ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Premature labor (လမစေ့မီမွေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Premature labor (လမစေ့မီမွေးခြင်း) ကဘာလဲ။ လမစေ့မီမွေးခြင်းကို preterm labor ဟုလည်းခေါ်သည်။ ဆိုလိုသည်မှာ ကိုယ်ဝန်ဆောင်နေစဉ်တွင် စောစီးစွာ သင်၏ကိုယ်မှ မွေးဖွားရန်အသင့်ဖြစ်လာခြင်းဖြစ်သည်။ မွေးရမည့်ရက် ထက်3 ပတ်စောမွေးပါက ထိုကဲ့သို့မွေးဖွားခြင်းကို ကိုယ်ဝန်မရင့်မီ မွေးဖွားခြင်းဟုခေါ်သည်။ သတင်းကောင်းမှာ ဆရာဝန်များသည် ထိုကဲ့သို့စောစီးစွာမွေးဖွားခြင်းကို ကြန့်ကြာအောင် အလွန်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ သင်၏ကလေးသည် မွေးရက်မစေ့မီ ဗိုက်ထဲတွင် အချိန်ကြာကြာကြီးထွားခွင့်ရလေလေ ထိုကလေးတွင် မွေးဖွားပြီး ရောဂါနှင့် ပြဿနာများနည်းလေလေဖြစ်သည်။ Premature labor (လမစေ့မီမွေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကိုယ်ဝန်အားလုံး၏ 12ရာခိုင်နှုန်းတွင် လမစေ့ပဲမွေးဖွားနေသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPremature labor (လမစေ့မီမွေးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လမစေ့မီမွေးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လမစေ့မီမွေးဖွားခြင်းကို ရပ်တန့်ရန် သတိပေးသည့် လက္ခဏာရပ်များကိုသိရှိရန်လိုအပ်ပါသည်။ လျင်မြန်စွာဆောင်ရွက်နိုင်မှုသည်ကြီးမားသောခြားနားချက်ကိုဖြစ်ပွားသွားစေနိုင်သည်။ သားဖွားဆရာမ (သို့) ဆရာဝန် ကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Fetal Macrosomia (ကြီးမားသောသန္ဓေသား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Fetal Macrosomia (ကြီးမားသောသန္ဓေသား) ကဘာလဲ။ ကြီးမားသောသန္ဓေသားကို “fetal macrosomia” လို့လည်းခေါ်ပြီး ပုံမှန်ထက် သိသိသာသာ ကြီးလွန်းနေသောကလေးကို ဆိုလိုပါသည်။ ကြီးမားသောသန္ဓေသားဆိုသည်မှာ ကိုယ်ဝန်သက်ကိုထည့်မတွက်ပဲ ၈ ပေါင် ၁၃ အောင်စ (၄၀၀၀ ဂရမ်) နှင့်အထက်ကလေးကို ဆိုလိုပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာရ မွေးဖွားနေသော ကလေးအားလုံး၏ ၉ % သည် ၈ ပေါင် ၁၃ အောင်စထက် ပိုနေသော ကလေးများ ဖြစ်သည်။ သို့သော် ကြီးမားသောသန္ဓေသားနှင့် ဆက်စပ်နေသည့် အန္တရာယ်များမှာ ၉ ပေါင် ၁၅ အောင်စ အထက် (၄၅၀၀ ဂရမ်) ကျော်လေလေ ပိုများလေလေပင်။ ကြီးမားသောသန္ဓေသားမှာ မိန်းမကိုယ်မှမီးဖွားခြင်းကို ပြဿနာများစေနိုင်ပြီး မွေးဖွားစဉ်ကလေးဒဏ်ရာရခြင်း ဖြစ်စေနိုင်ပါသည်။ မွေးပြီးနောက်လည်း ကလေးတွင် ကျန်းမာရေးပြဿနာများ များစွာဖြစ်လာနိုင်သည့် အန္တရာယ်မျိုး ရှိနိုင်ပါသည်။ Fetal […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလမှာ မိန်းမကိုယ်မှိုစွဲခြင်းဆိုတာ ဘာလဲ

မိန်းမကိုယ် (ယောနိ)မှာရှိတဲ့ အက်ဆစ်ဓာတ်ပမာဏနဲ့ ကပ်ပါးမှိုလေးတွေအကြား ဟန်ချက်ပျက်ယွင်းခြင်းကြောင့် မှိုစွဲခြင်း ဖြစ်ပေါ်လာရပါတယ်။ ကပ်ပါးမှိုလေးတွေ များပြားလာရင် မိန်းမကိုယ်မှိုစွဲခြင်းဝေဒနာကို ခံစားရမှာ ဖြစ်ပြီး ဒီရောဂါဟာ ထူးထူးခြားခြား အန္တရာယ်မရှိပေမယ့် စိတ်ကသိကအောင့်ဖြစ်စေနိုင်ပါတယ်။ မှိုစွဲရောဂါ ဘာလို့ ဖြစ်သလဲ။ မှိုစွဲရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလ သို့မဟုတ် ဓမ္မတာမလာမီကာလတွေမှာ သင့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဟော်မုန်းပမာဏ အပြောင်းအလဲရှိတာကြောင့် မှိုစွဲရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုလာစေပါတယ်။ ဟော်မုန်းဆေးတွေ ဒါမှမဟုတ် ပဋိသန္ဓေတားသောက်ဆေးတွေ သောက်နေရင်လည်း ထိုနည်း၎င်းပါပဲ။ ပဋိဇီဝဆေးတွေ ဒါမှမဟုတ် စတီးရွိက်ဆေးတွေ သုံးစွဲနေရခြင်း၊သွေးတွင်းသကြားဓာတ်များပြားခြင်း၊ လိင်ဆက်ဆံခြင်း ဒါမှမဟုတ် မိန်းမကိုယ်ကို အလွန်အကျွံဆေးကြောခြင်းတွေကြောင့်လည်း မှိုစွဲရောဂါ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ခန္ဓာကိုယ်အနေနဲ့ အပြောင်းအလဲများစွာကို ကြုံတွေ့ရမှာဖြစ်တဲ့အတွက် မိန်းမကိုယ်တွင်း ဓာတ်သဘောတွေ ပြောင်းလဲခြင်းကို အဆင်ပြေပြေထိန်းညှိပေးနိုင်ဖို့ ခက်ခဲပါတယ်။ ဒီလို အချိန်မျိုးမှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ဇီကာဗိုင်းရပ်စ်နဲ့ ကိုယ်ဝန်ဆောင်ကာလ : အမျိုးသမီးတိုင်း သိထားသင့်သမျှ

၂၁ ရာစုမှာ ဇီကာဗိုင်းရပ်စ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဒုက္ခအကြီးအကျယ်ပေးနိုင်တဲ့ ကပ်ရောဂါအသွင် ကူးစက်ရောဂါတမျိုး ဖြစ်လာနေပါပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဆိုပါတယ်။ ဇီကာဗိုင်းရပ်စ်ဆိုတဲ့ နာမည်ကို ရင်းရင်းနှီးနှီးကြားဖူးနေပေမယ့် သူ့ရဲ့ အကျိုးဆက်တွေကို တိတိပပ မသိရှိသေးဖူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ရှုကြည့်ခြင်းအားဖြင့် ဇီကာဗိုင်းရပ်စ်နဲ့ ကိုယ်ဝန်ဆောင်တွေအကြားမှာ ဘယ်လိုမျိုး ဆက်စပ်မှုတွေ ရှိနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားပါလိမ့်မယ်။   ဇီကာဗိုင်းရပ်စ် ဆိုတာဘာလဲ။ ဘာလို့ အန္တရာယ်ကြီးတာလဲ။ ဇီကာဗိုင်းရပ်စ်ဆိုတာဟာ ခြင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး အေးဒီးစ်လို့ခေါ်တဲ့ ခြင်ကျားက ရောဂါပိုးကို သယ်ဆောင်ပါတယ် (အဝါဖျားနဲ့ သွေးလွန်တုပ်ကွေး ရောဂါပိုးတွေကို သယ်ဆောင်တဲ့ ခြင်မျိုးစိတ်ပါပဲ)။၁၉၄၇ ခုနှစ်မှာ ယူဂန်ဒါနိုင်ငံ ဇီကာတောအုပ်ထဲမှာရှိတဲ့ မျောက်တွေက ဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားတယ်ဆိုတာ ဦးဆုံးတွေ့ရှိခဲ့တဲ့အတွက် ဇီကာဗိုင်းရပ်စ်လို့ အမည်ပေးရခြင်း ဖြစ်ပါတယ်။ သာမန်လူတွေအတွက် ဇီကာရောဂါဟာ အထူးတလည် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း လက္ခဏာစုများဆိုတာ ဘာလဲ

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများသည်သည် ကိုယ်ဝန်ဆောင်ချိန်တွင် အချင်း မူမမှန်မှုကြောင့်ဖြစ်သော ပြသနာများဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းသည် ကလေးနှစ်ယောက်သည် အချင်းတစ်ခုတည်းနှင့် အချင်းရှိသွေးကြောများကို မျှပြီး အသုံးပြုနေရသောကြောင့် ဖြစ်ပါသည်။ ဒီလို မျှပြီး သုံးရတဲ့အတွက် ကလေး တစ်ယောက်က ပိုရပြီး တစ်ယောက်က လျော့ရတာမျိုး ဖြစ်နိုင်ပါတယ်။ အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများသည် အဖြစ်များပါသလား။ ယင်းဖြစ်စဉ်သည် ထပ်တူညီသော အမြွှာများ၏ ၁၅ % တွင် ဖြစ်လေ့ရှိပါသည်။ အချင်းသီးသန့်စီရှိသော အမြွှာများတွင် ထိုပြသနာ မဖြစ်ပါ။ ကံမကောင်းစွာပင် ထိုသို့ဖြစ်ခြင်းသည် ကာကွယ်မရသော အခြေအနေဖြစ်ပါသည်။ အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများကို မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ ကိုယ်ဝန်ဆောင်ချိန်တွင် အယ်ထွာဆောင်းကို ကြည့်ခြင်းဖြင့် ဆရာဝန်သည် သင့်ကလေးတွင် ထိုပြသနာရှိနိုင်ကြောင်း ခန့်မှန်းနိင်ပါသည်။ ယင်းတို့မှာ · ကလေး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကလေးအသေ မွေးခြင်း အကြောင်းရင်းများက ဘာတွေလဲ။

ကလေးအသေ မွေးခြင်း အကြောင်းရင်းများက ဘာတွေလဲ။ ဆိုတာကို သတိထားနိုင်စေဖို့ ပြောပြပေးလိုက်ပါတယ်။ကလေးအသေ မွေးခြင်း ဆိုတာက ကိုယ်ဝန် ၂၄ပတ်နောက်ပိုင်းမှာ ဗိုက်ထဲက ကလေးဆုံးပါးသွားတာကို ဆိုလိုတာပါ။ ၂၄ပတ်မတိုင်ခင် ဆိုရင်တော့ ဒါကို ပျက်ကျတယ်လို့ ခေါ်ပါတယ်။ ကလေး အဖတ်မတင်တာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တချို့ကိုယ်ဝန်တွေမှာဆိုရင် အကြောင်းအရင်းမရှိဘဲနဲ့ကို ကလေးအသေလေး မွေးလာတတ်ပါတယ်။ ကလေးအသေ မွေးခြင်း အကြောင်းရင်းများက ဘာတွေလဲ။ ကလေးအသေ မွေးခြင်း အကြောင်းရင်းများက ဘာတွေလဲ။ ဆိုတော့ တိတိကျကျ ပြောဖို့တော့ ခက်ပါတယ်။ တချို့တွေမှာဆို ဘာကြောင့်ဒီလို ဖြစ်တယ်ဆိုတာကို မပြောနိုင်သေးပါဘူး။ သိထားပြီးသား အကြောင်းရင်းတွေကတော့ အချင်းပြဿနာများ အချင်းဆိုတာက သန္ဓေသားနဲ့ မိခင်ရဲ့ သားအိမ်ကို ဆက်ထားပေးတဲ့ အချိတ်အဆက်ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကနေ ကလေးငယ်အတွက် အသက်ရှင်နိုင်မယ့် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ပို့ပေးပြီး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် အစပ်စားလျှင် ဘာတွေဖြစ်လာနိုင်သလဲ

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ထူးဆန်းသော ချင်ခြင်းတပ်မှုများ ရှိကြသည်။ သူတို့သည် စားနေကျ ချောကလက်၊ အိုက်စကရင်မ်လို့မုန့်မျိုးထက် အိမ်တွင်းသုံး ဆပ်ပြာကဲ့သို့သော ထူးဆန်းသော အရာများကို တောင့်တစိတ်ဖြစ်ကြသည်။ အငြင်းအပွားဆုံး ချင်ခြင်းတက်မှုများထဲမှ တစ်ခုကတော့ အစပ်စားလိုခြင်းပဲဖြစ်သည်။ လူအများက အစားအသောက် အစပ်များသည် သန္ဓေသားဖွံ့ဖြိုးမှုအတွက် မကောင်းဘူးဟု ဆိုကြသည်။ ဤအဆိုသည် တကယ်ကော မှန်ပါသလား။ အစပ်စားခြင်းသည် ကလေးကို ထိခိုက်နိုင်သလား။ ကံကောင်းစွာပင် အစပ်စားခြင်းသည် ကလေးကို မထိခိုက်နိုင်ပါ။ စပ်သော အစားအစာသည် ကလေးဝမ်းဗိုက်ထဲမှာ ရှိစဉ် အရသာ ခံစားနိုင်သော အစားအစာအနည်းငယ်ထဲက တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစပ်ပမာဏ အနည်းငယ်သည် ရေမြွှာရေထဲသို့ ဖြတ်သန်းရောက်ရှိနိုင်သည်။ တကယ်တော့ သင့်ကလေးသည် ထိုအရသာ အပြောင်းအလဲကို ကြိုက်ကောင်းကြိုက်နိုင်သည်။ မမွေးခင်နှင့် မွေးပြီးတွင် ကလေးကို မတူညီသော အရသာများကို ထိတွေ့ခံစားစေခြင်းသည် ကလေး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဖျက်ချပြီးနောက် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်သလဲ

ကိုယ်ဝန်ဖျက်ချပြီးနောက် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်သလဲ ...... ကိုယ်ဝန် ဖျက်ချခြင်းသည် မျိုးပွားမှုကို မထိခိုက်နိုင် (သို့) နောက် ကိုယ်ဝန်များတွင် မည်သည့် နောက်ဆက်တွဲပြဿနာမှ မဖြစ်နိုင်ဟု အများစုက ယုံကြည်ကြသည်။ သို့သော် လတ်တလော လေ့လာမှုများအရ ကိုယ်ဝန်ဖျက်ချပြီးနောက်တွင် ခန္ဓာကိုယ်၌ ဘေးထွက်ဆိုးကျိုးအချို့ရှိသည်ဟု သိရှိရသည်။ (မြန်မာနိုင်ငံတွင် တချို့သော အခြေအနေများမှ လွဲ၍ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရ ခွင့်မပြုပါ။) ကိုယ်ဝန်ဖျက်ချပြီးနောက် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်သလဲ ကိုယ်ဝန်ဖျက်ချပြီးနောက် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်သလဲ ဆိုတာ သိရှိနိုင်စေဖို့ အတူတူ ကြည့်လိုက်ရအောင်နော်။ လက္ခဏာများ ကျန်းမာရေး အခြေအနေပေါ်တွင် မူတည်ပြီး တစ်ဦးနှင့် တစ်ဦး လက္ခဏာများ ကွဲပြားကြသည်။ သို့ရာတွင် အမျိုးသမီးအများစု ကိုယ်ဝန်ဖျက်ချပြီးနောက် ကြုံတွေ့ရမည့် ပုံမှန်လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။ ပထမ နှစ်ပတ်တွင် အချိန်မမှန် သွေးဆင်းခြင်း ပထမနှစ်ပတ်တွင် သားအိမ်ညှစ်ခြင်းကြောင့် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကိုယ်အလေးချိန်တိုးလာခြင်း

ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကိုယ်အလေးချိန်တိုးလာခြင်းက ပုံမှန်ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒီလိုတိုးလာမှလည်း ကလေးကို အခက်အခဲမရှိ မွေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်တိုးရမယ်ဆိုပေမယ့် ကျန်းကျန်းမာမာနဲ့ သတ်မှတ်ထားတဲ့ ပမာဏအတွင်းမှာပဲ တိုးလာသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်လာရင်လည်း ကိုယ်ဝန်ဆောင်ဆီးချို၊ ကိုယ်ဝန်ဆိပ်တက်တာ၊ ကလေးမွေးရခက်တာတွေ ဖြစ်နိုင်လို့ပါ။ ကဲ .... ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကိုယ်အလေးချိန်တိုးလာခြင်း အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကိုယ်အလေးချိန်တိုးလာခြင်း ဒီဆောင်းပါးမှာ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် ဘယ်လောက်တိုးသင့်လဲဆိုတာနဲ့ ကျန်းကျန်းမာမာ ကိုယ်အလေးချိန်ထိန်းနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးသွားမှာပါ။ ကိုယ်ဝန်ဆောင်ချိန်တွင် နဂိုကိုယ်အလေးချိန်ထက် ပေါင်ချိန်မည်မျှသာ တိုးသင့်သလဲ။ ဒါက ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန်ပေါ် မူတည်ပါတယ်။ ကိုယ်ဝန်မဆောင်ခင် သင့်မှာရှိတဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း BMIပေါ်မူတည်ပြီး ဘယ်လောက်တက်လာရမယ်ဆိုတာကို အောက်ပါအတိုင်း အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်  ကိုယ်အလေးချိန် တက်လာသင့်တဲ့ ကိုယ်အလေးချိန် BMI 18.5 အောက် (ကိုယ်အလေးချိန်နည်း) ၂၈−၄၀ပေါင် (၁၃−၁၈ ကီလိုဂရမ်ခန့်) BMI 18.5-24.9ကြား […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင် ဆိုရီရေးစစ်ရောဂါကုသမှု အကြောင်းသိကောင်းစရာ

ကံကောင်းစွာပင် ဆိုရီရေးစစ်ရောဂါသည် ကလေးရနိုင်စွမ်းကို မထိခိုက်စေပါ။ ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းတွင် ဆိုရီရေးစစ်ကုသမှုပေးလျှင် သတိထားဖို့ လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်တွင် မည်သည့် ဆိုရီရေးစစ်ကုသမှုမျိုးမဆို မစတင်ခင် ဘယ်နည်းလမ်းက စိတ်ချရမလဲဆိုတာကို ဆရာဝန်နဲ့ အရင်ပြသတိုင်ပင်ဖို့ အရေးကြီးပါသည်။ ဆိုရီရေးစစ်ဆိုသည်မှာ အဘယ်နည်း။ ဆိုရီရေးစစ်ဆိုသည်မှာ အရေပြားဆဲလ် ဖြစ်စဉ်အပေါ် သက်ရောက်မှုရှိသော ဖြစ်တတ်သည့် အရေပြား ရောဂါတစ်မျိုးဖြစ်သည်။ ဆိုရီရေးစစ်သည် အရေပြားမျက်နှာပြင်ပေါ်တွင် ဆဲလ်များ အလျင်အမြန်တည်ဆောက်ခြင်းကို ဖြစ်ပေါ်စေသည်။ အရေပြားဆဲလ်အပိုများသည် ထူထဲသော ငွေရောင်အကြေးခွံများကို ဖြစ်ပေါ်စေပြီး ယားယံ၊ ခြောက်သွေ့၊ နီရဲသော အကွက်များ ဖြစ်ပေါ်စေသည်။ ထိုအကွက်များသည် တစ်ခါတစ်ရံ နာကျင်စေသည်။ ဆိုရီရေးစစ်နှင့် ကိုယ်ဝန်သည် အချို့အခြေအနေများတွင် ဆိုရီရေးစစ်ရောဂါသည် ကိုယ်ဝန်ဆောင်ချိန်၌ ပိုသက်သာလာတတ် သော်လည်း အချို့ ကိုယ်ဝန်သည် အမျိုးသမီးများမှာတော့ ပိုဆိုးလာကြောင်း တွေ့ရှိရသည်။ တစ်ဦးချင်းစီနှင့် ကိုယ်ဝန်အပေါ်တွင် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်