backup og meta

ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်အလေးချိန် ထိန်းထားဖို့ ဖြစ်နိုင်သလား

ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်အလေးချိန် ထိန်းထားဖို့ ဖြစ်နိုင်သလား

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တက်သင့်တယ်၊ တက်ဖို့လိုတယ်ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်တက်ရမလဲဆိုတာ ကွာခြားနိုင်ပါတယ်။ နဂိုတည်းက အဝလွန်နေတဲ့သူဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တွေ အများကြီး တက်မသွားအောင် ထိန်းထားဖို့ လိုပါတယ်။ အာဟာရပြည့်ဝဖို့ လိုအပ်တဲ့အချိန်ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်အလေးချိန် ထိန်းထားဖို့ ဖြစ်နိုင်သလား ဆိုတာ အမေးများတဲ့ မေးခွန်းတစ်ခုပါ။

ပိန်တဲ့သူပဲဖြစ်ဖြစ်၊ ဝတဲ့သူပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တက်ဖို့ လိုပါတယ်။ အဝလွန်နေတယ်ဆိုရင်တောင် စားသင့်တာ စားပြီး ကိုယ်အလေးချိန် ကျော်မသွားအောင် ထိန်းထားလို့ ရပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်အလေးချိန် ထိန်းထားဖို့ ဖြစ်နိုင်သလား

ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်အလေးချိန် ထိန်းထားဖို့၊ တက်သင့်သလောက်ပဲ တက်ဖို့ စားအသောက်ကို ဂရုစိုက်ဖို့တော့ လိုတာပေါ့။

  • သကြားတွေနဲ့ ကစီဓာတ် ပါတာတွေကို ရှောင်ကြဉ်ပါ။

ကိုယ်ဝန်ဆောင် မိခင်တွေက နေ့စဉ် အစားအစာတွေထဲမှာ သကြား(အချို) တွေနဲ့ ကစီဓာတ် ပါတာတွေကို အလွန်အကျွံ မစးသင့်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင်တောာ့ ထမင်းပေါ့။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တော်တော်များများက အားရှိအောင် ထမင်းများများ စားရမယ်လို့ သိထားကြပါတယ်။ ကစီဓာတ်တွေက ဝိတ်တက်လွယ်တာကြောင့် အဝလွန်မသွားအောင်  ထိန်းနေရတဲ့ ကိုယ်ဝန်ဆောင်တွေဆိုရင် ချင့်ချိန်ပြီး စားသင့်ပါတယ်။ ဝိတ်တက်ဖို့ လိုတဲ့ ကိုယ်ဝန်ဆောင် ဖြစ်နေရင်တောင်မှ ကစီဓာတ် တစ်မျိုးတည်းကို အများကြီး စားတာမျိုး မဟုတ်ဘဲ အာဟာရမျှတအောင် စားဖို့ ဦးစားပေးသင့်ပါတယ်။

  • ပရိုတင်းဓာတ်

ဒုတိယတစ်ခုအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ နေ့စဉ် အစားအစာတွေထဲမှာ ပရိုတင်းဓာတ် ပိုမို စားသုံးပေးဖို့ လိုအပ်ပါတယ်။ အဲလို စားသုံးပေးခြင်းက ကလေး ကြီးထွားဖွံ့ဖြိုးဖို့နဲ့ မွေးရာပါ ချို့ယွင်းချက်တွေ မဖြစ်ဖို့ ကာကွယ်ပေးတဲ့ နေရာမှာ အရေးပါ ပါတယ်။

နေ့စဉ်အစားအစာတွေထဲမှာ ပရိုတင်း(အသား)ဓာတ် ကြွယ်ဝသော အစားအစာ၊ ကျန်းမာရေး အတွက် ကောင်းတဲ့ အဆီဓာတ်၊ ကစီဓာတ် နည်းတဲ့ အသီးအရွက်တွေကို ထည့်သွင်းစားသုံးပေးခြင်းက တစ်နေ့တာ လိုအပ်တဲ့ ကစီဓာတ်ပမာဏ ၂၀ မှ ၅၀ ဂရမ် အတွင်းရောက်အောင် စားသုံးနိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးအတွက်ကောင်းတဲ့ ပရိုတင်းဓာတ်ကို

