ် မသောက်တဲ့သူတွေနဲ့ တူတူလောက် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန် ဘယ်အချိန်မှာပဲ ဆေးလိပ်ဖြတ်ဖြတ် သင့်ရင်သွေးအတွက် ထိခိုက်စေမယ့် အန္တရာယ်ကို လျော့ကျစေပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်တာကို တတ်နိုင်သမျှ စောစော ဖြတ်တာက သင့်ကလေးအတွက် ပိုကောင်းတဲ့ ဘဝစတင်နိုင်စေမှာပါ။

    ရေးသားသူ− Wuthun Myat Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 18/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement