backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

7 ပတ်

7 ပတ် အရွယ်ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

7 ပတ် မြောက်မှာသားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

7 ပတ်

ကြီးထွားနှုန်းက မြန်လာပါပြီ။ အခုဆို ဘလူးဘယ်ရီသီးအရွယ် ၁.၂၉ စင်တီမီတာလောက်ရှိနေပါပြီ။

သန္ဓေသားလေးက လိုက်လျောညီထွေမှုရှိအောင် စပြီးကြိုးစားနေပါပြီ။ ဒီအပတ်မှာ မိခင်နဲ့ သန္ဓေသားကို ဆက်ပေးတဲ့ ချက်ကြိုးစပေါ်ပါပြီ။ ချက်ကြိုးက မေမေတို့ရဲ့ခန္ဓာကိုယ်က သွေးတွေနဲ့ သန္ဓေသားလေးကို အောက်ဆီဂျင်နဲ့ အာဟာရ အထောက်အပံ့ပေးပါတယ်။ ကလေးလေးဆီက အညစ်အကြေးတွေလည်း ဖယ်ပေးပါတယ်။

အဆုတ်၊ ကျောက်ကပ်၊ အစာအိမ်အူလမ်းကြောင်းတွေက ဆက်ပြီး ဖွံ့ဖြိုးနေပါတယ်။ မျက်နှာပုံလည်း စပေါ်နေပြီနော်။ မေမေ၊ ဖေဖေတို့နဲ့တူမယ့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်လေးတွေလည်း စဖြစ်နေပါပြီ။ သားသားမီးမီးတွေ ဘယ်သူနဲ့တူတယ်ဆိုတာ သိချင်နေလောက်ပြီပေါ့နော်။ နောက်လတွေအများကြီးလိုသေးတယ်ဆိုပေမယ့် သားသားမီးမီးတွေကို တွေ့ရတော့မှာပါ။

7 ပတ် မြောက်မှာ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ရင်သားပုံပြောင်းလာတာကို သတိထားမိကြရောပေါ့။ ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ ဟော်မုန်းက ရင်သားကို ရောင်ပြီး တင်းလာစေလို့ပါ။ ရင်သားတစ်ဝိုက်မှာ သွေးစီးမှုကောင်းလာပြီး အဆီစစုလာလို့ပါ။ နို့သီးခေါင်းက ပိုပြူထွက်လာပြီး ညိုမည်းနေတဲ့ နေရာတစ်ဝိုက်ဆို အရောင်ပိုနက်ပိုကြီးလာပါမယ်။ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက် ဆက်ကြီးပြီး အရောင်လည်း ထပ်နက်လာဦးမှာပါ။ ဒီပြောင်းလဲမှုတွေက နို့တိုက်နိုင်ဖို့ ဖြစ်လာတာတွေပါ။

သိသင့်သိထိုက်တာလေးတွေ

အခုထိတော့ ကိုယ်ဝန်ဆောင်ကာလ ၃ပိုင်းရဲ့ပထမပိုင်းမှာပဲ ရှိနေတုန်းပါ။ တခြားသူတွေကိုပြောပြဖို့တောင် စောနေပါသေးတယ်။ လျှို့ဝှက်ထားချင်တယ်ဆိုလည်း ရပါသေးတယ်။

သားအိမ်က ဝမ်းခေါင်းထဲကို တိုးလာလို့ ဗိုက်ကအရှေ့ကို ထွက်ချင်မှထွက်ဦးမှာပါ။ တစ်ခါ ကိုယ်ဝန်ဆောင်ထားဖူးရင်တော့ အရင်က ဗိုက်ထက် ပိုကြီးမှာပါ။ ဒါပုံမှန်ပါပဲ။

ဗိုက်ကအရွတ်နဲ့ ကြွက်သားတွေက တစ်ခါ ဆွဲဆန့်ခံထားရပြီးသားမို့ ဆန့်အောင်လုပ်ဖို့ ပိုလွယ်သွားပါပြီ။ ဒါပေမယ့် ခါးနဲ့ တင်ပါးနာတာကိုတော့ စောစောခံစားရတာပေါ့။ လျှို့ဝှက်ချက်ကို ဆက်ထိန်းထားချင်သေးရင်တော့ ချောင်ချောင်ချိချိရှိတဲ့ အင်္ကျီတွေဝတ်ကြပါနော်။ အဆင်သင့်ဖြစ်တဲ့အခါမှ ပြောလည်းရပါတယ်။ လောစရာမလိုပါဘူး။