-ပင်လယ်စာ

-ကြက်ရင်ပုံသား၊ တောင်ပံသား

-နို့၊ ချိစ့်၊ ဒိန်ချဉ်

-ဥ

-ပဲ

-ဝက်ပေါင်အတွင်းသား

-ပဲပုပ်

-အဆီမပါသော အမဲသား စသည်တို့ကိုစားသုံးခြင်းဖြင့်ရရှိနိုင်ပါတယ်။

  • ဗီတာမင်နဲ့ သတ္တုဓာတ်ပြည့်ဝအောင် စားပါ။ 

သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များကလည်း နေ့စဉ်အစားအစာထဲမှာ ပါဝင်သင့်ပါတယ်။ သစ်သီးနဲ့ အသီးအရွက်တွေမှာ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ် ကြွယ်ဝတာကြောင့် သင့်ကလေးရဲ့ အသားတစ်ရှူးတွေ တည်ဆောက်ဖို့ ကူညီပေးပါတယ်။ ကစီဓာတ်နည်းတဲ့ ဟင်းသီးဟင်းရွက်တွေကို ကိုယ်အလေးချိန်တက်စေမှာ စိတ်ပူစရာမလိုဘဲ စားနိုင်ပါတယ်။ ကစီဓာတ်နည်းတဲ့ ဟင်းသီးဟင်းရွက်တွေကတော့-

-ပန်းဂေါ်ဖီစိမ်း

-ပန်းဂေါ်ဖီ

-ဟင်းနုနွယ်ရွက်

-ကိုက်လံ

-ဂေါ်ဖီထုပ်

-ဆလပ်ထုပ်

-သခွားသီး

-တရုတ်နံနံစတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်။

  • ကောင်းမွန်တဲ့ အဆီဓာတ်

နေ့စဉ် အစားအစာထဲမှာ အဆီတွေကို ရှောင်ကြဉ်ရမှာ မှန်ပေမယ့် ကျန်းမာရေးအတွက် ကောင်းတဲ့ မပြည့်ဝဆီများကိုတော့ စားသုံးသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ နေ့စဉ်အသုံးပြုရမယ့် ကယ်လိုရီရဲ့ ၃၀ရာခိုင်နှုန်းကို အဆီတွေကနေ ရရှိတာကြောင့်ပါ။

မပြည့်ဝဆီပါဝင်တဲ့ အစားအစာတွေက သွေးထဲက ကိုလက်စထရောကို ထိန်းထားပေးနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဥပမာ အိုမီဂါ သရီးဖက်တီးအက်စစ်ဆိုရင် ကျန်းမာရေးအတွက်ကောင်းတဲ့ အဆီပါ။ ဆယ်လမွန်ငါး၊ trout ရေချိုငါး၊ ကိုက်လံရွက်၊ ဟင်းနုနွယ်၊ သစ်ချသီးတို့မှာ ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ နေ့စဉ် အစားအစာတွေက ဗိုက်ထဲက ကလေးကောင်းကောင်းကြီးထွားလာနိုင်ဖို့ လုံလောက်တဲ့ အစာအာဟာရတွေ ပါဖို့ လိုအပ်ပါတယ်။ အာဟာရပြည့်ဝပြီး ကျန်းမာစေတဲ့ အစားအသောက်တွေကို စားသောက်ခြင်းက သင့်ကလေးကို ကျန်းမာရေးကောင်းအောင် ကူညီပေးရုံမက သင် ကိုယ်ဝန်ဆောင်နေစဉ် အချိန်အတွင်းမှာလည်း ကိုယ်အလေးချိန် ထိန်းထားဖို့ ကူညီပေးနိုင်ပါတယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 ways to avoid gaining too much pregnancy weight. http://www.babycenter.com/0_10-ways-to-avoid-gaining-too-much-pregnancy-weight_10396224.bc. Accessed December 28, 2016.
Overweight and pregnant: How to manage weight gain during pregnancy. http://www.babycenter.com/0_overweight-and-pregnant-how-to-manage-weight-gain-during-pre_1313887.bc. Accessed December 28, 2016.
How to Safely Lose Weight During Pregnancy. http://www.healthline.com/health/pregnancy/how-to-lose-weight-safely#2.

 

ယခုပုံစံ

08/09/2023

Khine Phoo Ngon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမြွှာကိုယ်ဝန်ဆောင်တဲ့ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

ကိုယ်ဝန်ဆောင်မေမေ မျောက်ငိုသီး စားလို့ ရ၊ မရ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Khine Phoo Ngon မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement