ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော အကြောပြတ်ရာတွေကို ဘယ်လိုလျော့နည်းအောင်လုပ်မလဲ

    ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော အကြောပြတ်ရာတွေကို ဘယ်လိုလျော့နည်းအောင်လုပ်မလဲ

    ကိုယ်ဝန်ဆောင်စဉ်မှာ ဘာကြောင့်အကြောပြတ်ရာတွေထင်ရတာလဲ။

    ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်အလေးချိန်တိုးလာတဲ့အခါ အရေပြားကဆွဲဆန့်ပေးရတာကြောင့် အကြောပြတ်ရာတွေဖြစ်ပေါ်လာရတာပါ။ အရေပြားထဲမှာရှိတဲ့အမျှင်တွေဟာ ကိုယ်ဝန်ဆောင်စဉ်ထွက်လာတဲ့ ဟောမုန်းတွေကြောင့် ပျော့ပျောင်းနေခြင်းက အကြောပြတ်ရာတွေဖြစ်လာရခြင်းအကြောင်းရင်းနဲ့တူပါတယ်။ အကြောပြတ်ရာတွေဟာ အများအားဖြင့် ပန်းရောင်၊အနီရောင် သို့မဟုတ် ခရမ်းရောင်အနည်းငယ်ပါတဲ့လိုင်းတွေအဖြစ် ဗိုက်၊ တင်ပါး၊ ပေါင်နဲ့ ရင်ဘတ်တွေမှာဖြစ်ပေါ်တတ်ပါတယ်။

    ကိုယ့်မှာတော့ အကြောပြတ်ရာတွေဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ သင်ထင်ကောင်းထင်နေနိုင်ပေမယ့် ကလေးမမွေးဖွားခင် ၂ပတ်လောက်အလိုမှာလည်း ပေါ်လာနိုင်ပါတယ်။ သင့်မှာအောက်ပါအခြေအနေတွေရှိရင် အကြောပြတ်တာဖြစ်ဖို့ပိုများပါတယ်။

    • သင်ကဆယ်ကျော်သက်မိခင်ဆိုရင်။
    • ကိုယ်ဝန်ဆောင်စဉ်မှာ ပို၀ လာခဲ့ရင်
    • ကလေးတစ်ယောက်ထက်ပိုပြီးရှိနေရင်
    • ကိုယ်ဝန်မဆောင်ခင်တည်းက အကြောပြတ်ရာတွေရှိနေရင်၊ ရင်သားတွေမှာ အကြောပြတ်နေတာမျိုးပေ့ါ။
    • မိသားစုဝင်တွေထဲမှာ အကြောပြတ်သူတွေရှိနေခဲ့ရင်။

    အကြောပြတ်ရာတွေမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။

    စိတ်မကောင်းစရာက အကြောပြတ်ရာမဖြစ်အောင် လုံးဝကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေမရှိပါဘူး။ ဒါပေမယ့် အကျိုးသက်ရောက်မှုတွေနည်းသွားအောင်တော့ အချို့နည်းလမ်းတွေကို အိမ်မှာစမ်းသပ်ကြည့်လို့ရပါတယ်။

    • ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ အလေးချိန်ဖြည်းဖြည်းမှန်မှန်တိုးလာနိုင်အောင် ကြိုးစားကြည့်ပါ။ လတ်ဆတ်တဲ့သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အုတ်၊ဂျုံစတဲ့အနှံမျိုးတွေ၊ အစေ့တွေနဲ့ အခွံမာသီးတွေ အများအပြားပါဝင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုသာစားပါ။ ဒီလိုစားစရာအားလုံးမှာ အသားအရေ ကိုကျန်းမာစေမယ့် အာဟာရတွေ ပါဝင်ပါတယ်။ အဆီဓါတ်မြင့်မားစွာပါဝင်တဲ့စားစရာတွေ သို့မဟုတ် ဓါတုနည်းနဲ့ပြုပြင်ထားတဲ့စားစရာတွေကို လျှော့ချပါ။ သူတို့မှာ စွဲလမ်းစေနိုင်တဲ့အရာတွေ၊ဆားတွေနဲ့ တာရှည်ခံဆေးတွေပါဝင်ပါတယ်။ ဒီပစ္စည်းတွေက သင့်ခန္ဓါကိုယ်ထဲမှာအရည်တွေသိုလှောင်ထားနိုင်ပြီး ရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေပါတယ်။
    • လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မှုကိုလှုံ့ဆော်ပေးပြီး ဒါက ခန္ဓါကိုယ်ဝလာသလောက် အရေပြားကိုကျုံ့နိုင်ဆန့်နိုင်စေပါတယ်။
    • သင့်အရေပြားက ကျုံ့ဆန့်နိုင်စွမ်းနည်းတယ်ဆိုရင် အကြောပြတ်ရာတွေဖြစ်နိုင်ချေများပါတယ်။ ဒီလိုအခြေအနေမျိုးမျာ သင်က အကြောပြတ်ရာမထင်စေတဲ့ခရင်မ် ကိုသုံးပေးသင့်ပါတယ်။ ဒီခရင်မ်က အရေပြားကို ပိုပျော့ပြောင်းစေပေမယ့် အကြောပြတ်ရာထင်တာကိုတော့ ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်အရေပြားရဲ့ အပေါ်လွှာရော အောက်အသားလွှာကပါ ဆွဲဆန့်နေမှာဖြစ်တာကြောင့် ဒါတွေက ကော်လာဂျင်တွေကို စုတ်ပြဲစေပါတယ်။ အကြောပြတ်ရာမထင်စေတဲ့ခရင်မ် တွေက အရေပြားအောက်အလွှာတွေကို မရောက်နိုင်ပါဘူး။

    သင့်အသားအရေပျော့ပျောင်းချောမွတ်နေအောင် ဒီလိုခရင်မ်တွေကို အစိုဓါတ်ထိန်းပေးနိုင်တဲ့ ခရင်မ်တွေ၊ဆီတွေနဲ့ရောပြီးလိမ်းပေးနိုင်ပါတယ်။ နေ့စဉ်အသားအရေကို ဆီ သို့မဟုတ် ခရင်မ်သုံးပြီး နှိပ်နယ်ပေးခြင်းက ပိုပြီးနေလို့ကောင်းစေမှာဖြစ်တဲ့အပြင် အကြောပြတ်မှာကို မကာကွယ်ပေးနိုင်သော်လည်း တစ်ရှူးအသစ်တွေကြီးထွားလာခြင်းကိုအားပေးပါတယ်။ သံလွင်ဆီ၊ကြက်ဆူဆီ၊အုန်းဆီ၊ဗာဒံဆီ၊ ထောပတ်ဆီ စတဲ့သဘာဝအဆီတွေက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် တကယ်ကိုအသုံးဝင်ပါတယ်။

    • အချို့သော ကျွမ်းကျင်ပညာရှင်တွေကတော့ ဗီတာမင် အီး ဆေးတွေသောက်ဖို့ သို့မဟုတ် အကြောပြတ်ရာတွေပေါ်မှာ ဗီတာမင် အီး လိမ်းပေးဖို့ အကြံပြုထားပါတယ်။ ဗီတာမင် အီး ဟာ အသားအရည်ခရင်မ်တွေအတော်များများမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်ခုပါ။ အကြောပြတ်ရာမထင်စေတဲ့ခရင်မ် တွေထဲမှာလည်း ပါဝင်တာပေါ့။ ဒါပေမယ့် ဗီတာမင် အီး ဆေးတောင့်တွေကို ကိုယ်ဝန်ဆောင်စဉ်မှာသောက်တာကတော့ အန္တရာယ်မကင်းလှပါဘူး။ ဘယ်လို ဗီတာမင်အားဖြည့်ဆေးတွေကိုသောက်မယ်လို့ စဉ်းစားထားသည်ဖြစ်စေ မသောက်ခင် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။

    တစ်ရက်ကိုအနည်းဆုံးရေ ၁.၅လီတာ သောက်ပါ။ ဒါက အသားအရေကိုပျော့ပျောင်းစေပြီး ရေဓါတ်ကောင်းကောင်းဖြည့်ပေးနိုင်ပါတယ်။

    အကြောပြတ်ရာတွေအများကြီးရှိနေလို့စိတ်မညစ်ပါနဲ့။ အကောင်းဘက်ကလှည့်တွေးကြည့်ပါ။ ဒါတွေက သင့်ကလေးဟာပုံမှန်အတိုင်းကြီးထွားနေတယ်ဆိုတဲ့ လက္ခဏာတွေပဲမဟုတ်လား။ ကလေးမွေးပြီးတာနဲ့ အကြောပြတ်ရာတွေက ပျောက်ကွယ်သွားမှာပါ။ သင့်ကလေး ၆လပြည့်တာနဲ့ သင့်ရဲ့အကြောပြတ်ရာတွေဟာ ဖြည်းဖြည်းချင်း ငွေရောင်သို့မဟုတ် အညိုရောင် လိုင်းပါးလေးတွေအဖြစ် အရောင်ဖျော့သွားမှာပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Stretch marks (natural remedies).

    http://www.babycentre.co.uk/a549320/stretch-marks- natural-remedies .

    Accessed : 8 November 2016

    How can I prevent stretch marks?

    http://www.babycentre.co.uk/x563006/how-can- i-prevent- stretch-marks.

    Accessed : 8 November 2016

    စာရေးသူ ဓာတ်ပုံbadge
    Wathun Myat Chal မှ ရေးသားသည်။ 23/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။