backup og meta

အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဘာတွေ စားပေးရမလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဘာတွေ စားပေးရမလဲ ။ ။

    အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဘာတွေ စားပေးရမလဲ ။ ။ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန် ပထမ ၃ လဆိုတာ ကိုယ်ဝန်ဆောင် ကာလအတွင်း အရမ်းကို အရေးကြီးတဲ့ ကာလတစ်ခုပါ။ ဘာ့ကြောင့်လဲဆိုတော့ ဗိုက်ထဲမှာ ရင်သွေးလေးစပြီး ဖြစ်တည်ဖွံ့ဖြိုးတာ ဒီ ၃ လအတွင်းမှာ စတာကြောင့်ပါ။ ဒီ ကိုယ်ဝန်ကလည်း နုသေးတာကြောင့် မခိုင်ဘဲ သားလျှောတာမျိုး မဖြစ်ရအောင်လို့ ဒီကာလကအရေးကြီးဆုံးပါ။ ဒါ့အပြင် ကိုယ်ရဲ့ ရင်သွေးလေး စပြီးဖွံ့ဖြိုးတဲ့နေရာမှာ ချို့ယွင်းချက် မရှိရအောင်လို့လည်း ဒီ ၃ လအတွင်းမှာ ဂရုစိုက်ပေးရတာပါ။ အဲဒီ အထဲမှာ အရေးအကြီးဆုံးကတော့ အစားအသောက်ပါ။ မေမေတို့ စားလိုက်တဲ့ အာဟာရမှန်သမျှ ကလေးဆီကို ရောက်တာမလား။ ဒီတော့ ကျန်းမာဖွံ့ဖြိုးတဲ့ ကိုယ်ဝန်တစ်ခု ပိုင်ဆိုင်ဖို့ ကိုယ်ဝန်ဆောင် ပထမ ၃ လအတွင်း ဘာတွေ စားပေးရမလဲ ။ ။

    အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဘာတွေ စားပေးရမလဲ ။ ။

    အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဘာတွေ စားပေးရမလဲ ဆိုတော့

    ( ၁ ) နို့နဲ့နို့ထွက်ပစ္စည်းတွေ ။

    နို့နဲ့နို့ထွက် ပစ္စည်းတွေဆိုတာ ကယ်လ်ဆီယမ်ဗီတာမင် D ၊ ပရိုတင်း၊ ကျန်းမာစေတဲ့ အဆီဓါတ်နဲ့ folic acid တို့ ကြွယ်ဝတဲ့ အစားအစာတွေပါ။ ဒီ အာဟာရဓါတ်တွေကို ကိုယ်ဝန်ဆောင်တွေ အတွက်လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်တာကြောင့် ကိုယ်ဝန် ပထမ ၃ လမှာ ဒိန်ချဉ်၊ နို့နဲ့ ဒိန်ခဲတို့ကို စားပေးသင့်ပါတယ်။

    ( ၂ ) ဖောလိတ် ကြွယ်ဝတဲ့ အစားအစာတွေ။

    Folic acid ဆိုတာ ကလေးတစ်ယောက်ရဲ့ အာရုံကြောစနစ်ြပွန် ဖွံ့ဖြိုးဖို့အတွက်လုံးဝကို မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ ဒီ အာရုံကြောပြွန်ကနေ နောက်ပိုင်းကျရင် ဦးနှောက်နဲ့ ပင်မကျောရိုးကြီး ဖြစ်လာမှာပါ။ ဒါ့ကြောင့် ကိုယ်ဝန်သည်တွေ folic acid ဆေးပြားတွေ သောက်ကြရတာဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ Folic acid ကို ဆေးပြားတွေကအပြင် အစားအသောက်တွေကလည်းရနိုင်ပါသေးတယ်။ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ရေကညွတ်၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ ပဲပင်ပေါက် နဲ့ ချဉ်တဲ့ အသီးအနှံတွေ အကုန်လုံးကနေ ရနိုင်ပါတယ်။

    ( ၃ ) ကောက်ပဲသီးနှံတွေ

    ကောက်ပဲသီးနှံတွေမှာ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓါတ်၊ ဗီတာမင် B နဲ့ အခြား သတ္တုဓါတ်တွေဖြစ်တဲ့ သံဓါတ်၊ မဂ္ဂနီဆီယမ် နဲ့ selenium တို့ပါပါတယ်။ သူတို့ဟာ ကလေးတစ်ယောက်ကြီးထွားဖွံဖြိုးဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ ဒါ့ကြောင့် ကောက်ပဲသီးနှံတွေ ဖြစ်တဲ့ ဘာလီစေ့၊ အုတ်ဂျုံ၊ ဆန်လုံးညိုနဲ့ whole-wheatပေါင်မုန့်တို့ကို စားပေးသင့်ပါတယ်။

    ( ၄ ) ဥ အမျိုးမျိုး 

    ဥတွေမှာ ပရိုတင်းကြွယ်ဝစွာပါပြီး ဗီတာမင်တွေဖြစ်တဲ့ vitamins A, B2, B5,B6, B12, D, E, နဲ့ K တွေလည်း အများကြီးပါပါတယ်။ ဒါ့အပြင် phosphorous, selenium,calciumနဲ့ zinc တို့လို သတ္တုဓါတ်တွေလည်း အများကြီးပါတာကြောင့် ဗိုက်ထဲက ရင်သွေးလည် းကောင်းကောင်းဖွံ့ဖြိုးဖို့ ကိုယ်ဝန်ဆောင် ပထမ ၃ လက အစားအသောက်တွေထဲမှာ ဥတေါကလည်း မပါမဖြစ်နော်။

    ( ၅ ) အသီးအနှံများ 

    သခွားမွှေး၊ ထောပတ်သီး၊ သလဲသီး ၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဘယ်ရီသီး၊ ပန်းသီးတွေနဲ့ သံပရာသီးတို့မှာ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်တာကြောင့် ကလေးဆီကို မကောင်းတဲ့ ဓါတုပစ္စည်းတွေ မရောက်အောင် သူတို့ က အစွမ်းကုန် တိုက်ဖျက်ပေးတော့မှာနော်။ တစ်ခုရှိတာက ကိုယ်ဝန်ဆောင်တွေ သင်္ဘောသီးတော့ စားလို့မရပါဘူး။

    ( ၆ ) ဟင်းသီးဟင်းရွက်များ

    ဟင်းသီးဟင်းရွက်တွေမှာ ပါတဲ့ အမျှင်ဓါတ်က ကိုယ်ဝန်ဆောင်တိုင်း ခံစားရလေ့ရှိတဲ့ ဝမ်းချုပ်ြခင်းကိုသက်သာစေမှာပါ။

    ( ၇ ) အစေ့အဆံများ

    အစေ့အဆံတွေမှာ မပြည့်ဝဆီ၊ ဗီတာမင် သတ္တုဓါတ်တွေအပြင် အမျှင်ဓါတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးအတွက်ရော မိခင်အတွက်ပါ အကျိုးများစေတဲ့ အစားအသောက်တစ်ခုပါ။

    ( ၈ ) ငါး

    ပင်လယ်ငါးတွေမှာ ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ DHA ကြွယ်ဝစွာ ပါတာကြောင့် ကိုယ်ဝန် ပထမ ၃ လအတွင်း ဦးစားပေးစားသင့်တဲ့ အစားအသောက်တွေထဲမှာ ငါးကလည်း အပါအဝင်တစ်ခုပါ။

    ( ၉ ) အသားများ 

    အသားဆိုတာနဲ့ ပရိုတင်းဓါတ်၊ ဇင့်ဓါတ်၊ ဗီတာမင် B12 နဲ့ သံဓါတ်ကြွယ်ဝတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါတွေကလည် ရင်သွေးလး ဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့ အရာတွေ ဖြစ်တာကြောင့် စားပေးဖို့ လိုအပ်တဲ့ အစားအသောက်တွေပါ။ တစ်ခုရှိတာက ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ဝက်သားကို ရှောင်သင့်ပြီး မကျက်တကျက်ချက်ထားတဲ့ အသားတွေကို လုံးဝ ရှောင်တာ အကောင်းဆုံးပါ။

    ရေးသားသူ – Dr. Thinl Yadanar

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement