ဘေဘီလေးမှာ ပုံမှန်ရှိနေသင့်တဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်လဲ…..
ဘေဘီလေးမှာ ပုံမှန်ရှိသင့်တဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာကို အတိအကျသိဖို့ခက်ပါတယ်။ ဒါပေမယ့် အများစုလက်ခံထားကြတာကတော့ ဗိုက်ထဲက ဘေဘီလေးတစ်ယောက်ဟာ ပုံမှန်အားဖြင့် နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၁၀ ကနေ ၁၅၀ အထိ ဒါမှမဟုတ် ၁၂၀ ကနေ ၁၆၀ အထိပါ။ တကယ်လို့ ဗိုက်ထဲမှာ ဘေဘီလေးက လှုပ်ရှားမှုတစ်စုံတရာလုပ်မယ်ဆိုရင်တော့ နှလုံးခုန်နှုန်းက အပြောင်းအလဲရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးပြောင်းလဲမှုက စိုးရိမ်ရမယ့် အနေအထားတစ်ရပ်တော့ မဟုတ်ပါဘူး။
ကိုယ်ဝန်အပ်တိုင်းမှာ လိုအပ်ရင်လိုအပ်သလို ကလေးရဲ့ နှလုံးခုန်နှုန်းကို စစ်ဆေးပေးမှာပါ။ တစ်ခေါက်နဲ့ တစ်ခေါက် အကြိမ်မတူတာ၊ တစ်ခါတလေ ကလေးနှလုံးခုန်နှုန်း မမှန်တာက ဖြစ်တတ်ပါတယ်။ အရေးကြီးတယ်ဆိုရင် ဆရာဝန်က တခြားစစ်ဆေးမှုတွေနဲ့ စမ်းသပ်မှုတွေ လုပ်ပေးမှာပါ။
ဘေဘီလေး နှလုံးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ အချက်တွေက ဘာတွေများလဲ………
ဗိုက်ထဲက ဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ဒီအချက်တွေက ထိခိုက်စေနိုင်ပါတယ်။
- ခရိုမိုဆုန်းဆိုင်ရာ မူမမှန်မှု
- မွေးရာပါချို့ယွင်းချက်ရှိတာ
- မေမေက ဆီးချိုရှိနေတာ
- ကိုယ်ဝန်ဆောင်ချိန်မှာ ဂျာမန်ဝက်သက်ဖြစ်တာ
- အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးတွေ သုံးစွဲတာ
- ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာ
- နှလုံးရောဂါခံစားနေရတာတွေကြောင့် ဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
မွေးရာပါနှလုံးထိခိုက်နိုင်ခြေက ဖြစ်နိုင်ခြေတော်တော်လေးတော့ နည်းပါတယ်။ အယောက် ၁၀၀၀ မှာ ၈ ယောက်လောက်ပဲဖြစ်တတ်တာပါ။
ဘေဘီလေးနှလုံးဖွံ့ဖြိုးစေဖို့ ဘာတွေဂရုစိုက်ရမလဲ…..
ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ဘေဘီလေးရဲ့ နှလုံးအကောင်းဆုံးဖွံ့ဖြိုးစေဖို့နဲ့ မေမေက အာဟာရတွေ ပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။ ဘေဘီလေး နှလုံးအကောင်းဆုံးဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်ဝန်ဆောင်မေမေကျန်းမာစေဖို့အတွက်
- omega-3 fatty acids
- ဖောလစ်အက်ဆစ်
- သံဓာတ်
- ကယ်လ်ဆီယမ်
- ဗီတာမင် D
- DHA
- အိုင်အိုဒင်းတို့
- သီရာမင်း
- ကော့ပါး တို့ ကြွယ်ဝတာတွေ စားပေးဖို့လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။