ဆရာဝန်ဆီသွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ကိုယ်ဝန်ရှိတဲ့လက္ခဏာ တစ်ခုခုများ ပိုဆိုးလာရင် ဆရာဝန်ဆီ ပြကြပါနော်။ တချို့စားစရာတွေနဲ့ အနံ့တွေက အန်ချင်စိတ်ကို ပိုဖြစ်စေတာကို သတိထားမိမှာပါ။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ အပြောင်းအလဲပါ။ ဆရာဝန်က သက်သာစေမယ့်နည်းလမ်းတွေ ပြောပြပါလိမ့်မယ်။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

အခုထိ ဆေးခန်းသွားမပြရသေးတဲ့သူတွေလည်း ရှိဦးမှာပေါ့။ သွားပြမယ်ဆိုလည်း ပုံမှန်စစ်နေကျ အလေးချိန်တိုင်းတာ၊ သွေးဖိအားတိုင်းတာတွေပဲလုပ်မှာပါ။ သကြားဓာတ်မြင့်နေလား သိအောင် ဆီးစစ်တာမျိုးလည်း လုပ်နိုင်ပါတယ်။

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

မေမေနဲ့ သားသားမီးမီးလေး ကျန်းမာဘေးကင်းဖို့ အတော်လေး ပူပန်စရာတွေ များနေလောက်ရောပေါ့။ အောက်မှာ သတိထားစရာလေးတွေပါ။

တစ်နေ့လုံး ကွန်ပျူတာရှေ့ အလုပ်လုပ်နေရမယ့်အခါမျိုးဆို ကလေးရော အမေပါ ဘာတွေထိခိုက်နိုင်မလဲ။ ကွန်ပျူတာသုံးတဲ့မိခင်နဲ့ ကိုယ်ဝန်ပျက်ကျမှု ဆက်စပ်တဲ့ အကြောင်းအရာ ယုံတမ်းစကားတွေ အများကြီး ကြားဖူးပါလိမ့်မယ်။ ဒါတွေက အမှန်မဟုတ်ပါဘူး။ ဒီဆက်စပ်မှုကို သက်သေပြနိုင်ဖို့အများကြီးလိုပါသေးတယ်။

သက်သေပြပြီးသား အချက်ကတော့ အချိန်အကြာကြီးထိုင်နေရင် သွေးလည်ပတ်မှုကို အားနည်းစေပါတယ်။ တစ်နာရီခြားတစ်ခါလောက် ကွန်ပျူတာဆီကခွာပြီး လမ်းလျှောက်ပေးဖို့ အကြံပေးပါရစေ။ သွေးလည်ပတ်မှုကောင်းအောင် အကြောဆန့်တာ၊ လမ်းလျှောက်တာ၊ လှေကားဆင်းတာတို့ လုပ်ပေးလို့ရပါတယ်။

  • ဆေးလိပ်ငွေ့ရှူခြင်း

စိတ်ချရဖို့ဆိုရင်တော့ ဆေးလိပ်သောက်ဖို့ သတ်မှတ်ထားတဲ့နေရာကို ရှောင်တာ ပိုကောင်းပါတယ်။ စားသောက်ဆိုင်တွေသွားရင် ဆေးလိပ်သောက်ခွင့်မပြုတဲ့နေရာတွေမှာ ထိုင်ပါ။ ဆေးလိပ်ငွေ့တွေက အချင်းနဲ့ သက်ဆိုင်နေပါတယ်။ ပေါင်မပြည့်ဘဲမွေးတာ၊ ဉာဏ်မမီတာမျိုးဖြစ်တတ်ပါတယ်။ ဆေးလိပ်ငွေ့တွေက ကလေးအတွက်ရော လူကြီးအတွက်ပါ အန္တရာယ်ရှိတယ်ဆိုတာ သိထားပြီးသားဖြစ်မှာပါ။ ကိုယ်တိုင်သောက်တာကိုရော၊ ဆေးလိပ်ငွေ့ကိုရော ရှောင်သင့်ပါတယ်၊၊

၈ပတ်မြောက်မှာ ပြန်တွေ့မယ်နော်။ ကလေးလေးနဲ့ မေမေတွေရဲ့အပြောင်းအလဲကို ရင်ခုန်နေမယ်နော်။

ရေးသားသူ -Hmwe San Eain

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.

Pregnancy calendar – Week 7
http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week7.html#cat20733

Accessed May 27, 2016.

Your pregnancy: 7 weeks http://www.babycenter.com/6_your-pregnancy- 7-weeks_1096.bc .

Accessed May 27, 2016.

7 weeks pregnant. http://www.whattoexpect.com/pregnancy/week-by- week/week-7.aspx. Accessed May 27, 2016.

Is it safe to be around computers all day? http://www.babycenter.com/404_is-it- safe-to-be-around-computers-all- day-when- im-pregnant_1245297.bc. Accessed May 27, 2016.

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

8 ပတ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hmwe San Eain မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement