ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဟော်မုန်းအပြောင်းအလဲကြောင့် သွေးစီးဆင်းမှုတိုးလာပြီး ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ သိပ်မပြင်းထန်ပေမယ့် ခဏခဏခေါင်းကိုက်တာမျိုး ခံစားရနိုင်ပါတယ်။
ဝမ်းချုပ်တာကလည်း ကိုယ်ဝန်ဆောင်အစောပိုင်းကာလ လက္ခဏာတွေထဲက တစ်ခုပါ။ ပရိုဂျက်စတင်ဟော်မုန်းများလာတာကြောင့် အူလှုပ်ရှားမှု နှေးသွားပြီး အစာမကြေတာအပြင် ဝမ်းချုပ်တာ၊ လေပွတာတွေပါ ခံစားရတတ်ပါတယ်။
ကိုယ်ဝန်ရှိစမှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် အမျိုးသမီးတွေရဲ့ ဦးနှောက်အတွင်းက neurotransmitter တွေပါ အပြောင်းအလဲဖြစ်လာပါတယ်။ ရလဒ်ကတော့ စိတ်အပြောင်းအလဲ ဖြစ်လွယ်တာပါ.
ကိုယ်ဝန်ဆောင်တစ်ဦးစီက ဒါကို မတူညီတဲ့ ပုံစံမျိုးနဲ့ ခံစားရပါတယ်။ တချို့က ငိုလွယ်လာတယ်၊ စိုးရိမ်မှုပိုလာတယ်၊ စိတ်ကျလာတတ်ပါတယ်။
ကိုယ်ဝန်အတွက် သွေးလည်ပတ်မှုကောင်းစေဖို့ သွေးကြောတွေ ကျယ်လိုက်ရတဲ့အတွက် သွေးပေါင်ချိန်ကျပြီး မူးဝေတတ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ရှိစမှာ သွေးတွင်းသကြားဓာတ်ကျတာကြောင့်လည်း မူးတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။