Hyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 20, 2017 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ) ကဘာလဲ။

ကိုယ်ဝန်ဆောင်အအန်လွန်ရောဂါဆိုသည်မှာ ပြင်းထန်သောနံနက်ပိုင်းပျို့ခြင်း နှင့် အော့အန်ခြင်းဖြစ်ပါသည်။ ထိုရောဂါသည်ရေဓါတ်ခမ်းခြောက်ခြင်း၊ဇီဝကမ္မဖြစ်စဉ်များပြောင်းလဲမှု (electrolytes နှင့် ketones ကဲ့သို့သောဓါတုဗေဒပစ္စည်းများပမာဏမမှန်ဖြစ်ခြင်း) နှင့်ကိုယ်အလေးချိန်ကျခြင်းတို့ကိုဦးတည်စေပါသည်။ဤပြောင်းလဲမှုများသည်ဆေးရုံတက်ရသည်အထိဖြစ်စေနိုင်ပါသည်။ ကိုယ်ဝန်ဆောင်အအန်လွန်ရောဂါ၏ဆိုးကျိုးများသည်ပြင်းထန်ပြီး ကျောက်ကပ် အာရုံကြောအဖွဲ့အစည်းနှင့်အသည်းတို့ကိုထိခိုက် ပျက်စီးစေပါသည်။

Hyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကိုယ်ဝန်ဆောင်အအန်လွန်ရောဂါသည်ရှားပါးပါသည်။ အမျိုးသမီးများ၏ ၇၀% မှ ၈၅% သည် နံနက်ပိုင်းအော့အန်ခြင်းရှိကြပါသည်။ ၁% မှ ၂% သာလျှင်ကိုယ်ဝန်ဆောင်အအန်လွန်ရောဂါ ရှိကြပါသည်။ ကိုယ်ဝန်အအန်လွန်ရောဂါခံစားနေရခြင်းသည်ကလေးတစ်ယောက်ထက်ပို၍ (အမွှာပုူးနှင့် အထက်)ကိုယ်ဝန်ဆောင်ထားရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

လက္ခဏာများ

Hyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများသည်များသောအားဖြင့်ကိုယ်ဝန်၏လေးပတ်နှင့်ရှစ်ပတ်ကြားတွင်စတင်ပြီး ၁၆ ပတ်အထိကြာပါသည်။ ဖြစ်ပွားသောအမျိုးသမီးအများစုသည်တစ်နေကုန်အော့အန်တတ်ပါသည်။

တခြားရောဂါလက္ခဏာများမှာမအီမသာဖြစ်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊ဆီးသွားမှုနည်းပါးခြင်း၊ခေါင်းကိုက်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊သတိလစ်ခြင်းနှင့်အသားဝါခြင်းတို့ပါဝင်ပါသည်။ Ketones များဆီးထဲတွင်ပါဝင်ခြင်း၊သွေးခုန်နှုန်းမြင့်တက်ခြင်းနှင့်သွေးပေါင်ချိန်ကျဆင်းခြင်းတို့သည်ရေဓါတ် ခမ်းခြောက်မှုကိုညွှန်ပြပါသည်။

အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကိုယ်ဝန်ရှိသောလက္ခဏာများတွေ့ရပါကပိုမိုတိကျသောညွှွှန်ကြားချက်များနှင့် စောင့်ကြည့်မှုများအတွက်သင်၏ဆရာဝန်ကိုချက်ချင်းခေါ်ပါ။ သို့သော်လည်းသင်သည်မကြာခဏ ပြင်းထန်သောအော့အန်ခြင်းနှင့်သတိလစ်ခြင်းတို့ကိုခံစားရပါကအရေးပေါ်အလျင်အမြန်ဆေးရုံ တက်ရန်လိုအပ်ပါသည်။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည်မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက်အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Hyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အမျိုးသမီးအများစုသည်အထူးသဖြင့်ကိုယ်ဝန်ပထမသုံးလတွင်မအီမသာဖြစ်ခြင်းနှင့်အော့အန်ခြင်းများ ဖြစ်တတ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်မအီမသာဖြစ်ခြင်းနှင့်အော့အန်ခြင်း၏အကြောင်းအရင်းသည် Human chorionic gonadotrotil (HCG) ဟုခေါ်သောဟော်မုန်းတမျိုးသွေးထဲတွင်လျင်မြန်စွာမြင့်တက်လာခြင်းကြောင့်ယူဆရပါသည်။ (HCG) ကိုအချင်းမှထုတ်လွှတ်ပါသည်။

အချို့အမျိုးသမီးများသည်ကိုယ်ဝန်ဆောင်ချိန်အတွင်းမအီမသာဖြစ်ခြင်းနှင့်အော့အန်ခြင်းများရှိပါသည်။ ကိုယ်ဝန်တိုင်းတွင်ဖြစ်တတ်သော်လည်းနှစ်မြွှာပူးနှင့် အထက် ကိုယ်ဝန်လွယ်ထားရသူများ သို့မဟုတ် စပျစ်ခိုင် ကိုယ်ဝန်ရောဂါရှိနေသူများတွင်ပို၍ဖြစ်ပွားပါသည်။

Risk factors

ငါ့ဆီမှာ Hyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကိုယ်ဝန်ဆောင်အအန်လွန် ရောဂါဖြစ်ပွားနိုင်ချေသည် ငယ်ရွယ်စဉ်တွင်ကလေးရမှု၊ ကိုယ်အလေးချိန် (အဝလွန်မှု)၊ ယခင်ကကိုယ်ဝန်မဆောင်ဖူးသူ၊ ပထမဆုံးအကြိမ်ကိုယ်ဝန်ဆောင်ခြင်း နှင့် အရင်ကိုယ်ဝန် များတွင် ကိုယ်ဝန်ဆောင်အအန်လွန်ရောဂါဖြစ်ဖူးမှု တို့အပေါ်မူတည်၍ မြင့်တက်နိုင်ပါသည်။ ဇီဝဗေဒဆိုင်ရာ၊ စိတ်ပညာဆိုင်ရာ နှင့် လူမှုဆက်ဆံရေးဆိုင်ရာအချက်များသည်လည်းအခန်းကဏ္ဍ တစ်ခုအနေနှင့် ပါဝင်နိုင်ပါသည်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများမရှိခြင်းသည် သင့်အားရောဂါမရနိုင်ဟုမဆိုလိုပေ။ ဤအချက်များသည် ကိုးကားချက်များသာလျှင်ဖြစ်သည်။ ပိုမိုများပြားသောအချက်အလက် များအတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအဖြေရှာခြင်း

ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင် အအန်လွန် ရောဂါကိုဘယ်လိုရှာဖွေစစ်ဆေးမလဲ။

ပြင်းထန်သောမအီမသာဖြစ်မှုနှင့် အော့အန်မှုတို့သည် ကိုယ်အလေးချိန် လျော့ကျခြင်း၊ ရေဓါတ် ခန်းခြောက်ခြင်း နှင့် ခန္ဓါကိုယ်တွင်းဓါတ်သဘောများပြောင်းလဲခြင်းတို့အထိဦးတည် လာသောအခါ ဆရာဝန်နှင့် ရောဂါစစ်ဆေးရှာဖွေမှုများ ပြုလုပ်ပါ။ ဤလက္ခဏာများအားအခြားအရာများအား ဖြစ်စေသလားသိရှိရန် ဆရာဝန်သည် သွေးနှင့် ဆီးအားစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။ အာထရာဆောင်းခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။

Hyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ရောဂါလက္ခဏာများသည် မဆိုးရွှားပါကဘီစကွက်ခြောက်များ နှင့်အစာကိုခဏခဏနဲ့နည်းနည်းစားသောက်ပေးခြင်းဖြင့် သက်သာနိုင်ပါသည်။ အရည်များများသောက်ခြင်းဖြင့် သက်သာနိုင်ပါသည်။ ( သင်သည် ဆိုဒါဖျော်ရည်နှင့် အခြားစပါကလင်ဖျော်ရည်ကဲ့သို့ အမြှုပ်ပါသောဖျော်ရည်များသောက်သုံးမည် ဆိုပါကရေခဲများလောင်းထည့်၍ အမြှုပ်နည်းသွားအောင်လုပ်ပါ) ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါရှိသောအမျိုးသမီးများသည် အကြောဆေးထိုးခြင်း၊ ဗိုက်တာမင်ဆေးသောက်ခြင်းနဲ့ဆေးရုံတက် ခြင်းတို့လိုအပ်နိုင်ပါသည်။ ဆိုးရွှားစွာ နှင့် ကြာမြင့်စွာအန်သောအမျိုးသမီးများအတွက် အအန် ပျောက်ဆေးများပေးနိုင်ပါသည်။ အရည်များဝင်ပါကနူးညံ့သောအစာများ နှင့် အစာများကို ဖြည်းဖြည်းချင်းစတင် စားသောက်ပါ။ ဤနည်းလမ်းများအလုပ်မဖြစ်ပါကပါးစပ်မှလွဲ၍ ကျန်သောနည်းလမ်းများမှ အာဟာရပေးခြင်းတို့ကိုလုပ်ဆောင်နိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကကိုယ်ဝန်ဆောင် အအန်လွန်ရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများသည်ကိုယ်ဝန်ဆောင်အအန်လွန်ရောဂါကို ကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။

  • အတွေ့အကြုံရှိသောဆရာဝန်ထံမှ ကုသမှုခံယူပါ။
  • အဆီများသောသို့မဟုတ် ပူစပ်သောအစာများမစားပါနှင့်။
  • မအိပ်ခင်နှင့် မလဲလျောင်းမီအစာမစားပါနှင့်။
  • အစာကိုနည်းနည်းနှင့် မကြာခဏစားသုံးပါ။
  • ပရိုတိန်းဓါတ် များသောမုန့်ပဲသရေစာများစားသုံးပါ။
  • ဘီစကွတ်ခြောက်များပေါင်မုန့်မီးကင်များ နှင့် ကွေကာအုပ်ျများကိုမနက်စောစောတွင် စားသုံးပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်တွင်းခရီးစွန့်စားခန်း

ရောဂါပိုးမွှားတွေကို ကာကွယ်ဖို့၊ ကိုယ်ခံအားတက်စေဖို့ ..ကိုယ်တွင်းအင်္ဂါတွေက လုပ်ပေးတာတွေလည်းအများကြီး။ကျန်းမာနေမှုအတွက် ကျေးဇူးတင်ထိုက်သူတွေပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Phyo Wai Lynn

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

ရင်သားရှိသူတိုင်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတာမို့ ရှားပါးပေမဲ့ အမျိုးသားတွေလည်း ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာ (Bone Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 11, 2021 . 3 mins read
စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 22, 2020 . 2 mins read