backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ဆောင်ချိန် မူးဝေခြင်း နှင့်ပတ်သက်ပြီး သင်သိသင့်သော အချက် ၃ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 15/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင်ချိန် မူးဝေခြင်း နှင့်ပတ်သက်ပြီး သင်သိသင့်သော အချက် ၃ ချက်

မူးဝေခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် အဓိကတွေ့ကြုံရသော ပြဿနာဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ကာလ တစ်လျောက်လုံး မူးဝေခြင်းကို ကြုံတွေ့ရနိုင်ပြီး ယင်းကို ကျော်လွားနိုင်ရန် အောက်ပါ အချက်များသည် အထောက်အကူ ပြုပါလိမ့်မည်။

ကိုယ်ဝန်ဆောင်ချိန် မူးဝေခြင်း ကို ဘာတွေက ဖြစ်စေသလဲ။

ကိုယ်ဝန်ဆောင်ချိန်တွင် သွေးသားအပြောင်းအလဲကြောင့် ခန္ဓါကိုယ်တွင်း သွေးကြောများသည် အရွယ်အစား ကြီးမားလာပါသည်။ ယင်းမှာ သန္ဓေသားဆီသို့ သွေးများများစွာ ရောက်ရန် အထောက်အကူ ပြုစေသော်လည်း သွေးဖိအားကို ကျဆင်းစေပြီး ဦးနှောက်ထဲ သွေးဝင်နည်းစေကာ မူးဝေခြင်းကို ဖြစ်စေနိုင်ပါသည်။

မူးဝေခြင်းသည် နှလုံးနှင့် သွေးလှည့်ပတ် အဖွဲ့အစည်းကို အပြောင်းအလဲများ ဖြစ်စေပါသည်။ နှလုံးခုန် မြန်လာခြင်းကြောင့် ခန္ဓါကိုယ်တွင်း သွေးပမာဏများပြားစေပါသည်။ ထို့ပြင် သွေးတွင်း သကြားဓါတ်ကိုလည်း ကျဆင်းစေပြီး ခန္ဓါကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်များကို ပြောင်းလဲစေပါသည်။ ထို့အပြင် ကြီးထွားလာသော သားအိမ်ကြောင့်လည်း သွေးကြောများတွင် ဖိအားတက်လာစေနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ချိန် မူးဝေခြင်း ကို ဘယ်လို ကာကွယ်မလဲ။

အောက်ပါ အချက်များကို လိုက်နာခြင်းအားဖြင့် သင်၏ မူးဝေခြင်းကို လျော့ကျစေနိုင်ပါသည်။

လဲလျောင်းနေပါ။ ကိုယ်တစ်စောင်း လှဲနေခြင်းသည် ဦးနှောက်အတွင်းသို့ သွေးစီးဆင်းခြင်းကို တိုးပွားစေကာ မူးဝေခြင်းနှင့် မိုက်ကနဲဖြစ်ခြင်းကို သက်သာစေပါမည်။ အကယ်၍ ထို့သို့လဲလျောင်းမှု့ကို အထောက်အကူဖြစ်စေရန် နောက်ကျောဖက်နှင့် တင်းပါးနောက်တွင် ခေါင်းအုံးတစ်လုံးစီ ထောက်ထားနိုင်ပါသည်။ ပက်လက်လှဲနေခြင်းသည် မူးဝေခြင်းကို ပိုမို ဆိုးရွားစေပါသည်။

  • ထမင်းနှင့် သရေစာများကို ပမဏနည်းနည်းစီကို အကြိမ်ရေများများ စားပါ။ သို့မှသာ စွမ်းအင် အလုံအလောက် ရှိနေပါမည်။
  • မတ်တပ် အကြာကြီးမရပ်ရပါ။ ထိုင်ရန် အဆင်မပြေပါ လမ်းလျောက်နေပါ။
  • အထိုင်၊အထ ဖြည်းညှည်းစွာသာ ဆောင်ရွက်ပါ။ သို့မဟုတ်ပါက ခြေထောက်တွင် သွေးစုနေချိန်တွင် ထိုင်ရာမှ ရုတ်တရက် ထလိုက်ပါက ဦးနှောက်ဆီသို့ သွေးရောက်နည်းပြီး မူးဝေခြင်းကို ပို၍ ဖြစ်စေပါမည်။
  • ရေနွေးစိမ်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်းကို မပြုလုပ်ရပါ။ ထိုသို့ လုပ်ခြင်းသည် သွေးကြောများကို ပို၍ကျယ်စေပါသည်။

ဘယ်အချိန်တွင် ဆရာဝန်ပြသရမလဲ။

မူးဝေခြင်းသည် အထက်ဖော်ပြပါ နည်းလမ်းများဖြင့် လျှော့ချနိုင်သော်လည်း သင့်အနေဖြင့် မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ ဗိုက်နာခြင်း၊ အမြင်ဝေဝါးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် သွေးအားနည်းသော လက္ခဏာများ ရှိနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အဘယ့်ကြောင့် ဆိုသော် ဤလက္ခဏာများသည် ရောဂါအကြောင်းရင်းခံ များကြောင့်ဖြစ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်ချိန် မူးဝေခြင်းသည် သင့်ကို မသက်မသာ ဖြစ်စေပါမည်။

အဖြစ်များသော ပြဿနာလည်း ဖြစ်သောကြောင့် အထက်ပါ အကြောင်းအရာများသည် သင့်အတွက် အထောက်အကူဖြစ်စေမည်ဟုလည်း မျှော်လင့်ပါသည်။ သို့သော် ရောဂါလက္ခဏာများ ပိုဆိုးလာပါက ဆရာဝန်နှင့် ပြသပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 15/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement